23/01/2018
အလြယ္တကူရႏိုင္တဲ့ က်န္းမာေရးအစားအစာေတြပါ
အစိမ္းေရာင္ပန္းမုန္လာ(Broccoli)နဲ႔ဒိန္ခ်ဥ္(Yogurt)တို႔ဟာအူမႀကီးကင္ဆာကိုကာကြယ္(ကုသ)ႏိုင္ဖြယ္႐ိွတယ္လို႔ သုေတသနတစ္ခုကဆိုပါတယ္။
အူမႀကီးကင္ဆာဟာ အေမရိကန္ႏိုင္ငံရဲ႕ ကင္ဆာဆက္ဆိုင္ေသဆံုးမႈဒုတိယေနရာမွာျဖစ္ၿပီး အမ်ဳိးသားအမ်ဳိးသမီးအျဖစ္အမ်ားဆံုးကင္ဆာအစဥ္မွာေတာ့ နံပါတ္(၃)ျဖစ္ပါတယ္။
အစိမ္းေရာင္ပန္းမုန္လာေတြမွာ ကင္ဆာကိုတိုက္ခိုက္ႏိုင္တဲ့ Sulphoraphane ဆိုတဲ့ဓာတ္တစ္မ်ဳိး႐ိွပါတယ္။ ဒိန္ခ်ဥ္မွာေတာ့ ခႏၶာကိုယ္အက်ဳိးျပဳဘက္တီးရီးယားေတြပါ႐ိွပါတယ္။ ဒီႏွစ္မ်ဳိးေပါင္းစပ္စားေသာက္ျခင္းကို superfood လို႔ေတာင္တင္စားေခၚဆိုၾကပါတယ္။
ဒီစူပါအစားအစာဟာျဖင့္ ႂကြက္မွာ ၇၅%ေသာကင္ဆာဆဲလ္မ်ားနဲ႔ ဓာတ္ခြဲခန္း မွာေမြးထားတဲ့အူမႀကီးကင္ဆာဆဲလမ္မ်ားရဲ႕၉၅% ကိုေသေစႏိုင္ပါတယ္လို႔ ယူေကdailymail ဝက္ဆိုက္မွာေဖၚျပထားပါတယ္။
စကၤာပူႏိုင္ငံအမ်ဳိးသားတကၠသိုလ္(National University of Singapore)မွ သုေတသီပါေမာကၡခ်န္(Prof. Mathew Chang)နဲ႔ေဒါက္တာဟို(Dr. Chun-Loong Ho)တို႔ဟာအႏၲရာယ္မ႐ိွတဲ့အစာအူလမ္းေၾကာင္းဘက္တီးရီးယားတစ္မ်ဳိး(E.coli Nissle)ကို ဇီဝအင္ဂ်င္နီယာနည္းနဲ႔ ရင္ပါးေအာင္ျပဳလုပ္ပါတယ္။ ဒီဘက္တီးရီးယားမ်ားကို အစာအူလမ္းေၾကာင္းကင္ဆာဆဲလ္ေတြေပၚမွာတြယ္ကပ္ေစၿပီး အင္ဇိုင္းတစ္မ်ဳိးကိုထုတ္လုပ္ေစခဲ့ပါတယ္။ ၎အင္ဇိုင္းဟာ ပန္းမုန္လာနဲ႔မ်ဳိးတူဟင္းသီးဟင္း႐ြက္မ်ားမွျဒပ္တစ္မ်ဳိးကို ကင္ဆာခုခံႏိုင္တဲ့ဓာတ္တစ္မ်ဳိးသို႔ ေျပာင္းလဲေပးပါတယ္။ ဒီဓာတ္ဟာဓာတ္ခြဲခန္းထဲက အူကင္ဆာဆဲလ္ေတြကိုေသဆံုးေစႏိုင္ပါတယ္။
ဓာတ္ခြဲခန္းမွာေမြးထားတဲ့ ႂကြက္ေတြမွာေတာ့ ဒိန္ခ်ဥ္နဲ႔အစိမ္းေရာင္ပန္းမုန္လာတို႔ေပါင္းစပ္ေကၽြးၾကည့္တဲ့အခါမွာေတာ့ အူမႀကီးအကင္ဆာအလံုးအႀကိတ္ရဲ႕ ၇၅%ေသာဆဲလ္မ်ားကိုေသဆံုးေစႏိုင္ပါတယ္လို႔ဆိုပါတယ္။ ဒီအစာကိုေကၽြးမထားတဲ့ႂကြက္အုပ္စုနဲ႔ႏိုင္းယွဥ္ရင္ေတာ့ ကင္ဆာအလံုးအႀကိတ္အ႐ြယ္အစားမွာ (၁/၃)ေလာက္ပဲ႐ိွတယ္လို႔ေတြ႕ရပါတယ္။
တစ္ေန႔ေန႔မွာေတာ့ ဒီလိုနည္းပညာအရေျပာင္းလဲထားတဲ့ေကာင္းတဲ့ဘက္တီးရီးယားေတြကို အစိမ္းေရာင္ပန္းမုန္လာနဲ႔အတူစားသံုးေပးရင္ က်န္းမာေရးအတြက္ေကာင္းႀကိဳးမ်ား ရႏိုင္မယ္လို႔ယူဆပါတယ္။ အူမႀကီးကင္ဆာႀကိဳတင္ကာကြယ္ရာမွာေသာ္လည္းေကာင္း၊ ခြဲစိတ္/ဓာတုေဆးဝါးထိုးသြင္းကုသၿပီးတဲ့ေနာက္ေရာဂါျပန္ေပၚလာျခင္းကိုကာကြယ္ရာတြင္လည္းေကာင္း အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။
အစိမ္းေရာင္ပန္းမုန္လာနဲ႔ဒိန္ခ်ဥ္ဟာတျခားေသာကင္ဆာဆဲလ္မ်ား(ရင္သားကင္ဆာ/အစာအိမ္ကင္ဆာ)တို႔အေပၚမွာေတာ့ မည္သို႔မွ်အက်ဳိးသက္ေရာက္ႏိုင္ျခင္းမ႐ိွတာကိုလည္း စိတ္ဝင္းစားဖြယ္ရာေတြ႕႐ိွရပါတယ္။
Engineered commensal microbes for diet-mediated colorectal-cancer chemoprevention
https://www.nature.com/articles/s41551-017-0181-y
Unicode
အစိမ်းရောင်ပန်းမုန်လာ(Broccoli)နဲ့ဒိန်ချဉ်(Yogurt)တို့ဟာအူမကြီးကင်ဆာကိုကာကွယ်(ကုသ)နိုင်ဖွယ်ရှိတယ်လို့ သုတေသနတစ်ခုကဆိုပါတယ်။
အူမကြီးကင်ဆာဟာ အမေရိကန်နိုင်ငံရဲ့ ကင်ဆာဆက်ဆိုင်သေဆုံးမှုဒုတိယနေရာမှာဖြစ်ပြီး အမျိုးသားအမျိုးသမီးအဖြစ်အများဆုံးကင်ဆာအစဉ်မှာတော့ နံပါတ်(၃)ဖြစ်ပါတယ်။
အစိမ်းရောင်ပန်းမုန်လာတွေမှာ ကင်ဆာကိုတိုက်ခိုက်နိုင်တဲ့ Sulphoraphane ဆိုတဲ့ဓာတ်တစ်မျိုးရှိပါတယ်။ ဒိန်ချဉ်မှာတော့ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေပါရှိပါတယ်။ ဒီနှစ်မျိုးပေါင်းစပ်စားသောက်ခြင်းကို superfood လို့တောင်တင်စားခေါ်ဆိုကြပါတယ်။
ဒီစူပါအစားအစာဟာဖြင့် ကြွက်မှာ ၇၅%သောကင်ဆာဆဲလ်များနဲ့ ဓာတ်ခွဲခန်း မှာမွေးထားတဲ့အူမကြီးကင်ဆာဆဲလမ်များရဲ့၉၅% ကိုသေစေနိုင်ပါတယ်လို့ ယူကေdailymail ဝက်ဆိုက်မှာဖေါ်ပြထားပါတယ်။
စင်္ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်(National University of Singapore)မှ သုတေသီပါမောက္ခချန်(Prof. Mathew Chang)နဲ့ဒေါက်တာဟို(Dr. Chun-Loong Ho)တို့ဟာအန္တရာယ်မရှိတဲ့အစာအူလမ်းကြောင်းဘက်တီးရီးယားတစ်မျိုး(E.coli Nissle)ကို ဇီဝအင်ဂျင်နီယာနည်းနဲ့ ရင်ပါးအောင်ပြုလုပ်ပါတယ်။ ဒီဘက်တီးရီးယားများကို အစာအူလမ်းကြောင်းကင်ဆာဆဲလ်တွေပေါ်မှာတွယ်ကပ်စေပြီး အင်ဇိုင်းတစ်မျိုးကိုထုတ်လုပ်စေခဲ့ပါတယ်။ ၎င်းအင်ဇိုင်းဟာ ပန်းမုန်လာနဲ့မျိုးတူဟင်းသီးဟင်းရွက်များမှဒြပ်တစ်မျိုးကို ကင်ဆာခုခံနိုင်တဲ့ဓာတ်တစ်မျိုးသို့ ပြောင်းလဲပေးပါတယ်။ ဒီဓာတ်ဟာဓာတ်ခွဲခန်းထဲက အူကင်ဆာဆဲလ်တွေကိုသေဆုံးစေနိုင်ပါတယ်။
ဓာတ်ခွဲခန်းမှာမွေးထားတဲ့ ကြွက်တွေမှာတော့ ဒိန်ချဉ်နဲ့အစိမ်းရောင်ပန်းမုန်လာတို့ပေါင်းစပ်ကျွေးကြည့်တဲ့အခါမှာတော့ အူမကြီးအကင်ဆာအလုံးအကြိတ်ရဲ့ ၇၅%သောဆဲလ်များကိုသေဆုံးစေနိုင်ပါတယ်လို့ဆိုပါတယ်။ ဒီအစာကိုကျွေးမထားတဲ့ကြွက်အုပ်စုနဲ့နိုင်းယှဉ်ရင်တော့ ကင်ဆာအလုံးအကြိတ်အရွယ်အစားမှာ (၁/၃)လောက်ပဲရှိတယ်လို့တွေ့ရပါတယ်။
တစ်နေ့နေ့မှာတော့ ဒီလိုနည်းပညာအရပြောင်းလဲထားတဲ့ကောင်းတဲ့ဘက်တီးရီးယားတွေကို အစိမ်းရောင်ပန်းမုန်လာနဲ့အတူစားသုံးပေးရင် ကျန်းမာရေးအတွက်ကောင်းကြိုးများ ရနိုင်မယ်လို့ယူဆပါတယ်။ အူမကြီးကင်ဆာကြိုတင်ကာကွယ်ရာမှာသော်လည်းကောင်း၊ ခွဲစိတ်/ဓာတုဆေးဝါးထိုးသွင်းကုသပြီးတဲ့နောက်ရောဂါပြန်ပေါ်လာခြင်းကိုကာကွယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အစိမ်းရောင်ပန်းမုန်လာနဲ့ဒိန်ချဉ်ဟာတခြားသောကင်ဆာဆဲလ်များ(ရင်သားကင်ဆာ/အစာအိမ်ကင်ဆာ)တို့အပေါ်မှာတော့ မည်သို့မျှအကျိုးသက်ရောက်နိုင်ခြင်းမရှိတာကိုလည်း စိတ်ဝင်းစားဖွယ်ရာတွေ့ရှိရပါတယ်။