Mawlamyine Zaythel - မော်လမြိုင်စျေးသည်

Mawlamyine Zaythel - မော်လမြိုင်စျေးသည် အိမ်ထဲကနေ သက်သာစွာ စျေးမှာယူပါ

ဝါဆို ကန်တော့ရန်အတွက် မော်လမြိုင်စျေးသည်မှာ မှာလို့ရပါပြီ
07/07/2025

ဝါဆို ကန်တော့ရန်အတွက် မော်လမြိုင်စျေးသည်မှာ မှာလို့ရပါပြီ

မော်လမြိုင်စျေးသည်ပြန်လာပါပြီ လိုအပ်တာများမှာကြားနိုင်ပါတယ် ၅၀၀၀၀ကျပ်နှင့်အထက် ပို့ခ အခမဲ့ (မော်လမြိုင်မြို့တွင်း)နှင့် ...
06/07/2025

မော်လမြိုင်စျေးသည်ပြန်လာပါပြီ လိုအပ်တာများမှာကြားနိုင်ပါတယ် ၅၀၀၀၀ကျပ်နှင့်အထက် ပို့ခ အခမဲ့ (မော်လမြိုင်မြို့တွင်း)နှင့် ဝယ်ယူအားပေးနိုင်ပါသည်

ဒီလုပ်နည်းကိုသိရင် kfc ကိုစျေးကြီးပေးဝယ်စားစရာမလိုတော့ဘူးနော်။ကြက်တုံး ကြွပ်ကြော်လုပ်နည်းကြက်သားတွေကို လေးထောင့်အတုံးလေး...
28/11/2024

ဒီလုပ်နည်းကိုသိရင် kfc ကိုစျေးကြီးပေး
ဝယ်စားစရာမလိုတော့ဘူးနော်။

ကြက်တုံး ကြွပ်ကြော်လုပ်နည်း

ကြက်သားတွေကို လေးထောင့်အတုံးလေး
တွေတုံးပါ ပြီးရင် ကြက်သွန်မြိတ် ၊ ဆား ၊

ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊
ခရုဆီ ၊ ကြက်ဥတစ်လုံးထည့်နယ်လိုက်ပါ။

နောက်ပြီး ကော်မှုန့် ၊ ပွမှုန့် ၊ ဂျုံမှုန့် ရောထား

ပြီး ခုနနယ်ထားတဲ့ ကြက်သားတွေ ထည့်
နယ်ပေးပါ။

နယ်ပြီးသွားရင် ရေစွတ်ပြီး နှစ်ခါ ထပ်နယ်ပေးလိုက်ပါ။

ပြီးသွားရင် ဆီဆူဆူထဲထည့်ကြော်လိုက်ရင်
kfcပုံစံ ကြက်ကြော်စားလို့ရပါပြီရှင့်။

#မော်လမြိုင်ဈေးသည်
Crd

 #ယိုးဒယားပဲကြာဇံသုပ်ထိုင်းစားသောက်ဆိုင်တွေမှာပဲရတဲ့  ယိုးဒယားကြာဇံသုပ် ချည်ငံစပ် လုပ်နည်း 😋ပါဝင်ပစ္စည်းမျာ- ကြာဇံ- ကြက်...
22/11/2024

#ယိုးဒယားပဲကြာဇံသုပ်

ထိုင်းစားသောက်ဆိုင်တွေမှာပဲရတဲ့
ယိုးဒယားကြာဇံသုပ် ချည်ငံစပ် လုပ်နည်း 😋

ပါဝင်ပစ္စည်းမျာ

- ကြာဇံ

- ကြက်သွန်နီ ပါးပါးလေးလှီး

- ငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

- သံပုရာရည် ထမင်းစားဇွန်း ၃ ဇွန်း

- သကြား ၂ ဇွန်း /

- ကြက်သွန်ဖြူချဉ်ရည် ၃ ဇွန်း

- churney ပေါင်ဒါ အနည်းငယ်(ကြက်သားမှုန့်)

- ပုဇွန်

- ဝက်အူချောင်း ဂဏန်း မိမိ ကြိုက်သလောက်ထည့်ပါ

- အပ်မှို ( မရှိရင်မထည့်လဲရ )

- အနံကြိုက်တဲ့သူအတွက် ရှမ်းနံနံပင် တစ်ပင်

သုပ်နည်း
~~~~~~~~~~~~~~~~
၁။ ကြာဇံ ၊ ပုဇွန်၊ ဝက်အူချောင်း ပြုတ်ထားပါ ။

၂။ သုပ်ဖို့ ဇလုံကိုပြင်ပြီး ငရုတ်သီး၊ ကြက်သွန် နဲ့ ငံပြာရည်ထည့်
သံပုရာရည်၊ ကြက်သွန်ဖြူချဉ်ရည်၊ သကြားညို၊ အရသာမှုန့်
ပြင်ဆင်ထားတာအကုန်ထည့်ပြီးရင် အရသာမြည်းကြည့်ပါ ။

၃။ ဂျယ်လီကြာဇံ ၊ ပုဇွန်၊ ၀က်အူချောင်း ၊ ဂဏန်းကိုထည့်၊
ကြက်သွန်နီနဲ့ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီးရင်
အဲဒါတွေကို ကောင်းကောင်းရောသမမွှေပြီးရင် ပန်ကန်ထဲထည့်ပြီး စားလို့ရပါပြီး ။

ပါဝင်ပစ္စည်းများ နဲ့ လုပ်ပုံလုပ်နည်းတွေကို
ပုံနှင့်တစ်ကွ ရှင်းပြထားပါတယ်

အလွယ်တကူလေးမို့ လုပ်စားဖြစ်အောင်လုပ်စားကြည့်ပါ

#မော်လမြိုင် ဈေးသည်

စားသောက်ဆိုင်တွေမှာသာရနိုင်ပြီး စျေးအရမ်းကြီးတဲ့ #ကြက်သားသုပ် ၊ ဝက်သားသုပ် ၊ ပင်လယ်စာသုပ်ပြုလုပ်နည်းနှစ်သက်ရာအသားကို ထည့...
21/11/2024

စားသောက်ဆိုင်တွေမှာသာရနိုင်ပြီး စျေးအရမ်းကြီးတဲ့

#ကြက်သားသုပ် ၊ ဝက်သားသုပ် ၊ ပင်လယ်စာသုပ်ပြုလုပ်နည်း

နှစ်သက်ရာအသားကို ထည့်သွင်းအသုံးပြုနိုင်ပါသည် ။

1. အသုံးပြုမည့်အသားကို ပါးပါးလှီးကာ ရေဆူဆူမှာ နူးသည်အထိပြုတ်ပါ ။
( ဂျင်း ၊ ကြက်သွန်ဖြူထည့်ပြုတ်ဖို့ မမေ့ပါနဲ့ )

2.ငရုတ်သီးစိမ်း ၊ နီ ၊ ကြက်သွန်ဖြူ ၊ ပူစီနံ ၊ နံနံပင် ၊ ငါးငံပြာရည် ၊ သံပုရာရည်
သကြားရည် ၊ အသားပြုတ်ရည်တို့ကို မျှတအောင်ထည့်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ ။

ကြိတ်စက်မရှိပါက ငရုတ်သီးစိမ်း ၊ နီ ၊ ကြက်သွန်ဖြူ ၊ ပူစီနံ ၊ နံနံပင်တို့ကို
နုတ်နုတ်စင်းပြီး ငါးငံပြာရည် ၊ သံပုရာရည်သကြားရည် ၊ အသားပြုတ်ရည်တို့ကို
ရေနှောမွှေလိုက်ရုံပါပဲ ။

ရရှိလာတဲ့ဆောစ့်ကို အသားပြုတ်အပေါ်မှာတင်ပြီး ဆမ်းပေခြင်းဖြစ်စေ
နယ်ပေးခြင်းဖြစ်စေ အသုံးပြုနိုင်ပါတယ် ။

အရသာရှိသောဟင်းပွဲတစ်ပွဲဖန်တီးနိုင်ပါစေ...
Credit

🆎ထမင်းမြိန်စေတဲ့ ဟင်း သို့မဟုတ် မော်လမြိုင်က ကြက်ကလယ်ချက်နည်း🆎ကြက်သားဟင်းဆိုတာ ရှေးအစဉ်အဆက် ကတည်းက မြန်မာလူမျိုးတွေရဲ့ သ...
16/11/2024

🆎ထမင်းမြိန်စေတဲ့ ဟင်း သို့မဟုတ် မော်လမြိုင်က ကြက်ကလယ်ချက်နည်း

🆎ကြက်သားဟင်းဆိုတာ ရှေးအစဉ်အဆက် ကတည်းက မြန်မာလူမျိုးတွေရဲ့ သူဌေးဟင်းအဖြစ် ချက်ပြုတ် စားသုံးခဲ့ကြတဲ့ ဟင်းတစ်မျိုး ဖြစ်ပါတယ်။ မြန်မာဟင်းလျာလို့ ဆိုလိုက်ရင် ကြက်သားဆီပြန်ဆိုတာ မပါမဖြစ်တဲ့ ဟင်းတွေထဲ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

🆎ကြက်သားဟင်းဆီပြန်ကို အရည်သောက် ချဉ်ရည်ဟင်းလေးရယ်၊ ငပိရည်နဲ့ အတို့အမြှပ်လေးတွေရယ်၊ ကော့စင်းနေတဲ့ ထမင်းပူပူလေးနဲ့ စားလိုက်ရတဲ့ နေ့လည်စာဟာ ဘာစားစား ထမင်းပါမှလို့ဆိုတဲ့ ထမင်းကြိုက်တဲ့ မြန်မာလူမျိုးတိုင်းအတွက် ပြီးပြည့်စုံတဲ့ နေ့လည်စာတစ်ခုပါပဲနော်။

🆎အရိုးများတဲ့ မြန်မာကြက်ကိုမှ ဟင်းအနှစ် အမယ်များများနဲ့ စပ်စပ်ကလေး ချက်ထားတဲ့ ကြက်ကလယ်ချက်ကို မော်လမြိုင်ရောက်ဖူးသူတိုင်း စားဖူးကြမယ် ထင်ပါတယ်။ ဒီကနေ့မှာတော့ ကြက်သားဟင်းကြိုက်တဲ့ စာဖတ်သူများအတွက် မော်လမြိုင်ရဲ့ ရိုးရာ ကြက်ကလယ်ချက်နည်း အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

🆎ပါဝင်ပစ္စည်း
ဗမာကြက် - တစ်ကောင် (၅၀ သားခန့်)
ကြက်သွန်နီ - (၇)လုံး (အသေး)
ကြက်သွန်ဖြူ - (၁) လုံး (အကြီး)
ချင်း - အနည်းငယ် (လက်တစ်ဆစ်ခန့်)
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ကရဝေးရွက် - (၄) ရွက်
နနွင်း - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း (၁) ဇွန်း
ဂေါ်ရင်ဂျီမဆလာ - ထမင်းစားဇွန်း (၂) ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း (၂) ဇွန်း
ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲ
ပြုလုပ်နည်း

၁။ နနွင်း၊ ဆား အနည်းငယ်နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ။

၂။ ဗမာကြက်ကို အတုံးသေးလေးတွေ ရတဲ့အထိ ခုတ်ထစ်ပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ထားပေးပါ။

၃။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာတဲ့အခါ စောနက ထောင်းထားတာတွေကို ထည့်ပြီး နနွင်း၊ အရောင်တင်မှုန့်၊ ကရဝေးရွက်တို့နဲ့ ဆီသတ်ပါ။

၄။ ကြက်သွန် ကြွပ်နေပြီဆိုတာနဲ့ အတုံးတုံးထားတဲ့ ကြက်သားတွေကို ထည့်မွှေပါ။ ကြက်သားမွှေနေရင်း မဆလာတစ်ဇွန်း ထည့်ပါမယ်။

၅။ ကြက်သား အရောင်ပြောင်းပြီး ကြက်သားအိုး ရေခန်းကာ ဆီပြန်လာရင် ရေကို ကြက်သားတုံးများနဲ့ တစ်ပြေးညီ ထပ်ထည့်ပြီး မီးအေးအေးနဲ့ အဖုံးအုပ် တည်ထားပေးပါ။

၆။ ဆီထပ်ပြန်တော့မယ်ဆိုရင် ဆား၊ ဟင်းခတ်မှုန့် အပေါ့အငန် မြည်းထည့်ပြီး အသားနူးမနူး စမ်းပေးပါ။

၇။ ကြက်သားမနူးမချင်း ရေနည်းနည်းစီ ထပ်ထည့်ပေးရပါမယ်။ လိုအပ်တဲ့ အရသာရောက်ပြီး ကြက်သားလည်း နူးအိနေပြီဆိုရင်တော့ ငရုတ်ကောင်း၊ ငရုတ်သီးလှော်မှုန့်၊ ဂေါ်ရင်ဂျီမဆလာတို့ကို ထည့်ပေးရပါမယ်။

၈။ အနံ့မွှေးလာပြီး အနှစ်ကျကာ ဆီပြန်လာရင်တော့ နူးအိပြီး အရသာရှိတဲ့ မော်လမြိုင်ရဲ့ နာမည်ကြီး ကြက်ကလယ်ချက် ခပ်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

အရသာရှိတဲ့ဟင်းကောင်းလေးတွေဖန်တီးနိုင်ကြပါစေ...

to Original writer & photo

ဂဏန်းပျော့ကို ဘယ်လို ဆေးကြောမလဲ 🦀🦀🦀ပုံအောက်မှာ အသေးစိတ်ပြောပြထားပါတယ်🦀🦀
15/11/2024

ဂဏန်းပျော့ကို ဘယ်လို ဆေးကြောမလဲ 🦀🦀🦀

ပုံအောက်မှာ အသေးစိတ်ပြောပြထားပါတယ်🦀🦀

တန်ဆောင်မုန်းလပြည့်နေ့ ....ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ပြည့်စ...
14/11/2024

တန်ဆောင်မုန်းလပြည့်နေ့ ....

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Mawlamyine Zaythel - မော်လမြိုင်စျေးသည်
#တန်ဆောင်မုန်းလပြည့်

Address

Mawlamyine

Alerts

Be the first to know and let us send you an email when Mawlamyine Zaythel - မော်လမြိုင်စျေးသည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mawlamyine Zaythel - မော်လမြိုင်စျေးသည်:

Share