Yoon’s Diary

Yoon’s Diary Sharing is Caring

20/11/2023

အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။
၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား ၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက်ဌားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း ဆင်းခိုင်း၍မရတော့ခြင်းစသည့် ဥပဒေအရ တနည်းနည်းဖြင့် အကြပ်ကိုင် ခံရနိင်ပါသလား?
၂။ သိုမဟုတ် ဘယ်နှနှစ်ဆက်တိုက် အိမ်ဌားတဦးတည်းအား အဌားစာချုပ်ဖြင့် ဌားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ? ၃။ ထိုသို့ပြသနာများမဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သောအကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။

အရပ်စကားအရ...အိမ်ငှားထားရင် ကိုယ့်အိမ်မှာ နှစ်ရှည်အငှားမထားနဲ့ နှင်လို့မရဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကနှစ်ကြာသွားရင် အိမ်ပိုင်သွားတယ်.. အဲလိုတွေ စိတ်ပူတတ်ကြပါတယ်။ �အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ထားတဲ့သူက ဘယ်နှနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားထား အိမ်ငှားက အိမ်ငှားပါပဲ အိမ်ပိုင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှားအနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားကအိမ်ပိုင်ရှင် ဖြစ်မလာနိုင်ပါဘူး။�ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိပါတယ်။ဥပမာ ခွင့်ပြုချက်နဲ့ထားတယ် ။
အဲဒီခွင့်ပြုချက်နဲ့ထားတဲ့သူကိုဖယ်ချင်ပြီဆိုရင် ဦးလေးရေ ဖယ်ပေးပါလို့ ပြောလိုက်လို့အေးဆေးဖယ်ပေးလို့ရှိရင် ပြဿနာမရှိပါဘူး။ အကယ်၍ မဖယ်ပေးဘူးဆိုရင် နို့တစ်စာထုတ်ရပါတယ်။�နို့တစ်စာ ထုတ်တယ်ဆိုတာကတော့ ခွင့်ပြုချက်နဲ့နေထိုင်ခွင့်ပြုထားတဲ့ဟာကို ရပ်စဲလိုက်ပါပြီလို့ ဆိုလိုတာပါ။
အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရပ်စဲပြီးပြီးဆိုမှသာ တရားစွဲလို့ရတာပါ။ခွင့်ပြုချက်ကို မရုပ်သိမ်းပဲ နို့တစ်စာမပေးပဲနဲ့ တရားစွဲဆိုလို့မရဘူး။
တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲတဲ့အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလိုမစွဲဖြစ်ဘူး ဖြစ်သွားရင် ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုကစွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ် ဥပဒေကိုတော့ လူတိုင်းသိသင့်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေက....ခွင့်ပြုချက်နဲ့ထားတာကို ရပ်စဲလိုက်ပြီး အိမ်ငှားကမဆင်းပေးဘူးဆိုရင် ၆နှစ်အတွင်း တရားစွဲလို့ရပါတယ်။
၆ နှစ်ကျော်သွားပြီးဆိုရင်တော့ ခွင့်ပြုချက်နဲ့ထားတဲ့သူ ကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။
အဲလိုပဲ အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ်လာနိုင် ဘူး။သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိိုရင်...
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့ ဆင်းပေးပါ တော့ဆိုတာ ဒီနို့တစ်စာမှာ ပါရပါမည်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ မှာနောက်ဆုံးထားပြီး အိမ်ကို ပိုင်ရှင်ထံသို့ လက်ရောက်ပေးအပ်ပါတော့.. ဆိုပြီး နို့တစ်စာ ထုတ်ရပါတယ်။
နောက်တနည်းကတော့ အိမ်ငှားစာချုပ်ထဲမှာ ချုပ်ဆိုထားတဲ့အတိုင်း ငှားရမ်းခြင်းမပြည့်မီ (၁)လကြိုတင် အကြောင်းကြားပေးရပါမယ်။ ဒါက ဥပဒေနှင့်အညီ အိမ်ငှားကို နေအိမ်မှ ဖယ်ရှားခိုင်းခြင်းဖြစ်ပါတယ်။
နို့တစ်စာထုတ်သည်ဖြစ်စေ၊ အကြောင်းကြားသည်ဖြစ်စေ ပိုင်ရှင်မှ ငှားရမ်းခဖြတ်တောက်ပြီး ကြည်ကြည်ဖြူဖြူ မဆင်းပေးရင် တရားစွဲရလို့ရပါတယ်လေ။ အဲ့ဒီလို တရားမစွဲပဲ နေပါစေ နောက်မှ ပြောမရတဲ့အဆုံးမှ တရားစွဲတဲ့အခါ အချိန်လွန်သွားမှ ဆိုရင် အမှုရှုံးနိုင်ကြောင်း ကာလစည်းကမ်းသတ်ဥပဒေမှာ ဖော်ပြထားတယ်။
ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း ပိုင်ရှင်က တရားစွဲရတာပါ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်ပိုင်း တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
အဲ့ဒီမှာသတိပြုဖို့ကတော့ - ဥပမာ မစွဲဖြစ်ဘူး ဆိုပါတော့ နို့တစ်ထုတ်လိုက်တယ်၊တရားမစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။�တရားဝင်ပြန်ရုပ်သိမ်းထားရတာပါနော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။
သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းတရားစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။
အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း တရားစွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင် တရားစွဲရင်စွဲ၊မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက်ပါ ။ မရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတော့ပါဘူး။နှင်လို့မရဘူးလို့ပြောတာနော် အိမ်ပိုင်သွားတာတော့မဟုတ်ပါ
နှစ်ရှည်ငှားတဲ့သူများအတွက် သတိပြုစေလိုပါတယ်။ အကယ်၍ နှစ်ရှည်ငှားမယ်ဆိုရင် မှတ်ပုံတင်ရုံးမှာ register တင်ထားပြီး ငှားရင်တော့ ပိုစိတ်ချရပါမဘ်

Credit to ဥပ​ဒေရေးရာ

 စည်ပင်တင်ရန်(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ................................၁။ ဌာ...
21/08/2023


စည်ပင်တင်ရန်
(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ................................
၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ
(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်
(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်
(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်
(စ) အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်
(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ
(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်
(ဈ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ် / အောက်ကူးရန်)
၃။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ
၄။ မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)
၅။ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)
၆။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ
၇။ ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြံပြုချက် စသည်တို့ဖြစ်ပါသည်။
(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆို
(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆိုပြုပုံစံ(Proposal)
၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ
(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်
(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်
(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်
(စ) လမ်းအတွင်း ၄ထပ်နှင့်အထက် အဆောက်အအုံမရှိပါက အဆိုပြုအဆာက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက်(၃)ဦး၊ နောက်ဘက်(၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရန်
(ဆ) စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဘေးပတ်ဝန်းကျင်ရှိ မြေကွက ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက် (၃)ဦး၊ နောက်ဘက်(၃)ဦး ၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်တင်ပြရန်
(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ
(ဈ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်
(ည) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်
(ဋ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်(ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)
(ဌ) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်း တွင်အပေါ် / အောက်ကူးရန်)
၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊မြေရာဇဝင် မူရင်း(C/Map)
၄။ ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map)မိတ္တူ
၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက်(Theodolite Reading)
၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော Foundation Plan ပါဝင်သည့် အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)
၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ ပုံစံကြီး
၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း(၂)စုံနှင့် Soft Copy ၊ CD
၉။ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံခိုင်ခံမှုဆိုင်ရာ တွက်ချက်မှုပုံစံ(၁)စုံ
၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံ(A3 Size)
၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်
၁၂။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ မိလ္လာကန်တည်ဆောက်ရန် ခွင့်ပြုမိန့်(သို့မဟုတ်) သဘောထား စသည်တို့ဖြစ်ပါသည်။
(၉)ထပ်နှင့်အထက် အဆောက်အအုံများဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများပဏာမအဆိုပြုပုံစံ(Proposal)
၁။ ဌာနသတ်မှတ်လျှောက်လွှာ
(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ
(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်
(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်
(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
(င) ဘေးပတ်ဝန်းကျင်ရှိ ထိစပ်မြေကွက်ပိုင်ရှင်များအပါအဝင် အနည်းဆုံး မြေကွက် (၁၀)ကွက်မှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက် တင်ပြရန် (ဘေးဝဲ/ယာ (၂)ကွက်စီ၊ ရှေ့/နောက် (၃)ကွက်စီ ဖြင့် စုစုပေါင်း (၁၀)ကွက်၏ ထောက်ခံချက်)
(စ) အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ
(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်
(ဇ) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်းမြေရှင်မှတင်ပြရန်
(ဈ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)
(ည) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ် / အောက်ကူးရန်)
၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင်မူရင်း(C/Map)
၄။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map) မိတ္တူ
၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက် (Theodolite Reading)
၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)
၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံပုံစံကြီး
၈။မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း (၂) စုံနှင့် Soft Copy
၉။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ တွက်ချက်တင်ပြထားသည့် Structural Calculation (၂)စုံ၊ M & E Calculation (၂)စုံနှင့် Soft Copy
၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ တွက်ချက်ရေးဆွဲထားသည့် Architectural Drawing (၄)စုံ၊ M & E Drawing(၄)စုံ၊ Pile Foundation ဖြစ်ပါက Pile Load Test (Method of Statement) (၄)စုံ
၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်စသည်တို့ဖြစ်ပါသည်။
အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ခြင်းအတွက် ပုံစံစစ်ဆေးခများမှာ မိသားစုလုံးချင်းနေအိမ်/ဘာသာရေးဆိုင်ရာ/ဌာနဆိုင်ရာအဆောက်အအုံများဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၅၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၃၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၂၅ကျပ်) ဖြစ်ပြီး၊ အများသုံးလူနေ/စီးပွားရေးသုံးအဆောက်အအုံများ ဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၈၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၈၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၈၅ကျပ်)ဖြင့် ပေးဆောင်ရမှာဖြစ်ပါသည်။
(၃)ထပ်နှင့်အောက်အဆောက်အဦဆိုလျှင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင်လျှောက်ထားနိုင်ပြီး (၄) ထပ်မှစ၍ အထပ်မြင့်များကို မြို့တော်ခန်းမ၊ အဆောက်အအုံဌာနတွင် အမှုတွဲဖွင့်လှစ်လျှောက်ထားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။
Credit to original writer.

  အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက်...
07/08/2023



အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် Bankချိတ်(Home loan )

1. Bankချိတ်(Home loan)ဆိုတာ ဘာလဲ?

Bank ချိတ်ဆိုတာက မိမိမွာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တစ်ချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ္ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင်BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရံအမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~~~~
2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စားရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုပ္မဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ္ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရံပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုပ္မဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပက်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက္တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~~~~
3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပက်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ္ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်
to ဆရာမဒေါ်လတ်လတ်မြင့်

သိထားသင့်တဲ့ မြေအမျိုးအစားအလိုက် နမူနာပုံစံစာရွက်များ #ဂရံမြေ #ပုံစံ၁၀၅ #ပုံစံ၁၀၆ #စလစ်မြေ #ပါပစ်မြေ #ပုံစံ၇ #ဥယျာဉ်ခြံမ...
30/06/2023

သိထားသင့်တဲ့ မြေအမျိုးအစားအလိုက် နမူနာပုံစံစာရွက်များ
#ဂရံမြေ
#ပုံစံ၁၀၅
#ပုံစံ၁၀၆
#စလစ်မြေ
#ပါပစ်မြေ
#ပုံစံ၇
#ဥယျာဉ်ခြံမြေ
#မြို့မြေ

Credit all photos

၂၀၁၂ခုနှစ်။ လယ်ယာမြေ ဥပဒေ    #လယ်ယာမြေဥပဒေ
30/06/2023

၂၀၁၂ခုနှစ်။ လယ်ယာမြေ ဥပဒေ

#လယ်ယာမြေဥပဒေ

စာချုပ်ခေါင်းတန်ဖိုး သတ်မှတ်ချက်များ...............................စာချုပ်ချုပ်လျှင် စာချုပ်ခေါင်းတန်ဖိုး မည်မျှအပေါ်တွင...
17/06/2023

စာချုပ်ခေါင်းတန်ဖိုး သတ်မှတ်ချက်များ...............................

စာချုပ်ချုပ်လျှင် စာချုပ်ခေါင်းတန်ဖိုး မည်မျှအပေါ်တွင် ချုပ်ဆိုရမည်ဆိုတာ အရေးကြီးတဲ့အချက် တစ်ချက်ပါ။ ချုပ်ဆိုသော စာချုပ်၏ အကြောင်းအရာပေါ် မူတည်၍ စာချုပ်တံဆိပ်ခေါင်းတန်ဖိုးသည် ကွဲပြား ပါသည်။

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်ချုပ်ဆို ရမည်ဖြစ်သည်။

➖ မွေးစားစာချုပ် ကျပ်-၁၅၀

➖ သဘောတူစာချုပ် ကျပ်-၃၀၀

➖ လက်ထပ်စာချုပ် ကျပ်-၃၀၀

➖ ကွာရှင်းစာချုပ် ကျပ်-၂၅၀

➖ ကိုယ်စားလှုယ်လွှဲစာ

(က) အထွေထွေကိုယ်စားလှယ်လွှဲစာ (ငါးဦးအထိ) ကျပ်-၁၀၀၀

(ခ) အထွေထွေကိုယ်စားလှယ်လွှဲစာ (ငါးဦးထက်ပိုလျှင်) ကျပ်-၂၅၀၀

(ဂ) အထူးကိုယ်စားလှယ်လွှဲစာ ကျပ်-၃၀၀

(ဃ) အထူးကိုယ်စားလှယ်လွှဲစာ (ငါးဦးအထိ) ကျပ်-၁၀၀၀

(င) အထူးကိုယ်စားလှယ်လွဲစာ (ငါးဦးထက်ပိုလျှင်) ကျပ်-၂၅၀၀

(စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ကျပ်-၁၀၀

➖ ကျမ်းကျိန်လွှာ ကျပ်-၁၅၀

➖ ကုန်အမှတ်တံဆိပ်စာချုပ် ကျပ်-၁၅၀

➖ ကြေညာစာတမ်း ကျပ်-၁၅၀

➖ ခံဝန်ချုပ် အာမခံသည့်ငွေ (သို့) တန်းဖိုးအပေါ် ၀.၅%

➖ စာချုပ်စာတမ်းမူရင်းခွဲ ကျပ်-၁၀၀

➖ စွန့်လွှတ်စာချုပ်

စွန့်လွှတ်သည့်တန်ဖိုးမှာ ကျပ်၁သိန်းခွဲထက်မပိုလျှင် တန်ဖိုးအပေါ် ၀.၅%အခြားကိစ္စဖြစ်လျှင် ကျပ်-၂၅၀၀

➖ မေတ္တာဖြင့်ပေးကမ်းသည့်စာချုပ် တန်ဖိုးအပေါ် ၂%

➖ ပစ္စည်းခွဲဝေသည့်စာချုပ် တန်ဖိုးအပေါ် ၀.၅%

➖ ပစ္စည်းစီမံခန့်ခွဲမှုစာချုပ် တန်ဖိုအပေါ် ၀.၅%

➖ ပစ္စည်းစီမံခန့်ခွဲမှုဖျက်သိမ်းသည့်စာချုပ် တန်ဖိုးအပေါ် ၀.၅%ကျပ်-၃၀၀၀ထက်မပိုစေရ။

➖ ပစ္စည်းချင်းဖလှယ်သည့်စာချုပ်စာတမ်း တန်ဖိုးအပေါ် ၂%

➖ ပြေစာ ကျပ်-၅

➖ ယုံကြည်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် ၀.၅%ကျပ်-၆၀၀ထက်မပိုစေရ။

➖ အငှားစာချုပ် ငှားရမ်းသည့်တန်ဖိုးအပေါ် ၀.၅% မှ ၂%

➖ အပေါ်စာချုပ်

ပစ္စည်းလက်ရှိအပ်နှံလျှင် တန်ဖိုးအပေါ် ၂%

ပစ္စည်းလက်ရှိမပေးအပ်လျှင် တန်ဖိုးအပေါ် ၀.၅%

➖ အာမခံစာချုပ်

အာမခံသည့်ငွေပေါင်း ၁သိန်းခွဲထက်မပိုင်လျှင် တန်ဖိုးအပေါ် ၀.၅%အခြားကိစ္စတစ်ခုခုဖြစ်လျှင် ကျပ်-၂၅၀၀

➖ ပစ္စည်းလွှဲပြောင်းသည့်စာချုပ် တန်ဖိုးအပေါ် ၂%

➖ အစုစပ်လုပ်ငန်းစာချုပ်
မတည်ငွေရင်း ၅သိန်းထက်မပိုလျှင် ကျပ်-၃၀၀

အခြားကိစ္စတစ်ခုခုဖြစ်လျှင် တန်ဖိုးအပေါ် ၁% အများဆုံးမှာ ၁သိန်း

➖ အစုစပ်ဖျက်သိမ်းခြင်းစာချုပ် ကျပ်-၂၀၀၀

➖ လွှဲပြောင်းစာချုပ်အစုရှယ်ယာလွှဲပြောင်းခြင်း တန်ဖိုးအပေါ် ၀.၁%

ဒီဘက်ချာခေါ် ကြွေးမြှီးဝန်ခံချက်လွှဲပြောင်းခြင်း တန်ဖိုးအပေါ် ၀.၁%

အခြားကိစ္စတစ်ခုခုဖြစ်လျှင် ကျပ်-၃၀၀

➖ အိမ်မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုသောအခါ ၄ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရပါမည်။ ဥပမာ - ပစ္စည်းတန်ဖိုး တစ်သိန်းကျပ်ဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း လေးထောင်ကျပ် ထမ်းဆောင်ရပါသည်။

➖ အရပ်ဘက်တွင် ချုပ်ဆိုလေ့ရှိသည့် အရပ်စာချုပ်များဖြစ်သော ကားအရောင်းအဝယ်စာချုပ်၊ မော်တော် ဆိုင်ကယ်အရောင်းအဝယ်စာချုပ်၊ အိမ်ငှားစာချုပ်၊ ငွေအပေးအယူစာချုပ်၊ သဘောတူကတိပြုစာချုပ်၊ စရန်ပေး စာချုပ် စသည့်စာချုပ်များ အားလုံး တံဆိပ်ခေါင်းခွန် ၃၀၀ ကျပ်တန်ဖြင့် ချုပ်ဆိုပါက လုံလောက်မှုရှိပါသည်။

အကယ်၍ မိမိချုပ်ဆိုခဲ့သည့် စာချုပ်သည် အခွန်တော် လုံလောက်မှု မရှိသော စာချုပ်ခေါင်းပေါ်တွင် ချုပ်ဆိုခဲ့မိသည်ဆိုပါက ထိုစာချုပ်သည် တရားမဝင် စာချုပ်တစ်စောင်ဖြစ်သွားပေလိမ့်မည်။

စာချုပ်ပါအတိုင်း မဆောင်ရွက်မှုများကြောင့် တရားတဘောင်စွဲဆိုမှုများ ပေါ်ပေါက်တတ်ပါသည်။ တရားတ ဘောင်ဖြစ်၍ အမှုစစ်ဆေးရာတွင် သက်သာခွင့်ရလိုသူက စာချုပ်ကို တင်ပြရမြဲဖြစ်ပါသည်။ ထိုသို့ တင်ပြရာတွင် အခွန်တော် တံဆိပ်ခေါင်း လုံလောက်စွာပါရှိခြင်းမရှိသည့် စာချုပ်များကို ရုံးတော်က လက်ခံမည် မဟုတ်ဆိုသည်ကို သတိပြုသင့်ပါသည်။ သက်သေခံအက်ဥပဒေက ပိတ်ပင်တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။ သို့သော် ကုစား၍မရနိုင်သော ချို့ယွင်းချက်တော့ မဟုတ်ဟုဆိုရပါမည်။ သက်သေခံအဖြစ် လက်ခံ နိုင်မည့် နည်းလမ်းရှိပါသည်။ ထိုနည်းမှာ အခွန်ဒဏ်ကြေးပေးသွင်းခြင်းဖြင့် ကုစားနိုင်သည့် နည်းဖြစ်ပါသည်။ အခွန်ဒဏ်ကြေးမှာ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်၏ ၁၀ဆ ဖြစ်ပါသည်။

ဤနေရာတွင် တရားမမှုနှင့် ရာဇဝတ်မှု ဆိုင်ရာ အကြောင်းကို တင်ပြလိုပါသည်။ စွဲဆိုသော အမှုသည် တရားမမှုဖြစ်ပါက အခွန်တော် တံဆိပ်ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော စာချုပ်များကို သက်သေခံအဖြစ် လက်ခံ နိုင်မည် မဟုတ်၍ လက်ခံနိုင်ရန် အခွန်တော် ဒဏ်ကြေးပေးဆောင်သည့်နည်းကို ကျင့်သုံးရပါသည်။ ထိုနည်း ဖြင့် သက်သေခံအဖြစ်လက်ခံနိုင်ရန် ကုစားယူရပါသည်။

စွဲဆိုသော အမှုသည် ရာဇဝတ်မှုဖြစ်ပါက အခွန်တော်တံဆိပ်ခေါင်း တန်ဖိုး လုံလောက်မှုမရှိသော်လည်း သက် သေခံအဖြစ် တင်သွင်းလက်ခံပါသည်။ တန်ဖိုးလုံလောက်မှုမရှိသည့် စာချုပ်ပင် မဆိုလင့်ဦး။ တံဆိပ်တော်ခေါင်း လုံးဝမပါရှိသည့် စာရွက်ပင်ဖြစ်စေဦး ရာဇဝတ်မှုတွင် သက်သေခံအဖြစ် တင်သွင်းနိုင်ပါကြောင်း လက်ခံနိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။

ရေးသားသူအား Credit ပေးပါတယ်ရှင်📎


မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ ??အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရော...
08/06/2023

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ ??

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

#ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

#ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

#လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

#လန ၃၉ မြေ(လယ ၃၀/ခ)

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

#တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

#ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ

Credit to Orginal Uploader

#မြေအမျိုးအစားများ

 #မြေအမျိုးအစားများ 🔹ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။🔹ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B န...
07/06/2023

#မြေအမျိုးအစားများ


🔹ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
🔹ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။
🔹အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။
🔹ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။
🔷ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။
🔹အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆို
တာကို ခွဲခြားလို့ရပါတယ်။ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။
မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …
၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။
၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM
၅ ။ မူရင်းလယ်မြေဆိုရင် M/MY
၆ ။ ချောင်းရေဝင်မြေဆိုရင် c
၇ ။ ယာမြေဆိုရင် Y
၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉ ။ တောင်ယာမြေဆိုရင် TY/YY
၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY
၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY
၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃ ။ ဓနိမြေဆိုရင် D
၁၄ ။ အပိုင်ရမြေဆိုရင် O
၁၅ ။ အပိုင်ဂရန်မြေဆိုရင် G
၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

 #ပါမစ်မြေ ပါမစ်မြေအကြောင်းကို လေ့လာနိုင်ရန်   အသေးစိတ်ရေးသားပေးထားသော original writer အား လေးစားစွာဖြင့် ကူးယူတင်ပြအပ်ပ...
31/05/2023

#ပါမစ်မြေ


ပါမစ်မြေအကြောင်းကို လေ့လာနိုင်ရန်
အသေးစိတ်ရေးသားပေးထားသော original writer အား လေးစားစွာဖြင့် ကူးယူတင်ပြအပ်ပါသည်

ဥယျာဉ်မြေတွေမှာ အိမ်ဆောက်နေထိုင်လို့ ရပါသလား ?????🏡 အရောင်းအဝယ်တစ်ခုမှာ မြေအမျိုးအစားအလိုက် ကွာခြားမှု ရှိပါတယ်။ထိုအထဲမှ...
31/05/2023

ဥယျာဉ်မြေတွေမှာ အိမ်ဆောက်နေထိုင်လို့ ရပါသလား ?????

🏡 အရောင်းအဝယ်တစ်ခုမှာ မြေအမျိုးအစားအလိုက် ကွာခြားမှု ရှိပါတယ်။
ထိုအထဲမှာမှ ရွာမြေ၊ ဥယျာဉ်မြေတွေမှာ လူနေထိုင်ခွင့်/ တစ်နည်းအားဖြင့် အိမ်ရာဆောက်လုပ် နေထိုင်ခွင့် ရှိပါသလား။
ရွာမြေ၊ ဥယျာဉ် ခြံမြေတွေကို စည်ပင်မှာ အိမ်ဆောက်ခွင့် တင်လို့ရပါသလား။
ဂရန်လျှောက်ထားနိုင်ပါသလား… စသဖြင့် မေးတတ်ကြပါတယ်။

🏡 ဥယျာဉ် ခြံမြေဆိုတာကလည်း ရွာနဲ့ဆက်စပ်နေတဲ့ မြေလား၊ ရွာမြေလား?
ဒါမှမဟုတ် ဥယျာဉ် ခြံမြေလား? ဆိုတာကို သိနိုင်ရန်အတွက် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက သင်္ကေတ(G) အမှတ်အသားပြပြီး တရားဝင် သတ်မှတ်ထားလားဆိုတာ အရင်ဆုံး စစ်ဆေးသင့်ပါသည်။

🏡 ဒါမှမဟုတ် ရွာမြေနှင့် ဆက်စပ်မြေများကို ဝယ်ယူမည်ဆိုပါက နှစ်ဦးသ‌ဘောတူ အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်ဖြင့် ချုပ်ဆို၍ ရပါသည်။

🏡 စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်သွားရောက်၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မလိုအပ်ပါ။

🏡 အကြောင်းအရင်းမှာ တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထား မရှိ၍ ဖြစ်ပါတယ်။

🏡 လက်ရောက်လွှဲပြောင်း ရယူထားကြောင်း သက်သေအနေနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး
ရှေ့တွင် ပြုလုပ်ထားသင့်ပါသည်။

🏡 သင်္ကေတ(G)အမှတ်အသားပြ ဥယျာဉ်မြေကို အမည်ပေါက်သူထံမှ တိုက်ရိုက်ဝယ်ရင်တော့
မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဥယျာဉ်ခြံမြေ လုပ်ကိုင်သူ အမည်ပြောင်းပေးဖို့
လျှောက်ထားနိုင်ပါတယ်။

🏡 ဝယ်သူ၏ မှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူ၏ အိမ်ထောင်စုစာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေ မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ့ အမည်ပေါက်နဲ့ ထွက်ရှိလာပါလိမ့်မည်။

🏡 ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်တွင် ဥယျာဉ်မြေ လုပ်ကိုင်သူအဖြစ် ဝယ်သူရဲ့နာမည်နဲ့
ထွက်ရှိလာပါလိမ့်မည်။

🏡 စည်ပင်မှာ အိမ်ဆောက်ခွင့် တင်လို့ရအောင်တော့ မိမိဝယ်ထားတဲ့ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်‌ရေးမှူးဆီမှာ တင်ပြရမှာ ဖြစ်ပါတယ်။

🏡 ပိုင်ဆိုင်မှုအထောက်အထား ခိုင်လုံပါက နှစ်ထပ်တိုက်လောက်အထိ ခွင့်ပြုထားသည်ဟု သိရပါသည်။

#ဥယျာဉ်ခြံမြေ

CreditToOriginalWriter

ဥယျာဥ်ခြံမြေ အကြောင်း၁။ ဥယျာဥ်ခြံမြေဆိုတာ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။မြေစာ...
31/05/2023

ဥယျာဥ်ခြံမြေ အကြောင်း

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ ​အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။

▪အမေးများတဲ့ Customers များအတွက် ဥယျာဥ်ခြံမြေ အ​ကြောင်း ဖြေပေးလိုက်ပါတယ်။

Credit


#ဥယျာဉ်ခြံမြေ

Address

Mawlamyine
12011

Website

Alerts

Be the first to know and let us send you an email when Yoon’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share