Kyuu Kyuu - ကြူးကြူး

Kyuu Kyuu - ကြူးကြူး နှစ်ပေါင်း၃၀ ကျော်လက်ရာနဲ့ သဘာဝအူအစစ်တွေကိုသာ အသုံးပြုပြီး အရောအနှောကင်းကင်း ထုတ်လုပ်ပေးနေသော “ မန္တလေးအရသာ ကြက်အူချောင်း နှင့် ဝက်အူချောင်း “

30/07/2026

ဝက်အူချောင်းကို ပထမတန်းစားထဲကလဲ စားချင်တယ်
စျေးအများကြီးလဲ မကုန်ချင်ဘူးဆိုရင်တော့ ..
ကြူးကြူးဆီမှာ ထွက်တဲ့ ဒီလိုအစဖြတ်လေးတွေ ရှိပါမယ်ရှင် 😍

ရောင်းတန်းကလို နဂို ၃/၄သောင်းရှိပြီးသားထဲက ဖြတ်ရောင်းပြီး ဖြတ်စလို့ ခေါ်တာမဟုတ်ဘဲ
၈သောင်းဝန်းကျင် ပေါက်တဲ့ ကွာလတီရှယ်ထဲက မဖြစ်မန ပယ်လိုက်ရတဲ့ ဒါလေးတွေကိုတော့ ၆သောင်းဝန်းကျင်နဲ့ အသက်သာဆုံးထိ လျှော့ချ ရောင်းပေးလေ့ရှိပါတယ်နော် 🥰

ဒီလောက်စျေးအများကြီးချထားတော့ ဟုတ်ရောဟုတ်ပါ့မလားတွေးနေရင် …
ဒါလေးက နေ့တိုင်းလဲမထွက်ပါဘူး
အပတ်တိုင်းလဲ မရပါဘူး
လက်ကားလဲ မရပါဘူး
တမင်ဖြတ်ရောင်းတာမဟုတ်လို့ အချောင်းလှလှလေးလဲမထွက်ပါဘူး
မင်မင်တို့ အော်ဒါအများစုကျလာမှသာ လိုင်းပေါ်တင်ဖြစ်တဲ့ ရှားပါးလေးတွေပါ

လှီးစရာတောင်မလိုဘဲ တန်းဖောက်ကြော်လိုက်ရုံပဲမို့
ဝယ်ဖူးတဲ့သူလေးတွေကရော အဆင်ပြေရဲ့လားဆိုတာ ကောမန့်မှာပြောပြပေးသွားဦးနော်🥰💬

ဝက်အူချောင်း အထုပ်၈၀၀ 📦🚚ဒီလိုပမာဏကြီးမားတဲ့ Order တွေကို ပြင်ဆင်တိုင်း အတွေးတစ်ခု ဝင်မိတယ်..“အရည်အသွေးကောင်းတဲ့ ထုတ်ကုန်...
29/07/2026

ဝက်အူချောင်း အထုပ်၈၀၀ 📦🚚
ဒီလိုပမာဏကြီးမားတဲ့ Order တွေကို ပြင်ဆင်တိုင်း အတွေးတစ်ခု ဝင်မိတယ်..

“အရည်အသွေးကောင်းတဲ့ ထုတ်ကုန်ကို လူတိုင်းကတော့ စားချင်ကြတာပဲ”လို့

ဒါကြောင့်ပဲ Kyuu Kyuu က အရည်အသွေး၊ အရသာနဲ့ ယုံကြည်မှုကို အမြဲဦးစားပေးထားပါတယ် ❤️

ဒီနေ့ခေတ် ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့အချိန်မှာ လူတိုင်း Premium Product တွေကို အမြဲရွေးချယ်နိုင်ဖို့ မလွယ်ပါဘူးလေနော်

ဒါကြောင့် ကြူးတို့က အခြေခံလူတန်းစား မိသားစုတွေ၊ အလုပ်ကြိုးစားနေတဲ့ ဝန်ထမ်းတွေ၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နေကြတဲ့ လူတွေပါ အရသာကောင်းတဲ့ အသားထုတ်ကုန်တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ စားသုံးနိုင်ဖို့ ကြိုးစားနေပါတယ်ရှင့် 🙏🏻

အသားကောင်းဖို့၊ အရသာကောင်းဖို့နဲ့ ဈေးနှုန်းတန်ဖိုးရှိဖို့ဆိုတဲ့ အချက်သုံးချက်ကို မျှတအောင် ထိန်းသိမ်းရတာ မလွယ်ပေမယ့် အဲဒါက Kyuu Kyuu ရဲ့ ခံယူချက်ပါ။❇️❇️

#ကြူးကြူး
#ကြက်အူချောင်း
#မန္တလေးမြို့
#ဝက်အူချောင်း
#ပင်ရင်း

26/07/2026

ကြက်သားစျေးမကျသေးပေမယ့် အစကတည်းက အများကြီးစျေးယူမထားလို့ စျေးကျဖို့ပဲ ထပ်တူမျှော်လင့်နေပါတယ်လို့ 🥹🙏🏻

❇️ အသားစစ်စစ်
❇️ အူစစ်စစ်
စျေးနှုန်းမှန်မှန်နဲ့ လက်လီ/လက်ကား အားပေးနိုင်ပါတယ်ရှင်

Kyuu Kyuu | Made with Love 💕
📞 09-796 876 038
📍 ပင်ရင်း - မန္တလေးမြို့

#ကြက်အူချောင်း

အစမလုပ်သင့်တဲ့ထဲမှာ ကြူးကြူးဝက်အူချောင်းကြီးလဲ ပါတယ်နော် 🤪အပြင်ဝက်အူခွံရဲ့ ကြွပ်ကြွပ်လေးရယ်နှစ်ပေါင်း(၃၀)ကျော် အတွေ့အကြု...
25/07/2026

အစမလုပ်သင့်တဲ့ထဲမှာ ကြူးကြူးဝက်အူချောင်းကြီးလဲ ပါတယ်နော် 🤪

အပြင်ဝက်အူခွံရဲ့ ကြွပ်ကြွပ်လေးရယ်
နှစ်ပေါင်း(၃၀)ကျော် အတွေ့အကြုံနဲ့ လုပ်ထားတဲ့
အဆီအသားမျှတမှုရဲ့ ကျစ်ထုပ်နေတဲ့ texture လေးရယ်ကြောင့်

တော်တော်များများကတော့ အခုလို အချောင်းလိုက်ပဲ
ဝါးတီးဆွဲကြတယ် 🥰


#ဝက်အူချောင်း
#ကြူးကြူး

#မန္တလေးမြို့

#ပင်ရင်း

🎉ဝက်အူချောင်း အတိုစ စောင့်နေသူများအတွက် သတင်းကောင်းလာပါပြီ! 🎉Premium Quality ဝက်အူချောင်း အတိုစတွေ အခုရပါပြီ။ 🥰“အတိုစ” ဆ...
23/07/2026

🎉ဝက်အူချောင်း အတိုစ စောင့်နေသူများအတွက် သတင်းကောင်းလာပါပြီ! 🎉

Premium Quality ဝက်အူချောင်း အတိုစတွေ အခုရပါပြီ။ 🥰

“အတိုစ” ဆိုပေမယ့် အရည်အသွေးကတော့ ပုံမှန်ဝက်အူချောင်းနဲ့ အတူတူပါပဲ။ အကောင်းဆုံး Premium Quality ဝက်အူချောင်းကနေ ထွက်လာတဲ့ ဖြတ်စတွေဖြစ်လို့ အရသာလည်း မပြောင်း၊ အရည်အသွေးလည်း မလျော့ပါဘူး။

✨ အထူးအခွင့်အရေးကတော့…
📍ပုံမှန်ထက် ဈေးနှုန်းပိုသက်သာစွာ ရရှိနိုင်ပါတယ်။

ပုံမှန်ဆို အတိုစတွေက ထွက်တာနဲ့ ချက်ချင်းကုန် သွားလေ့ရှိပေမယ့်…

📍အခုရက်ပိုင်းမှာ ဝက်အူချောင်းအော်ဒါတွေ အရမ်းများနေတာကြောင့် အတိုစလည်း အများကြီးထွက်နေပါတယ်။ ဒါကြောင့် လိုသလောက် ဝယ်ယူနိုင်မယ့် အခွင့်အရေး ရှိနေပါပြီ။

💛 ဖြတ်စထွက်ချိန်ကို စောင့်နေသူတွေအတွက်တော့ ဒီတစ်ခါက အခွင့်အရေးကောင်းပါပဲ။

🚨🚨 မစားဖူးသေးတဲ့သူတွေအတွက်လည်း ဈေးသက်သာသက်သာနဲ့ Premium Quality ဝက်အူချောင်းရဲ့ အရသာကို စမ်းမြည်းကြည့်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

တစ်ခါစားထုပ် အသေးလေးတွေလဲ လုပ်ပေးထားလို့ အခုမှ မြည်းစမ်းစားချင်တဲ့သူတွေအတွက် လက်မနှေးမှ ရပါမယ်နော်

📩 လိုချင်တဲ့ပမာဏကို အမြန်မှာယူထားလိုက်ပါနော်။
ပစ္စည်းရှိတုန်းလေး လက်မလွတ်စေနဲ့! ❤️

ရောင်းစျေး💰
၁၀သား- ၆၅၀၀ကျပ်(မူရင်းစျေး ၈၀၀၀ကျပ်)
၂၅ကျပ်သား-၁၅၅၀၀ကျပ်(မူရင်းစျေး ၁၈၈၀၀ကျပ်

20/07/2026

🥓 ဝက်အူချောင်းတစ်ချောင်းရဲ့ လတ်ဆတ်မှုဆိုတာ ထုတ်လုပ်ပြီးကာစ၊ ရက်မကြာသေးတဲ့ အထုပ်ဖြစ်ရုံနဲ့ မသတ်မှတ်နိုင်သေးပါဘူး !

အမှန်တကယ် လတ်ဆတ်တဲ့ ဝက်အူချောင်းတစ်ချောင်း ဖြစ်ဖို့ဆိုရင် ထုတ်လုပ်တဲ့အချိန်ကစပြီး အသုံးပြုတဲ့ ကုန်ကြမ်းတွေရဲ့ အရည်အသွေးနဲ့ လတ်ဆတ်မှုကသာ အရေးကြီးဆုံး ဖြစ်ပါတယ်နော် ❇️

ကြူးတို့အနေနဲ့ ကုန်ကြမ်းရွေးချယ်မှုကစလို့ ထုတ်လုပ်မှုအဆင့်တိုင်းကို ဂရုတစိုက် ဆောင်ရွက်ထားတာကြောင့် အရသာကောင်းမွန်ပြီး အရည်အသွေးပြည့်မီတဲ့ ဝက်အူချောင်းများကို ရရှိစေမှာ ဖြစ်ပါတယ်ရှင့် 💖

😆 တကယ်ကို အဲ့ထက်ပိုပြီး “လတ်လတ်ဆတ်ဆတ်” လိုချင်တယ်ဆိုရင်တော့ ဖိုထဲ အခြောက်မခံရသေးတဲ့ ဒီအခြေအနေမျိုးနဲ့ ယူလို့ရပါတယ်နော် < စတာပါ>

အရည်အသွေးကောင်းမွန်တဲ့ ဝက်အူချောင်းတစ်ချောင်းရဲ့ အခြေခံက လတ်ဆတ်တဲ့ ကုန်ကြမ်းကနေ စတင်ပါတယ်။ ❤️

📍ကြူးကြူးကြက်အူချောင်းနှင့်ဝက်အူချောင်း
ပင်ရင်း-မန္တလေးမြို့
📞 ၀၉-၇၉၆ ၈၇၆ ၀၃၈

Kyuu Kyuu | Made with Love 💕
Est 2022

#ဝက်အူချောင်း
#ကြက်အူချောင်း

ကြူးကြူးရဲ့ နံကင်ခြောက်ကို တစ်ခါစားပြီးတိုင်း ပြန်ရှာဝယ်ကြတဲ့ Customer တွေ အများကြီးရှိပါတယ် 😋မွှေးမွှေးလေးနဲ့ အရသာကောင်...
19/07/2026

ကြူးကြူးရဲ့ နံကင်ခြောက်ကို တစ်ခါစားပြီးတိုင်း ပြန်ရှာဝယ်ကြတဲ့ Customer တွေ အများကြီးရှိပါတယ် 😋

မွှေးမွှေးလေးနဲ့ အရသာကောင်းလို့ ထမင်းပူပူလေးနဲ့သာဆို အရမ်းလိုက်ဖက်ရောပဲ

တချို့ကလဲ ကိုက်လန်နဲ့ ရောပြီး ခရုဆီလေးပါးပါး
ထည့်ကြော်စားကြတယ်တဲ့ ✨
အိမ်သားညီရင် ထမင်းပေါင်းအိုးထဲမှာ တခါတည်း
နံကင်လေးတွေ လှီးထည့်ပြီး ပေါင်းစားကြပါသေးတယ် ✨
ချက်စားဖြစ်တဲ့နည်းလေးတွေ အမျိုးမျိုးလာပြောပေးကြရင်း ကြိုက်ကြတယ်ဆိုလို့လဲ ပီတိဖြစ်ရပါသေးတယ်ရှင် 🥰

နံကင်ခြောက်ကို တခြားဘာနဲ့တွဲစားရတာ အကြိုက်ဆုံးလဲ ?ဖြေပေးသွားပါဦးနော် 🍚


#ကြူးကြူး
#မန္တလေးမြို့
#နံကင်ခြောက်

18/07/2026

မနေ့က အကိတ်ဝက်အူချောင်းပါတဲ့ အော်ဒါလေးတွေ ဒီီနေ့ထည့်ပေးပါမယ်နော် 💖

အထားခံတဲ့ ဝက်အူချောင်းလေးတွေဖြစ်ပေမယ့်လဲ
ကြူးကြူးမှာက ထုတ်ကုန်လေးတွေကို တစ်ရက်စာဆို တစ်ရက် လတ်လတ်ဆတ်ဆတ်ပြုလုပ်ပေးတာဖြစ်လို့ အော်ဒါကျတဲ့အခါမျိုးတွေဆိုရင် စောင့်ပေးရတတ်ပါတယ်ရှင့်

ပိုလုပ်ထားလေ့မရှိတော့ လက်ကားသမားဆိုရင် အနည်းဆုံး (၃)ရက်လောက်ကြိုမှာပေးပါနော် 🙏🏻

📞 09-796876038
မန္တလေးမြို့


#ကြူးကြူး
#မန္တလေးမြို့
#ပင်ရင်း
#ဝက်အူချောင်း
#ကြက်အူချောင်း

အမြဲရောင်းမလောက်ဖြစ်တဲ့ ကြူးကြူးရဲ့🐷 ဝက်သုံးထပ်သားခြောက် နံရိုးနုနုလေးတွေပါတဲ့ ဝက်နံကင်ခြောက်လေးတွေပါရှင့်🥰🥰🥰🐷 သုံးထပ်သာ...
16/07/2026

အမြဲရောင်းမလောက်ဖြစ်တဲ့ ကြူးကြူးရဲ့🐷 ဝက်သုံးထပ်သားခြောက် နံရိုးနုနုလေးတွေပါတဲ့ ဝက်နံကင်ခြောက်လေးတွေပါရှင့်🥰🥰🥰

🐷 သုံးထပ်သားဆို အီလို့ဆိုပြီး မကြိုက်တဲ့သူတွေ ရှိကြလား?
ဒါဆိုရင်တော့ Kyuu Kyuu - ကြူးကြူး ရဲ့ ဝက်နံကင်ခြောက်လေးတွေနဲ့ မတွေ့သေးလို့ပဲ နေပါလိမ့်မယ်။

ဝက်သားမကြိုက်တဲ့သူတွေကိုတောင် ကြိုက်လာအောင် ၊ကြိုက်ပြီးသားသူတွေကို ပိုပိုပြီးစွဲလမ်းလာအောင်လုပ်ပေးနိုင်တာ ဒီနံကင်ခြောက်လေးတွေပါပဲရှင်

✅ အိမ်စားသလို အရသာအနှစ်တွေနဲ့ သေချာကျကျနန နယ်နှပ်ပြီးမှ အခြောက်ခံပေးထားတာဖြစ်လို့ ကြော်ပဲစားစား၊ ချက်ပဲစားစား၊ သုပ်ပဲစားစား၊ အသားချည်းပဲစားစား တမျိုးတည်းနဲ့ မျိုးစုံကြိုးခုန်လို့ရပါတယ်ရှင်။

✅ နောက်ပြီးတော့ ကြူးကြူးရဲ့ Signature လို့ပြောရလောက်တဲ့ထိ သုံးထပ်သားတော်''များ'' မပါတဲ့ နံရိုးနုနုလေးတွေပါဝင်တာမို့ ဘယ်လောက်စားစား အီတယ်လို့ကို မရှိပါဘူး။

✅ကြူးကြူးရဲ့ မိခင်မြေဖြစ်တဲ့ အညာ Traditional ၊ မန်းလေးလက်ရာအတိုင်း ဖန်တီးထားတာမို့ လျှာလည် ခံတွင်းမတွေ့မှာအတွက် စိတ်ပူစရာမလိုပါဘူးနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ရှိခဲ့တဲ့ လက်ရာဖြစ်တဲ့အပြင် Recipe ကိုလည်း Founder ကိုယ်တိုင် သေချာစီစစ်ထားတာမို့ ကျန်းမာရေးအတွက်လည်း အပြည့်အဝယုံကြည်စိတ်ချနိုင်ပါတယ်ရှင်။

အရောင်ဆိုးဆေးလုံးဝမသုံးဘဲ မီးသွေးကြပ်ဖိုက
ထွက်လာတဲ့ သဘာဝအရောင်အတိုင်းပဲ ရောင်းချပါတယ်ရှင့်

အရသာပိုင်းမှာလဲ ချိုအီမနေဘဲ မွှေးမွှေးလေးမို့
ကင်စား ၊ ပေါင်းစား ၊ ကြော်စား အဆင်ပြေလို့
မီးဖိုဆောင််မှာ ဖြည့်ထားသင့်တဲ့ အခြောက်အခြမ်းလေးပါနော်

💰💰
၁၀ သား - ၁၂၀၀၀ ကျပ်
၂၀သား - ၂၃၅၀၀ ကျပ်

အရည်အသွေးနှင့် အစားအစာဘေးကင်းရေး စံချိန်စံညွှန်းများနှင့်ကိုက်ညီကြောင်းကိုလဲ Lab စစ်ချက်ရရှိထားပါတယ်ရှင် ❇️

🚚 မန္တလေးမြို့ကနေ လက်လီ /လက်ကား ပို့ဆောင်ပေးနေပါတယ်ရှင့်
ထိုင်း၊ စင်ကာပူကိုလဲ ပို့ပေးတယ်နော် !

📞 ၀၉-၇၉၆ ၈၉၆ ၀၃၈
ပင်ရင်း-မန္တလေးမြို့ ။


#ကြူးကြူး
#နံကင်ခြောက်
#ပင်ရင်း
#မန္တလေးမြို့

15/07/2026

ဒီလို Feedback လေးတွေ ဖတ်ရတိုင်း တကယ်အားရှိပါတယ် ❤️

Kyuu Kyuu ကို ရွေးချယ်ပြီး အားပေးပေးတဲ့ Customer တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော် ❣️

အရသာကောင်းရုံတင်မကဘဲ ယုံကြည်စိတ်ချစွာ စားသုံးနိုင်တဲ့ Product တွေကို ဆက်လက်ဖန်တီးပေးသွားပါမယ်ရှင့်


#ကြက်အူချောင်း
#ပင်ရင်း

#မန္တလေးမြို့

#ဝက်အူချောင်း

Address

Mandalay
05041

Telephone

+959796876038

Website

Alerts

Be the first to know and let us send you an email when Kyuu Kyuu - ကြူးကြူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyuu Kyuu - ကြူးကြူး:

Shortcuts

Share