09/03/2026
ဝမ်းချုပ်လို့ စိတ်ညစ်နေတဲ့သူတွေရှိလား ⁉️
လူတိုင်းနီးပါး ၀မ်းချုပ်ဖူးမှာပါ။ အများစုကတော့ ရောဂါကြောင့်မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာထဲမှာ ရေနှင့်အမျှင်ဓာတ်တွေ နည်းပါးတာကြောင့် ၀မ်းချုပ်ရခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ၀မ်းချုပ်ပြီဆိုရင် ဆေးမကူသေးဘဲ အစားအစာတွေနဲ့ အရင်ကုသကြည့်သင့်ပါတယ်။
စားရမယ့် အစားအစာတွေကတော့...
၁။ ပဲအမျိုးမျိုး
ဗီတာမင် B အုပ်စု၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်များစွာပါ၀င်တဲ့ ပဲအမျိုးမျိုးကလည်း ၀မ်းချုပ်နေသူများအတွက် အကောင်းဆုံးသဘာ၀အစားအစာတစ်ခုဖြစ်ပါတယ်။
၂။ ကီဝီသီး
အမျှင်ဓာတ်များစွာပါ၀င်ပြီးအရသာရှိလှတဲ့ ကီ၀ီသီးဟာလည်း ၀မ်းကိုမှန်စေပါတယ်။ ဗီတာမင်စီနှင့် အခြားသောအာဟာရဓာတ်များပါ၀င်တဲ့အတွက်လည်း ခွန်အားကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၀မ်းချုပ်ပြီဆိုရင် တစ်နေ့ကို ကီ၀ီသီး ၂ လုံးစားပေးပါ။
၃။ ကောက်နှံတစ်ခုလုံးပါ၀င်သောအစားအစာများ
မနက်စာမှာကောက်နှံတစ်ခုလုံးပါ၀င်သောအစားအစာများ (ဥပမာ- ကွေကာအုပ်၊ ပေါင်မုန့်ညို) စားပေးတာကြောင့် အမျှင်ဓာတ် များစွာရရှိစေပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာများဟာ အူလမ်းကြောင်းလှုပ်ရှားမှုများကို ပုံမှန်ဖြစ်စေပြီး ၀မ်းမှန်စေပါတယ်။
၄။ သစ်တော်သီး
သစ်တော်သီးကိုတော့ လူတိုင်းကြိုက်မယ်ထင်ပါတယ်။ သစ်တော်သီးမှာပါ၀င်တဲ့ ဗီတာမင် C နှင့် အမျှင်ဓာတ်များက ၀မ်းမှန်စေရုံသာမက အရွယ်တင်နုပျိုစေနိုင်ပါတယ်။
၅။ ဆီးသီးခြောက်
ဆီးသီးခြောက်ဟာ ဘိုးဘိုးဘွားဘွားတို့ အစားသင့်ဆုံးအစားအစာပါ။ အမျှင်ဓာတ်များစွာ ပါ၀င်ပြီး သကြားဓာတ် ပါ၀င်တာကြောင့် ၀မ်းမှန်စေပါတယ်။ ပိုတက်ဆီယမ်နဲ့ Vitamin များလည်း ပါ၀င်တာကြောင့် အရွယ်တင်နုပျိုစေမှာပါ။
၀မ်းချုပ်နေပါကရှောင်ရှားရမယ့်အစားအစာများကတော့
၁။ နို့နှင့် နို့ထွက်ပစ္စည်း
နို့၊ ဒိန်ခဲ၊ ချိစ်၊ ရေခဲမုန့်စတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများဟာ အဆီဓာတ်ပါ၀င်မှုများပြီး အမျှင်ဓာတ်နည်းတာကြောင့် ၀မ်းချုပ်စေပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းများမှာပါတဲ့ Lactose သကြားဓာတ်ကလည်းလေပွပြီး ၀မ်းချုပ်စေနိုင်ပါတယ်။ ၀မ်းချုပ်နေရင်သာမက ၀မ်းလျှောနေရင်လည်း နို့နှင့် နို့ထွက်ပစ္စည်းစားသုံးမှုကိုခဏတော့ ရှောင်သင့်ပါတယ်။
၂။ အနီရောင်အသား
အနီရောင်အသားတွေ (ဥပမာ-အမဲသား၊ ဆိတ်သား) ဟာ ၀မ်းချုပ်နေသူများရှောင်သင့်တဲ့ အစားအစာပါ။ အကြောင်းကတော့ အနီရောင်အသားမှာသံဓာတ်နှင့် အဆီဓာတ်များ ပေါများစွာပါ၀င်နေလို့ပါပဲ။
၃။ ငှက်ပျောသီး
ငှက်ပျောသီးစားရာမှာလည်း သတိထား၍စားပေးသင့်ပါတယ်။ ငှက်ပျောသီးအစိမ်းကို စားမိပါက ၎င်းမှာပါ၀င်တဲ့ ကစီဓာတ်များကို ခန္ဓာကိုယ်ကချေဖျက်ရန် ခက်ခဲတာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။
၄။ ကဖင်းပါသောအရည်များ
ကဖင်းဓာတ်ပါ၀င်သောကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတာတွေကို သောက်သုံးပါက ၀မ်းချုပ်တာကိုပိုဆိုးစေပါတယ်။
၅။ ချောကလက်
ချောကလက်မှာ အဆီဓာတ်များစွာပါ၀င်တာကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး ၀မ်းချုပ်စေပါတယ်။
ဝမ်းချုပ်တာက လုံးဝမပေါ့ဆသင့်ပါဘူးနော် လိပ်ခေါင်းရောဂါ၊အူမကြီးကင်ဆာတို့လို ရောဂါကြီးတွေရဲ့အစက ဝမ်းချုပ်တာမို့ ဒီpostကိုshareပြီး အများသိအောင် ပြန်လည်မျှဝေရင်း အားလုံးပဲ ဝမ်းချုပ်ခြင်း ကင်းဝေးကြပြီး ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေရှင့်🙏
#ဝမ်းချုပ် #အူရှင်း #အစာအိမ်အူလမ်းကြောင်း #အူမကြီးကင်ဆာ #အူသန့်ရှင်းရေး