Paing Gyi

Paing Gyi Happy Day.Every Time�

ဒုတိယ မိသားစုဆိုတာ လူတိုင်းလိုလိုမှာ ရှိပါတယ်ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို ကိုယ့်ရဲ့မိသားစုအရင...
30/09/2025

ဒုတိယ မိသားစုဆိုတာ
လူတိုင်းလိုလိုမှာ ရှိပါတယ်

ကိုယ့်ရဲ့မိသားစုအရင်းလို
ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို
ကိုယ့်ရဲ့မိသားစုအရင်းထက်တောင်
ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်

ရေစက်ကောင်းတွေပါပြီး
ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား

သွေးလည်းမတော် သားလည်းမစပ်
မွေးစားတာမျိုးလည်း မဟုတ်
ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်.....

ကိုယ့်အပေါ် မှာ
တကယ့်မိသားစုတစ်ခုလို
နွေးထွေးလုံခြုံစေတယ်

ကြင်နာယုယပေးတယ်။

ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။

ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။

နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။

ပျော်ရွှင်အေးချမ်းစေတယ်။

လင်းလက်တောက်ပစေတယ်။

ဒါဟာ ဒုတိယမိသားစုပါပဲ။

တချို့အတွက်
အလုပ်နဲ့ အလုပ်ရှင်။

တချို့အတွက် လုပ်ဖော်ကိုင်ဖက်။

တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။

တချို့အတွက် အိမ်နီးနားခြင်း။

တချို့အတွက် သူငယ်ချင်း။

တချို့အတွက် ချစ်သူ။

ဒုတိယမိသားစုဟာ
ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ

30/09/2025

😂😂

သိမ်ငယ်စေတဲ့အတွေးတွေကို မတွေးနဲ့ ။ ပြည့်စုံစေတဲ့အတွေးကို တွေးပါ..။အားငယ်စေတဲ့အတွေးတွေကို မတွေးနဲ့ ။အားရှိစေတဲ့ အတွေးကို ...
29/09/2025

သိမ်ငယ်စေတဲ့
အတွေးတွေကို မတွေးနဲ့ ။
ပြည့်စုံစေတဲ့အတွေးကို တွေးပါ..။

အားငယ်စေတဲ့
အတွေးတွေကို မတွေးနဲ့ ။
အားရှိစေတဲ့ အတွေးကို တွေးပါ..။

အထီးကျန်စေတဲ့
အတွေးတွေကို မတွေးနဲ့ ။
ကြည်နူးစေတဲ့အတွေးကို တွေးပါ..။

မပျော်ရွှင်စေတဲ့
အတွေးတွေကို မတွေးနဲ့ ။
ပျော်ရွှင်စေတဲ့အတွေးကို တွေးပါ..။

ငါမလုပ်နိုင်ပါဘူး
မဖြစ်နိုင်ပါဘူးလို့ မတွေးနဲ့ ။
ငါလုပ်နိုင်တယ်လို့ တွေးပါ..။

အတွေးကနေ အလုပ်ဖြစ်ပြီး
အလုပ်ကနေ ကိုယ့်ရဲ့ဘဝ ကိုယ့်အနာဂတ်
ဖြစ်သွားတာမို့ မကောင်းတဲ့ အတွေးတွေ
မှန်သမျှ ဖယ်ထားပါ..။

သိမ်ငယ်စေတဲ့ အရပ်ကို ရှောင်ပြီး
ပျော်ရွှင်စေတဲ့အတွေးနဲ့ ရှင်သန်ပါ..။

ကြိုးစားရင် ဖြစ်နိုင်တယ် ဆိုတဲ့
ယုံကြည်မှုနဲ့ ရင့်ကျက်စွာ ရှေ့ဆက်ပါ..။

#

"ကျားတစ်ကောင်လို နေထိုင်ပါ၊   ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့"ကျားတစ်ကောင်ဟာအချိန်တိုင်း ဟိန်းဟောက်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ...
16/09/2025

"ကျားတစ်ကောင်လို နေထိုင်ပါ၊
ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့"

ကျားတစ်ကောင်ဟာ
အချိန်တိုင်း ဟိန်းဟောက်နေဖို့ မလိုပါဘူး။
ဒါပေမဲ့ သူ့ရဲ့ ...
တိတ်ဆိတ်ခြင်းထဲမှာ အာဏာရှိတယ်၊
တည်ငြိမ်ခြင်းထဲမှာ သိက္ခာရှိတယ်၊

ပြီးတော့ "ကိုယ်က ကြီးမြတ်တယ်" ဆိုတာကို သက်သေပြဖို့ ဘယ်သူ့ကိုမှ လိုက်နှိပ်စက်ပြနေစရာ မလိုဘဲ သူ့ရပ်တည်ချက်နဲ့သူ ရှိပါတယ်။

လူတွေလည်း ဒီလိုပါပဲ။

ဘယ်လောက်ပဲ ခွန်အားကြီးပါစေ၊ တော်ပါစေ၊ ရဲရင့်ပါစေ၊ အဲဒီစွမ်းအားကို ဘယ်သူ့ကိုမှ ထိခိုက်အောင်၊ ဒုက္ခရောက်အောင် မသုံးပါနဲ့။

ကျားတစ်ကောင်လို နေထိုင်တယ်ဆိုတာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေခြင်း ဖြစ်ပါတယ်။
ကြွားလုံးထုတ်တာ မရှိဘူး၊ ရှုပ်ထွေးအောင် မလုပ်ဘူး၊

တကယ် ခွန်အားကြီး တဲ့သူ က..
အသံကျယ်ကျယ် လုပ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး ခိုင်မာတဲ့ လုပ်ရပ် တွေကနေတဆင့် တခြားသူတွေက "ခံစားမိနိုင်ပါတယ်"။

ကျားတစ်ကောင်လို နေထိုင်ပါ... ကိုယ့်ကိုယ်ကို သိပါ၊ တာဝန်ကို သိပါ၊ ဘယ် အချိန်မှာ ငြိမ်သက်သင့်တယ်ဆိုတာကို သိပါ။

ဒါဟာ သိက္ခာရှိတဲ့လူတစ်ယောက်ရဲ့
စစ် မှန်တဲ့ စွမ်းအား ပါပဲ။

16/09/2025
15/09/2025
နှစ်သက်မိသော စကား (၇) ခွန်း(၁) တောင်းပန်ပါ  ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တေ...
10/09/2025

နှစ်သက်မိသော စကား (၇) ခွန်း

(၁) တောင်းပန်ပါ

ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက်ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။

(၂) ချစ်ခင်မြတ်နိုးပါ

ပြီးပြည့်စုံတဲ့သူတစ်ယောက်ကိုရှာဖွေလက်တွဲမှချစ်ခြင်း
လို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။

(၃) တည်ငြိမ်ပါ

လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။

(၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ

လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူ၀တ်ဆင်ထားတဲ့ Branded အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။

(၅) အရှိန်အဝါနဲ့နေပါ

ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အဝါထက် ပင်ကိုယ်သဘောထားကြီးပြီးကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။

(၆) ဆွဲဆောင်မှုရှိအောင်နေပါ။

လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ ဆွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။

(၇) ခွင့်လွှတ်ပါ

တစ်ခါတစ်လေလူတစ်ယောက်ကိုခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယ𝓐𝓪 𝓢𝓪𝓷ုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

#
@ #မှတ်သားစရာစကားစုများ

 #အတွေးမနက် 4-နာရီကနေ 7- နာရီအထိဝေဒနါတွေ နာကျင်မူ့တွေခံစားရင်း ခုချိန်ငါ အသက်ရူများ ရပ်သွားခဲ့ရင်ဘယ်သူတွေများ ငိုကြွေးဝမ...
07/09/2025

#အတွေး

မနက် 4-နာရီကနေ 7- နာရီအထိ
ဝေဒနါတွေ နာကျင်မူ့တွေခံစားရင်း ခုချိန်
ငါ အသက်ရူများ ရပ်သွားခဲ့ရင်
ဘယ်သူတွေများ ငိုကြွေးဝမ်းနည်းမလဲပေါ့ ???

တကယ်တမ်း တွေးကြည့်တော့လဲ
လက် ၅-ချောင်းတောင်မပြည့်..😂😂
ကို့အကြွေးရှိတဲ့သူတွေကတော့
ပျော်ရင်လဲပျော်နေကြမှာပေါ့လေ 😀😁

ပြုံးမိပါရဲ့....
လူတိုင်းကို ကိုယ့်စိတ်နဲ့ထပ်တူ
စကားနဲ့ ကိုယ်အားနဲ့ ငွေအားနဲ့
အကူညီပေးခဲ့ဖူးတာတွေက သူတို့လိုအပ်ချိန် အသုံးလိုချိန်လေးပါပဲ
ဆိုတာ.....

#မိတ်ဆွေစစ်/မစစ်ဆိုတာ #ဒုက္ခရောက်ချိန် ပီသလာတာပါပဲ..

ဒီရှေ့လျှောက်တော့ ဘယ်သူ့အပေါ်မှာမှ လိုအပ်တာထက်မပိုတော့ပါဘူး....

အပြုံးတချက်နဲ့ပဲ
မလိုအပ်တော့တဲ့ contacts တွေဖျက်ရင်း...

#ရင့်ကျက်ချိန်တန်ပါပီ

#တစ်ယောက်သောသူကလွဲပီးငါ့မှာမရှိပါဘူး❣❣

7/9/2025

ဒီညနေ ယုဇနပလာဇာအဝင်ဝမှာကျနော့်ကားကိုနောက်ကားက တက်တိုက်ပါတယ်။ ကျနော်က ကားတံခါးဖွင့်ပြီး ဆင်းကြည့်တော့ တက်တိုက်တဲ့ တက်စီသမ...
06/09/2025

ဒီညနေ ယုဇနပလာဇာအဝင်ဝမှာ
ကျနော့်ကားကိုနောက်ကားက တက်တိုက်ပါတယ်။

ကျနော်က ကားတံခါးဖွင့်ပြီး ဆင်းကြည့်တော့
တက်တိုက်တဲ့ တက်စီသမားလည်းကားပေါ်က
ဆင်းလာပါတယ်။

သူကဘာပြောလဲဆိုတော့
ဟိုကားကို ရှောင်လိုက်လို့တိုက်တာပါတဲ့။

ကျနော်က ဓါတ်ပုံလည်း မရိုက်ပါဘူး။
ရဲလည်းမခေါ်ပါဘူး။
အလျှော်လည်း မတောင်းပါဘူး။
နည်းနည်းလေးပဲ့ ခြစ်ရာဖြစ်သွားတာပါ။

ကျနော်ကတော့ ခင်ဗျားဘယ်ကားရှောင်ရှောင်
ကြည့်ပီးမောင်းပေါ့ လို့ပဲ့ပြောလိုက်ပါတယ်။

တနေ့ကခုံအော်ဒါမှာမလို့ဆိုင်ကိုသွားမေးတာ
နောက်ရက်ပြန်ပြောပေးမယ်ဆိုလို့
ဖုန်းမဆက်လာတဲ့အတွက်
လူကိုယ်တိုင်တစ်ခေါက်ထပ်သွားမေးရပြန်ပါတယ်။

ကျနော်က ခုံမေးထားတာလေး
ဒီနေ့ပြန်ပြောပေးမယ်ဆိုတာ ဖုန်းမဆက်လာလို့
လာမေးတာပါလို့ပြောပါတယ်။

ဆိုင်ဝန်ထမ်းက အဲလောက်မမြန်ဘူးလေ။
မှာလို့ရပါတယ်တဲ့။

ဒါဆို ကျနော်စျေးသိမှဖြစ်မှာမို့လို့
အခုမေးပေးပါလားပြောတော့ ချက်ချင်းမေးပြီး
ချက်ချင်းသိရပါတယ်။

တကယ်တော့ သူမေ့နေတာပါ။

ဒါကို အဲလောက်မမြန်ဘူးလို့ ခပ်တည်တည်နဲ့
လုပ်လိုက်ပါသေးတယ်။

လွန်ခဲ့တဲ့၃ရက်လောက်က
ဘဏ်မှာငွေထုတ်သွားရင်း ကျနော်က
ကိုယ်စားလှယ်ငွေထုတ်စာရွက်တွေ
တောင်းယူထားပါတယ်။

ငွေထုတ်ကောင်တာက ကျနော့်အလှည့်ကျလို့
ခေါ်တော့ ကျနော်က ခုနကယူထားတဲ့
စာရွက်တွေပါမှားပေးလိုက်မိတယ်။

သတိရတော့မှ ခုနက စာရွက်တွေမှားပြီးပေး
လိုက်မိတာ
ကျနော့်ကို ပြန်ပေးပါလားလို့တောင်းတော့
ဟိုဘက်ကို ပေးလိုက်ပြီ အဲဒီမှာ သွားယူပါတဲ့။

အဲဒီမှာ သွားယူတော့မရှိပါဘူး။
အဲဒီကဝန်ထမ်းကိုပြောပြလို့ အဲဒီကဝန်ထမ်းက
ကိုယ်တိုင်လိုက်မေးပေးပါတယ်။

တကယ်တော့ အဲဒီမှာ သွားယူပါလို့
ပြောလိုက်တဲ့ဝန်ထမ်းဆီမှာရှိနေပါတယ်။

တစ်နေ့က ကွန်ပျူတာဆိုင်မှာ
ကွန်ပျူတာတစ်လုံးဝယ်တော့
လက်ကွက်တစ်ခုထည့်ပေးထားဖို့
ဖုန်းဆက်ပြီးပြောပါတယ်။

ထည့်လို့မရပါဘူး။
အဲဒါ ဆော့ဝဲရှိမှရပါတယ်တဲ့။

လူကိုယ်တိုင်သွားတော့လည်း
အစ်ကိုအခုဆော့ဝဲသွားဝယ်လာပေးရင်
ထည့်ပေးမယ်တဲ့။သူတို့မှာမရှိဘူးတဲ့။

အဲဒါဆိုင်တိုင်းလုပ်ပေးပါတယ်လို့
ကျနော်ကပြောတော့ ဝန်ထမ်းမိန်းကလေးက
ဒါဆိုအဲဒီဆိုင်မှာသွားဝယ်ပါလားတဲ့။

ကျနော်လည်း မင်းဘာစကားပြောတာလဲလို့
ပြောတော့ ပါးစပ်ပိတ်သွားပါတယ်။

ပြီးတော့ ကျနော်လုပ်ကြည့်လိုက်တော့
ဘာဆော့ဝဲလ်မှ မလိုဘဲရသွားပါတယ်။

ကျနော်က ဟောဒီမှာကြည့်
မင်းတို့ခပ်တည်တည်ရွှီးတာလို့ပြောတော့
အားလုံးဘာမှ ပြန်မပြောတော့ပါဘူး။

အခုကျနော်သွားခဲ့တဲ့ဆိုင်တွေ ဘဏ်တွေဆိုလည်း
ရန်ကုန်မြို့မှာ နာမည်ကြီးနေရာတွေပါ။

ကျနော်ပြောချင်တာက
လူတွေဘယ်လောက်
အရိုင်းစိုင်းဆန်နေကြသလဲဆိုတာပါ။

ကျနော်တို့မှာ တောင်းပန်ပါတယ်ဆိုတဲ့
စကားကို လူတွေမပြောတတ်ပါဘူး။
ဆင်ခြေပေးမယ်။ ခေါင်းရှောင်မယ်။
တာဝန်လွှဲမယ်။

ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီး
သူများကိုတောင်ပြန်ပြီးအပြစ်ရှာမယ်။
ခပ်တည်တည်ရွှီးမယ်။

ဒါဟာ ပြဿနာသေးသေးလေးကို ကြီးထွားစေနိုင်ပါတယ်။

စိတ်မကြည်မလင်၊ စာမကြေဖြစ်ကြလို့
အဲဒီဆိုင် အဲဒီလူကို နောက်မကြည့်ချင်တော့ပါဘူး။
မသွားချင်တော့ပါဘူး။

ကျနော်တို့ဂျပန်မှာနေခဲ့လို့ ဂျပန်အသိုင်းအဝိုင်းမှာ
လုပ်ကိုင်ကျင်လည်ရတဲ့အခါ

တစ်နေ့တစ်နေ့ပြောရဆုံးစကားဟာ
မင်္ဂလာပါဆိုတဲ့စကား၊ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားနဲ့ တောင်းပန်ပါတယ်ဆိုတဲ့
စကားတွေပဲဖြစ်ပါတယ်။

ထိုင်းတွေလည်း ဒီအတိုင်းပဲတွေ့ရပါတယ်။

တောင်းပန်ပါတယ်ဆိုတဲ့စကားကို
တွင်တွင်ပြောကြတာတွေ့ရပါတယ်။

စ်ိတ်ဓါတ်ပြင်းထန်တိကျလွန်းတဲ့
လူ့အသိုင်းအဝိုင်းမှာ
လူ့အချင်းချင်းပြေလည်အောင်ဆက်ဆံနိုင်ဖို့
ဒီစကားတွေဟာ အင်မတန်အရေးကြီးပါတယ်။

လူဆိုတာ အမြဲမှားတတ်၊လွှဲချော်တတ်၊
သူတစ်ပါးကိုထိခိုက်စေတတ်လို့
ဒါတွေကိုဆေးကြောပြစ်ပြီးနွေးထွေးစွာပြန်လည်
ဆက်ဆံနိုင်ဖို့
ဒီစကားတွေဟာ အင်မတန်အရေးကြီးပါတယ်။

ကျနော်တို့တွေဟာ မဟုတ်တာတွေကို
ခွင့်လွှတ် လျစ်လျူရှုရင်းနဲ့
ကျနော်တို့လူ့အသိုင်းအဝိုင်းကို
အရိုင်းအစိုင်းတွေအဖြစ် ခွင့်ပေးထားသလို
ဖြစ်နေပါတယ်။

ကျနော်ကတော့ အခြေခံကျောင်းတွေကအစ
ကလေးတွေကိုသင်ကြားပြီး
အခြေခံစိတ်ဓါတ်အလေ့အကျင့်ကောင်းတွေနဲ့
လူ့အသိုင်းအဝိုင်းထဲကိုရောက်ရှိအောင်
ပြုစုပျိုးထောင်သင့်တယ် ထင်ပါတယ်။

ကိုယ်ကစပြီးကျင့်သုံးဖို့လည်း
ဝန်လေးမနေသင့်ပါဘူး။

ဘယ်လိုထင်ကြပါသလဲ မိတ်ဆွေတို့ ...

Credit :@

KKH🌏 #@

06/09/2025

# #ဘယ်တော့မှမမေ့နဲ့

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Paing Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category