TPA အုတ် သဲ ကျောက်

TPA အုတ် သဲ ကျောက် construction

17/04/2025
26/07/2024

ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း


ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။


မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။


ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမှ ျ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။


1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။


အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။


နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။


တစ်တန်မှာရှိရမယ့် အချောင်းရေက


- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း


- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း


- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း


- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း


- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။


ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။


အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။


1 M မီတာ= 3.281 ပေ


1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား


ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။


အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။


ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။


ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။


သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။


အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း


လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ


- အုတ် ၄၀၀ လုံး


- ဘိလပ်မြေ ၃ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း


- အုတ် ၇၅၀ လုံး


- ဘိလပ်မြေ ၅.၅ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၉ အိတ်


- မြစ်သဲ ၄၉ ကုဗပေ


- မြစ်ကျောက်စရစ် ၉၂ ကုဗပေ


၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၃ အိတ်


- မြစ်သဲ ၄၆ ကုဗပေ


- မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ


မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။


သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ


သဲတစ်ကျင်း = ၁၀၀ ကုဗပေ။



Address

81*43
Mandalay

Website

Alerts

Be the first to know and let us send you an email when TPA အုတ် သဲ ကျောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category