30/04/2026
‼️ sunscreen လိမ်းတဲ့သူနဲ့ မလိမ်းတဲ့သူ ရေရှည်မှာ သိသာစွာ မြင်ရတဲ့ ကွာခြားချက်ပါ။
ပုံပါ အမျိုးသားကားမောင်းသမားက နှစ်သက်တမ်းအလိုက် အချိန်ကြာမြင့်စွာ ကားမောင်းပြီးနောက် ကားမှန် ပြတင်းပေါက် ကနေ ရိုက်ခတ်တဲ့ UVA rays ကြောင့် မျက်နှာ ဘယ်ဘက်တစ်ခြမ်းက အသားရေလျော့ရဲပြီး texture တစ်ခုလုံး Remodel လုပ်မရအောင် ပျက်စီးသွားတဲ့ လက္ခဏာပါ။
Sunscreen နဲ့ ပတ်သတ်ရင် မလိမ်းကျတဲ့သူတွေ အခုထိရှိသေးတယ်။
▫️အိမ်ထဲက အိမ်ပြင် မထွက်လို့
▫️နွေရာသီဆို လိမ်းရတဲ့ Feeling ကို မကြိုက်လို့
▫️Sunscreen တွေက ကိုယ်နဲ့ မတည့်ဖူး
▫️လိမ်းတော့လိမ်းပါရဲ့ ပိစိလေး
▫️ရာသီဥတု အေးလို့
▫️30,40 ကျော်မှ လိမ်းရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပါ။
နေရောင်ခြည်မှာ ပါတဲ့ UVA, UVB rays က
နေလောင်လို့အပူဒဏ် UVB rays ထက် မှန်တွေကနေ ထိုးဖောက်ဝင်ရောက်တာ , နံရံတွေ ကို ရိုက်ပြီး အလင်းပြန်လာပြီး အသားပေါ်တိုက်ရိုက်ကျတဲ့ UVA rays တွေက အသားရေရဲ့ collagen ကို DNA level တစ်ခုထိ ပျက်စီးပြီး အသားရောင် မဲစေ ညစ်စေတဲ့ Melanin ကို ပိုထုတ်တာတွေ ရှိပါတယ်။
နေလောင်လို့ အသားရေ တွန့်တာ တစ်ခုတည်း မဟုတ်ပဲ
အသားရေရဲ့ပြသာနာ အရင်းခံ အစ ရေဓာတ်
ပျောက်တာ (TEWL ) ကနေ ဝက်ခြံတွေ ထွက်တာ , တင်းတိပ် , အဆီဖု ထွက်တာ စတဲ့ Direct or Indirect နည်းတွေနဲ့ သက်ဆိုင်ပါတယ်။
Sunscreen လိမ်းတဲ့သူ မလိမ်းတဲ့သူ ဘာကွာသလဲဆို
▫️Collagen သောက်တဲ့သူနဲ့ မသောက်တဲ့သူ ကွာသလို အသားရေလှပုံခြင်း ကွာမယ်။
▫️အသားရေပြသနာ အများစု လွယ်လွယ်နဲ့ မဖြစ်ဖူး။
▫️အသားရောင် မမဲညစ်ဖူး
▫️ရှိရင်းစွဲ အသက်ထက် ငယ်ဂုဏ်မောက်နိုင်တဲ့ နုပျိုနေပါလိမ့်မယ်။
➡️ Indoor persons တွေအနေနဲ့ SPF 30 ကနေစပြီး ရွေးချယ်နိုင်ပြီး Outdoor activities များတဲ့သူတွေအနေနဲ့ SPF 50 ကနေစပြီး ရွေးချယ်ပါ။
➡️ မျက်နှာဆို ✅ 2 fingers methods အပြည့်အဝလိမ်းပါ။Body ဆို ပမာဏ များများလိမ်းပါ။
အပြင်ထွက်ဖြစ်ရင် reapply ပြန်လုပ်ပါ။ မျက်နှာတွက်ဆို sun spray တွေက ပိုသဘာဝ ကျပါမယ်။
‼️ make up , foundation, day cream တွေ မှာ ပါတဲ့ SPF ကိန်းဂဏန်းက sunscreen သီးသန့်လိမ်းဖို့ မလိုဆိုတာ လုံးဝ မဟုတ်ပါ။
🫶🏻ဆိုတော့ လှချင်ရင် sunscreen လိမ်းပါ။