Shwe Zin

Shwe Zin SHWE ~ ရွှေ အဆင့်မြင့်ဆန် လက်လီ/လက္ကား ရောင်းဝယ်ရေး

ဒီလထဲကျန်းမာရေးက မကောင်းတဲ့ဘက်ကိုသွားနေတာမှခဏခဏပါပဲ ရာသီဥတုအကူးအပြောင်းကြောင့်ဖြစ်မယ်ထင်တယ်နော်သို့ပေမဲ့ ဆိုင်လေးကိုတော့...
08/06/2024

ဒီလထဲကျန်းမာရေးက မကောင်းတဲ့ဘက်ကိုသွားနေတာမှခဏခဏပါပဲ
ရာသီဥတုအကူးအပြောင်းကြောင့်ဖြစ်မယ်ထင်တယ်နော်
သို့ပေမဲ့ ဆိုင်လေးကိုတော့အနားမပေးနိုင်သေးပါဘူးကွယ်❤️
ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ ဘေးနားကထိုင်ကြည့်နေရတဲ့ခံစားချက်ပီတိလေးတွေကဘာနဲ့မှအစားထိုးမရပါ
ဒီအလုပ်လေးကိုအမြဲဆက်ချစ်သွားနိုင်ပါစေ🙏

14/05/2024

¥£€မအားအောင်နေပါ¥£€
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။
ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။
အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။
အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။
လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ပင်ပန်းမှာမဟုတ်ဘူး။
လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။ မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာ ရပ်ပေးပါ။

အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ..
• Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်လေးနဲ့ ကျော်ဖြတ်ပါ။ ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။ လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။ ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။ နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။ ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်းခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အကောင်းရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။

တန်ဖိုးရှိစွာနေထိုင်ပါ

ကိုယ့်ရဲ့အားဆေးလေးတွေ စိတ်ခွန်အားတွေဆိုလဲမမှားဘူးပေါ့နော်😍ပျော်ရွှင်စရာတွေရှားပါးလာတဲ့ကမ္ဘာထဲမှာ ကိုယ့်အတွက် ဘယ်အရာတွေကစ...
05/05/2024

ကိုယ့်ရဲ့အားဆေးလေးတွေ စိတ်ခွန်အားတွေဆိုလဲမမှားဘူးပေါ့နော်😍
ပျော်ရွှင်စရာတွေရှားပါးလာတဲ့ကမ္ဘာထဲမှာ ကိုယ့်အတွက် ဘယ်အရာတွေကစိတ်သောကကင်းပြီး
ဘယ်အရာလေးတွေကကိုယ့်ကိုပျော်ရွှင်စေနိုင်လဲဆိုတာ
ကိုယ်အမြဲရှာဖွေကြည့်မိနေဆဲပါ

28/03/2024

ဒီမြေသည်သာ အားလုံးရဲ့ ဘုံဌာနပဲ...
နိုင်လိုမင်းထက် အကျင့်တွေနဲ့...

အကျည်းတန်တယ်။။

#အောင်ကိုမြင့် #ဘုံ
💔

မင်္ဂလာရှိသောနေ့သစ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ🙏
30/12/2023

မင်္ဂလာရှိသောနေ့သစ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ🙏

24/12/2023

Brainless 🎧🖤

လာအားပေးလို့ရပါပီရှင့်
02/12/2023

လာအားပေးလို့ရပါပီရှင့်

26/11/2023

🙏🙏🙏

ဒါလေးနဲ့ဟိုဟာလေးရောပေးပါတဲ့စိတ်တိုင်းကျလုပ်ပေးလိုက်သောအခါဆန်ကအိုးတက်လိုက်တာအေတဲ့လေအဖြေကောင်းလေးထွက်လာတိုင်းကိုယ်လဲအရမ်းက...
26/11/2023

ဒါလေးနဲ့ဟိုဟာလေးရောပေးပါတဲ့
စိတ်တိုင်းကျလုပ်ပေးလိုက်သောအခါ
ဆန်ကအိုးတက်လိုက်တာအေတဲ့လေ
အဖြေကောင်းလေးထွက်လာတိုင်း
ကိုယ်လဲအရမ်းကျေနပ်မိ🤗

SHWE~ရွှေ ဆန် လက်လီ/လက္ကားရောင်းဝယ်ရေးရွှေဆန်ဆိုင်မှ ဆန်များကို နံနက်6နာရီ မှ ညနေ6နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသဖြ...
12/11/2023

SHWE~ရွှေ ဆန် လက်လီ/လက္ကားရောင်းဝယ်ရေး

ရွှေဆန်ဆိုင်မှ ဆန်များကို နံနက်6နာရီ မှ ညနေ6နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသဖြင့် လွယ်ကူစွာဝယ်ယူအားပေးနိုင်ပါပြီရှင်🙏🙏🙏

ဆိုင်လိပ်စာ - အမှတ် 19/ 11ရပ်ကွက် ပြုံးချိုလေးစျေး/ မအူပင်မြို့

ရရှိနိုင်မည့်ဆန်အမျိုးအစားများ

- ကျားပျံရှယ်
- တောင်ပျံရှယ်
- မိုးမနောသုခရှယ်
- နွေမနောသုခရှယ်
- အသွယ်ရှယ်
- မနော (အသစ်)
- ရက်၉၀
- ရတနာတိုးရှယ် (ပြာ)
- ရတနာတိုးရှယ် (နီ)
- ရွှေပြည်အေး
- ကောက်ညှင်းသစ်
-ကောက်ညှင်းအဟောင်း
- ရောဆန် A (ဆန်အချောများ)
- ရောဆန် B (ဆန်အကြမ်းများ)

ph☎ 0988340 5592
0988340 5278
သို့ဆက်သွယ်မှာယူအားပေးနိုင်ပါတယ်ရှင့်

Address

Maubin

Website

Alerts

Be the first to know and let us send you an email when Shwe Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category