09/05/2026
#2026ခုနှစ် #5လပိုင်း အတွင်း
10 ရက်နေ့မှ 15 ရက်နေ့အထိ
မိမိအတွက် #ကံမြှင့်လာဘ်ပွင့်ဘေးရန်ကင်း စေဖို့
နေ့အလိုက် ပြုလုပ်ရမည့် အရာများ
🐉10ရက်နေ့
ဘုရားမှာ မုန့်သက်ရှည် (သို့) ကံပေါဲလုံး နှင့်အတူ
ဆီမီး ရေချမ်း အမွှေးနံ့သာ ကပ်လှူပါ။
ညောင်ဆယ်ပင် အဓိဌာန် (သို့) မေတ်တာသုတ် 10 ခေါက် ရွတ်ဆိုပါ။
🐉11 ရက်နေ့
ဘုရားမှာ ဖယောင်းတိုင် အနီရောင် 3 တိုင် နှင့်အတူ
ငှက်ပျောသီး (သို့) အုန်းသီး ကပ်လှူပါ။
မားကာလီ နန်းနှင့်နီးသူ မားနှင့် အဆက်အစပ်ရှိသူများ
မား ရဲ့ နန်းမှာ သွားရောက် ပွဲပေး ဆုတောင်းပါ။
သရဏဂုံ 3 ပါး 111 ခေါက် (သို့) 1111 ခေါက် ရွတ်ဆိုပါ။
🐉12 ရက်နေ့
ဘုရားမှာ သာသနာပွဲ (သို့) လက်ဖက်ကို ဆီဆားအချိူမှုန့် ထည့်၍ ကပ်လှူပါ။
အရဟံ သိဒွီဘဂဝါအောင် 1080 ခေါက် ရွတ်ဆိုပါ။
🐉13 ရက်နေ့
ငါးလွှတ်ခြင်း (သို့) ငှက်လွှတ်ခြင်း (သို့) တိလေးတွေကို အစာရေစာ ကျွေးမွေးပေးပါ။
ဂုဏ်တော်ကွန်ချာ (သို့) သမ်ဗုဒ်ဓေ 108 ခေါက် ရွတ်ဆိုပါ။
🐉14 ရက်နေ့
သောက်ရေ ( သို့) ချိုးရေ သုံးရေ စတဲ့ ရေအလှူ ပြုလုပ်ပါ။
ပန်းကန်ပြား အဖြူရောင်ထဲတွင် ဖယောင်းတိုင် အဖြူ 4 တိုင် စိုက်ထွန်း၍ မိုးရေ (သို့) ရိုးရိုးရေ ပန်းကန်ပြားထဲ ထည့် ဆားအဖြူရောင် အနည်းငယ်ထည့်၍
ဘုရားမှာ ကပ်လှူပါ။
(မိမိဖြစ်ချင်သော ဆု တစ်ခု တောင်းပါ)
ဒိဝါတပတိ ဂါထာတော်ကို 108 ခေါက် ရွတ်ဆိုပါ။
🐉15 ရက်နေ့ လကွယ်နေ့ ဖြစ်တဲ့အတွက်
ဘုရားမှာ မာလာရေစင် (သို့) ပန်းအဖြူ ကပ်လှူပါ။
15 မိနစ် တရားထိုင်ပါ။ မိမိကိုယ်ကို ပြန်လည်ဆင်ခြင် သုံးသပ်ပါ။ မိမိရဲ့ Shadow Self ဖြင့် ပြန်လည်တွေ့ဆုံရင်း ထွေးပွေ့ နှစ်သိမ့် မှု ပြုလုပ်ပေးပါ။
❤️ယခု Post ကို မိမိ စတွေ့တဲ့ ရက်ကနေ စပြီး လိုက်လုပ်လို့ရပါတယ်။
မိမိရဲ့ ချစ်ရသူတွေ ကိုယ်ပါ ကောင်းမှုကုသိုလ်တွေ အတူ ပြုလုပ် ကြရဖို့ Share လုပ်သွားခဲ့ကြပါ။
🌳စိတ်၏အေးချမ်းမှုများ
မိမိရဲ့ Better Self များနှင့် တွေ့ဆုံကြပါစေရှင်။