မန်ယူဖန်စစ်စစ် only

မန်ယူဖန်စစ်စစ် only ဟာသ

19/08/2023

ဘာမှ လုပ်လို မရတော့ဘူး

နဂါးမလေး ပြောတာ မှန်နေပြီး ထင်တယ် 😭
19/08/2023

နဂါးမလေး ပြောတာ မှန်နေပြီး ထင်တယ် 😭

"ယူနိုက်တက်ဖန်တွေ အတွက် ဒီဂီယာရဲ့ နှုတ်ဆက်စာ"    ကျွန်တော်က ဒီနှုတ်ဆက်စာလေးနဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်ပါ...
08/07/2023

"ယူနိုက်တက်ဖန်တွေ အတွက် ဒီဂီယာရဲ့ နှုတ်ဆက်စာ"

ကျွန်တော်က ဒီနှုတ်ဆက်စာလေးနဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်ပါတယ်။

ပြီးခဲ့တဲ့ ၁၂နှစ်လုံးလုံး ကျွန်တော့်ကို မယိမ်းမယိုင်တဲ့ အချစ်တွေနဲ့ ချစ်ပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို ရင်ထဲ ၊ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ အချစ်ရဆုံးဆရာ ဆာ အဲလက်စ် ဖာဂူဆန်နဲ့ လက်တွဲပြီးနောက်မှာ ကျွန်တော်တို့တွေ များပြားလှတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ရတိုင်းမှာလည်း ကျွန်တော်က ပြောပြလို့ မတတ်အောင် ဂုဏ်ယူခဲ့ရပါတယ်။ ယူနိုက်တက် ဆိုတဲ့ အမှတ်တံဆိပ်ကို ဦးဆောင် ကစားခွင့် ရဖို့ ၊ ကမ္ဘာ့အကြီးဆုံးကလပ် အတွက် ကစားပေးခွင့် ရဖို့ ဆိုတာ အရမ်းကို ကံကောင်းတဲ့ ကစားသမား အနည်းစုလောက်ပဲ ရတဲ့ ဂုဏ်ယူစရာ အခွင့်အရေးကောင်း တခုပါ။

ယူနိုက်တက် အတွက် ကစားပေးခဲ့ရတဲ့ အချိန်တွေက မေ့ပစ်လို့ မရသလို အောင်မြင်မှုတွေ ရခဲ့တဲ့ ကာလတခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် မက်ဒရစ်မြို့ကို လူငယ်ဘဝနဲ့ စွန့်ခွာခဲ့တဲ့ အချိန်မှာ အခုလို ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့ မတွေးမိခဲ့တာ အမှန်ပါ။

အခုကတော့ ကျွန်တော့်ရဲ့ ဘဝခရီးလမ်းသစ် တခုကို ပတ်ဝန်းကျင်အသစ်မှာ ခွန်အားအသစ်တွေနဲ့ ဆက်လျှောက်ရမယ့် အချိန်ကို ရောက်ပါပြီ။

မန်ချက်စတာက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာ ဖြစ်သလို မန်ချက်စတာက ကျွန်တော့်ကို ထုဆစ် ပုံဖော်ပေးခဲ့တဲ့ နေရာတခု ၊ ကျွန်တော့်ကို ဘယ်တော့မှ ထားမသွားမယ့် နေရာတခုပါ။

ကျွန်တော်တို့တွေ ပြန်ဆုံကြတာပေါ့...။ ✌️❤️
#မန်ယူ

မောင့်ကို ကြိုဆိုပါတယ်😘😘😘😘
08/07/2023

မောင့်ကို ကြိုဆိုပါတယ်😘😘😘😘

၁၈နှစ်အောက်မဖတ်ရ😊😊😊😊သူမ နဲ့ ကျွန်တော် ချစ်သူသက်တမ်း(၁)နှစ်ပြည့်မှာနှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ် သူမ...
05/05/2023

၁၈နှစ်အောက်မဖတ်ရ😊😊😊😊
သူမ နဲ့ ကျွန်တော်
ချစ်သူသက်တမ်း(၁)နှစ်ပြည့်မှာ
နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

သူမဟာ ပညာတတ်ခေတ် လူငယ်တစ်ယောက်ဆိုပေမယ့်
ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

ပထမညမှာ ကျွန်တော်သူမကို ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
`နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ်...
နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်း အတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ😎😎

နောက်ညရောက်တော့
သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်
`နင် မနေ့ညက ပြောတဲ့ စကားကို
ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့
ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ ထိန်းနိုင်တဲ့ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´
အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့
ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို
ပွတ်သပ်ဆော့ကစားနေတယ်

ကျွန်တော် သူမမေးစေ့လေးကို
အသာယာဆွဲကိုင်မော့လိုက်ပြီး
တိုးတိုးလေးပြောလိုက်တယ်

`ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး
ငါ့စိတ်တွေဟာလေ ကမ်းခြေက ကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
နင်ဘယ်သိမလဲလေ´

ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက

` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း
ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့ သူမလက်လေးတွေဟာ ဖြည်းညင်းစွာ အောက်ဘက်ဆင်းသက်လာပြီး
ကျွန်တော့်ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

`ငါက မိန်းကလေးလေဟာ ပြီးတော့
ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့
ခုည နင့်သဘောအတိုင်းပါပဲ ´
သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
တိုးတိုးလေး ပြောလာတယ်...

ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီး
နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ
ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

`` မင်း ရှက်နေတာလား..?

`` အင်း ´´
မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်
သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က
ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍ မရနိုင်သေးကြောင်း သမုဒယအမြစ်တွေ ပွားနေမြဲသာဖြစ်ကြောင်းရှက်စရာမလိုကြောင်း
သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

ဟီရိ သြတပ္ပ ဆိုတဲ့ အရှက်နှင့်အကြောက်ရှိရမှာ မှန်ပေမယ့်လို့ရှက်သင့်တဲ့ အရှက်ဆိုတာ
မကောင်းမှု့လုပ်ရမှာကိုသာ ရှက်သင့်ကြောင်း
စသဖြင့် အစချီလိုက်တာ နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာ
မသိတာတွေကို... မေး
ကျွန်တော်ကရှင်းပြ
သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

အဲဒီညမှာတင်
သူမလည်း သောတပန်တည်
ကျွန်တော်လည်း မနက်မိုးလင်းတော့
အဲ့ဒီနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ
ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ..🙂


#စာပေဗဟုသုတ

အနိမ့်ဆုံး သရေကန်ဖို့ မျှော်လင့်ပါတယ် All player
03/05/2023

အနိမ့်ဆုံး သရေကန်ဖို့ မျှော်လင့်ပါတယ် All player

02/05/2023

Arsenal. 2.0 Chelsea.
All win

အင်းစိန်မြို့နယ်၊ နံ့သာကုန်းထဲကအဖိုးဦးကျော်အေးနဲ့ အဖွားဒေါ်ခင်သန်းပါအရမ်းကံကောင်းပါတယ်။၁၀စောင်တွဲထိုးမလို့ပိုက်ဆံအဆင်မပြ...
05/03/2023

အင်းစိန်မြို့နယ်၊ နံ့သာကုန်းထဲက
အဖိုးဦးကျော်အေးနဲ့ အဖွားဒေါ်ခင်သန်းပါ
အရမ်းကံကောင်းပါတယ်။
၁၀စောင်တွဲထိုးမလို့
ပိုက်ဆံအဆင်မပြေလို့ ၁ စောင်ထဲထိုးတာပါ။
ဘာဆုမှမပေါက်ပါဘူး။
ကံကောင်းလို့ပေါ့ (၁၀)စောင်တွဲသာထိုးမိရင်
ပိုက်ဆံပိုကုန်မှာ

Official!!!အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ လန်ဒန်မြို့ခံအသင်း ချယ်လ်ဆီးကနေ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင်(၁၂)သန်း (ပ...
02/02/2023

Official!!!

အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ လန်ဒန်မြို့ခံအသင်း ချယ်လ်ဆီးကနေ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင်(၁၂)သန်း (ပြောင်းရွေ့ကြေး ပေါင်(၁၀)သန်း+အပိုဆုကြေး ပေါင်(၂)သန်း)နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

အာဆင်နယ်က အသက်(၃၁)နှစ်အရွယ် ဂျော်ဂျင်ဟိုကို (၁၈)လစာချုပ်+တစ်နှစ်ထပ်တိုးခွင့်တို့နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Photo Credit

Address

Mawlamyine
PPPP

Telephone

+959787384034

Website

Alerts

Be the first to know and let us send you an email when မန်ယူဖန်စစ်စစ် only posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category