09/11/2025
#မြန်မာတွေက ကလေးကို IQ မြင့်ဖို့
စာပဲလှိမ့်သင်ပေးနေတယ်
အရေးကြီးတာက EQ , SQ, AQ တွေ ကောင်းဖို့ပါ
ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျ သတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ
အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။
* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။
အရှည်ကတော့ ...
1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။
အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။
1) Intelligence Quotient (IQ)
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို
တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။
မြန်မာကျောင်းစနစ်ဆိုရင်တော့
စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။
တကယ်က မြန်မာကျောင်းစနစ်က
အလွတ်မှတ်များနေတဲ့စနစ် တစ်ခုသာသာ သာဖြစ်ပါတယ်။
2) Emotional Quotient (EQ)
အီးကျူကျတော့..
လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို..
တိုင်းတာတာ ဖြစ်တယ်။
စိတ်ဓာတ် တည်ငြိမ်ရင့်ကျက်မှုကို ဆိုလိုပါတယ်။
လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ
တာဝန်ယူမှု တာဝန်ခံမှု ရှိလား
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား
သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစားထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။
မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။
ဥပမာ သူတပါး personal ကိစ္စဆိုလည်း
လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။
ကိုယ်နှုတ်ကို မနိုင်တာ
စောင့်စည်းပေးရမှန်း မသိတာတွေ တွေ့ရပါတယ်။
ကိုယ့်ပြောခံရပြီဆိုလည်း ထစ်ခနဲဆို ဒေါသထွက်လွယ်တယ်
ပြဿနာရှာတယ်။
ကိုယ်စိတ် ကိုယ်မထိန်းနိုင်ကြတာ အများကြီးပါပဲ။
ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်
လိုက်သွားကြတဲ့သဘောပါ။
အသက်သာကြီးလာပြီး
ကိုယ်နှုတ်စောင့်စည်းနိုင်မှုနည်းသူ၊
စိတ်ဓာတ်ရင့်ကျက်မှု နည်းသူတွေကို
EQ နည်းတယ် လို့ ပြောလို့ရတယ်။
3) Social Quotient (SQ)
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊
သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..
ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ
ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့..
ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ
ဒါတွေကို.. တိုင်းတာနိုင်တာက..
ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။
မြန်မာတွေ ပြောလေ့ပြောထရှိတဲ့
ကိုယ့်ထမင်း ကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ နဲ့
ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုင်ဖွင့်ရင်
သူ့ပတ်ဝန်းကျင် Society အတွက်
သူ့ဆိုင်က ဘာအကျိုးပြုနိုင်မလဲ ဆိုတဲ့အတွေးအခေါ် ကို
နှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါပဲ။
SQ ဆိုတာ အပေါင်းအသင်းဆံ့တာ တစ်ခုတည်းမဟုတ်ဘဲ
ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲ လဲပါတယ်။
မိတ်ဆွေကောင်း ပေါသူ၊
မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ
ဘာလုပ်လုပ် အဆင်ပြေကြတာများပါတယ်။
4) The Adversity Quotient (AQ):
အရေးအကြီးဆုံး အေကျူ ဆိုတာက..
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့စွမ်းရည်လယ်ဗယ်တဲ့..။
အဲ့ဒါ.. AQ level တဲ့..။
မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက်ခံနိုင်စွမ်း ရှိမလဲပေါ့
အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ..
ဖြစ်လာကြတာပါတဲ့..။
အေကျူလယ်ဗယ် နိမ့်သူတွေက..
ပြဿနာတို့ ဒုက္ခတို့ကို.. #ရင်မဆိုင်နိုင်ကြသူတွေပေါ့။
တနည်း သတ္တိကြောင်သူတွေပေါ့။
မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင်
#ကံကိုဘဲ_ပုံချတတ်ကြပြီး အခွင့်အရေးရှိနေပါရဲ့နဲ့
ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြင်းတစ်မျိုးဘဲ။
IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယ နဲ့ တတိယဖြစ်တဲ့..
EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။
အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။
အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ..
#လခစား_ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်
လို့တောင် ပြောရမလိုဖြစ်နေပါတယ်။
ဝမ်းနည်းစရာကောင်းတာက..စာသင်ကျောင်းတွေဟာ..
အိုင်ကျူလယ်ဗယ်မြင့်မားအောင်
လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက..
အင်မတန် နည်းနေတုန်းပဲတဲ့..။
(တိုးတက်နေတဲ့နိုင်ငံက
သူတို့ဆီက ကျောင်းတွေမှာတောင်နော်)
မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးပဲ။
တကယ်တော့.. EQ က
ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..
SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။
အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့
အောင်မြင်လာပြီပဲဆိုပါစို့
လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူ မရှိပါဘူး။
ကိုယ်အမှား မပြုသော်လည်း
ကိုယ့်ဆီလာတဲ့ လောကဓံတွေ ရှိပါတယ်။
ဥပမာ စက်ရုံ မီးလောင်သွားတယ်။
အစိုးရဥပဒေ အပြောင်းအလဲကြောင့်
လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။
အဲဒီနေရာမှာ AQ က အရေးပါလာပါပြီ။
ပြန်ပြီးကြိုးစားမယ်။ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းမယ်။
လဲရင်ပြန်ထ ဒါဘဝပဲဆိုတာ AQ ပါပဲ။
အောင်မြင်မှု ခိုင်မာနေတဲ့သူတွေ၊
ထိပ်ဆုံးမှာ တည်မြဲနေသူတွေ အကုန်ကြည့်ပါ။
လောကဓံရဲ့ ထုထောင်းမှုကနေ
ရုံးထလာကြသူတွေ များပါတယိ။
အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။
မြန်မာမိဘတွေကို အကြံပြုချင်တာလေးက
မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ #ငယ်စဉ်ကတည်းက_ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း..
ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း
လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။
IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပြီ။
ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က..
ပိုအရေးကြီးပါတယ်။
ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊
ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ
ဖြစ်လာကြမှာပါ။
"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။
#သူတို့ကိုယ်တိုင်_လမ်းခင်းပြီး_လျှောက်တတ်ဖို့ကိုသင်ပေးပါ..." တဲ့....
ကျွန်တော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင်
သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပြီး
စိတ်ဓာတ်ကောင်းရှိသူတွေဖြစ်အောင်
ပြုစုပျိုးထောင်ပေးကြပါ လို့ တိုက်တွန်းရင်း
original writer
ဖတ်လို့ကောင်းအောင်
ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ထားပါသည်။
#စွယ်စုံရသမြိုင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်