မိဟန်နီ ပျားရည်နှင့်ပျားထွက်ပစ္စည်း co.ltd

  • Home
  • Myanmar
  • Mawlamyine
  • မိဟန်နီ ပျားရည်နှင့်ပျားထွက်ပစ္စည်း co.ltd

မိဟန်နီ ပျားရည်နှင့်ပျားထွက်ပစ္စည်း  co.ltd မုဒုံမြို့မှ ဂုဏ်ယူစွာဖြင့် ထုတ်လု?

ပျားတစ်ကောင်ဟာ ရက်ပေါင်း ၄၀ ​​တောင်အသက်ရှင်ခွင့်မရပါဘူး။ရှင်သန်နေစဥ်အတွင်း ပန်းပွင့်ပေါင်းတစ်ထောင်လောက် လှည့်လည်ပြီးလက်ဘ...
15/11/2023

ပျားတစ်ကောင်ဟာ ရက်ပေါင်း ၄၀ ​​တောင်
အသက်ရှင်ခွင့်မရပါဘူး။

ရှင်သန်နေစဥ်အတွင်း ပန်းပွင့်ပေါင်း
တစ်ထောင်လောက် လှည့်လည်ပြီး
လက်ဘက်ရည် တစ်ဇွန်းထက် လျော့နည်းတဲ့ ပျားရည်ကို ထုတ်ခဲ့ပါတယ်။

ကျွန်တော်တို့အတွက်
လက်ဘက်ရည်တစ်ဇွန်းစာတောင်မရှိတဲ့
ပျားရည်ဆိုပေမယ့် သူ့အတွက်ကတော့
တစ်သက်လုံး ရှာဖွေစုဆောင်းထားတာပါ။

ကျေးဇူးပါ ပျားလေးတွေ 🥺

ရာသီသစ်အတွက် ....
27/08/2023

ရာသီသစ်အတွက် ....

မင်းလှ(သာယာဝတီ)တောနှမ်း ခေါ်ပင့်ကူထိပ်ပိတ် ခေါ်ပန်းသုံးဆင့် အခင်း ☘️🌵
09/04/2022

မင်းလှ(သာယာဝတီ)

တောနှမ်း ခေါ်
ပင့်ကူထိပ်ပိတ် ခေါ်
ပန်းသုံးဆင့် အခင်း ☘️🌵

၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) ကို ကြိုဆိုပါ၏။ဒုၚ်တၠုၚ် တ္ၚဲကောန်ဂကူမန် သဘၚ်ရတ်ဗိုတ် ပေၚ် (၇၅)ဝါ ဗွဲမအဲပရဲ ရအ...
16/02/2022

၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) ကို ကြိုဆိုပါ၏။

ဒုၚ်တၠုၚ် တ္ၚဲကောန်ဂကူမန် သဘၚ်ရတ်ဗိုတ် ပေၚ် (၇၅)ဝါ ဗွဲမအဲပရဲ ရအဴ။

ချင်း (ဂျင်း) ၏ဘေးထွက်ဆိုးကျိုးများ-------------------------------------ဓာတ်ခွဲခန်းတွင် ချင်း၏ အန္တရာယ်ကင်းရှင်းမှု စမ်း...
14/02/2022

ချင်း (ဂျင်း) ၏ဘေးထွက်ဆိုးကျိုးများ
-------------------------------------
ဓာတ်ခွဲခန်းတွင် ချင်း၏ အန္တရာယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Pre-clinical safety data) နှင့် လူများတွင် အန္တာရယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Clinical safety data) အရ ချင်းသည် ပုံမှန်သုံးစွဲလျှင် ကြီးမားသော ဘေးထွက်ဆိုးကျိုး (Side effect) မရရှိနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ နေစဉ်စားနေကြသည့် ဟင်းရန်များတွင် အမြဲထည့်ချက်၍ ရခြင်းဖြစ်ပါသည်။ ယနေ့ အသုံးပြုနေသည့် အနောက်တိုင်းဆေးဝါးများထက်လည်း ဘေးထွက်ဆိုးကျိုး အလွန်နည်းပါသည်။ သို့သော် လိုအပ်သည့်ပမာဏထက် များသွားခဲ့လျှင် ရင်ပူတတ်ပါသည်။ LD50 ဟုခေါ်သည့် ကြွက်များတွင် ၅၀% သေစေနိုင်သည့် ပမာဏမှာ 5 kg/kg body weight ဖြစ်ပါသည်။ လူနှင့်နှိုင်းယှဉ်လျှင် ပေါင် ၁၀၀ ရှိသော လူတစ်ယောက်သည် ၂၅ ဂရမ်ကို တစ်ခါတည်းစားခဲ့လျှင် သေစေနိုင်ကြောင်း ခန့်မှန်းရသည့် ပမာဏဖြစ်သည်။ လက်တွေ့၌လည်း ၂၅၀ ဂရမ် (၁၅ ကျပ်သား) ရှိသည့်ပမာဏကို တစ်ထိုင်တည်းစားသုံးရန် မဖြစ်နိုင်ပါ။

ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိရန် စားသုံးနည်း
--------------------------------------------
ဆေးဖက်ဝင်အာနိသင်များ ပါဝင်မှုသည် ခြောက်နေသည့်ချင်းထက် အစိုဓာတ် အနည်းငယ်ရှိသော ချင်းတွင် ပိုမိုပါဝင်ပါသည်။ အပူနှင့်တွေ့လျှင် ဂျင်ဂျီရော (Gingerol) များသည် ဇင်ဂျီရုန်း (Zingerone) အဖြစ် ပြောင်းသွားသည့်အတွက် အာနိသင်လျော့သွားနိုင်သောကြောင့် ဟင်းချက်စားခြင်းထက် သန့်ရှင်းသောရေဖြင့် ချင်းကို ဆေးကြောပြီး ပါးပါးလှီးကာ အစိမ်းအတိုင်း ဝါးစားလျှင် ပို၍ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အများစားသုံးလေ့ရှိသည့် ချင်းသုပ် သုပ်စားသည့် အလေ့အထမှာလည်း လွန်စွာကောင်းမွန်ပါသည်။ ချင်းဇီးပြားစသည့် သရေစာများမှာလည်း မှိုမတက်လျှင် အကျိုးရှိပါသည်။
အကောင်းဆုံးနည်းလမ်းမှာ ချင်းကို အဆီအနှစ် (Extract) ထုတ်ယူပြီး ပျားရည်နှင့်ရောကာ ချင်းပျားရည်အဖြစ် သောက်သုံးခြင်းဖြစ်ပါသည်။ ပျားရည်နှင့် ရောထားသည့်အတွက် အနံ့၊ အရသာနှင့် ပြည့်စုံကာ တာရှည်အထားခံပြီး အူနံရံကို ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးလည်း လျော့နည်းစေပါသည်။ အအေးမိဖျားနာနေလျှင် ချင်းတစ်မျိုးတည်း သို့မဟုတ် ပျားရည်နှင့်ရောထားသည့် ချင်းပျားရည်ကို သောက်ပါက သွေးကြောလေးများ ကျယ်လာပြီး နွေးသွားစေပါသည်။
ထို့ကြောင့် ချင်းကို ယခုအခါတွင် သဘာဝနည်းဖြင့် ဖော်စပ်ပြုလုပ်ထားသည့် အအေးမိဖျားနာပျောက်ဆေး (Cold tablet) များ၌ ထည့်သွင်းအသုံးပြုလာကြသည်။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းနှင့် ဓမ္မတာလာစဉ် ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်အဆစ်အမျက် ကိုက်ခဲခြင်းတို့ကို သက်သာစေခြင်း၊ သွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းများကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေခြင်း အစရှိသည့် အကျိုးအာနိသင်များရှိသော ချင်းကို နည်းလမ်းမှန်မှန်ဖြင့် ပုံမှန်စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "မီးဖိုချောင်သုံး အစားအစာများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၃) ချင်း (ဂျင်း) အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

နေ့စဉ်သောက်နေတဲ့ ၁၀၀ တန် ကော်ဖီမစ်ထုပ်ကို ကော်ဖီမှုန့်အစစ်နဲ့ လုပ်တယ်လို့ ထင်နေကြတုန်းပဲလား??ကော်ဖီမစ်မှာ ပစ္စည်း ၃ မျို...
15/01/2022

နေ့စဉ်သောက်နေတဲ့ ၁၀၀ တန် ကော်ဖီမစ်ထုပ်ကို ကော်ဖီမှုန့်အစစ်နဲ့ လုပ်တယ်လို့ ထင်နေကြတုန်းပဲလား??

ကော်ဖီမစ်မှာ ပစ္စည်း ၃ မျိုးပါဝင် ပါတယ်။ ၁။ ကော်ဖီမှုန့် ၂။ သကြား ၃။ ကော်ဖီမိတ်

၁။ ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့် ကို သုံးကြပါတယ် ။ အခု နောက်ပိုင်း ပိုစျေးသက်သာတဲ့ ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။

ကုန်ကျစရိတ်က အဆ ၁၀၀ – အဆ ၂၀၀ အထိ သက်သာတယ်လို့ ထိုင်ဝမ်က အစားအသောက် ပညာရှင်တွေက ပြောပါတယ် ။ ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့် ၊ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရော လိုက်တာပါ ။ အဲဒါကို သကြား ကော်ဖီမိတ် တွေနဲ့ ရော ဖျော် လိုက်တဲ့ အခါ ကော်ဖီ အစစ်နဲ့ ခွဲ လို့ မရ တော့ပါဘူး။

ဒီလို လုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန်ု့ မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက် နိုင်တယ် လို့ ပညာရှင်တွေက ပြောကြပါတယ် ။ ထိုင်ဝမ် FDA က ကော်ဖီမှုန့် အတု ၊ ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့်ပြုထားတဲ့ အတွက် ကော်ဖီမှုန့် အတု နဲ့ လုပ်ထားတဲ့ ကော်ဖီတွေ ရောင်းချနေကြပါတယ် ။

ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ် ။ မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာ ရှိပါတယ် ။ ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့ မြေပဲ ရှိပါတယ် ။ အမေရိကန်မှာ ချားကိုးလ်မိုခါး ဆိုပြီး ချောကလက်မှုန့် ၊ မီးသွေးမှုန့် ၊ သကြား ၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ် ။

မီးသွေးမှုန့်က အုန်းမုတ်ခွက်က ရတဲ့ မီးသွေးမှုန့် လို့ ဖော်ပြထားပါတယ် ။ ဟိုတလောက မြန်မာပြည်က ကော်ဖီမစ် စက်ရုံကို အုန်းမှုတ်ခွက်တွေ ပို့တဲ့ ဆောင်းပါး တစ်ပုဒ် ဖဘ မှာ တွေ့လိုက်တယ် ။ အုန်းမှုတ်ခွက်ကို မီးသွေးမှုန့် လုပ်ပြီး ကော်ဖီမစ် ထဲ ထည့်တာလားတော့ မသိဘူး ပေါ့လေ ။ ထင်တာ ပြောတာပါ။

ပိုဆိုးတာကတော့ အဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေပါ။ ၂၀၁၈ ခု ဧပြီလမှာ ဗီယက်နမ် နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့ အခါ ဓာတ်ခဲ အဟောင်းတွေက ရတဲ့ အမည်းရောင် အမှုန့်တွေကို သုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ် ။

ဓာတ်ခဲ အဟောင်းတွေကရတဲ့ အမှုန့် ၃၅ ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေ ဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ် ။ ဓာတ်ခဲက ရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ အဆိပ်ဓာတ် ပါတဲ့ အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည် သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ် ။ ဒီလို အဆိပ်ပါတဲ့ ကော်ဖီစေ့ ၁၀ တန်ကျော်ကို သိမ်းဆည်း ရမိပြီး ၃ တန် ကျော်က စျေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ် ။

ဒီသတင်းဟာ ကော်ဖီ သောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွား စေခဲ့ပါတယ် ။ ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ် ၁၅ မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလို အဆိပ်ပါတဲ့ ကော်ဖီ ၊ ကော်ဖီ မှုန့်တွေ မဝင်ဘူး လို့ ဘယ်သူမှ အာမ မခံနိုင်ခဲ့ပါဘူး ။

၂။ သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြား ကို သုံးပါတယ် ။

၃။ ကော်ဖီမိတ် ကို ၁၉၆၁ ခုမှာ အမေရိကန် နက်စ်တယ်ကုမ္ပဏီက စထုတ်ခဲ့ပါတယ် ။ နွားနို့နှင့်မပြုလုပ် ထားသော မလိုင်အဆီ ပါ။ ဘာတွေနဲ့ လုပ်ထားတာလဲ ဆိုတာ ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးကို ဖတ်ကြည့် ရအောင် ။

ကော်ဖီ သောက် ရင် အသုံးပြု သည့် နွားနို့နှင့် မပြုလုပ်ထား သော အမှုန့်မျာ်ဟာ ၊ ဘာ တွေ ပါ နေ တာ ပါ သ လဲ ?

၁။ ပြောင်းဖူး မှ လာ သော သ ကြား ၂။ နို့ထည့် ထား သ ကဲ့ သို့ ၊ ဖြစ် နေ တာ က တော့ ပဲပိစပ်ဆီ ကြောင့် ဖြစ် ပါ တယ်။ ၃။ ဆိုဒီယမ် ကက်စီနိတ် နွားနို့မှာ ပါဝင် သော ပရိုတင်းဓာတ် ဖြစ် ပါ တယ်။ သူ ဟာ ဒြဗ်ဝတ္ထု များ မပြိုကွဲ စေ ရန် ထည့် သည့် ဓာတု ပစ္စည်း တစ်ခု ဖြစ် ပါ တယ်။ ၄။ မိုနိုဂလိုင်စီရိတ် နှင့် ဒိုင်ဂလိုင်စီရိတ် – ပါဝင် နေ သော ပစ္စည်း များ ရောစပ် ရာ တွင် ကောင်းစွာ သမ ၍ တစ်သားတည်း ဖြစ် စေ ရန် အတွက် ထည့် ရ သော ဝတ္ထု ပစ္စည်း ကော်ဖီ နှင့် အမှုန့်တစ်သားတည်း ဖြစ် နေ စေ ရန်ဖြစ် ပါ တယ်။ ၅။ ဖော့စဖိတ် အက်ဆစ် ခပ် ပြစ်ပြစ် က လေး ဖြစ် နေ စေ ပြီး ၊ ပါဝင် နေ သော ပစ္စည်း များ တစုတစည်း တည်း တစ်ပေါင်း တည်း ဖြစ် နေ စေ ရန် ဖြစ် စေ သော ဓာတုပစ္စည်း

သြော် စဉ်းစား ကြည့် မယ် ဆို ရင် အိပ်ယာ က နိုး လာ သည့်အခါ သောက် တော့ မည့် ကော်ဖီ ခွက် ထဲ မှာ ဒီ ဓာတုဆေး မျိုးစုံကို ထည့် ပြီး သောက် ချင် ပါ သ လား ဆို တဲ့ မေးခွန်း ပေါ် ထွက် လာပါ တယ်။

အချို့ အမှုန့်ဆိုရင် အရသာ အမျိုးမျိုး ထွက် အောင် ထပ် ပြီး ရောနှော ထား သည့် ဓာတုဆေး တွေ လဲ အပို ပါပါ သေး တယ်။

ဒီကော်ဖီမိတ်တွေ ဟာ အမှုန့်အနေ နဲ့ လာသလို အရည် အဖြစ် နဲ့ လဲ ရောင်း ချ လေ့ ရှိ ပါ တယ်။

အမှုန့်မှာ က ခဲ မသွား ရ အောင် ဓာတုဆေး တစ် မျိုး ထပ် ပြီး ပါ ပြန် ပါ တယ်။ ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ် ပါ တယ်။ လောင်ကျွမ်း စေ တတ် သော ဓာတ် တစ် မျိုး လဲ ဖြစ် ပါ တယ်။ အင်္ဂလိပ် လိုဖတ် ရန် ခက်ခဲ မှု ရှိ သူ များ အတွက် ဘာသာ ပြန် ပေးလိုက် ခြင်း သာ ဖြစ် ပါ တယ်။ ကျွန်မ ၏ အာဘော် မဟုတ်ပါ။(ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးမှ ကူးယူ ဖော်ပြပါသည်။)

ကော်ဖီမိတ် ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိမရှိ ။ ကော်ဖီမိတ်မှာ သကြား ၊ မကောင်းတဲ့အဆီ၊ တာရှည် အထားခံဆေး ပဲပါလို့ ကျန်းမာရေး အတွက် မကောင်းပါ ။

ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုတွေ ရှိလာပြီး နောက်ဆုံးမှာတော့ အရောင်ချွတ် သကြား နဲ့ တာရှည်ခံဆေးတွေပဲ ပါတော့တဲ့ ပစ္စည်း တစ်ခု ဖြစ်လာပါပြီ။

ပြောင်းဖူးမှလာသော သကြား – ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။ သကြားတွေက လူကို အဝလွန်စေပါတယ် ။ ကိုယ်တွင်း ကလီစာတွေမှာ အဆီတွေ စုပြီး ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါ ၊ ကင်ဆာ တွေ ဖြစ်ပွားစေပါတယ် ။ တချို့ အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်း စေပါတယ် ။

ပဲပိစပ် ဆီ က တာရှည်ခံအောင် လုပ်ထားတဲ့ဆီ ပါ။ ခန္ဓာကိုယ် အတွက် ဆိုးကျိုးပေးတဲ့ အဆီပါ ။ သွေးတွင်း အဆီများမှုကို အားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ် ။

နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ် က ဓာတ်မြေသြဇာနဲ့ အလှကုန် ပစ္စည်းတွေ မှာလည်း သုံးပါတယ်။

ကော်ဖီမိတ်မှာ ဘာ အာဟာရဓာတ်မှ မပါတဲ့ အပြင် ကျန်းမာရေး အတွက် ဆိုးကျိုးသာ ဖြစ်စေတာမို့ နွားနို့ ၊ အုန်းနို့ ၊ ပျားရည် စသည်တို့ အစားထိုး သုံးဖို့ အကြံပေးကြပါတယ် ။

ကော်ဖီမှုန့် အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ် ။ စျေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် စျေးပေါတဲ့ ဆေးသကြား ၊ အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ ။ တစ်ထုတ်လုံးက ဓာတု ပစ္စည်းတွေပါပဲ ။

တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ ။ သဘာဝ လက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတု ပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ် ။

ကဲ ကော်ဖီမစ် ၊ တီးမစ် သောက်ကြဦးမလား ဗျို့ ။

Crd: U Myomyat Thu
ဆယ်လီသတင်း
Credit

တောသားအယောင်ဆောင်ပြီးလာလိမ်ရောင်းတဲ့ ပျားရည်အတု ခဏခဏမိတဲ့ မြို့သားတွေ ....K-Mart (မော်လမြိုင်) မှာ    #မိဟန်နီ_ပျားရည်  ...
14/01/2022

တောသားအယောင်ဆောင်ပြီး
လာလိမ်ရောင်းတဲ့ ပျားရည်အတု
ခဏခဏမိတဲ့ မြို့သားတွေ ....

K-Mart (မော်လမြိုင်) မှာ
#မိဟန်နီ_ပျားရည် ရှိတယ်။

Available here !

ဒေါက်တာ ခင်မောင်လွင် (FAME)ပျားရည်ကို ပုံမှန်သောက်သုံးသူများတွင် မှတ်ဉာဏ်အား ပိုမိုကောင်းစေသည်ဟု ရိုးရာတိုင်းရင်းဆေးပညာမ...
22/12/2021

ဒေါက်တာ ခင်မောင်လွင် (FAME)

ပျားရည်ကို ပုံမှန်သောက်သုံးသူများတွင် မှတ်ဉာဏ်အား ပိုမိုကောင်းစေသည်ဟု ရိုးရာတိုင်းရင်းဆေးပညာများတွင် ဖော်ပြလေ့ရှိသည်။ ယင်းကို ယုံကြည်၍ သောက်သုံးသူများကလည်း ထောက်ခံပြောဆိုမှုများ ရှိခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံရှိ စိန်တက္ကသိုလ် (Universiti Sains Malaysia) ၏ ဆေးသိပ္ပံကျောင်းမှ ပညာရှင်များက အဆိုပါအချက် မှန်ကန်မှုရှိ/မရှိ သုတေသန ပြုလုပ်ခဲ့ကြသည်။ တိရစ္ဆာန်များတွင်ရော လူများ၌ပါ လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ ယင်းတို့၏ တွေ့ရှိမှုအရ ပျားရည်သည် ဦးနှောက်ရှိ မှတ်ဉာဏ်သိုမှီးသောနေရာကို တိုးတက်ကောင်းမွန်စေသည်မှာ အမှန်တကယ်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ ပျားရည်တွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် ဦးနှောက်ကို ဓာတ်တိုးပျက်စီးမှု ဖြစ်ခြင်းမှ လျော့နည်းစေခြင်း၊ ဦးနှောက်မှ မှတ်ဉာဏ်ကောင်းစေသော ဓာတ်ပစ္စည်းကို ပိုမိုထွက်ရှိစေခြင်း၊ အာရုံကြောများ ဆက်သွယ်ရာတွင် အဓိကလိုအပ်သည့် အက်ဆီတိုင်းကိုလင်း (Acetylcholine) ပမာဏကို ပိုမိုများပြားစေခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည့် ဓာတ်ပစ္စည်းများကို လျော့နည်းစေခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း တွေ့ရှိဖော်ထုတ်ခဲ့သည်။

ထို့ကြောင့် ပျားရည်ကို အသက် ၂ နှစ်မှစ၍ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ၊ သက်ကြီးရွယ်အိုများ သောက်သုံးပါက များစွာအကျိုးရှိနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "လူသားအကျိုးပြု ပျားမျိုးစု" စာအုပ်၊ အခန်း (၃) ပျားရည် မှ ထုတ်နုတ်ဖော်ပြသည်။

05/12/2021

ပညာမတတ်ဘဲ
မြန်မာတွေမာန်တက်ဦးမှာလား

စင်္ကာပူကို ကြက်ဥ ၊ ဘဲဥတွေ ယူမိရင်
ဒဏ်ငွေ အပြင် ထောင်ဒဏ်ပါ ကျနိုင်ကြောင်း
သတင်းကိုတွေ့တော့ မချိပြုံး ပြုံးမိတယ်..။
စိုက်ပျိုးရေး ဆေး ရောင်းသူကျွန်တော်ဟာ
ပရဟိတအလုပ်တွေနဲ့ တစ်နိုင်ငံလုံး ခြေဆန့်မိတဲ့အခါ
ဒေသပေါင်းစုံက စိုက်ပျိုးရေးအခြေအနေလေးတွေကို
ဂရုစိုက်ပြီး ကြည့်မိတယ်..။

ကယန်းဒေသမှာ အဓိကထွက်ကုန်ဟာ ငရုတ်သီးဖြစ်ပါတယ်။
ဘ၀တစ်လျှောက် စားဖူးသမျှ ငရုတ်သီးတွေထဲ
ကယန်းငရုတ်သီးလောက်စပ်တာ မတွေ့ဖူးပါ..
ဒါ့အပြင် ကယန်းငရုတ်သီးရဲ့ ထူးခြားချက်က

"ဘယ်လောက်စားစား ပါးစပ်ကသာစပ်တာ
၀မ်းထဲ မပူပါဘူး.." တဲ့..

အဟုတ်ပါပဲ..
ငရုတ်သီး အစားများလို့ ဗိုက်ထဲ ပူနေတာတို့
မစင်စွန့်တဲ့အခါ ပူနေတာတို့ မရှိပါဘူး..

ဒီလောက်စပါယ်ရှယ်ကောင်းတဲ့ငရုတ်သီးကို
ဘယ်ကိုရောင်းတာလဲဆိုတော့
ထိုင်းကိုတင်ပို့တာပါတဲ့..
ပြည်တွင်းမှာက သာမန်ငရုတ်သီးထက် စျေးကြီးလို့ဆိုပြီး
ကယန်းငရုတ်သီးကို သိပ်မ၀ယ်နိုင်ကြဘူးတဲ့..။

( ငရုပ်ဆုံကြီး ထောင်းကာထောင်းကာနဲ့
ပင်လယ်စာတွေကို ငရုတ်သီးနိုင်းချင်းထည့်ပြီး
တရူးရူးတရှဲရှဲစားပြတဲ့ ထိုင်းဆယ်လီကိုတောင်
မျက်လုံးထဲမြင်ယောင်မိပြီး သူစားနေတာ
ငါတို့မြန်မာပြည်က ကယန်း ငရုတ်သီးများလားရယ်လို့
တွေးမိသေးတယ်..)

"အခုတော့ ကယန်းဒေသက ငရုတ်သီးကို
ထိုင်းကမ၀ယ်တော့ဘူး အကိုရေ.."တဲ့..

"ဟေ ..ဘာဖြစ်လို့လဲ.."

"ကယန်း ငရုတ်သီးမျိုးကို ထိုင်းမှာစိုက်ပျိုးတာ
အောင်မြင်သွားပြီလေ.."

"အော်..."

မနေ့က ညီမလေးခင်နှင်းကြည်သာနဲ့
အဲဒီအကြောင်းတွေ ပြောမိတဲ့အခါ
သူကလည်းပြန်ပြောတယ်..။

"စိန်တစ်လုံးသရက်သီးကို အရင်က
တရုတ်က အရမ်း၀ယ်တာလေ..အခုတော့ မ၀ယ်တော့ဘူး
တရုတ်မှာ စိုက်လို့ဖြစ်သွားပြီအကိုရ.."

ကိုယ့်နိုင်ငံက အဖိုးတန်တဲ့အရာတွေကို
တခြားနိုင်ငံကနေ အသာလေးယူပြီး
မျိုးပွားအောင်မြင်နေတဲ့ အချိန်မှာ
ကျွန်တော်တို့ကရော သူတို့နိုင်ငံကနေ
ဘာတွေ ပြန်မျိုးပွားနိုင်ပြီလဲ..

ငယ်ငယ်ကကြားဖူးတဲ့ အကြောင်းအရာလေး..။

အစ္စရေးက စိုက်ပျိုးရေး ပညာရှင်ကြီးကို
မြန်မာနိုင်ငံက ငှါးတဲ့အခါ သူလာကြည့်ပြီး
စိတ်ဆိုးပြီးပြန်သွားတယ်..တဲ့..
မင်းတို့နိုင်ငံက ဘာစိုက်စိုက်ဖြစ်တဲ့ဟာကို
ငါ့ကိုဘာဖြစ်လို့ခေါ်တာလဲ..တဲ့..

ဂျင်းတွေ ..ဂျင်းတွေ..
ကိုယ်တို့ မြန်မာတွေ မာန်တွေတက်နေကြတာ..။

အခုကျွန်တော်တို့နိုင်ငံကနေ
ပြည်ပကို ဂုဏ်ရှိရှိပို့နိုင်တဲ့ အသီးအနှံက ဘာရှိလို့လဲ..။
ပို့နိုင်လည်း ခဏပဲ..
ဟိုက စမ်းသပ်ပြီး မျိုးယူသွားကြတာပဲ..
သူတို့နိုင်ငံက သီးနှံတွေကျတော့
အဆင့်မြင့်နည်းပညာတွေသုံးပြီး တခြားနိုင်ငံက
ပုံတူကူးမရအောင် ကာကွယ်ထားကြတယ်..။

ထိုင်းက ကမ္ဘာကျော်အုန်းသီးအပါအ၀င်
သီးနှံတွေရဲ့ မျိုးတွေကို သူများနိုင်ငံက ယူမရအောင်
အထူးစီမံထားကြတယ်..။

ပညာနိမ့်သွားတဲ့အခါ ပတ်၀န်းကျင်နိုင်ငံက
အစစ အရာရာ အနိုင်ကျင့်သမျှ ခံရတော့တာပဲ..
ဘယ်လောက် နာကျင်ဖို့ကောင်းလဲ..။

ကျွန်တော့်တပည့် လယ်သမား တစ်ယောက်
ကိုရီးယားကိုသွားတယ်..။
သူ့မှာလယ်ပိုင် ၁၀ ဧကရှိပါတယ်..။
အဲဒါကို အငှါးချပြီး ကိုရီးယားသွားတော့လည်း
ဟိုမှာ စိုက်ပျိုးရေးပဲ လုပ်ရတာတဲ့..။
တစ်လကို သိန်း ၂၀ ကျော် အိမ်ပြန်ပို့နေတဲ့သူ့ကို
ကျွန်တော်က ဖုန်းဆက်တဲ့အခါ စပ်စုတယ်..

"မင်း အဲဒီမှာ လယ်လုပ်ရတာ ပင်ပန်းလားကွ.."

"မပင်ပန်းပါဘူး အကို..ချမ်းတာပဲ ရှိတယ်.."

"မင်းတို့သူဌေးက လယ်ဘယ်နှစ်ဧကရှိလဲ.."

"ငါး ဧကလောက်ရှိမယ်.."

"ဟေ..လယ်လေး ၅ ဧကနဲ့ မင်းကို
တစ်လ သိန်း၃၀ လောက်ပေးနိုင်တယ်နော်.."

"ဟာ..အကိုကလည်း ကျွန်တော်တစ်ယောက်ထဲတောင်
မဟုတ်ဘူး..
အလုပ်သမား ၆ ယောက်လောက်ရှိသေးတယ်ဗျ.."

"ဟေ.."

တရုတ်နိုင်ငံကနေ လှလို့ဆိုပြီး ယူလာခဲ့တဲ့
ရွှေရောင် ခရုမျိုးစိတ်ဟာ မြန်မာပြည်မှာ
စပါးပင်ကို အကြီးအကျယ်ဖျက်စီးတဲ့
ခရု ကပ်ရောဂါတစ်ခုဖြစ်သွားတယ်.။

ဂျပန်ကို မြန်မာပြည်က သစ်သီးတွေ ကုန်ကူးခွင့် မရှိဘူး..
ဘာဖြစ်လို့လည်းဆိုတော့ ဂျပန်မှာ သီးလုံးဖောက်ပိုး
မရှိလို့..
မြန်မာပြည်ကသစ်သီးတွေမှာ သီးလုံးဖောက်ပိုးပါလာရင်
သူတို့တိုင်းပြည်က တစ်ခြားသီးနှံတွေကို
မျိုးပွားကုန်မှာစိုးလို့..။

အခုလည်း စင်္ကာပူမှာ မြန်မာပြည်က
ကြက်ဥ ဘဲဥတွေယူလို့မရ..။

ကိုယ့်ဆီက အဆီအနှစ်တွေ လုပ်အားတွေ
ကောင်းပေ့ဆိုတဲ့အရာတွေကိုကျတော့
ပေါ်တင်တစ်မျိုး ၊ ခိုးပြီးတစ်သွယ် ယူသွားကြလိုက်တာ..

သူတို့ဆီက ကောင်းတဲ့အရာတွေကျ
ကိုယ်တွေက ပြန်ယူခွင့်မရှိ..။

သူတို့ဆီက မကောင်းမကန်းတွေကျ
ကိုယ့်ဆီ ဒလဟော၀င်လာလိုက်တာ..

ကိုယ့်ဆီက မကောင်းတာတွေကျ
သူတို့ဆီ၀င်လာမှာ အသေအလဲကာကွယ်..။

ဟား..........
ဆက်မရေးချင်...
ရေးနေရင်း ရင်နာရပါတယ်..။

အဖက်ဖက်က နိမ့်ပြီးကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ
ရှေ့လည်း တိုးတက်ဖို့ရာလည်း လမ်းမမြင်သေး..။
သူများ အနိုင်ကျင့်သမျှသာ လူးလိမ့်နေအောင် ခံနေရတယ်

ကိုစိုးထိုက် (ဖဒို.)
Photo...crd to Shan News

04/12/2021

နိုင်ငံခြားက Date ကုန်ခါနီးစားသောက်ကုန်တွေ သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ ပုံနှိပ်လောကမှာတောင်ရှိတယ်။ ဘီစကစ်ဗူးတွေ ပါကင်အသစ်၊ Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။

နောက်ပြီး ယခုဝင်နေတဲ့ ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို အောက်လမ်းက ဝင်လာတာပဲ။ နောက်ပြီး ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို အောက်လမ်း ထိုင်းနိုင်ငံကနေ ဗဟိုစံပငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။ ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။

မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။

ဘာဖြစ်လို့ မြန်မာတွေ အသက်တို
ကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့ မြန်မာဟာ အလွန်
လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတစ်ခုလို ဖြစ်နေတာမို့

သူတို့နိုင်ငံမှာ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့ လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး အဲ့ဒီပစ္စည်းပေါင်းစုံကို မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။

စားသောက်ကုန်၊ ဆေးဝါးမျိုးစုံ
လုပ်ငန်း အပါအဝင် အတု တွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။

နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။ စစ်နိုင်သမျှစက်တွေကလည်း ခေတ်မီ ဓာတုဆေးတွေများသမို့ မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။

တစ်ခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့
အခါမှာလည်း နာမည်ကြီး တံဆိပ်တွေအပါအဝင် စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ လူကိုဥပဒ်ပေးတဲ့ဓါတ်တွေ ပါတာ FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ မြင်သိ ကြားတွေ့ကြရမှာပါဘဲ။

သစ်သီးသစ်ရွက်တွေနဲ့ ပတ်သတ်တာ
မှန်သမျှ မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊
မြန်မြန်သီး၊ နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။ မြန်မာပြည်ထဲ ဖြန့်တယ်။

အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်ရာ သီမရွေးရတယ်။ ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။ များများ ချိုချင်လား ရတယ်။

ဥပမာ
ခရမ်းချဉ်သီးဆိုရင် ပွဲရုံတွေက
အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။ စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှအချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။

အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။ ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ မှန်သမျှ ဂျင်းတွေချည်းဘဲ။ ထိုင်းဖက်နယ်စပ်မှာ ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။

နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက အချိုမှုန့်တွေ။ ၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။
ဗုံးဗောလအော ဟင်းတွေထဲထည့် ဆီးချိုတွေတက်။

အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့ အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။ အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်ပြီး သေကြရ။

သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း ၄၀၀ လေါက်ဆို တစ်ပုလင်းရတယ်။ ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင် ၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။ ပြီးတဲ့အခါ ဗမာဆေးများများနဲ့ ကွမ်းယာ ပါးစပ်ထဲထည့်ပြီး ဆေးပေ့ါလိပ်တစ်ရှိုက်၊ နှစ်ရှိုက် အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ တစ်ရက်စာ ဖူလုံပြီ။ ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။

အဲလို အပေါစား အရက်တွေသောက်တော့ မြန်မြန်သေကြတာပေါ့။

အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။

တစ်နေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား ဖတ်မိသေးတယ်။ အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့ အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။
92' အပါအဝင်။

အိန္ဒိယကနေ
တစ်လတစ်လကို ဒေါ်လာ သန်းချီပြီး
ပေးဝယ်နေရတယ်။

အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။ ကွမ်းလည်း အလားတူပဲ။

ဒါတွေကို မှီခို စားသောက်နေကြတဲ့
ဒီနိုင်ငံက လူတွေမှ ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ် ရောဂါ မရရင် ဘယ်သူတွေရမလဲ။

နောက်ပြီး ဆန်ကိုအဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ ကစီဓါတ်များတော့ အဆီများလာသလို၊ အငန်ဆိုလည်းကြိုက်၊ အစပ်ဆိုလည်း လက်မလွတ်စေရဘူး။ စားသောက်ပုံ စားသောက်နည်းဟာ အသက်ရှည်ဆုံး နိုင်ငံတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

အသက်ရှည်တဲ့ နိုင်ငံတွေရဲ့ အစားအစာကို လေ့လာကြည့်ရင် ပထမဆုံး ဖျော်ရည် အရည်တစ်ခုကို
စ သောက်ကြတယ်။

ပြီးတဲ့အခါ အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊ နောက်ဆုံးမှာ main food ဖြစ်တဲ့ သား ငါး အသီးအရွက်ကို စား ကြတယ်။ ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။

မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ အူလမ်းကြောင်းကို ဖျော်ရည်တစ်ခုခုနဲ့ အရင်သောက်ပြီးခံထားကြလေ့ရှိတယ်။

ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို အဓိကထားစားကြတယ်။ ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။

ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ အရပ်ရှည်ကြတယ်။ ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။ ခံနိုင်ရည် အားကောင်းကြတယ်။

ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့ နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့ ဥပမာယှဉ်ပြီး ပြောရတာပါ။

စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့ ငယ်ငယ်က သင်ခဲ့ရတဲ့စာက စပြီး လွဲလာနေသလိုမျိုးပဲ။
မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ သွားတိုက်ရင် အပူထွက်သွားတဲ့ အတွက် သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။

မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။ ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊ ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ သွားတွေ ပိုးစားယိုင်နဲ့ပြီး အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင် အသေစော၊အသက်တိုရတာ။

ဒါတွေကအစ အခြေခံကို လွဲမှားနေသယောင်ဘဲလို့မြင်တယ်။ အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။ ညစာစားပြီးမှ သွားတိုက်ကြရမှာ။

ဒါတွေကအစ ပြင်မှရမယ်။
လူတစ်ဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တစ်နိုင်ငံလုံးပြင်မှ ကျန်းမာ၊ အသက်ရှည်ကြမယ်။

ဘယ်လိုပြင်ရမလဲဆိုရင် အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။ စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့ တောသည်လေးတွေဆီက မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။ အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့ အသီးကို ရှာစားပါ။

အသားငါးလည်း လတ်ဆတ်တာကိုစားပါ။ အချိုရည် လုံးဝ မသောက်ပါနဲ့။ အသီးကို ဖျော်သောက်ပါ။ အငန်လျော့။ အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။

နောက် အရေးအကြီးဆုံးက ဆီ။ ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။ စျေးထဲကဆီတွေ မစားပါနဲ့။

ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။

နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။ နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။ အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး လုံးဝ
မသုံးပါနဲ့။

ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။ အရည်သောက် အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။

မြန်မာတွေ အသက်ရှည်စေဘို့ စဉ်းစားမိသမျှဝေခြင်းပါ။
အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ။

ကျန်းမာရေးအသိ ကိုယ်စီ ရှိကြ
စေချင်ပါတယ်။

ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။

မြန်မာပြည်က အစားအသောက်တွေဟာ သဘာဝ အနေအထားကနေအမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တစ်နေ့တခြား ကြောက်စရာ ကောင်းလာနေပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊ ရောဂါအားလုံး ရဲ့ အခြေခံဟာ အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။ အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့ Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။ ဒီရောဂါဟာလည်း တစ်နေရာတည်းမှာ
ဖြစ်ခဲလှပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ ဖြစ်နေလေ့ရှိပါတယ်။

ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊ Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင် Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ အရမ်းများလာနေပါတယ်။ အရင်က အတော်လေးရှားပါးတဲ့ ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။

အသက် ၁၅ နှစ် Melanoma at the a**l area

နောက်တစ်ယောက် ဒူးက အနာမကျက်လို့ အသားစ ယူပြီး စစ်လိုက်တဲ့အခါ Anaplastic Non-Hodgkins lymphoma ပါတဲ့။

နောက်တစ်ယောက်က ဗိုက်အတွင်း
lymphoma

အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။

နောက်တစ်ယောက်က Pancreatic cancer.

အစားအသောက်ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင် ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။

နောက်တစ်ခု သတိထားမိတကတော့ နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း အတော်များများ Autoimmune ရောဂါတွေ ဖြစ်နေကြပါတယ်။ သွေးဖောက်စစ်သူတွေ အတော်များများမှာ ရှိနေကြပါတယ်။

ပြန်သုံးသပ် ကြည့်တော့၊ အများစုဟာ
နိုင်ငံခြား ရောက်နေကြပေမဲ့ ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။ ထမင်း ဟင်း ပါဘဲ။

နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ လူကြုံနဲ့သော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင် သော်လည်းကောင်း တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး freezer ထဲ မှာ ထည့်ပြီး တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။

ငပိကြော်၊ ငါးချောက်ကြော်၊ လဘက်၊
အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ စသည် ဖြင့် ဖြစ်ပါတယ်။

ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း အဓိက ကတော့ အစားအသောက် ပါ။

ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊ သတိလေးကပ်ပြီး၊ ဥာဏ်အကူလဲ လိုပါလိမ့်မယ်။

ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ် ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။ ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန် အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။

အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ ဗဟုသုတ ခေါင်းပါးနေကြတာက တစ်ကြောင်း၊ လောဘ ဦးဆောင်နေတာက တစ်ကြောင်း၊ ရသတဏှာကို မကျော်လွန်နိုင်တာက
တစ်ကြောင်း၊ အစိုးရအနေနဲ့ အစားအသောက်တွေအပေါ ကြပ်မတ်မှု ထိထိရောက်ရောက် မရှိတာကတစ်ကြောင်း (ရောဂါမျိုးစုံ ဒီလောက်တောင် ဖြစ်နေကြတာ အစိုးရသိရဲ့လား မသိပါ) ဖြစ်လာမဲ့ အန္တရာယ်ကို သဘောမပေါက်တာက တစ်ကြောင်း၊ တိုင်းပြည် ဆင်းရဲတက တစ်ကြောင်းကြောင့် ဖြစ်ပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကို ဥာဏ်သုံး၊
သတိကပ်ပြီး စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။

(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)

Tiger Rose
Credit & Copy Rio Wai Yan Htetcredit

အပြင်သွားတိုင်း Mask တပ်ပါ။အိပ်ရေးဝအောင် အိပ်ပါ။အာဟာရဖြစ်တဲ့ အစာတွေစားပါ။ပျားရည်လိုရင်  #မိဟန်နီ ကို သတိရပါ။ #မိဟန်နီ_သဘ...
28/11/2021

အပြင်သွားတိုင်း Mask တပ်ပါ။

အိပ်ရေးဝအောင် အိပ်ပါ။

အာဟာရဖြစ်တဲ့ အစာတွေစားပါ။

ပျားရည်လိုရင် #မိဟန်နီ ကို သတိရပါ။

#မိဟန်နီ_သဘာဝပျားရည်
မွန်ပြည်နယ်၊မုဒုံမြို့၊
09763367977

Address

Mawlamyine
12081

Alerts

Be the first to know and let us send you an email when မိဟန်နီ ပျားရည်နှင့်ပျားထွက်ပစ္စည်း co.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မိဟန်နီ ပျားရည်နှင့်ပျားထွက်ပစ္စည်း co.ltd:

Share