God of Wisdom_Thoth

God of Wisdom_Thoth ✡The higher the aim, the better the life☯

THE 5 PILLARS OF PROSOCIAL MORAL AGENCY+ + + + +1.  MORAL VISIONA purpose greater than ourselves that inspires us to ach...
20/05/2024

THE 5 PILLARS OF
PROSOCIAL MORAL AGENCY

+ + + + +

1. MORAL VISION
A purpose greater than ourselves that inspires us to achieve what is best for humanity and our planet.

2. MORAL PURITY
The act of turning inward with intellectual honesty to assess the purity of our intentions.

3. MORAL CONVICTION
The devotion that compels us to invest the time and effort required to learn and do the right thing.

4. MORAL WISDOM
The wisdom that enables us to understand the full consequences of our intended actions.

5. MORAL COURAGE
The bravery to do the right thing in the face of personal loss.

+ + + + +

QUESTIONS TO ASK YOURSELF
ON YOUR MORAL JOURNEY

1. MORAL VISION
Do I have a vision that serves the greater good? Is my mission prioritized to maximize social benefit and minimize social harm?

2. MORAL PURITY
Are my intentions pure? Am I doing this for the right reasons? Am I serving only myself or also concerned for the welfare of others? Can anyone be harmed by my decsions and actions? Is the harm that I'm causing avoidable?

3. MORAL CONVICTION
Am I devoted to ongoing personal development that improves my prosocial moral agency? Am I on a path that enables me to be more knowledgable and loving today than I was yesterday?

4. MORAL WISDOM
Do I fully understand the consequences of my decisions and intended actions? Have I assessed all the alternatives?

5. MORAL COURAGE
Do I have the courage to endure personal loss in order to do the right thing? Do I have the resolve to act rightly in the face of brutal opposition, shame, scandal and discouragement?
..

☸️ ဆာဒူးကြီးဂေါတမ်ဆိုသူကဘာနဲ့တူလဲဆိုတော့ရေကူးရာမှာအလွန်တရာကျွမ်းကျင်ပြီးတစ်ဖက်ကမ်းခတ်နီးနီးတော်တဲ့ရေကူးချန်ပီယံနည်းပြဆရာ...
18/05/2024

☸️ ဆာဒူးကြီးဂေါတမ်ဆိုသူကဘာနဲ့တူလဲဆိုတော့ရေကူးရာမှာအလွန်တရာကျွမ်းကျင်ပြီးတစ်ဖက်ကမ်းခတ်နီးနီးတော်တဲ့ရေကူးချန်ပီယံနည်းပြဆရာကြီးတစ်ဦးနဲ့တူတယ်။ရေစီးအားကောင်းပြီးကျယ်ပြန့်တဲ့မြစ်ကြီးထဲကိုရေမကူးတတ်ဘဲဆင်းမိလို့ရေနစ်နေတဲ့ကလေးငယ်ကိုသူကိုယ်တိုင်ချက်ချင်းဒိုင်ဗင်ထိုးဆင်းပြီးကယ်တင်လို့ရလျက်သားနဲ့မကယ်ဘဲအချိန်နေရာမရွေးဆရာလုပ်ချင်တဲ့အထုံအတိုင်းမြစ်ကမ်းပါးကနေပဲရပ်ပြီးအဆိုပါကလေးငယ်ကြားလောက်အောင်အသံကျယ်ကျယ်နဲ့လက်ကိုဘယ်လိုယက်၊ခြေကိုဘယ်လိုခတ်၊ကိုယ်ကိုဘယ်လိုတွန့်.......စသဖြင့်ရေကူးနည်းနိဿရည်းကိုသင်ကြားပို့ချပေးနေတဲ့နည်းပြကြီးပေါ့။ပြောရရင်ပညာသာရှိ၊စေတနာမရှိတဲ့လူမျိုး။

ကလေးငယ်ကအကြားအာရုံချို့ယွင်းနေရင်ဘယ်လိုလုပ်မလဲ၊အကြားအာရုံပုံမှန်ဖြစ်သော်လည်းရေစီးသံတဝေါဝေါကြောင့်(သို့)နားထဲရေတွေဝင်နေလို့သူပြောတာကိုသဲသဲကွဲကွဲမကြားရင်ဘယ်လိုလုပ်မလဲ၊ဒါမှမဟုတ်အလွန်တရာထိတ်လန့်တုန်လှုပ်နေလို့သူပြောတာကြားသော်လည်းအာရုံမစိုက်နိုင်ရင်ဘယ်လိုလုပ်မလဲ၊အကြောင်းသင့်လို့ပီပီသသကြားနေရသော်လည်းဉာဏ်ရည်နိမ့်တဲ့ကလေးဖြစ်လို့သူပြောသမျှစကားလုံးအများစုကဆိုလိုတဲ့သဘောတရားကိုနားမလည်၊လိုက်မမီဖြစ်နေရင်ဘယ်လိုနေမလဲ........စတာတွေတော့ခေါင်းရှုပ်မခံချင်လို့ထည့်တွေးမနေဘဲထင်ရာလုပ်ရပြီးရောဆိုတဲ့ဆရာကြီးမျိုးပေါ့ကွယ်။

သူ့ရဲ့သဘောက...... ငါ့ဘက်ကလုပ်ပေးချင်တာလုပ်ပေးလိုက်ပြီ၊ကျန်တာကမင်းတို့အပိုင်းပဲ၊ပို့မယ့်ပို့ကူးတို့ရောက်အောင်ပို့ဆိုတဲ့စကားပုံမျိုးဟာငါ့အဘိဓါန်မှာမရှိဘူး၊ကူးတို့ဆိပ်ကိုသွားတဲ့လမ်းကိုပဲညွှန်းပေးလိုက်မယ်၊မင်းတို့ဟာမင်းတို့ကိုယ့်အားကိုယ်ကိုးပြီးရောက်သွားကြ၊ငါပြတဲ့လမ်းကြောင်းကရှည်တယ်၊ဖြတ်လမ်းကသွားရင်တော့ပိုမြန်မြန်ရောက်နိုင်ပေမဲ့ဖြတ်လမ်းကြောင်းတွေကိုငါမသိဘူး၊ငါသိတာဒီတစ်လမ်းပဲရှိတယ်၊အချိန်ကုန်သက်သာအောင်ဖြတ်လမ်းကသွားချင်ရင်ကိုယ့်ဟာကိုယ်ကြိုးစားရှာပြီးသွားကြ...... ဆိုတာမျိုး။

✝️ သူတော်စင်‌ခရစ်ကတော့ဘာနဲ့တူလဲဆိုတော့ရေကူးတော်တဲ့ရေလုပ်သားတံငါသည်တစ်ဦးနဲ့တူတယ်။သူကရေကူးခြင်းနည်းစနစ်ကိုတစ်ပါးသူနားလည်အောင်စကားလုံးအမျိုးမျိုးသုံးပြီးအဆင့်မြင့်မြင့်၊စနစ်တကျရှင်းပြပေးတာမျိုးမလုပ်တတ်ဘူး၊အထိုက်အလျောက်နားလည်အောင်သဘောတရားအချို့တော့ပြောပြတတ်တယ်ပေါ့။ပြောရင်လည်းသူကလိုရင်းကိုတိုတိုနဲ့ရှင်းရှင်းပဲပြောတယ်။အထက်ကရေကူးပါရဂူနည်းပြဆရာကြီးလိုမျိုးမထိရောက်လှတဲ့စကားလုံးအမြောက်အမြားနဲ့လိုရင်းကိုမရောက်အောင်ကွေ့ဝိုက်ရှုပ်ထွေးစွာ(ဆရာလုပ်ချင်ဇောနဲ့)ပြောဆိုသင်ကြားပြသပေးတာမျိုးသူမလုပ်ဘူး။ပြီးတော့အရေးကြီးတာတစ်ခုကသူဟာမြစ်ထဲရေနစ်နေသူကိုတွေ့တာနဲ့တခြားဘာဘာညာညာစဉ်းစားမနေဘဲချက်ချင်းဒိုင်ဗင်ထိုးဆင်းပြီးကယ်တယ်။ကယ်ရင်လည်းအစကနေအလယ်၊အဆုံးထိကယ်တယ်။ပထမအဆင့်မှာရေနစ်နေတဲ့ဒုက္ခသည်ကိုအသက်ရှုရခက်တဲ့မြစ်ရေထဲကနေအသက်ရှုချောင်တဲ့ကမ်းစပ်ကုန်းမြေပြင်ပေါ်ထိရောက်အောင်ကြိုးစားဆွဲတင်တယ်၊ဒုတိယအဆင့်မှာရေမွန်းပြီးသတိလစ်နေတဲ့အဲဒီသူကိုသတိပြန်လည်လာအောင်ပြုစုပေးတယ်၊တတိယအဆင့်မှာတော့ထိုသူအတွက်နောင်အနာဂတ်မှာအလားတူအန္တရာယ်မျိုးထပ်မဖြစ်ရလေအောင်လက်တွေ့ရေကူးနည်းကိုကောင်းစွာတတ်မြောက်သည်အထိသူကိုယ်တိုင်ကြီးကြပ်သင်ကြားပေးတယ်။သင်ပေးတာအရစ်လည်းမရှည်ဘူး၊တတ်နိုင်သလောက်အချိန်တိုတိုနဲ့အမြန်ဆုံးတတ်အောင်အလွယ်ဆုံးနည်းနဲ့သင်ပေးတယ်။ဒါကတံငါသည်ရဲ့နည်း။သူကပညာအဆင့်တော့တအားမမြင့်ပေမဲ့စေတနာတော့တကယ်ကောင်းတယ်ပေါ့။

အထက်မှာဆိုခဲ့ပြီးတဲ့ရေကူးနည်းပြကြီးရဲ့သင်နည်းမျိုးနဲ့ကတော့ဉာဏ်ကောင်းသူမှ‌နားလည်တတ်မြောက်မယ်၊ဉာဏ်နည်းနေရင်လုံးဝနီးပါးမတတ်ဘူး။သူဆီကသင်တန်းသားအယောက်(၁၀၀)လောက်သင်တန်းပြီးဆုံးလို့ထွက်လာရင်တစ်ရာမှာဆယ်ယောက်လောက်ပဲသူသင်ပေးသမျှအကုန်လုံးကိုရာနှုန်းပြည့်နားလည်တတ်မြောက်သွားတယ်။ကျန်တဲ့အယောက်(၉၀)မှာတော့တချို့က(၅၀)%လောက်၊တချို့က(၃၀)%လောက်၊တချို့က(၁၀)%လောက်၊တချို့ကျ(၅)%လောက်....စသဖြင့်ပဲတတ်ကြတယ်။လုံးဝဘာမှမတတ်သွားရှာတဲ့(၀)%သမားတွေလည်းပါတာပဲ။

ရေကူးနည်းပြချန်ပီယံနဲ့တံငါသည်ရေလုပ်သားကပညာအဆင့်ဘာလို့ကွာခြားနေသလဲဆိုတော့အဓိကအကျဆုံးကပတ်ဝန်းကျင်နောက်ခံအသိုင်းအဝိုင်းကြောင့်ပါ။ရေကူးချန်ပီယံကမြို့ပြဆီကကောလိပ်ကျောင်းထွက်ဆိုရင်တံငါသည်ကမစည်ကားတဲ့တောအရပ်ကစာမတတ်ပေမတတ်လက်လုပ်လက်စားဆင်းရဲသားပေါ့။

🕉️ ဂေါတမ်ကလည်းသမိုင်းမှတ်တမ်းတို့အလိုအရခမ်းနားကြွယ်ဝတဲ့ယဉ်ကျေးမှုကြား၊ပြည့်စုံတဲ့အသိုင်းအဝိုင်း၊ပညာသင်ကြားမှုစနစ်တွေနဲ့ကောင်းမွန်စွာလိုလေသေးမရှိပုံစံနဲ့နေခဲ့ရတယ်။
✡️ ယေရှုကတော့သိပ်အဆင့်မမြင့်လှတဲ့လူနည်းစုယဉ်ကျေးမှုကြား၊သာမန်အခြေခံအဆင့်အသိုင်းအဝိုင်း၊အားနည်းတဲ့ပညာသင်ကြားမှုတွေနဲ့အထိုက်အလျောက်နေထိုင်ရပ်တည်နိုင်ရုံအနေအထားနဲ့ရှိခဲ့တယ်။

ဒါတွေကသဘောပြောပြရုံပါ။ဆာဒူးကြီးဂေါတမ်နဲ့သူတော်စင်ခရစ်တို့ဟာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်အစစ်တွေကောဟုတ်ပါ့မလား။တကယ်ရှိခဲ့ရင်လည်းကျမ်းစာအုပ်စာတမ်းစာစောင်တွေထဲမှာဖော်ပြထားကြသလိုမျိုးရောဟုတ်ပါ့မလား၊ပုံမှန်လူ့သက်တမ်းအရသူတို့ကိုလက်တွေ့မြင်ဖူးသူတွေအားလုံးလည်းအချိန်ကာလထောင်စုနှစ်,နှစ်ခုရဲ့အထက်ကြာလာပြီမို့အခုချိန်မှာသက်ရှိထင်ရှားမရှိနိုင်တော့ဘူး။မသေဆေးစားသုံးထားလို့အဲဒီအချိန်ကသူတို့နဲ့တွေ့ဆုံဖူးသူလူတချို့အခုထိရှိနေသေးတယ်ဆိုရင်လည်းအဲဒီလူတွေကသူတို့အကြောင်းနဲ့သူတို့ရဲ့သဘောသဘာဝကိုဘယ်လောက်ထိသိမှာလဲ(တစ်ခါတရံကျရင်ကာယကံရှင်ကိုယ်တိုင်တောင်သူ့ကိုယ်သူနားမလည်၊သူ့အကြောင်းသူမသိဖြစ်နိုင်သေးတာ....သူတို့ကိုမြင်တွေ့ဖူးရုံနဲ့သူတို့ရဲ့ဇာတိရုပ်အမှန်ကိုတစ်ပါးသူကအမှန်အတိုင်းနားလည်သိရှိနိုင်ပါ့မလား)။သူတို့အကြောင်းဖော်ပြထားတဲ့စာအုပ်ထဲကဟာတွေကလည်းအမှန်ထက်အမှားကပိုများတယ်။ခေတ်ကာလပေါင်းစုံကလူပေါင်းစုံပါဝင်ပြီးသူတို့ကိုယ်ပိုင်အမြင်နဲ့သူတို့ယူဆထင်မြင်သလိုလျှောက်ရေးထားလို့ဘယ်လိုပဲညှိယူထားသည်ဖြစ်စေ၊ရှေ့နောက်မညီညွတ်တာတွေလည်းအများကြီးပဲ။

အမှန်အမှားကိုဘာနဲ့တိုင်းတာဆုံးဖြတ်သလဲဆိုတော့၊လက်တွေ့အသုံးပြုနိုင်ပြီးလိုရာအကျိုးကျေးဇူးကိုအဆင်ပြေလွယ်ကူချောမောစွာရစေခြင်းရှိမရှိဆိုတာနဲ့ပဲတိုင်းပြီးဆုံးဖြတ်တယ်လို့ပြောနိုင်ပါတယ်။

ဘာပဲပြောပြောဂေါတမနဲ့ယေရှု(ဗုဒ္ဓနဲ့ခရစ်)တို့နှစ်ဦးဟာပစ္စုပ္ပန်ကိုလွှမ်းမိုး‌ခြယ်လှယ်ပြီးခြောက်လှန့်နေတဲ့အတိတ်ကာလကဝိုးတိုးဝါးတားခေတ်ဟောင်းတစ္ဆေတွေမျှသာပါပဲ။သူတို့ကိုယ်တိုင်ပြောခဲ့တယ်ဆိုပြီးစာပေတွေမှာဖော်ပြထားတဲ့စကားအားလုံးလိုလိုကလည်းတခြားလူတွေကဝိုင်းပြောထားတာတွေပါပဲ။ဘယ်ဟာကိုသူတို့တကယ်ပြောခဲ့မှန်းတောင်ရေရေရာရာမသိရတော့ဘူး။တစ်ခါတလေကျရင်သမိုင်းဆရာတွေကသူတို့ပြောချင်တဲ့စကားကိုသမိုင်းဇာတ်ကောင်အားပြောခိုင်းတတ်တယ်။အဲဒါမျိုးအကြိမ်ပေါင်းများစွာထပ်ခါတလဲလဲဖြစ်လာရင်သမိုင်းဇာတ်ရုပ်တစ်ခုဟာသူကိုယ်တိုင်မပြောခဲ့တဲ့ဆန်းဆန်းပြားပြားစကားလုံးတွေနဲ့အသစ်တဖန်တည်ဆောက်ဖန်တီးအသက်သွင်းခြင်းခံလိုက်ရတယ်။ဂေါကြီးနဲ့ယေကြီးလည်းထို့နည်းလည်းကောင်းသရုပ်ဖော်ဖန်တီးခြင်းခံလိုက်ရတာပဲ။ကိုယ့်အတွက်တကယ်အကျိုးရှိတဲ့လမ်းစဉ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့သိပ္ပံနည်းကျရှာဖွေဖော်ထုတ်ပြီးအသုံးပြုသင့်ပါတယ်။သူတစ်ပါးစကားမှာပဲလမ်းဆုံးသွားသူဟာအသစ်ကိုရှာမတွေ့နိုင်တော့ပါ၊အသစ်ကိုရှာတွေ့ဖို့ဆိုရင်သူတစ်ပါးစကားမှာလမ်းမဆုံးဖို့လိုတယ်။

Greatest Geek ဖြစ်တဲ့ Nikola Tesla ကပြောခဲ့တယ်။
"ငါ့ရဲ့စိတ်ကူးစိတ်သန်းအကြံဉာဏ်တွေကိုသူတို့(အချောင်သမားစီးပွားရေးလောဘသားတွေ)တွေခိုးယူသုံးစွဲမှာကိုငါမစိုးရိမ်ပါ။ငါစိုးရိမ်တာကသူတို့မှာဘာကိုယ်ပိုင်အကြံဉာဏ်စိတ်ကူးစိတ်သန်းမျှမရှိမှာကိုပဲ။"

Greatest Martial Artist ဖြစ်တဲ့ Bruce Lee ကလည်းပြောခဲ့တယ်။
"ဗဟုသုတနဲ့အတွေ့အကြုံများကိုရှာဖွေလေ့လာပါ။
ကိုယ့်အတွက်အသုံးကျတာကိုပဲယူပြီးအသုံးမကျတာကိုပယ်ပါ။ပြီးရင်မိမိကိုယ်ပိုင်ဟန်ကိုဖန်တီးယူပါ။"

လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာရှိတဲ့သူတွေဟာလူ(human being)ဖြစ်တာချင်းသာတူညီပေမဲ့စရိုက်လက္ခဏာအမူအကျင့်ချင်း၊အနေအထားချင်း၊လိုအပ်ချက်ချင်းမတူပါဘူး။
ဆေးတစ်မျိုးတည်းနဲ့လူနာပေါင်းစုံရဲ့ရောဂါမျိုးစုံကိုပျောက်ကင်းသက်သာအောင်ကုမရသလို၊ဦးတည်ချက်ပန်းတိုင်ချင်းမတူသူတွေကိုလမ်းကြောင်းတစ်မျိုးတည်းအပေါ်တင်ပေးပြီးအဆုံးထိရောက်အောင်လျှောက်ခိုင်းဖို့မသင့်ပါဘူး။ကိုယ့်အတွက် Perfect ဖြစ်တဲ့ Path ကိုကိုယ်တိုင်ရှာမှတွေ့မှာပါ။တခြားလူရှာပေးလို့တွေ့တာမျိုးလည်းရှိနိုင်ပေမဲ့သိပ်မသေချာပါဘူး။အကြိမ်တစ်သန်းမှာတစ်ခါပဲဖြစ်နိုင်ပါတယ်။မည်သို့ဆိုစေကိုယ်တကယ်အသုံးပြုမယ့်လမ်းကိုကိုယ်တိုင်ကိုယ်ကျရှာတာ(သို့မဟုတ်)ဖန်တီးတည်ဆောက်တာကအချိန်ကြာကြာယူရတယ်ဆိုရင်တောင်အသေချာဆုံးနဲ့အကောင်းဆုံးပါ။
ကိုယ်ကဘာကိုလိုချင်တာလဲ၊ဘယ်အထိရောက်အောင်သွားချင်တာလဲဆိုတာတော့အစကတည်းကရှင်းလင်းပြတ်သားတိကျသေချာစွာသိနေရပါမယ်။မိမိရဲ့ဦးတည်ချက်ကဟိုလိုလိုဒီလိုလိုမသေမချာမရေရာတဲ့ပုံစံဖြစ်နေရင်အစမကောင်း၊အနှောင်းမသေချာဆိုသလိုနောက်ထပ်လုပ်တာတွေလည်းပရမ်းပတာအစီအစဉ်မကျဖြစ်ပြီးဘဝဟာနဂိုအနေအထားမှာပဲမလွတ်မြောက်နိုင်ဘဲတဝဲလည်လည်တိုင်ပတ်နေနိုင်သလို၊အကြောင်းမသင့်ရင်နဂိုကထက်တောင်ပိုမိုယုတ်လျော့နိမ့်ကျပျက်စီးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။
===============================
🌙ပုံ၊Mr-GOW
☘️(18.5.2024)Saturday
🍀(2:23)PM
--------------------------------------------------------------------------

မီယမ်မာတို့၏ခိုးယူသုံးစွဲခြင်းအနုပညာ။🥶ဒါတောင်ဝတ်စားဆင်ယင်မှုအပိုင်းလောက်ပဲရှိသေးတယ်။အခြားသောဘာသာစကား၊စာပေ၊သာသနာရေးရာ၊ဗိသ...
07/05/2024

မီယမ်မာတို့၏ခိုးယူသုံးစွဲခြင်းအနုပညာ။🥶

ဒါတောင်ဝတ်စားဆင်ယင်မှုအပိုင်းလောက်ပဲရှိသေးတယ်။အခြားသောဘာသာစကား၊စာပေ၊သာသနာရေးရာ၊ဗိသုကာ၊အနုပညာစတာတွေအားလုံးလည်းတိုင်းတစ်ပါးယဉ်ကျေးမှုကြီးတွေဆီကတိုက်ရိုက်တစ်မျိုး၊သွယ်ဝိုက်၍တစ်ဖုံအမျိုးမျိုးကော်ပီကူးချပုံမှားရိုက်ထားတာတွေချည်းပဲ။🤥

အဲဒါလည်းငါတို့သင်္ကြန်ကိုထိုင်းကခိုးသွားပြီ၊ငါတို့ဗုဒ္ဓဘာသာအသုံးအနှုန်းတွေကိုခရစ်ယာန်‌တွေခိုးယူသုံးစွဲနေပြီ....စသဖြင့်မီဒီယာမှာအတန်ရှည်ရအောင်ဆွေ့ဆွေ့ခုန်ပြနေတုန်းပဲ။🤧

သူများဆီကခွင့်မတောင်းဘဲယူငင်အသုံးပြုထားရင်ကိုယ့်ဘက်ကလည်းတစ်ပါးသူတို့ခွင့်ပြုချက်မတောင်းခံဘဲယူငင်သုံးစွဲတာကိုကြည်ကြည်ဖြူဖြူနဲ့ခွင့်ပြုပေးနိုင်ရပါမယ်၊ခွင့်ပြုပေးသင့်ပါတယ်။
သဘောထားကြီးကြပါစေ။အတ္တအစွဲကင်းနိုင်ကြပါစေ။သာယာအေးချမ်းစွာယှဉ်တွဲနေထိုင်နိုင်ကြပါစေ။🤗
--------
Peace upon you, my friends🌱
_______________________________.................GOW........................
_______________________________

*တစ်ဖက်ပိတ်ပင်လယ်*ပါမောက္ခကြီးက အတန်းထဲကိုဝင်လာပြီးနောက်“ဒီနေ့တော့ ပထဝီအကြောင်း သင်မယ်ဟေ့” ဟု ပြောလိုက်သည်။ဒဿနိကတန်းတွင်...
07/05/2024

*တစ်ဖက်ပိတ်ပင်လယ်*

ပါမောက္ခကြီးက အတန်းထဲကိုဝင်လာပြီးနောက်

“ဒီနေ့တော့ ပထဝီအကြောင်း သင်မယ်ဟေ့” ဟု ပြောလိုက်သည်။

ဒဿနိကတန်းတွင် ဒဿနိကဆရာကြီးက ပထဝီအကြောင်း သင်မည်ဟု ပြောလိုက်သည့်အခါ စာသင်ခန်း အတွင်းရှိ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာဖြင့် ခေါင်းတွေထောင်လာကြသည်။

“ငါ့တပည့်တို့ မင်းတို့ အထက်တန်းကျောင်းတုန်းက ပင်လယ်သေ (Dead Sea) အကြောင်းသိပြီးကြရောပေါ့”

“ဟုတ်ကဲ့ပါ ဆရာကြီး”

“ပင်လယ်သေက ဘာတွေများ ထူးခြားပါလိမ့်ကွယ်”

“ပင်လယ်သေမှာ လူတွေ ရေမနစ်ဘူးလို့ သိရပါတယ် ဆရာကြီး” ကျောင်းသားတစ်ယောက်က ပြောခြင်း ဖြစ်သည်။

“ဘာကြောင့်လဲကွယ်"

“ဆားပါဝင်မှုနှုန်းများတာကြောင့်လို့ သိရပါတယ်"

“မှန်သကွယ် ... အခြားထူးခြားချက်တွေရော ဘယ်သူသိသေးလဲ”

အားလုံး တိတ်ဆိတ်နေကြသဖြင့် ပါမောက္ခကြီးက ဆက်ပြောသည်။

“ပင်လယ်သေမှာ ဆားပါဝင်မှုနှုန်းက ၃၅ ရာခိုင်နှုန်းနဲ့ အထက် ရှိတယ်၊ အဲဒီ ပမာဏဟာ သာမန် ပင်လယ် သမုဒ္ဒရာတွေထဲမှာ ဆားပါဝင်မှုနှုန်းထက် ၁၀ ဆ ပိုသကွယ်။ ဒါကြောင့် ပင်လယ်သေထဲမှာ သက်ရှိသတ္တဝါ တွေလည်း အသက်မရှင်နိုင်ဘူး။ ငါးတွေ၊ အပင်တွေ ဘာမှအသက်မရှင်နိုင်ကြဘူးကွယ့်”

ပါမောက္ခကြီးက သူ့စကားကို ရပ်ပြီးနောက် အတန်းကို မျက်မှန်အောက်က ကျော်ကြည့်လိုက်သည်။ အားလုံး စိတ်ဝင်စားစွာ နားထောင်နေကြသဖြင့် စကားဆက်သည်။

“မင်းတို့ ဂါလီလီပင်လယ် (Sea of Galilee) ပင်လယ်အကြောင်းရော ကြားဖူးကြသလား”

အားလုံးက နှုတ်ဆိတ်နေကြသည်။

“အင်း ... ဂါလီလီ ပင်လယ်အကြောင်းတော့ သိပ်ကြားဖူးဟန်မတူဘူးထင်ပါရဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီး ... သိပါရစေ”

“အေးကွယ့် ... ဂါလီလီပင်လယ်ဆိုတာ ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ပင်လယ်ပဲ။ ပင်လယ်သေရော ဂါလီလီပင်လယ်ရောဟာ မြစ်ကြီးတစ်ခုတည်းကနေ အခြေခံတဲ့ ပင်လယ်တွေပဲ။ အဲဒီ ပင်လယ်ကြီးနှစ်ခုရဲ့ ပင်မမြစ်ကြီးကတော့ ဂျော်ဒန်မြစ်ကြီးပဲ။ ဂျော်ဒန်မြစ်ကြီးထဲက ရေတွေဟာ ပင်လယ်သေထဲကိုလည်း စီးဝင်တယ်၊ ဂါလီလီပင်လယ်ထဲကိုလည်း စီးဝင်တယ်။ ဒါပေမဲ့ ပင်လယ်ကြီးနှစ်ခုဟာ လုံးဝကွာခြားသွားတယ်”

တပည့်များက ပိုပြီး စိတ်ဝင်စားလာကြသည်။

“ဂါလီလီပင်လယ်ကတော့ ပင်လယ်သေနဲ့ ဆန့်ကျင်ဘက်ပဲ။ အဲဒီ ဂါလီလီထဲမှာတော့ ငါးတွေ၊ အပင်တွေ၊ အခြားသတ္တဝါတွေ ရှင်သန်နိုင်ကြတယ်။ ဂါလီလီပင်လယ်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၂၀ ကျော်နေထိုင်နိုင်ကြတယ်”

“ဆရာကြီးခင်ဗျား ... ပင်လယ်နှစ်ခုမှာ ပင်လယ်သေက သတ္တဝါတွေ အပင်တွေ အသက်ရှင်နိုင်ခြင်း မရှိဘဲ ... ဂါလီလီမှာတော့ အသက်ရှင်နိုင်တာ ဘာကြောင့်လဲခင်ဗျာ"

ကျောင်းသားတစ်ယောက်ကမေးလိုက်သည်

“ပြောမယ်လေကွယ် ... ဂျော်ဒန်မြစ်ကြီးဆိုတာ အဲဒီဒေသက လူတွေ အားထားနေရတဲ့မြစ်ကြီးပဲကွယ်။ အဲဒီ မြစ်ကြီးထဲက ရေတွေက သောက်သုံးလို့ရတယ်။ ကုန်သွယ်လို့ရတယ်။ ဒီမြစ်ရေက ပင်လယ်သေထဲ စီးဝင်တဲ့ အခါကျတော့ သုံးစားမရအောင် ဖြစ်သွားပြီး၊ ဂါလီလီပင်လယ်ထဲကျတော့ သုံးစားလို့ရတာ ဘာကြောင့်လဲ ... အဖြေကရှိပြီးသား”

ဆရာကြီးက ခေတ္တနားလိုက်ပြီး

“ပင်လယ်သေက တစ်ဖက်ပိတ်ကွ ... ဂါလီလီက နှစ်ဖက်ဖွင့်ကွ ... ဒါပဲကွာခြားသွားတာ”

ကျောင်းသားတွေက နားမလည်စွာဖြင့် မျက်လုံးလေးတွေပြူးကြောင်ကြောင် ဖြစ်နေကြသည်

“ဒီလို ပင်လယ်သေက ဂျော်ဒန်မြစ်ထဲကရေတွင် စီးဝင်တာပဲရှိတယ် ... ထွက်သွားနိုင်တဲ့ လမ်းကြောင်း မရှိဘူး။ ဒါကြောင့် တစ်ဖက်ပိတ်လို့ပြောတာ။ ဒါကြောင့် ပင်လယ်သေထဲ စီးဝင်လာသမျှ ရေတွေဟာ ရေငွေ့ပျံလိုက်၊ အနည်ထိုင်လိုက်နဲ့ ရေထုက ညစ်ညမ်းပြီးရင်း ညစ်ညမ်းသွားတယ်။ ဆားဓာတ်တွေကလည်း ပိုပိုပြီး ကဲသည်ထက် ကဲလာတယ်၊ ဒါကြောင့် ဘယ်သက်ရှိမှ၊ အပင်တွေမှ အသက်မရှင်နိုင်တာပေါ့”

ပါမောက္ခကြီးက ခေတ္တနားပြီးနောက် ဆက်ပြောသည်

“ဂါလီလီပင်လယ်ကြီးကတော့ ဒီလို မဟုတ်ဘူးကွ ... ဂျော်ဒန်မြစ်ထဲကရေတွင် တစ်ဖက်က စီးဝင်လာပြီး ဂါလီလီ ပင်လယ်ကို ဖြတ်ကာ အခြားတစ်ဖက်ကို ပြန်ထွက်သွားကြတယ်။ နှစ်ဖက်ဖွင့်ထားတော့ ရေက သေမနေဘူးပေါ့။ ဒါကြောင့်လည်း အဲဒီပင်လယ်ကြီးထဲမှာ ငါးတွေ အပင်တွေ ရှင်သန်နိုင်ကြတာပေါ့”

ပါမောက္ခကြီးက ကျောက်သင်ပုန်းကြီးပေါ်တွင် တစ်ခုခု သွားရေးလိုက်သည်

“Result?”

ထို့နောက် ဆက်ပြောသည်

“ရလဒ်ကဘာလဲ ... အဲဒါ ဒီနေ့အတွက် မင်းတို့ အဖြေထုတ်ရမယ့် အကြောင်းအရာပဲ ... ဗီဇတူပေမယ့် တစ်ဖက်ပိတ်နဲ့ နှစ်ဖက်ဖွင့် ဘာတွေ ကွာခြားသွားသလဲ ... အဲဒါကို ပင်လယ်နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ မင်းတို့ ဆီက လေ့လာဆန်းစစ်ချက်တွေကို ဆရာလိုချင်တယ်။ လောကသဘာဝနဲ့ နှိုင်းယှဉ်ပြီး ကြိုက်သလို ရေးလို့ရတယ်။

လူ့ဘဝကြီးမှာလည်း ဒီအတိုင်းပဲ။ ငွေတွေကို စုကြ ... ပိုများအောင် လုပ်ကြ ပင်လယ်သေကြီးလို ဖြစ်နေတာတွေ အများကြီး။ စာတွေကို သင်ကြ၊ စာတွေကိုဖတ်ကြ ဦးနှောက်ထဲကို ရိုက်သွင်းပြီး ပြန်မထုတ် ခိုင်းတော့ အတွေးအခေါ်တွေ သေနေကြတာ အများကြီးပဲ။

မေတ္တာတရားတွေကိုလည်း ကိုယ့်သားမှသား ... ကိုယ့်သမီးမှ သမီး ... အခြားသူတွေဆီကို အစီးမခံတဲ့ မေတ္တာပုပ်တွေ အများကြီး။ အယူသာရှိပြီး အပေးမရှိရင် ပင်လယ်သေကြီးပဲကွမှတ်ထား။ ဒါကြောင့် ဒီနေ့ မင်းတို့တွေးရမှာ ရေးရမှာက ဘဝဆိုတာ ရယူခြင်းလား၊ ပေးဆပ်ခြင်းလား ကွဲပြားအောင် ခွဲခြားဆန်းစစ်ကြစမ်းတပည့်တို့”

“Life is not just about getting. It’s also about giving.”

Credit--တင်ညွန့်
၄.၆.၂၀၂၂
_______________________

"ထူးအိမ်သင် ဆိုခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း ကျတော့ တော်ရုံလူ နားမလည်ဘူး။ အဲဒီသီချင်းကို နားထောင်မယ့်လူက ဗင်းဆင့်ဗန်ဂိ...
06/05/2024

"ထူးအိမ်သင် ဆိုခဲ့တဲ့
ဗင်းဆင့်ဗန်ဂိုးတမ်းချင်း ကျတော့
တော်ရုံလူ နားမလည်ဘူး။
အဲဒီသီချင်းကို နားထောင်မယ့်လူက
ဗင်းဆင့်ဗန်ဂိုးအကြောင်း သိဖို့လိုမယ်။
အဲဒါမှ ခံစားလို့ရမှာ။
အဲဒီသီချင်းကိုလည်း
ပရိသတ်တချို့က စွဲလမ်းကြပါတယ်"

အထက်ပါအကြောင်းအရာတွေကို
ပြောကြားခဲ့သူကတော့
"ဗင်းဆင့်ဗန်ဂိုးတမ်းချင်း"သီချင်းကို ရေးဖွဲ့ခဲ့သူ
ဆရာဝင်းမင်းထွေး ဖြစ်ပါတယ်။
( ၂၀၀၇ ခုနှစ်၊ ဧပြီလထုတ်
Life Style မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ
ပြောကြားသွားခဲ့ခြင်း ဖြစ်ပါကြောင်း)

ကိုငှက်ရဲ့ "ဗင်းဆင့်ဗန်ဂိုးတမ်းချင်း" သီချင်းကို
စွဲစွဲမြဲမြဲ နားထောင်ဖူးပြီး
'ဗင်းဆင့်ဗန်ဂိုးဘဝဇာတ်ကြောင်း' ကို
မသိ/မဖတ်ဖူးတဲ့ ပရိသတ်အများစုထဲမှာ
ကျွန်တော်လည်း တစ်ယောက်အပါအဝင်
ဖြစ်ပါတယ်။ ဒါပေမဲ့ ခင်မင်ရသော
ဘော်ဒါတစ်ယောက်ရဲ့ ကျေးဇူးကြောင့်
'ဗင်းဆင့်ဗန်ဂိုး ဘဝဇာတ်ကြောင်း' ကို
မနေ့က ဖတ်ရှုလိုက်ရပါတယ်။
ဘာသာပြန် ရေးသားခဲ့သူကတော့
ဆရာစျာန်မင်း ဖြစ်ပြီး
ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ
ဆောင်းပါးခေါင်းစဉ်ဖြင့်
idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီဆောင်းပါးကို မဖတ်ဖူးသေးတဲ့လူများ
ဖတ်လို့ရအောင် အပြည့်အစုံ
စာပြန်စီပြီးတော့ တင်ပေးလိုက်ပါတယ်။
ဗင်ဂိုး (သို့) ကြယ်စုံည၌ အချစ်ပျောက်ခဲ့သူ
=============================
စျာန်မင်း

ဒတ်ခ်ျလူမျိုး ပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုးကို သည်နေ့အချိန်မှာ အကျော်ကြားဆုံး ပန်းချီဆရာကြီး တစ်ယောက်အဖြစ် အသိအမှတ် ပြုနေကြပါပြီ။ ပန်းချီပြတိုက်ကြီးများနှင့် ပန်းချီချစ်သူများက သူ့ရဲ့ ပန်းချီကားများကို ဒေါ်လာသန်းပေါင်းများစွာ ပေးပြီး မက်မက်မောမော ဝယ်ယူနေကြပါပြီ။ သူဆွဲခဲ့တဲ့ "အိုင်းရစ်ပန်းများ" ပန်းချီကားဟာ ၁၉၈၇ ခုနှစ်က ဒေါ်လာ ၅၃.၉ သန်း ရရှိပြီး နှစ်ဆယ်ရာစုအတွင်းမှာ စျေးနှုန်းစံချိန်တင်ခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ အသက်ရှင်စဉ်အတွင်း ပန်းချီကား တစ်ချပ်ပဲ ရောင်းခဲ့ရသူပါ။

ဗင်ဂိုးကို ၁၈၅၃ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ မွေးဖွားပါတယ်။ သူ့အဖေက ခရစ်ယာန်ဘာသာရေး ဝန်ထမ်းတစ်ဦးပါ။ မွေးချင်းရှစ်ယောက်မှာ သူက အကြီးဆုံး ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရောက်တော့ သူ့ဦးလေးရဲ့ ပန်းချီဆိုင်မှာ အလုပ်သင် အဖြစ် စလုပ်တယ်။ နောက်တော့ ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူ ဖြစ်လာတယ်။ ဖောက်သည်တွေနဲ့တော့ အမြဲငြင်းခုန်နေတာပဲ။ "အပေါစားပန်းချီတွေပဲ ကြိုက်တဲ့သူတွေ"လို့ သူက ဖောက်သည်တွေကို ဝေဖန်တယ်။ ပန်းချီဆိုင်က လန်ဒန်နှင့် ပဲရစ်မှာလည်း ဆိုင်ခွဲတွေ ရှိတာကြောင့် သည်ဆိုင်ခွဲတွေမှာလည်း သူ သွားလုပ်တယ်။ နောက်တော့ စာအုပ်ဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးဝင်လုပ်တယ်။ စာအုပ်ဝယ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ရိုင်းပြတယ်ဆိုပြီး အလုပ်ပြုတ်လာပြန်တယ်။

အလုပ်အမျိုးမျိုးပြောင်းလုပ်ရင်း ဘာသာရေးဖက် စိတ်လည်လာတယ်။ သူ့အဖေကလည်း ဘာသာရေးဝန်ထမ်းဖြစ်တာကိုး။ ဘာသာရေးတက္ကသိုလ်တစ်ခုကို တက်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲဖြေတာ ရှုံးပါတယ်။ လက်တင်ဘာသာနဲ့ ဂရိဘာသာတွေကို မသင်ဘူးလို့ ငြင်းဆန်တဲ့အတွက် ရှုံးရတာပါ။ သည်နောက်မှာတော့ ဘယ်လ်ဂျီယန် တောင်ပိုင်းဒေသက ကျောက်မီးသွေးတူးတဲ့နေရာမှာ တရားဟောဆရာ အလုပ်ကို ရတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ သူ့ရဲ့ ကြောင်တောင်တောင် နေပုံထိုင်ပုံတွေကြောင့် အလုပ်ပြုတ်ရပြန်တယ်။ သူက အိပ်တော့လည်း ကောက်ရိုးအခင်းပေါ်မှာပဲ အိပ်တယ်၊ စားတော့လည်း စားကြွင်းစားကျန်တွေပဲ စားတယ်။ အဝတ်အစားကိုလည်း ဘယ်တော့မှ မလဲဘူး။ သူ့ရဲ့ အနေအထိုင် ညစ်ပတ်မှုကို ကျောက်မီးသွေးတူး အလုပ်သမားတွေကတောင် လက်ဖျားခါရတယ်။ လမ်းသွားတဲ့အခါ ဘယ်တော့မှ ဖိနပ်မပါတဲ့ သူ့နောက်ကို ကလေးတွေက လိုက်ပြီး "အရူးအရူး" လို့ အော်ဟစ်တတ်ပါတယ်။

တရားဟောဆရာအလုပ်က ပြုတ်လာတော့ ဗင်ဂိုးအသက်က ၂၇ နှစ်ထဲ ရောက်နေပါပြီ။ အကြီးအကျယ် စိတ်ပျက်အားငယ်နေရင်း ပန်းချီရေးဆွဲတဲ့ အလုပ်ထဲမှာ စိတ်သက်သာရာ ရှာတွေ့ခဲ့ပါတယ်။ သည်အချိန်ကစပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်တဲ့ ၁၈၉၀ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်းမှာ ပန်းချီကားပေါင်းရာနဲ့ချီ တရစပ် ရေးဆွဲနေခဲ့ပါတယ်။

သူဆွဲခဲ့တဲ့ ပန်းချီတွေက စျေးကွက်မဝင်ပါဘူး။ သူဟာ သူ့ညီရဲ့ ထောက်ပံ့ငွေနဲ့ပဲ ရပ်တည်နေခဲ့ရပါတယ်။ သူ့ရဲ့ အယူအဆတွေကလည်း သူ့ခေတ်နှင့် အံမဝင်ပဲ ဖြစ်နေပါတယ်။ ဘယ်လ်ဂျီယန်နိုင်ငံရဲ့ အန့်ဝပ်ပန်းချီကျောင်းက ပန်းချီနည်းပြနဲ့ ရန်ဖြစ်တာကိုကြည့်ရင် ဗင်ဂိုးရဲ့ အယူအဆကို သိနိုင်ပါတယ်။ တစ်ခါတော့ နည်းပြဆရာက ဗင်ဂိုးကို ဗီးနပ်စ် အချစ်နတ်သမီးပုံ ရေးဆွဲခိုင်းပါတယ်။ ဗင်ဂိုးက အချစ်နတ်သမီးပုံကို ရေးဆွဲရာမှာ နတ်သမီးရဲ့ တင်ပဆုံကို ထွားထွားကားကား ရေးဆွဲလိုက်ပါတယ်။ ဒါကိုမြင်တော့ နည်းပြဆရာက ဒေါသပေါက်ကွဲပြီး သူ့ပန်းချီကားကို ဓားနဲ့ခွဲဖျက်ပစ်လိုက်တယ်။ ဗင်ဂိုးကလည်း မခံဘူး။ ဆရာ့ကို ပြန်အော်တယ်။ "ငရဲအိုးထဲ ဇောက်ထိုးကျပါစေဗျာ၊ မိန်းမဆိုတာ ကိုယ်ဝန်လွယ်ဖို့အတွက် တင်ပဆုံရိုးကားရမယ်ဆိုတာ ခင်ဗျားမသိဘူးလား"တဲ့။

၁၈၈၆ ခုနှစ်မှာ ပဲရစ်မြို့ကို သူ ပြောင်းလာတယ်။ ပြင်သစ်ပန်းချီလောကကို ကန့်လန့်တိုက်နေကြတဲ့ "တူးလူးလိုးထရက်"တို့၊ "ပေါဂေါ်ဂင်"တို့နဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တော့တာပဲ။ ၁၈၈၈ ခုနှစ်ကုန်ပိုင်းမှာ သူနဲ့ ဂေါ်ဂင်တို့ နှစ်ယောက်သား ပြင်သစ်ပြည် အရှေ့တောင်ပို်င်းက မြို့ကလေးတစ်မြို့မှာ အတူတူနေရင်း ပန်းချီဆွဲကြတယ်။ ပန်းချီကားတွေ အများကြီးတော့ ရေးဆွဲဖြစ်ကြပါရဲ့။ ဒါပေမယ့် စိတ်သဘောထားခြင်းတော့ ကွဲလွဲခဲ့ကြတယ်။ မတည့်အတူနေမိကြတဲ့ ပန်းချီဆရာနှစ်ယောက်ဟာ မကြာခဏ စကားများပြီး ရန်ဖြစ်ကြပါတယ်။ တစ်ခါတော့ ဂေါ်ဂင်က ဗင်ဂိုးနဲ့ တစ်စားပွဲတည်းထိုင်ပြီး အစားအသောက် မစားဘူးလို့ ငြင်းဆန်တဲ့အထိ ခါးခါးသည်းသည်း ဖြစ်ကြပါတယ်။ ဗင်ဂိုးဆီက ရောဂါကူးမှာ ကြောက်တဲ့အတွက်ကြောင့်လို့လည်း ပြောတယ်။ နောက်တစ်ကြိမ် အကြီးအကျယ် စကားများပြီးတဲ့နောက်မှာတော့ ဗင်ဂိုးဟာ သူ့ရဲ့ ဘယ်ဘက်နားရွက်ကို ဓားနဲ့ လှီးဖြတ်ပြီး ဂေါ်ဂင်နဲ့ ကြည်နေတဲ့ ပြည့်တန်ဆာမလေးဆီကို ပို့လိုက်ပါတယ်။ ပြည့်တန်ဆာမလေးတွေက သူ့ကို မကြည်ပဲ ဂေါ်ဂင်နဲ့ပဲ အလွမ်းသင့်နေတာကို မနာလိုစိတ်နဲ့ လုပ်လိုက်တာလို့ ဆိုကြပါတယ်။ နားရွက်ပြတ်ကို စာအိတ်ထဲမှာ အသေအချာထည့်ပြီး ပို့လိုက်တာပါ။ "သည်ပစ္စည်းကို ရတနာတစ်ခုလို သေသေချာချာ သိမ်းဆည်းထားပါ" လို့ ပြောရင်း စာအိတ်ကို လှမ်းပေးလိုက်တယ်။ ခရစ်စမတ်အကြိုနေ့မှာ ပေးတာဆိုတော့ ခရစ်စမတ်လက်ဆာင်လို့ပဲ ထင်မိတာပေါ့။့ပြည့်တန်ဆာမလေး ရေချယ်ဟာ ဝမ်းသာအားရနဲ့ စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ သွေးရဲရဲနဲ့ နားရွက်ပြတ်တစ်ခုကို အလန့်တကြား တွေ့လိုက်ရပါတယ်။ တစ်ခါတည်း မူးလဲပြီး သတိလစ်သွားတော့တာပဲ။

ယခုခေတ် ဆေးပညာအရဆိုရင် ဗင်ဂိုးဟာ Manic Depression ဆိုတဲ့ စိတ်ရောဂါတစ်မျိုး စွဲကပ်နေသူပါ။ သူဟာ စိတ်ရောဂါကု ဆေးရုံတစ်ခုမှာ တစ်နှစ်လောက် တက်ရောက်ကုသခံခဲ့ဖူးပါတယ်။ သူဟာ သူ့ရဲ့ စိတ်ဝေဒနာကို နာကြည်းခံပြင်းရင်း ပန်းချီကားရေးဆွဲမှုနဲ့ ချေဖျက်ကုစားနေတာ ဖြစ်နိုင်ပါတယ်။ ၁၈၉၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ သူ့ဗိုက်ကို သေနတ်နဲ့ ပစ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ မသေခင် သုံးလအလိုက သူပြောခဲ့တဲ့ စကားတစ်ခွန်းက "ကျိန်စာတိုက်ထားတဲ့ သည်ရောဂါဆိုးကြီးကို မခံစားရဘဲ အလုပ်လုပ်နိုင်ခဲ့မယ်ဆိုရင် ငါ ဘာတွေလုပ်နိုင်ခဲ့မှာပါလိမ့်"တဲ့။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်မှာ ကျိန်စာတိုက်ခံရတဲ့ ကလေးရဲ့ မျက်ရည်များဟာ ပုလဲလုံးများအဖြစ် ပြောင်းလဲသွားခဲ့သလိုပဲ သူ့ရဲ့ အပယ်ခံပန်းချီကားများဟာလည်း အနုပညာရတနာများအဖြစ် ပြောင်းလဲသွားတာကိုတော့ ဗင်ဂိုးတစ်ယောက် မသိနိုင်ခဲ့ရှာဘူး။

အချစ်ရေးဘဝ
------------

တကယ်လို့သာ ဗင်ဂိုးဟာ အချစ်ရေးမှာ အောင်မြင်မှုရခဲ့မယ်ဆိုရင် အသက် ၃၇ နှစ်လို ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ့်ကိုကိုယ် သတ်သေတာမျိုးကို လုပ်ခဲ့မှာမဟုတ်ဘဲ သည့်ထက် အသက်ရှည်ရှည်နေသွားမှာ သေချာပါတယ်။ ဒါပေမယ့် ပန်းချီစုတ်တံကိုတော့ ကိုင်ကောင်းမှကိုင်ခဲ့ပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံး တည်တံ့ခိုင်မာတဲ့ အမျိုးသမီးအဖော်မွန်တစ်ယောက်ကို မရနိုင်ခဲ့တဲ့အဖြစ်ဟာ သူ့ရဲ့ စိတ်ဓာတ်ကို ပြိုကွဲစေခဲ့ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့အဖြစ်ဆိုးမှာ နိဂုံးချုပ်စေခဲ့ပါတယ်။

ဗင်ဂိုး ပထမဆုံးချစ်မိသူက အာဆူလာလွိုင်ယာ ဆိုတဲ့ မိန်းမပျိုလေး ဖြစ်ပါတယ်။ လန်ဒန်က ပန်းချီဆိုင်ခွဲမှာ အလုပ်လုပ်နေစဉ် သူငှားနေတဲ့ အိမ်ရှင်ရဲ့ သမီးလေးပါ။ အသက်နှစ်ဆယ့်တစ်နှစ်အရွယ်ရှိတဲ့ ဗင်ဂိုးဟာ မိန်းကလေးရဲ့ အခြေအနေကို ဘာမှမစုံစမ်းဘဲ တန်းတန်းစွဲ ဖြစ်နေပါတယ်။ တကယ်တော့ မိန်းကလေးက စေ့စပ်ကြောင်းလမ်းပြီးနေပါပြီ။ လပေါင်းများစွာကြာတဲ့တစ်နေ့တော့ ဗင်ဂိုးဟာ သူ့ရဲ့ အချစ်ကို ဆက်မအောင့်အည်းနိုင်တော့ဘဲ မိန်းမပျိုထံသွားပြီး ကောက်ခါငင်ခါ ချစ်ရေးဆိုပါတော့တယ်။ မိန်းမပျိုကတော့ သူ့ကိုကြည့်ပြီး ကြောက်ရွံ့ ရွံရှာစိတ်တွေဖြစ်လို့ပေါ့။ အချစ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဗင်ဂိုးလည်း စိတ်ကျဝေဒနာကို အလူးအလဲခံစားရပါတော့တယ်။

ဒုတိယမြောက် ချစ်ရသူကတော့ သူ့ညီမဝမ်းကွဲ စထရစ်ကာဗော့စ် ဖြစ်ပါတယ်။ စထရစ်ကာဗော့စ်ဟာ ယောက်ျားဖြစ်သူ သေဆုံးသွားပြီးနောက် မကြာခင်မှာ ဗင်ဂိုးတို့အိမ်ကို အလည်လာပါတယ်။ ဗင်ဂိုးဟာ မုဆိုးမအသစ်စက်စက်လေးအပေါ် အကြင်နာစိတ်တွေ ယိုဖိတ်ပြီး တိတ်တခိုးချစ်မိပြန်ပါတယ်။ ဒါပေမယ့် ကြာကြာမအောင့်နိုင်ပါဘူး။ ပထမတိုက်ပွဲမှာတုန်းကလိုပဲ လျှပ်တစ်ပြက်စစ်ဆင်ရေးနဲ့ စထရစ်ကာဗော့စ်ရဲ့ နှလုံးသားကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ သူ့အကိုဝမ်းကွဲရဲ့ လက်ထပ်ခွင့်တောင်းတဲ့စကားကို ကြားရတဲ့အခါ စထရစ်ကာဗော့စ်က "မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ မဖြစ်နို်င်ဘူး" လို့ ချက်ချင်းပြန်ဖြေလိုက်တယ်။ ဗင်ဂိုးတို့အိမ်မှာလည်း ကြာကြာဆက်မနေတော့ဘဲ သူ့မိဘများရှိရာ အမ်စတာဒမ်မြို့ကို အမြန်ပြန်သွားပါတော့တယ်။

သည်တစ်ခါတော့ ဗင်ဂိုးဟာ ပထမအကြိမ် အငြင်းပယ်ခံရတုန်းကလို အလွယ်တကူနဲ့ လက်မြှောက်အရှုံးမပေးပါဘူး။ ငွေချေးပြီး အမ်စတာဒမ်ကို လိုက်သွားပါတယ်။ စထရစ်ကာဗော့စ်ရဲ့ အိမ်ကိုရောက်တော့ ညစာစားနေတဲ့အချိန်ပါ။ သူဟာ အိမ်ထဲကို ဝင်ပြီး ညစာစားနေတဲ့နေရာကို ဂမူးရှုးထိုး ရောက်လာပါတယ်။ ဗင်ဂိုးမှန်းသိတာနဲ့ စထရစ်ကာဗော့စ်ဟာ သူ့အခန်းထဲ ဝင်ပြေးတော့တာပဲ။ ဗင်ဂိုးခမျာ စကားတစ်ခွန်းမှ မပြောလိုက်နိုင်ဘူး။

စထရစ်ကာဗော့စ်ရဲ့ မိဘများကတော့ ဗင်ဂိုးအပေါ်မှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဗင်ဂိုးက သူ့ရဲ့ ချစ်ညီမကို တွေ့ရမှ ပြန်မယ်လို့ပြောပြီး ငုတ်တုတ်ထိုင်စောင့်နေပါတယ်။ စထရစ်ကာဗော့စ် ထွက်နှုတ်ဆက်မှ ပြန်သွားပါတယ်။ ဒုတိယအကြိမ် လာလည်တော့လည်း သည်အတိုင်းပဲ။ တတိယအကြိမ် လာလည်တဲ့အခါမှာ စထရစ်ကာဗော့စ်ကို မတွေ့မချင်း ဖန်မီးအိမ်ရဲ့ မီးတောက်ထဲမှာ သူ့လက်ကို ထည့်ထားမယ်ဆိုပြီး တကယ်လည်း ထည့်ထားခဲ့ပါတယ်။ သူ့ရဲ့ တောင်းဆိုချက်ဟာ အဓိပ္ပာယ် မရှိဘူးလို့ ဦးလေးနဲ့ အဒေါ်က ပြောယူရပါတော့တယ်။

သည်တစ်ကြိမ် ရှုံးပြီးတဲ့နောက်မှာ ဗင်ဂိုးဟာ သူ့ကိုယ်သူ ဘယ်လိုမှ ထိန်းလို့မရတော့ပါဘူး။ ထွက်ပေါက်မရတဲ့ သူ့အချစ်စိတ်တွေဟာ သူ့တစ်ကိုယ်လုံးကို ထိုးဆွနှိပ်စက်နေပါတယ်။ "မိန်းမတစ်ယောက်တော့ မရှိလို့မဖြစ်တော့ဘူး။ ငါ့အနားမှာ မိန်းမတစ်ယောက်မရှိရင် ငါ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းပြီး ကျောက်တုံးတစ်တုံး ဖြစ်သွားလိမ့်မယ်" လို့ သူညည်းတွားဖူးပါတယ်။

ဗင်ဂိုးဟာ စိတ်လေလေနဲ့ လမ်းတကာလျှောက်သွားရင်း ပြည့်တန်ဆာမတွေနဲ့ တွေ့ကြုံသိကျွမ်းပါတယ်။ ပြည့်တန်ဆာမတွေကိုလည်း သဘောကျသွားပါတယ်။ သူနဲ့ဘဝတူ အပယ်ခံတွေ မဟုတ်လား။ ဘယ်တော့မှ မငြင်းဆန်သူတွေ မဟုတ်လား။ ဗင်ဂိုးအဖို့ ပြည့်တန်ဆာမတွေဟာ ချစ်ညီမတွေ ဖြစ်နေပါတယ်။ ချစ်မိတ်ဆွေတွေလည်း ဖြစ်နေပါတယ်။ ဗင်ဂိုးဟာ ပြည့်တန်ဆာလောကမှာ ပျော်မွေ့နေခဲ့ပါတယ်။

ဗင်ဂိုးဟာ အသက်အရွယ်ကြီးရင့်တဲ့ ပြည့်တန်ဆာမျိုးကို ပိုပြီး သဘောကျတတ်ပါတယ်။ သည်လိုနဲ့ပဲ ကိုယ်ဝန်ရှိနေတဲ့ ပြည့်တန်ဆာမတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားတယ်။ သူ့နာမည်က မာရီယာတဲ့။ မာရီယာဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးနဲ့အတူ ဗင်ဂိုးဆီမှာ လာနေပါတယ်။ မကြာခင်ပဲ သားတစ်ယောက်ကို မွေးဖွားလိုက်တယ်။

ဗင်ဂိုးရဲ့ မိသားစုဟာ သည်သတင်းကို ကြားရတော့ တော်တော် ရှက်ကြပါတယ်။ ပိုဆိုးတာက ဗင်ဂိုးဟာ မာရီယာနဲ့အတူ တစ်နှစ်ကျော် ပေါင်းသင်းနေထိုင်ပြီး လက်ထပ်ဖို့အထိ စဉ်းစားနေတဲ့အချက်ပါပဲ။ မာရီယာဟာ ဗင်ဂိုးရဲ့ အချစ်စိတ်ကို ဖြည့်ဆည်းပေးရုံမက ပန်းချီဆွဲရာမှာလည်း စံပြမယ်အဖြစ် ထိုင်ပေးပါတယ်။ ဗင်ဂိုးဟာ မာရီယာရဲ့ ကျေးဇူးကြောင့် လုံးတီးပုံတချို့ ရေးဆွဲနိုင်ခဲ့တဲ့အပြင် ဂနိုးရီးယားကာလသားရောဂါကိုပါ ရရှိပြီး ဆေးရုံမှာ သုံးပတ်ကြာအောင် ကုသခံခဲ့ရပါတယ်။ ဒါပေမယ့် ဗင်ဂိုးဟာ မာရီယာကို စိတ်မကွက်ပါဘူး။ သူ့သားလေး ဝီလျမ်ကို မွေးပေးရတဲ့ ဆင်းရဲက သူ့ဆင်းရဲထက် ပိုကြီးတယ်ဆိုပြီး ခွင့်လွှတ်ခဲ့ပါတယ်။

ဗင်ဂိုးရဲ့ ခွင့်လွှတ်စိတ်ဟာ တာရှည်တော့ မခံခဲ့ပါဘူး။ မာရီယာရဲ့ အကျင့်ဆိုးတွေက သူ့ကို ကောင်းကောင်းနှိပ်စက်ပါတယ်။ မာရီယာဟာ စည်းမရှိကမ်းမရှိ ဖြစ်ကတတ်ဆန်း နေထိုင်တယ်။ အပြောအဆို သိမ်မွေ့မှုမရှိဘဲ အပေါက်ဆိုးတယ်။ အမြဲတမ်း အရက်မူးနေတတ်တယ်။ နောက်ဆုံးတော့ မာရီယာဟာ လမ်းပေါ်ပြန်ရောက်သွားပါတယ်။ သားသမီးတွေလည်း သူ့နဲ့ပါသွားတယ်။ အိမ်ထောင်ပျက်တစ်ယောက်လို ဖြစ်သွားတဲ့ ဗင်ဂိုးဟာ နယ်သာလန်ရဲ့ မြို့တော်ကို ကျောခိုင်းထွက်ခွာလာခဲ့ပါတယ်။

၁၈၈၄ ခုနှစ်မှာ ထူးခြားတဲ့ ချစ်ကိစ္စတစ်ခုကို ဗင်ဂိုး တွေ့ကြုံရပါတယ်။ သည်တစ်ကြိမ်မှာတော့ ဗင်ဂိုးက လိုက်သူမဟုတ်ဘဲ အမျိုးသမီးက လိုက်သူဖြစ်နေတယ်။ သူ့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာဂေါ့ဘီဂီမန်ဆိုသူပါ။ မာဂေါ့ဘီဂီမန်ဟာ ရိုးရိုးအအ ဝတ်စားတတ်တဲ့ အသက် ၄၁ နှစ်အရွယ် အပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။ သူ့ထက် ဆယ်နှစ်ငယ်တဲ့ ဗင်ဂိုးကို သူ့ဘဝရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ယူဆပြီး ချည်းကပ်ပုံရပါတယ်။ ဗင်ဂိုးက မာဂေါ့ဘီဂီမန်ကို "မကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေကြောင့် ပုံပျက်ပန်းပျက်ဖြစ်သွားရတဲ့ ကရီမိုနာ တယောတစ်လက်"လို့ ခိုင်းနှိုင်းပြောဆိုပါတယ်။ ကရီမိုနာတယောဟာ အီတလီနိုင်ငံ ကရီမိုနာမြို့က ထုတ်လုပ်တဲ့ တယောဖြစ်ပြီး လှလည်းလှပ၊ အသံလည်း အလွန်သာယာတဲ့ ကမ္ဘာကျော်တယော ဖြစ်ပါတယ်။ ဗင်ဂိုးဟာ အပျိုကြီးမမကို လက်ထပ်ဖို့ သဘောတူခေါင်းညိတ်လိုက်ပါတယ်။ သနားလို့ပဲ သတောတူခဲ့တာလား။ တကယ် ချစ်ခင်စုံမက်လို့ပဲ သဘောတူခဲ့တာလား။ ဂရုဏာစိတ်နဲ့ မေတ္တာစိတ်တို့ ဖက်စပ်ပေါင်းစည်းပြီး ဗင်ဂိုးရဲ့ ခေါင်းကို ညိတ်စေခဲ့တာလား။ ဘာကြောင့်ဆိုတာကိုတော့ ဗင်ဂိုးကိုယ်တိုင်ပင် သိမှာမဟုတ်ဘူး။ ဒါပေမယ့် မာဂေါ့ရဲ့ မိဘများက သဘောမတူပါဘူး။ မာဂေါ့ဟာ မိဘနှစ်ပါးရဲ့ သဘောတူညီချက်ကို မရတဲ့အခါ ရှင်ကွဲကွဲတာထက် သေကွဲကွဲတာက ပိုကောင်းမယ်ထင်ပြီး အဆိပ်သောက်ပါတော့တယ်။ ဒါကို ဗင်ဂိုးက သိလို့ အချိန်မီ အန်ထုတ်အောင် လုပ်နိုင်ခဲ့တယ်။ မာဂေါ့အသက်ဆက်ရှင်ပေမယ့် သူတို့နှစ်ယောက် လက်မထပ်ဖြစ်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ ဗင်ဂိုးဟာ တူးလူးလိုးထရက်တို့လို မိတ်ဆွေပန်းချီဆရာတွေနဲ့အတူ ပဲရစ်က ပြည့်တန်ဆာအိမ်များကို သွားရောက်ပျော်ပါးနေခဲ့ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်နဲ့ ဖြစ်လိုက်ပါသေးတယ်။ ပြည့်တန်ဆာများနဲ့ ပျော်ပါးတဲ့ အကျိုးရလဒ်အဖြစ် ကာလသားရောဂါဟာ သူ့ဆီမှာ ပူးတုံ ခွာတုံဖြစ်နေခဲ့ပါတယ်။ သူ့ကိုယ်သူ သတ်သေတဲ့ကိစ္စမှာ ဘဝတစ်လျှောက်လုံး သူခံစားနေရတဲ့ စိတ်ရောဂါအပြင် သည်လိုကာလသားရောဂါနဲ့ ဖိစီးနှိပ်စက်တဲ့ ဒဏ်တွေလည်း ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ နာမည်ကျော် "ကြယ်တွေစုံတဲ့ည" ပန်းချီကားထဲမှာ အံ့ချီးဖွယ်ရာအရောင်တွေနဲ့ ပြိုးပြိုးပြက်ပြက်နေပေမယ့် ချစ်ခြင်းမေတ္တာရဲ့ အရောင်တော့ စုတ်ချက်တစ်ချက်စာပင် မပါဝင်ဘူးလို့ ဝေဖန်မယ်ဆိုရင် အချစ်ငတ်သမားကြီး ဗင်းဆင့်ဗင်ဂိုးအတွက် ရက်စက်ရာကျ ကောင်းကျလိမ့်မလား။

ဗင်ဂိုး၏ နီတိစကား
-----------------

ပန်းချီဆွဲခြင်းနှင့် လိင်ဆက်ဆံခြင်းတို့သည်
သဟဇာတမဖြစ်ပါ။ လိင်ဆက်ဆံခြင်းကြောင့်
ဦးနှောက်ခွန်အားကို ဆုတ်ယုတ်စေပါ၏
ပန်းချီရေးဆွဲသည့် အလုပ်ကို
စွမ်းအားထက်မြက်စွာ လုပ်လိုပါက
လိင်ဆက်ဆံမှုကို လျှော့သင့်ရှောင်သင့်ပါ၏

စျာန်မင်း
(စာညွှန်း - The Intimate S*x
Lives of Famous People)
CRD.

ကြယ်စုံတဲ့ည (starry night) ပန်းချီကား
👇

crd to org uldr writing and photo

🟠"အရှင်ဥဒါယီနှင့်အမှုထူးသုံးမှု"🟠------------------------------------------------------♦️အပိုင်း(၃)♦️.....☘️(Final Part)...
03/05/2024

🟠"အရှင်ဥဒါယီနှင့်အမှုထူးသုံးမှု"🟠
------------------------------------------------------
♦️အပိုင်း(၃)♦️.....
☘️(Final Part)☘️
--------------------------------------------------------------------------

ဒီ ကုဋေရှစ်ဆယ်သူဌေးသားကဗျာအပေါ်ရှုမြင်သုံးသပ်ချက်အယူအဆအကြောင်းကိုဖတ်မိတာကြာပါပြီ။ ရေး တဲ့ လူ ကို ကျေးဇူး ဂါရဝ ပြုလိုက်ပါ...
02/05/2024

ဒီ ကုဋေရှစ်ဆယ်သူဌေးသားကဗျာအပေါ်ရှုမြင်သုံးသပ်ချက်အယူအဆအကြောင်းကိုဖတ်မိတာကြာပါပြီ။
ရေး တဲ့ လူ ကို ကျေးဇူး ဂါရဝ ပြုလိုက်ပါတယ်။
မမေ့ပါနဲ့။အဲဒီကဗျာကိုလည်းဂျင်းကတုံး(အဆင့်မြင့်သူဖုန်းစား)တစ်ဦးကရေးထားတာပါ။
*(စာဆိုတော်ဂျင်းဖုန်းကြီးငဆားတုံ➡️ကုဋေရှစ်ဆယ်သူဌေးသားကဗျာ)*
တကယ်တမ်းတော့အဲ့ကဗျာဟာ IQ ကိုအလေးပေးအမွှမ်းတင်ပြီး EQ ကိုပစ်ပယ်ချောင်ထိုးတဲ့ဒဿနနဲ့ဖွဲ့ဆိုထားတဲ့ဂျင်းဆုံးမစာ၊ဂျင်းကဗျာပါပဲ။

✅❎✅❎✅❎✅❎✅❎✅❎✅❎✅❎

" ကုဋေရှစ်ဆယ် သူဌေးသားကသိပ်သနားဖို့ကောင်းတယ်နော် ဆရာမ "
ဆရာမ မျက်ထောင့်နီနဲ့ ကြည့်တဲ့အကြည့် ကျွန်တော်သိသည်။
" နင်က ဘာသနားတာလဲ "
" နင်သာ လူမိုက် ဒုစရိုက်တဲ့..လား ဆရာမရယ် သူက
ဘာမဟုတ်တာ လုပ်လို့လဲ "
ဆရာမ မျက်လုံးပြူးပြီး ကြည့်တယ်။
ဘာမှမပြောသေးဘူး။
" သူ့ရှိတဲ့ ပိုက်ဆံလည်း အခိုးခံရတယ်။ လူတွေက ကျေးဇူးတရား နားမလည်ကြဘူးနော် "
" သူက ပညာမှ မတတ်တာ "
" ပညာမတတ်ရင် နှလုံးသားမဲ့ရောလား...ဆရာမ။
သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီးမခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်းသိလို့ တောင်းစားတာလေ....ဘာလို့ဝိုင်းရိုက်တာလဲ "
" အဲ့ဒါ "
" သားကတော့ အဲ့ဒီလူ့ပတ်ဝန်းကျင်ကိုပဲ အမြင်ကပ်တာ။ သူတို့လည်း ပညာမဲ့လောက်တယ်။ ပညာတင်မကဘူး နှလုံးသားလည်း မဲ့လောက်တယ် "
" ဘာ "
" သားမေးပါရစေ...
အဲ့ဒီကဗျာက သူဌေးသားကို
အကောင်းပြောတာလား....?
မကောင်းပြောတာလား....? "
" ဟို...မကောင်းပြောတာလေ သားရဲ့ "
" ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေက ကောင်းတယ်ပေါ့ "
" ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ "
" နှလုံးသားမဲ့တာကျတော့ရော...?
စာနာစိတ်မဲ့တာကျတော့ရော...?
မြေနိမ့်ရာ လှံစိုက်တာကျတော့ရော...?
ကူညီရကောင်းမှန်း မသိတာကျတော့ရော...? "
" ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား "
" ဆရာမ ဒီမှာကြည့် "
ဆရာမကို သူ လက်ခလယ်ထောင်ပြလိုက်တယ်။
" နင် နင် ရိုင်းလှချည်လား "
" သား ဘာရိုင်းလို့လဲ "
" နင်ငါ့ကို ဘာလို့ လက်ခလယ် ထောင်ပြတာလဲ "
" နင့်ကို ကျောင်းအုပ်ကြီးရုံးခန်း ပို့မယ် "
" သားပေးချင်တဲ့ ဥပမာက အဲ့ဒါ .....!
သား ဘယ်လိုရှင်းပြရှင်းပြ ဆရာမ
လက်ခံမှာ မဟုတ်တော့ဘူး...
သားရဲ့ လက်ခလယ်မှာ မှဲ့ပါတယ်။
ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်။
တူတဲ့အခါ တူမယ်..ကွဲတဲ့အခါ ကွဲမယ်...
ဒါပေမယ့် ပြသူမှာ ပိုတာဝန်ရှိတယ်
ဒီကဗျာလည်း ဒီလိုပြ "
" ဘာဆိုင်လို့လဲ "
" ဆားထုံဆရာတော်က ပညာမဲ့တာကို အဆိုးရေးထားတယ်။
နှလုံးသားမဲ့တာကို အပြစ်တောင် တင်မထားဘူး။
ဆရာမ ဘယ်လိုမြင်လဲမသိဘူး
သားကတော့ ဒီလိုပဲမြင်တယ် "
" သားထပ်မေးမယ်
ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်သာ ပိုဆိုးလဲ "

Scorpioတွေအတွက် ၁ယောက်တည်းနေထိုင်လှုပ်ရှားတာက ပိုပြီးအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။သူတို့တွေဟာအကြမ်းတမ်းဆုံးမဟုတ်ပ...
02/05/2024

Scorpioတွေအတွက် ၁ယောက်တည်းနေထိုင်လှုပ်ရှားတာက ပိုပြီးအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။
သူတို့တွေဟာအကြမ်းတမ်းဆုံးမဟုတ်ပေမယ့် အကြမ်းတမ်းဆုံး ရန်သူကိုတောင် နလန်မထူနိူင်အောင်ပြိုလဲစေနိူင်လောက်ပါတယ်။ဒါscorpioတွေရဲ့ ကြောက်စရာအကောင်းဆုံးစရင်းမှာ အဆင့်၁ဖြစ်စေတဲ့အကြောင်းရင်းပါ။
ကိုယ့်ဘက်ရပ်ကိုယ်ပြောနေတာမဟုတ်ပါဘူး ပြီးတော့ Natural powerတွေပါရှိနေပါသေးတယ်။ဒါကိုတော့ ကိုယ့်ကိုယ်ကိုသိကျလောက်မယ်ထင်ပါတယ်။
စိတ်ခံစားမှုအရမ်းကောင်းပြီး အမြင်ထဲ ၃ဖက်မြင်ပုံရိပ်ကိုပါ ပုံဖော်နိူင်ပါတယ်။
Scorpioအများစုက ကာယအားနဲ့ညာဏအားကိုပါ ပိုင်ဆိုင်ထားပြီး ကိစ္စတစ်ခုခုရင်ဆိုင်ရင်လည်း ဒီအရာတွေကြောင့်ပဲ ဖြေရှင်းနိူင်တာများပါတယ်။တစ်ဖက်တည်းမှာပဲသာနေသည်မဟုတ် ချိန်ခွင်ကျကျ အလယ်မှာနေခြင်းဖြစ်တယ်။
Scorpioတွေကြိုပြောသမျှစကားတွေကအမှန်ဖြစ်လာပြီး အကြားအမြင်ကိုလည်း ပိုင်ဆိုင်ထားကျပါသေးတယ်၊ဒါကတော့ လူတိုင်းမဟုတ်ပါဘူး သူ့ကံကြမ္မာ သူ့နက္ခနဲ့သူလာကျတာမို့လို့ လူတိုင်းဖြစ်မဖြစ်မ​သေချာမပြောနိူင်ပါဘူး
အများအမြင်မှာတော့ ရုပ်တည်ကြီးတွေနဲ့နေပြီး ကြောက်စရာပုံစံဖြစ်နေပေမယ့် တကယ်ရင်းနှီးသွားတဲ့အခါချစ်စရာအတော်ကောင်းတဲ့ Scorတွေပါ။အဲ့လိုကြောက်စရာပုံစံဖြစ်နေတဲ့အတွက် တချို့လူတွေကမာနကြီးတယ် ကြောက်ဖို့ကောင်းတယ်ဆိုပြီးဘယ်သူကမှလာမရောမပေါင်းတတ်တဲ့အတွက် scorလေးတွေက အထီးကျန်နေရတာပါ ပြီးတော မှန်တာတွေပြောရင်း ရွာပြင်ရောက်ကုန်ကျလို့ ၁ယောက်တည်းဖြစ်နေကျတာကများပါတယ်။
Scorတွေကို ရန်ဘက်အဖြစ်မရွေးချယ်သင့်ပါဘူး။ဒါကိုတော့ recommendပေးပါတယ်။ Scorတွေက သူတပါးရဲ့အားနည်းချက်ကို ရှာတတ်တယ် ပြီးရင် ရန်သူကဘယ်လောက်အင်အားကြီးပါစေ အားနည်းချက်ကိုသာ ဦးစားပေးတိုက်ခိုက်တတ်ကျလို့ပါ အပေါ်မှာပြောခဲ့သလို အကောင်ကြီးတဲ့ရန်သူကိုတောင် နလန်မထူအောင်ပြိုလဲစေနိူင်တယ်ဆိုတဲ့အချက်က ဒီအချက်ပါပဲ။Scorတွေကသူ့ဘာသာအေးဆေးလေးပဲနေတတ်တာမို့ သွားမရှုပ်သင့်ဖို့အကြံပေးပါတယ်။ သွေးအေးငြိမ်သက်ပြီး အဆိပ်ပြင်းတဲ့သတ္တဝါမို့လို့ပါ
တကယ့် အပြင်က ကင်းမှီးကောက်တွေကိုသာကြည့်ပါဗျ၊ သူကဘယ်သူ့ကိုမှအရင်မတိုက်ခိုက်တတ်ပါဘူး သူ့လမ်းသူသွားပါတယ်သူလာတဲ့အခါအသံလည်းမကြားရပါဘူး သူတို့ကအမှောင်ထဲမှာ ပိုစွမ်းပါတယ်။
Scorpioတွေက အနေအေးပြီးတစ်ယောက်တည်းဖြစ်နေတတ်ပေမယ့် Zodiacအချင်းချင်းတိုက်ခိုက်တတ်လားဆိုရင်တော့ တိုက်ခိုက်တတ်ပါတယ်။ Scorတွေမှာ Red Flag နဲ့Black Flagဆိုပြီး စရိုက်၂မျိုးရှိပါတယ်။ အများစုကတော့ Red flagတွေပါ အရိုင်းဆန်တယ် ရန်လိုတတ်တယ် အမှားမခံတဲ့ စွာတေးလန်လေးတွေပါ ဒါကို မရင့်ကျက်သေးတဲ့အရွယ် Omega,Betaအရွယ်တွေမှာတွေ့ရတာများပါတယ်။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကျပါတယ်၊သူ့ကိုယ်သူလည်းအထိမခံရွှေပန်းကန်လေးတွေပါ။ ဆရာကြီးလာလုပ်ရင်မကြိုက်သလို တခါတလေ သွေးပါထကြောင်ကျပါတယ်။ရင့်ကျက်သွားရင်တော့ ဒီလိုစရိုက်လက္ခဏာတွေမရှိကျတော့ပါဘူး။Red Scorတွေအချင်းချင်းကအမြဲသူသာကိုယ်သာ တိုက်ခိုက်နေပါတယ်။တခါတလေ Black Scorတွေကိုပါစိန်ခေါ်တတ်ပါတယ်။
Black Flagတွေကတော့ ရင့်ကျက်ပြီးသွားပြီဖြစ်လို့ Alphaအဆင့်အဖြစ်သတ်မှတ်ခံထားရပါတယ်။ကိုယ့်ကိုယ်ကိုဘာကောင်ကြီးလည်းဆိုတာသိထားလည်း
အေးအေးဆေးဆေးနေပြီး ဘယ်သူ့ကိုမှရန်မစတတ်ပါဘူး ဘယ်သူနဲ့မှလည်းရှုပ်ရှုပ်ရှက်ရှက်မရှိပါဘူး။သူတို့လုပ်စရာရှိတဲ့အလုပ်ကိုသာ လုပ်နေပြီး အတွေးထဲက3D၃ဖက်မြင်ပုံရိပ်နဲ့တင် အဆင်​ပြေနေကျသူတွေပါ။
တကယ်ကြောက်စရာကောင်းတာက Black Scorတွေပါပဲ
Alpha ဖြစ်တဲ့အတွက် Red scor ၁၀ကောင်လောက်နဲ့ကိုညီမျှပါတယ်။ Planကောင်းကောင်းဆွဲတတ်ပြီး သူ့အကွက်ထဲကို ဝင်အောင်စောင့်ပါတယ်မျှားလည်းမျှားခေါ်တတ်ပါတယ်၊သူ့အကွက်ထဲရောက်တဲ့ ဘယ်အရာမဆို သုံးစားမရအောင်ပျက်ဆီးစေပါတယ်။ ဒီလိုလုပ်နိူင်တာကစိတ်ထဲက အတွေးကို အကောင်ထည်ဖော်နိူင်လို့ပဲဖြစ်ပါတယ်။အရာရာတိုင်းကိုဝင်မပါတတ်ပေမယ့်တဖက်က ဘယ်လောက်အင်အားကြီးမားပါစေ ကိုယ်နဲ့မဆိုင်ရင်တောင်အင်အားငယ်ပြီးမှန်တဲ့သူဘက်မှာအမြဲရပ်တည်ပေးတတ်ကျပါတယ်။ဘယ်သူနဲ့ဖြစ်ဖြစ်စစ်ခင်းလိုက ခင်းနိူင်တယ်ဆိုတဲ့သတ္တိရှိပြီးရဲရင့်တဲ့သူမျိုးတွေပါ။ Black Scorတွေအချင်းချင်းကမတိုက်ခိုက်တတ်ပါဘူး အချင်းချင်းပြန်မိတ်ဖွဲ့တတ်ပြီး တစ်ယောက်ကိုတစ်ယောက်ကူညီပေးပါတယ်၊ရံဖန်ရံခါRed Scorတွေတိုက်ခိုက်တာကိုခံရပြီးနောက်ဆုံး Red scorတွေပဲ Black scorတွေရဲ့အနိူင်ယူခြင်းကိုပြန်ခံရပါတယ်။Scorpioတိုက်ပွဲမှာRed scorတွေကBlack scorတွေပို ဘယ်တုန်းကမှမနိူင်ခဲ့ပါဘူး။ဒါကတော့ သူ့နက္ခ ကံကြမ္မာအတိုင်းပဲဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ အောင်မြင်နေတဲ့အဖွဲ့တွေ လူတွေရဲ့ ခေါင်းဆောင်ဟာ Scorpio ရာသီဖွားတွေပါ၊ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဘယ်သူဆိုတာ မကြွားဝါတတ် မထင်ပေါ်စေပါဘူး နောက်ကွယ်ကနေပဲ Commandပေးတာပါ။ဘယ်သူမှဆရာလာလုပ်တာမကြိုက်တဲ့Red Scorတွေကိုလည်း Alphaတစ်ယောက်လိုရင့်ကျက်အောင် သင်ပြနိူင်တဲ့သူကလည်းBlack scorတွေပဲလုပ်နိူင်ပါတယ်။
Scorတွေဟာ overthinkingသမားတွေဖြစ်ပါတယ်။ဒီအရာကို မကောင်းတဲ့ဘက်မှာတွေးမိရင် ကိုယ့်အတွက်ကံဆိုးတာတွေကိုပဲရစေပါတယ်။ ကောင်းတဲ့ဘက်မှာသုံးတတ်ရင်တော့ ကောင်းတဲ့အရာတွေကိုဖြစ်ပေါ်စေပါတယ်။ဒါကြောင့် အတွေးလွန်တာကိုတော့ သုံးတတ်ဖို့လိုပါတယ်။
Scorတွေက သူ့ဘာသာတစ်ယောက်တည်းနေတတ်ပေမယ့် တကယ်သြဇာရှိတဲ့ သူတွေပါ။အပြောဆိုကြမ်းသလောက် နှလုံးသားနူးညံ့ပြီးရဲရင့်ပြတ်သားတယ်။သူမုန်းရင် မျက်ကွယ်ပြုမေ့ထားပြီး သူချစ်တဲ့အရာတွေကိုတော့ အသက်ပါပေး ရှိသမျှအရာတွေထုတ်ပြီးကာကွယ်တတ်ကျပါတယ်။အချစ်ကိုမကိုးကွယ်ပဲ အချစ်ကိုတန်ဖိုးထားတတ်ကျတဲ့သူတွေပါ။လက်စားပြန်ချေတတ်တာကြောင့် သူလက်စားချေတော့မယ်ဆိုတာသိရင် ကိုယ့်ကိုယ်ကို ငါ့အခြေအနေကောင်းလာမှာမဟုတ်ဘူးလို့မှတ်လိုက်ပါ။ ဒါကြောင့် scorတွေကို ဘာကိစ္စနဲ့ကြောင့်မှ မရှုပ်မိစေဖို့ အသိပေးချင်ပါတယ်။ scorတွေဘက်က ရန်စလာခဲ့ရင်တောင် ဥပေက္ခာပြုပြီး တခြားလမ်းကနေရှောင်သွားပါ။

အချစ်ရေးကတော့ ကံအဆိုးဆုံးရာသီခွင်ပါ။ ရန်မလိုတတ်တဲ့ ပြဿနာမရှာတတ်တဲ့ နားလည်မှုအပြည့်အဝပေးတဲ့ ရာသီဖွားတွေနဲ့ဆိုရင်တော့ အချစ်ရေးက သူ့ဟာနဲ့သူအဆင်ပြေမှာပါ။နောက်ဆုံးလိမ်ဖယ်လိမ်ဖယ်နဲ့ ပန်းတိုင်အထိပါရောက်တတ်သွားကျပါတယ်။ အချစ်ရေးမှာကံမကောင်းတဲ့ သူတွေလည်း အားမငယ်ပါနဲ့အဲ့ဒီ အချစ်ရေးအဆင်ပြေတဲ့ Scorတွေကိုအားမကျလိုက်နဲ့ အချစ်မှာရှုံးရင် စစ်မှာတော့ ဘုရင်ပဲ။ တစ်ခုမအောင်မြင်တစ်ခုအောင်မြင်တယ်။ သူတို့က စိတ်ဓာတ်ခွန်အားသန်မာလွန်းလို့ကြမ်းတမ်းလွန်းတဲ့ လမ်းတွေ ခက်ခဲလွန်းတဲ့ အတားအဆီးတွေ မြင့်မားလွန်းတဲ့တောင်တွေ ကျယ်ပြန့်လွန်းတဲ့ ကန္တာရ ပင်လယ်တွေ အဆိုးဆုံးအခြေအနေတွေနဲ့ရန်သူအမြောက်အများကို မြန်မြန်ဆန်ဆန်ကျော်ဖြတ်အနိူင်ယူပြီး နောက်ဆုံးလိုချင်သမျှအောင်မြင်မှုတွေကို ရရှိသွားတတ်ကျတဲ့သူတွေပါ။ဒါကြောင့် အချစ်ရေးမှာကံမကောင်းခဲ့ရင်တော့ သင်ဟာ ဘဝတိုက်ပွဲပြီးမှာ အနိူင်ကြီးအနိူင်ရတော့မယ်လို့ သတ်မှတ်လိုက်တော့။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲခမျ၊နောက်ထပ်လည်းကျွန်တော် သိထားတာလေးတွေကို အခုလိုပဲ တင်သွားပေးပါဦးမယ်။အားလုံးကိုကျေးဇူးပါဗျ။

Address

Mawlamyine City, Mon State
Mawlamyine

Telephone

+959759118312

Website

Alerts

Be the first to know and let us send you an email when God of Wisdom_Thoth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to God of Wisdom_Thoth:

Share

Category