Ei Ei

Ei Ei အချစ်က ဘဝမဟုတ်ဘူး

22/02/2025

ကိုယ့်နေရာနဲ့ ကိုယ်နေတတ်ပါစေ

တခါက တိရစ္ဆာန်တွေပြောသောစကားတွေကို နားလည်တဲ့တောင်သူကြီးတယောက်ရှိတယ်။

တနေ့မှာနွားတင်းကုပ်နဘေးမှာမြင်းနဲ့နွားစကား
ပြောနေတာကို တောင်သူကြီးကကြားသွားတယ်။

နွားကပြောတယ် ကိုမြင်း၊မင်းကတော့အေးဆေးပဲ
ကွာ သက်တောက်သက်သာနဲ့လှည်းလေးဆွဲလိုက်
ဟိုနည်းနည်း ဒီနည်းနည်းလုပ်လိုက်နဲ့အဆင်ပြေနေတာဘဲ။

စားရတော့လည်းကောင်းကောင်းမွန်မွန် နေရ
တော့လည်းကောင်းမွန်စွာနဲ့ ဟန်ကျနေတာဘဲ။

ငါ့မှာတော့တနေကုန် တနေခမ်းရွံ့နွံထဲမှာတနေကုန်ဘဲရုန်းနေရတယ်။🌸

ဟုပ်မှာပေါ့ကွ ၊မင်းကသူများခိုင်းတာလုပ် ကျွေးတာစား ထားရာနေ စေရာသွားတော့ မင်းကိုခိုင်းမှာပေါ့ကွ။

ပြီးတော့မင်းကနွားဆိုတော့ နွားကျလွန်းပါတယ်ကွာ။

အေး၊ဒါဆိုမင်းကိုငါအကြံတခုပေးမယ်။ ဟ ဘယ်လိုလည်းကိုမြင်းရပြောပါဦး။

ငါပြောသလိုသာလုပ် မင်းကောင်းကောင်းလည်းနေရမယ်ကောင်းကောင်းစားရမယ်။

ဒီလိုကွ မင်းကိုလယ်ထွန်ခိုင်းရင်ပေကပ်ကပ်လုပ်နေလိုက် စာရင်းငှားကမင်းကိုခိုင်းဖို့ဆွဲလာရင် မသိချင်ယောင်ဆောင်နေလိုက်။

ဖယ်ကန်ကန်လုပ်နေလိုက် အဲ့ခါကျရင် စာရင်းငှားက တောင်သူကြီးကိုပြောလိမ့်မယ် ဗျိုး... ‌တောင်သူကြီး ဒီနေ့နွားကနေမကောင်းဘူးလားမသိဘူး။

ဆွဲလို့လည်းမရဘူး ခိုင်းလို့လည်းမရဘူး အဲ့ခါကျရင်မင်းတကယ်ကိုသက်သာပြီး ငါပြောတဲ့အတိုင်းသာလုပ်ကြည့် မင်းအတွက်အဆင်ပြေစေရမယ်။

နွားက မြင်းပြောသောစကားတွေကို တလုံးမကျန်မှတ်သားထားပြီး နေလိုက်တယ်။

ထိုအခါမှာ မြင်းနဲ့နွားပြောနေသောစကားတွေအား
လုံးကို တောင်သူကြီးကအကုန်မှတ်ထားလိုက်တယ်။🌸

နောက်တနေ့မိုးလင်းလို့ လယ်ထွန်ဖို့အတွက်နွားကို နွားတင်းကုပ်ကနေဆွဲထုပ်တဲ့အခါ မနေ့ကမြင်းပြော
ထားတဲ့အတိုင်း နွားကအကုန်လိုက်လုပ်တယ်။

အဲ့ခါမှာနွားကမြင်းပြောထားတဲ့အတိုင်း ပေကပ်ကပ်နဲ့ ဖယ်ကန်ကန်လုပ်တယ်။

သုံးလေးငါးခါလောက်ဆွဲတယ် ဆွဲလို့မရတဲ့အဆုံး တောင်သူကြီးကိုအော်ပြောလိုက်တယ်။

ဗျိုး...တောင်သူကြီး ဒီနေ့ နွားနေမကောင်းဘူးလားမသိဘူး အလုပ်ခိုင်းဖို့နွားတင်းကုပ်ကနေဆွဲထုပ်တာ ဆွဲလည်းမရဘူး။

အဲ့ဒီအချိန်မှာစာရင်းငှားကပြောလိုက်တာကို တောင်သူကြီးက သိသွားပြီးဒါဟာမနေ့က မြင်းလက်ချက်ဘဲဆိုတာကိုသိသွားတယ်။

အေးဒါဆိုလည်းကွာနွားနေရာမှာ မြင်းကိုအစားထိုးပြီး လယ်ထွန်ခိုင်းလိုက်လို့ တောင်သူကြီးကပြောလိုက်တယ်။ တောင်သူကြီးပြောတဲ့အတိုင်းဘဲ စာ
ရင်းငှားက မြင်းကို နွားနေရာမှာလယ်ထွန်ခိုင်းလိုက်
တယ်။🌸

ထိုအခါမှာမြင်းကစဉ်းစားတယ် ငါကနှခေါင်းထက်
လျှာကရှည်သွားတာကိုး ခုတော့သူနေရာမှာငါကရုန်းရတော့မယ်။

အစထဲက ငါ့နေရာမှာ ငါနေတာကောင်းပါလျက်နဲ့
ခုတော့ နွားကောင်းစားဖို့အတွက် ငါကအကြံပေး
လိုက်တာကို ခုတော့ ငါ့ရှူး ငါပတ်ပြီးငါဘဲဒုက္ခ
ရောက်ရတယ်။🌸

ခုလိုတွေးရင်းနဲ့ မြင်းခမျှာနောင်တတွေရလို့မဆုံးဖြစ်
သွားတယ်။

ပြောချင်တာက သူတပါးကောင်းစားဖို့အတွက်နဲ့ တ
ခါတလေမှာ ကိုယ်ကိုယ်တိုင်ကဒုက္ခတွေနဲ့ကြုံတွေ့ရ
တာမျိုးတွေ ရှိတတ်ပါတယ်။

ဘယ်အရာမဆို နှခေါင်းထက် လျှာ‌ရှည်တာကအ
လွန်ကိုဆိုးပါတယ်။

အလိုက်လည်းသိတယ် ကိုယ်ချင်းလည်းစာတယ်ဆို
ပေမယ်လို့ တခါတလေမှာ ကိုယ့်နေရာလေးနဲ့ ကိုယ်သာ နေပေးလိုက်တာဟာ အကောင်းဆုံးပါဘဲ။
မေတ္တာဖြင့်

#ပြန်လည်မျှဝေသည်
#ဘဝအတွက်စာဖတ်ပါ

22/02/2025

မပြည့်တဲ့အိုး

လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...

ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်....

ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်...

ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...

ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်.....

ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲအနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်....

လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်

ပိုင်ရှင်ရှိရက်နဲ့ ကိုယ့်ဆီ လာတယ်ဆိုတာကိုယ်က ပိုချော ၊ ပိုလှ ၊ ပိုတော်နေလို့မဟုတ်ဘူးနော် ကိုယ့်ကို အထင်သေးလို့ ။ သူတို့ရ...
22/02/2025

ပိုင်ရှင်ရှိရက်နဲ့ ကိုယ့်ဆီ လာတယ်ဆိုတာ
ကိုယ်က ပိုချော ၊ ပိုလှ ၊
ပိုတော်နေလို့မဟုတ်ဘူးနော်
ကိုယ့်ကို အထင်သေးလို့ ။

သူတို့ရဲ့ relationship က အဆင်မပြေပါဘူး
သူ့ကောင်မလေးက ဘယ်လိုမျိုး ဆိုပြီး
ကိုယ့်ရှေ့မှာ လာပြောရင်
အဲဒါ ကိုယ့်ကို လွယ်တယ်လို့ တွေးထားလို့ ။

တချို့မိန်းကလေးတွေက
ယောက်ျားလေးတစ်ယောက်
ကိုယ့်အနားကို ရောက်လာရင်
ကိုယ်က သူ့ဘေးက လူထက် သာလို့
ဆိုတဲ့ အယူအထ အမှားတွေ
ထင်မြင်ချက် အလွဲတွေနဲ့
တွေးမိတတ်ကြတယ်

တကယ်တော့ ကိုယ့်ပုံစံက
သူ့အမြင်မှာ အသုံးချလို့ရတယ်
ကစားလို့ရတယ် လို့ ထင်နေလို့
ကိုယ့်ကို လာရော နေတာပါ ။

ဆိုတော့
ကိုယ့်ကိုလာပြီး သူတို့ အဆင်မပြေတဲ့အကြောင်းတွေ
လာပြောပြနေရင် ဘယ်လို ပြန်ဆက်ဆံရမယ် ဆိုတာ
သတိထားမိအောင် စာရေးပြတာ ။

တဖက်လူက ကိုယ့်ကို တကယ်ချစ်ရင်
သူ့ဘက်က သူ့ကိစ္စတွေကို
ကိုယ့်ပယောဂ ကြောင့် မဟုတ်ဘဲ
သေချာ ဖြတ်တောက်ပြီးမှ
ကိုယ့်အနားကို ရောက်လာပါလိမ့်မယ် ။

အဲလိုရောက်လာချိန်မှာလည်း
အရင်လူနဲ့ ကိစ္စတွေ
အရင်က အကြောင်းတွေကို
မကောင်းတဲ့ အခြေအနေမျိုးတွေကို
ပြောပြမှာ မဟုတ်ပါဘူး ။

ယောက်ျားကောင်းတစ်ယောက်ဟာ
လမ်းခွဲပြီးရင်တောင် အဲဒီမိန်းကလေးနဲ့
ပတ်သက်တဲ့ မကောင်းတဲ့ အချက်တွေ ၊
အကြောင်းအရာတွေကို
လျှောက်ဖွ လျှောက်ပြောမှာ မဟုတ်ပါဘူး ။

ကိုယ့်ကို စိတ်ဝင်စားတယ်ဆိုတဲ့ အပြုအမူတွေနဲ့
ကိုယ့်ရှေ့မှာ အရင်လူရဲ့ မကောင်းကြောင်းဖြစ်ဖြစ်
သူ့ရဲ့လက်ရှိလူရဲ့ မကောင်းတာတွေပဲ ဖြစ်ဖြစ်
ညည်းပြသလို ပြောပြသလို လာပြောရင်
အဲဒီလူဟာ ကိုယ်ရွေးချယ်ဖို့ ၊
ကိုယ် ဆက်ပတ်သက်ဖို့ မသင့်တော်တဲ့ လူမျိုးဆိုတာ
အလိုလို သိပေးပါ ။

တကယ်ချစ်ရင်
တန်ဖိုးရှိအောင်ထားတယ်
လေးလေးစားစား ဆက်ဆံတယ်
အစစ အရာရာ သတိထား
ပြောဆိုတတ်တယ် ။

အထင်သေးစရာ အပြုအမူတွေ မလုပ်ဘူး
ပေါပေါပဲပဲ စကားတွေ မပြောဘူး

အဲဒီတော့ ပိုင်ရှင်ရှိရက်နဲ့
ကိုယ့်အပေါ် မရိုးမသားဆက်ဆံတယ်ဆိုတာ
ကိုယ့်ကို မလေးစားတာပဲ

ငါကို ပိုချစ်လို့ ငါ့အနားလာတာ
ငါက ပိုကောင်းလို့ ငါ့ဆီ ရောက်လာတာ ဆိုပြီး
အယူအဆတွေ မလွဲစေချင်ဘူး

ငါက ကစားလို့ကောင်းတယ်ထင်လို့
ငါ့ကို အသုံးချလို့ရမယ်ထင်လို့
ငါက တန်ဖိုးရှိတဲ့ မိန်းမ မဟုတ်ဘူး ထင်လို့
လက်ရှိ သူတို့ဘေးမှာဆိုင်သူ ရှိနေပါရက်
ငါ့ဆီလာတာပဲ လို့ သိထားလိုက်ပါ ။

ကိုယ်က တန်ဖိုးထားပြီး အချစ်ခံရတဲ့သူ ဖြစ်ချင်လား
တန်ဖိုးမရှိသလို အထင်သေးဆက်ဆံခံရတာမျိုး
ဖြစ်ချင်လား

ကိုယ့်လမ်း ကိုယ့်ဘဝ
ကိုယ့်ဟာကို ရွေးချယ်ပါ ။
Crd

29/01/2025
လှပတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်တဲ့အခါ ၁ ။ အနာဂတ်အတွက် Plan ရှိပါ " ချစ်တယ် " .. ။ ဒါကို လူတိုင်းပြောတတ်တယ် ။ ဒါပေမဲ့ ...
03/10/2023

လှပတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်တဲ့အခါ

၁ ။ အနာဂတ်အတွက် Plan ရှိပါ

" ချစ်တယ် " .. ။ ဒါကို လူတိုင်းပြောတတ်တယ် ။
ဒါပေမဲ့ နီးစပ်အောင်မကြိုးစားဘူး ။ ချစ်သူဘဝမှာတင် ရပ်တန့်နေလို့မရပါဘူး ။ အသက်ရွယ်ရလာတာနဲ့ အမျှ ချစ်တဲ့သူနဲ့အတူ ဘဝတစ်ခုတည်ထောင်ဖို့ဆိုတဲ့ plan ဟာ သေချာပေါက်ရှိရပါလိမ့်မယ် ။

အဲ့ဒီအတွက် ကြိုးစားရမယ် ။ သူနဲ့ နီးစပ်ဖို့ အမြဲတွေးထားရမယ် ။ တစ်နေ့ကျရင် အတူရှိရမယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိနေရမယ် ။ ဘယ်လောက်ဝေးဝေး နီးရမယ် ၊ ပင်လယ်တွေခြားလဲ ရအောင်သွားမယ် ၊ တစ်နေ့ သူ့အနားရောက်ရမယ်ဆိုတဲ့ စိတ်ကလေးဟာ အချစ်ရဲ့ စွမ်းအားပါပဲ ။

ချစ်တယ် လို့အမြဲပြောနေပေမဲ့ နီးစပ်ဖို့ မကြိုးစားရင် တဖြည်းဖြည်းဝေးကွာ လာမှာပါပဲ ။ အနာဂတ်မှာ အတူရှိရမယ်ဆိုတဲ့ Plan လဲ ရှိထားဦးမှ အဆင်ပြေမှာပေါ့ ။

၂ ။ မာနတွေ မပြိုင်နဲ့

ရန်ဖြစ်တိုင်း ပြန်ချစ်ဖို့တွေးပါ ။ မတူညီတဲ့ ခံစားချက်တွေ အတွေးတွေနဲ့ သူစိမ်းနှစ်ဦးဟာ အခန့်မသင့်တဲ့ အချိန်တွေ ရှိလာမှာပါပဲ ။ တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်နိုင်သရွေ့ မဝေးပါဘူးတဲ့ ။

မာနတွေ မထားပါနဲ့ ။ သူငါ့ကို ပစ်ထားလို့ ၊ သူဘယ်သူနဲ့ ဘာလုပ်လို့ ဆိုပြီး အရွဲ့မတိုက်ပါနဲ့ ။ အရွဲ့တိုက်ခြင်း ၊ မာနထားခြင်း ၊ အနိုင်ယူလိုခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ အကြီးမားဆုံးရန်သူတွေပဲ ။ ဒီအရာတွေရဲ့ သက်ရောက်မှုဟာ ဝေးကွာခြင်းကိုသာ ဦးတည်ပါလိမ့်မယ် ။

၃ ။ Balance ကပွါ ။

တစ်ဦးကို တစ်ဦး မျှတူစာနာပါ ။ တစ်ဖက်တည်းကချည်း အမြဲနားလည်နေရမယ် ၊ ခွင့်လွှတ်နေရမယ်ဆိုရင် ဒီ relationship က သိပ်မကြာဘူး ၊ ပြတ်မှာပါပဲ ။

တစ်ယောက်ရဲ့ မပြည့်ဝမှုတွေကို တစ်ယောက်က နားလည်ပေးရမယ် ။ ကိုယ့်အလှည့်တုန်းကကျ သူ့ကိုနားလည်ပေးစေချင်ပြီး ၊ သူ့အလှည့်ကျ နားလည်ပေးဖို့ ခက်နေရင် လူတစ်ယောက်ကို မချစ်သင့်သေးပါဘူး ။ အချစ်မှာ ကိုယ်ချင်းစာစိတ်က သိပ်အရေးပါတယ် ။ ကိုယ့်ဒဏ်ရာမှ နာတယ်ထင်တဲ့ တစ်ကိုယ်ကောင်းဆန်ချင်တဲ့စိတ်ရှိရင်တော့ ဒါဟာ ချစ်ဖို့မထိုက်တန်သေးဘူး ။

လူတစ်ယောက်ကိုချစ်ရင် နားလည်မှုတွေ ၊ ဂရုစိုက်မှုတွေပါရမယ် ။ သူ့ဒဏ်ဟာတွေကိုလည်း စာနာပေးတတ်ရမယ် ။

အချစ်ဟာ စက်ဘီးလေးတစ်စီးလိုပဲ ။ နှစ်ဖက်လုံးက balance ကျနေရမယ် ။ ဒါမှ အမြဲလည်ပတ်ပြီး ၊ လိုရာခရီးရောက်နိုင်မှာ ။ တစ်ဖက်က ချို့ယွင်းနေရင် မကြာဘူး လှဲမှာပဲ ။

၄ ။ အချစ်မှာ Limit တွေရှိကြောင်း နားလည်ပါ

နေရာတိုင်းမှာ Limit ဆိုတာ ရှိတယ် ။
အရာဝတ္ထုမှာ ဖြစ်ဖြစ် ၊ အချစ်မှာ ဖြစ်ဖြစ်ပေါ့ ။

အမြဲတမ်းသည်းခံနေတဲ့ လူတွေမှာလည်း ပေါက်ကွဲချင်တဲ့နေ့တွေဟာ တကယ်ရှိတယ် ။
သူကငါ့ကို ချစ်တာပဲ ၊ ငါလုပ်သလို ရပါတယ် ဆိုတဲ့ စိတ်နဲ့ လူတစ်ချို့ ရှိတယ် ။ လုပ်ချင်ရာလုပ်မယ် ပြီးမှ ပြန်တောင်းပန်မယ် ဆိုတဲ့ လူတွေ ။

ဒါတွေက ကြာကြာမခံဘူး ။ ချစ်လို့ ခွင့်လွှတ်တာကို အနိုင်ယူစရာလို့ မှတ်ယူထားတဲ့လူတွေ ။ အမြဲသည်းခံပေးတဲ့ လူတွေက သည်းမခံနိုင်တော့ရင် သူများထက်ပိုတယ် ။ အရမ်းချစ်တတ်တဲ့လူတွေက ပြတ်သားလိုက်ရင် ဘယ်သူမှ လိုက်မမီဘူး ။

လူတိုင်းမှာ သည်းမခံနိုင်တဲ့ အရာတွေ ၊ ခွင့်မလွှတ်နိုင်တော့တဲ့ အဖြစ်ပျက်တွေရှိတယ် ။ ဒါကို ထပ်ခါထပ်ခါ ကျူးလွန်နေရင် အချစ်ဆိုတာကလဲ ပျောက်ကွယ်သွားမှာပဲ ။ လူတိုင်းမှာ သူသည်းခံနိုင်တဲ့ Limit က ရှိပြီးသား ။

အဲ့ဒီအချိန်ကျမှ သူ့ဘက်ကပြောင်းလဲ သွားတာဆိုပြီး နစ်နာသူလုပ်လို့ မရဘူး ။ Action and Reaction ပဲ ။

ဘယ်အရာက ကိုယ့်ချစ်သူကို နာကျင်စေလဲဆိုတာ ချစ်တဲ့သူတိုင်း သိတယ် ။
သူသဝန်တိုစရာတွေ ၊ သူသဘောမကျတာတွေကိုတောင်မှ ပြုပြင်မပေးနိုင်ပဲ ၊ ချစ်တယ်လို့ ပါးစပ်က အမြဲပြောနေတာဟာ အလကားပဲ ။

အဲ့တာ ချစ်တယ်လို့ မခေါ်ဘူး ၊ အနာပေးလိုက် ဆေးကျွေး လိုက်နဲ့ ကစားနေတာ ။ချစ်တယ်ဆိုတာ သူနာကျင်မှာစိုးတဲ့စိတ် ၊ ကိုယ်တိုင်က ကျူးလွန်ဖို့ နေနေသာသာ ၊ အဘက်ဘက်က ကာကွယ်ပေးချင်နေတဲ့ စိတ်မျိုးပါပဲ ။

၅ ။ ကိုယ်နဲ့ Chemistry မိတဲ့လူကိုသာ ရွေးချယ်ပါ

လှပတဲ့ ချစ်ခြင်းမေတ္တာလေးကို တည်ဆောက်ဖို့ဆိုရင်
တစ်ဖက်လူက ကိုယ်နဲ့ Chemistry ညှိဖို့လိုပါတယ် ။

ကိုယ်နဲ့ စိတ်သဘောချင်း ညီမျှဖို့ သိပ်အရေးကြီးပါတယ် ။ အသွင်တူမှ ကြင်သူဖြစ်တာမျိုးပေါ့ ။

ကိုယ်အတွက် Comfortable ဖြစ်တဲ့ လူကိုတွဲမှ စိတ်ချမ်းသာရမယ် ။ မတူညီတဲ့ ပုံစံခွက်ကို အတင်းလိုက်ညှိယူရတာက အရမ်းပင်ပန်းပါတယ် ။ ချမ်းသာတဲ့လူကို တွဲပြီး သူကြွားသမျှ လိုက်နားထောင်နေရရင် ၊ သူတော်ကြောင်း တတ်ကြောင်းပြောပြီး အမြဲ ဆရာကြီးလုပ်နေရင် ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး ။ အနည်းဆုံးတော့ ကိုယ်ချင်းစာစိတ်လေးရှိပြီး ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးတတ်မှ အဆင်ပြေမယ်မဟုတ်လား ။

ချစ်ခြင်းမေတ္တာဆိုတာ ကောင်းခြင်း ၊ ဆိုးခြင်းတွေကို
ထပ်တူထပ်မျှ ခံစားမျှဝေဖို့ပဲ ။ ငွေကြေးကြောင့် ကပ်တွယ်နေတဲ့ အချစ်တွေ ၊ နေရာတစ်ခုအတွက် ခုတုံးလုပ်ထားတဲ့ အချစ်တွေဆိုတာ ဘယ်တော့မှ မစစ်မှန်ဘူး ။ ဒါတွေဟာ ခဏပဲ ။

အလင်းရောင်အောက်မှာ အတူကပေးနိုင်တဲ့သူထက်
အမှောင်ထဲမှာ လက်ချင်းချိတ်ပြီး လျှောက်ပေးနိုင်တဲ့သူကမှ တကယ်တန်ဖိုးတန်တာ ။

ကိုယ်ဘယ်လိုလူကို တွဲနေတယ် ဆိုတာမျိုးထက်
ကိုယ်တွဲနေတဲ့လူက ကိုယ့်နဲ့ ထပ်တူကျတယ် ဆိုတာကမှ တကယ်ဂုဏ်ဆာစရာကောင်းတာ ။

03/10/2023

လူငယ် တော်တော်များများဟာ
ကိုယ့်ကို ......
#မင်း_တန်ဖိုးမရှိတဲ့ကောင်လို့ ပြောရင်
သိပ်စိတ်ဆိုးတာဘဲ။

အဲတော့ ......
တန်ဖိုး ဆိုတာ ဘာလဲလို့ မေးလိုက်ရင်
အကုန် ကြောင်တောင်တောင်နဲ့
ဘာဖြေရမှန်း မသိကြတော့ဘူး ။

တကယ်တော့ တန်ဖိုး ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။

အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်
ငါ သွားခွာလည်း ရတယ်

သဘာဝက အလကား ပေးထားတာလေ ။

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး လုံးတယ်
ငါက လုပ်အား ထည့်လိုက် တာပေါ့

လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ် ။

သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
တန်ဖိုး တက် မသွားဘူးလား ။

ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ ။

လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား ။

ငါတို့တွေ လေကို အလကား မရှူရဘူးလား

ဒါပေမယ့် .....
စက်ဘီးတွေ ဆိုင်ကယ်တွေ လေထိုးရင်
တစ်ဘီးကို ငါးဆယ် တစ်ရာ မပေးရ ဘူးလား ။

မင်းက အကိုရယ်
လေအလကား ရတာပဲလို့ ပြောကြည့်ပါလား
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့ ။

သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့

ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက်လာမှာပါပဲလို့ ငါပြောချင်တယ်

03/10/2023

ကိုယ်စီ ကိုယ်စီ အခက်အခဲတွေနဲ့ 😥

တစ်ချို့ပုံပြင်တွေက ဘောပင်နဲ့ ရေးတယ် .တစ်ချို့ပုံပြင်တွေက နာကျင်မှုနဲ့ ရေးတယ် …. ။ဘဝက အိအတွက်တော့ သင်ခန်းစာတွေ ပါ
03/10/2023

တစ်ချို့ပုံပြင်တွေက ဘောပင်နဲ့ ရေးတယ် .

တစ်ချို့ပုံပြင်တွေက နာကျင်မှုနဲ့ ရေးတယ် …. ။

ဘဝက အိအတွက်တော့ သင်ခန်းစာတွေ ပါ

နာကျင်စရာတွေ နည်းပါးချင်တာနဲ့အခုနောက်ပိုင်း မြတ်နိုးမိတဲ့ အရာတွေဆိုအဝေးကပဲ ငေးနေလိုက်တော့တယ် ။
17/09/2023

နာကျင်စရာတွေ နည်းပါးချင်တာနဲ့
အခုနောက်ပိုင်း မြတ်နိုးမိတဲ့ အရာတွေဆို
အဝေးကပဲ ငေးနေလိုက်တော့တယ် ။

``ဘ ဝ ဆို တာ .. သင် ယူ ဖို့ ပါ´´🕰🕰🕰🕰🕰🕰🕰🕰🕰🕰  အမှားတွေဆီက  သင်ယူတတ်တဲ့သူက ပိုတော်လာတယ်   နာ ကျင် မှု တွေ ကို   ခံနိုင်ရည်ရ...
17/09/2023

``ဘ ဝ ဆို တာ .. သင် ယူ ဖို့ ပါ´´
🕰🕰🕰🕰🕰🕰🕰🕰🕰🕰

အမှားတွေဆီက
သင်ယူတတ်တဲ့သူက ပိုတော်လာတယ်

နာ ကျင် မှု တွေ ကို
ခံနိုင်ရည်ရှိသွားတဲ့သူတွေက
ပို ရင့် ကျက် လာ တယ်

မျက် ရည် ကို
ဆေးဖက်ဝင်အောင် အသုံးချတတ်သူတွေက
ခံစားမလွယ်တော့ဘဲနဲ့ ပိုမာကျောသွားတယ်

ပျော့ညံ့တဲ့စိတ်ဓာတ်ကို
မခံချင်စိတ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ
အဲ့ဒီသူရဲ့အနာဂတ်ဟာ ပိုတောက်ပလာတယ်

လွတ်လိုက်တာကို
အရှုံးလို့ မသတ်မှတ်တဲ့သူတွေက
အောင်မြင်မှုနဲ့ ပိုနီးသွားတယ်

နားလည်ပေးတတ်တဲ့သူက
အမုန်းနဲ့ ဒေါသတွေကင်းပြီး
ပို အေး ချမ်း တယ်

ခွင့်လွှတ်ပေးတတ်တဲ့သူက
ပိုပြည့်ဝပြီး လွတ်မြောက်မှုကိုခံစားရတယ်

သည်း ခံ တတ် တဲ့ သူ က
ရန်မများဘဲ ကိုယ့်စိတ်နဲ့ ကိုယ်နေနိုင်သွားတယ်

သူ့နေရာမှာ ငါသာဆိုပြီး
ကိုယ်ချင်းစာပေးတတ်တဲ့သူက
လူ ပီ သ သွား တယ်

ငါ ဘာယူသွားမလဲဆိုတဲ့စိတ်နဲ့ မရှင်သန်နဲ့
ငါ ဘာပေးခဲ့ရမလဲဆိုတဲ့စိတ်နဲ့ပဲ ရှင်သန်ပါ

မတော်လို့ တစ်ခုခုလွဲချော်သွားရင်
ငါတော့ မှားသွားပြီးလို့ မတွေးပါနဲ့

တကယ်တော့
ဘ ဝ ဆို တာ
အရှုံးတွေနဲ့ ပြိုလဲနေဖို့မဟုတ်ဘူး

ဘ ဝ ဆို တာ
အမှားတွေဆီက သင်ယူဖို့ပါ … ။

ကိုယ့်ကို မလိုဘူးဆိုတဲ့အရပ်မှာ လူပိုလို ရပ်နေခဲ့ဖူးတယ် ။ အဆင်ပြေပါတယ်... မင်းအနားမှာ ရှိနေချင်ရုံလေးပဲလေ ။ မင်းအနားမှာ ရ...
17/08/2023

ကိုယ့်ကို မလိုဘူးဆိုတဲ့အရပ်မှာ လူပိုလို ရပ်နေခဲ့ဖူးတယ် ။

အဆင်ပြေပါတယ်... မင်းအနားမှာ ရှိနေချင်ရုံလေးပဲလေ ။ မင်းအနားမှာ ရှိနေရမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမဆို လက်သင့်ခံလိုက်ဖို့အသင့်ပဲမို့လို့ ပိုနေတဲ့နေရာလေးမှာ မလိုသလိုလေး ရပ်နေရတာလဲ အဆင်တော့ ပြေပါတယ် ။ ရင်ထဲ နည်းနည်းလေးအောင်ရတာကလွဲရင် မျက်ရည်လေး နည်းနည်း ကျနေတာကလွဲရင် ငါ မင်းဘေးနားရှိနေခွင့်တွေ ရနေသေးတာပဲဆိုတဲ့ စိတ်နဲ့ပဲ ဖြေနေခဲ့တာပါ ။

မေးခွန်းတွေ အများကြီးမေးတတ်တဲ့ လူတစ်ယောက်က ဘာကြောင့် တိတ်ဆိတ်သွားသလဲဆိုတာကော သိရဲ့လား ... မဖြေချင်တဲ့ မေးခွန်းတွေ မေးပါများရင် စိတ်ပျက်သွားမှာစိုးလို့ ပြောလာတဲ့ စကားလောက်ကိုပဲ နားထောင်နေမိတာပါ ။ ကျွန်တော့ကို မလွမ်းဘူးလားဟင် ... ကျွန်တော့ကို မချစ်ဘူးလားဟင်ဆိုပြီး တစ်ခါလောက် မေးချင်ခဲ့ဖူးပေမယ့် အလကားသက်သက် စိတ်ရှုပ်စရာတွေဖြစ်မှာစိုးလို့ နှုတ်ဆိတ်ပေးနေခဲ့တာ ။

လမ်းခွဲရအောင်တဲ့ ... ချစ်ခြင်းမေတ္တာက လူနှစ်ယောက်နဲ့ သက်ဆိုင်ခဲ့တဲ့ အရာမဟုတ်ဘူးလား ။ မင်းကို ချစ်တယ် ပြီးတော့ မင်းကို မချစ်တော့လို့ဆိုပြီး ချန်ထားခဲ့လို့ရတယ်ပေါ့ ဟုတ်လား ... ကျွန်တော့ရဲ့ ခံစားချက်တွေကို နည်းနည်းလေး ထည့်တွက်လို့ မရဘူးလားဟင် ... ငိုနေမိတဲ့ မျက်ရည်တွေကို နည်းနည်းလေး စာနာပေးကြည့်လို့မရဘူးလား ။ မင်းမရှိရင် မဖြစ်လို့ပါဆိုပြီး တောင်းပန်နေတဲ့ ကျွန်တော့်ကိုကော နည်းနည်းလေး သနားပေးလို့မရဘူးလား ...

ကျွန်တော် ခင်ဗျားမရှိရင် မဖြစ်ဘူးလေနော် ... ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုတာကို ခဏခဏ စကားတွေထွက်ပြီး ပြောပြနေဖို့ မလိုတော့ပါဘူး ... ကျွန်တော်က မလိုမှန်းသိသိရဲ့နဲ့ မင်းမရှိပဲမနေနိုင်လို့ ရပ်နေမိရုံပါ ။ နာကျင်ရတာတွေကို ပြန်ရေတွက်မယ်ဆိုရင် နာဖို့သင့်ပြီဆိုပြီး ဦးဏှောက်က သိပေမယ့် တကယ့်လက်တွေ့တွေမှာကျ နှလုံးသားက လက်သင့်မခံနိုင်သေးဘူး ။ နှလုံးသားက သိပ်ခေါင်းမာတာ ခင်ဗျားမှ မဟုတ်ရင် ဘယ်သူ့ကိုမှ လူလို့တောင်ထင်တာမဟုတ်ဘူးလေ။

သိပ်မာနကြီးပါတယ်ဆိုတဲ့ လူက ... ကျွန်တော့်မာနတွေကို ဖိနပ်လုပ်စီးဖို့ ​ဒူးထောက်နေမိတာ ။ သိပ်ကို စကားနည်းပါတယ်ဆိုတဲ့လူက ကျွန်တော့်ကို ထားမသွားဖို့ ကျေးဇူးပြုပြီးတော့ဆိုတဲ့ စကားကိုသုံးပြီး ကျွန်တော့်ကို ထားမသွားဖို့ အကြိမ်ကြိမ် တောင်းပန်နေခဲ့ပြီလေ ။ ကျေးဇူးပြုပြီးတော့ ... ကျွန်တော့်ကို မချစ်ဘူးဆိုလဲ ရတယ်လေ ကျွန်တော် ခင်ဗျားကို အရမ်းချစ်နေမိလို့ မချစ်ပါနဲ့ဆိုပြီးတော့ ခဏခဏ မတားမြစ်ပါနဲ့လား။ ပြီးတော့ ကျွန်တော့ကို မလိုအပ်ဘူးဆိုတဲ့ အမှန်တရားကိုလဲ သိတယ်လေ ဒါပေမယ့် ခင်ဗျားမရှိပဲ မနေနိုင်လို့ ဒီအတိုင်းလေး ရှိနေခွင့်လေးပဲ ပေးပါလား ။

စကားတွေ အများကြီး မပြောဘူးလေ ... ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူး မကန့်သတ်မချုပ်ခြယ်ဘူးလေ ။ ခင်ဗျားက လွတ်လွတ်လပ်လပ်လေး ပျံသန်းပါ ကျွန်တော်က ဒီလှောင်ချိုင့်လေးထဲကနေ ခင်ဗျားကို ငေးကြည့်ခွင့်လေးပဲ ရှိရုံနဲ့တင်ပျော်တယ်လေ ။ ကျွန်တော်နဲ့ အဝေးကြီး ပြေးမသွားရင်ဖြစ်ပြီလေနော် ...

လူပိုတဲ့ ... တကယ်တမ်းကျတော့ မလိုအပ်တော့ဘူးဆိုတာမှန်းသိသိရဲ့နဲ့တောင် သူမရှိပဲ မနေချင်တဲ့ စိတ်တွေကြောင့် ကိုယ့်ကိုယ် မလိုတဲ့တဲ့အရပ်မှာ နှစ်တွေအကြာကြီး ရပ်နေမိတာပါ ... ရင်တွေလဲနာရပါတယ် မျက်ရည်တွေလဲကျရပါတယ် ။
****ညီမလေးအတွက်ကတော့
အချစ်က ဘဝမဟုတ်ဘူး သူကထားခဲ့ရင် သူထက်သာသောသူကိုရွေးချယ်ပြီးရှာရမယ်*ကိုယ်ကိုမလိုအပ်သောအရပ်မှာ မနေချင်ဘူး ကိုယ်ကိုတန်းဖိုးမထားသောအရပ်မှာမနေဘူး******

(ရင်နှင့်ရင်း၍ရေးသည်)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Ei Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category