20/07/2025
Premature Ej*******on.........
( သုတ်လွှတ်မြန်ခြင်း........)
အိမ်ထောင်ရေးSex ကိစ္စဆိုတာ အမျိုးသား၊ အမျိုးသမီးရောအတွက် အရေးပါသည့် ကိစ္စဖြစ်သလို ၊ မိမိရဲ့ မျိုးဆက်ပွားခြင်းဆိုတဲ့ ကိစ္စရပ်မှာလဲ အရမ်းအရေးကြီးပါသည်။
ဒါ့အပြင် အမျိုးသားများအနေဖြင့် Sexual Performance ကို ကောင်းချင်ကြပီး မိမိကိုယ့်ကို Confidence Level တစ်ခုမှာလဲ ရှိချင်ကြစမြဲပင်ဖြစ်ပါသည်။
သုတ်လွှတ်တယ်ဆိုတာ ဝှေးစေ့ကနေထုတ်တဲ့ သုတ်ပိုးနဲ့ အခြားမျိုးပွားအဂ်ါတွေအသီးသီးမှထုတ်တဲ့ အရည်တွေကို တင်ပဆုံရှိကြွက်သားများနဲ့လိင်တံရှိကြွက်သား ပေါင်းပီး ဆီးလမ်းကြောင်းမှ တစ်ဆင့် ထုတ်လွှတ်တာကို ခေါ်ပါတယ်။
သုတ်လွှတ်မြန်ခြင်း ဆိုတာ အမျိုးသား 30% မှာ ကြုံတွေ့နေရစမြဲပင်ဖြစ်သည်။
ပုံမှန် လိင်ဆက်ဆံချိန် ၊ ကြာချိန် (Intravaginal in*******se time ) ဟာ 5-12 min ခန့်ရှိပီး ဒီထက်ပိုပီး မြန်မြန်ပီးတဲ့သူတွေကိုတော့ သုတ်လွှတ်မြန်တဲ့ သူတွေလို့ ခေါ်ဆိုနိူင်ပါတယ်။
သုတ်လွှတ်မြန်တာကို အမျိုးသားတိုင်း ကြုံတွေ့ကြစမြဲဖြစ်ပါသည်။ ဒါပေမဲ့ အချို့အချိန်တွေ မြန်တာက အမျိုးသားတိုင်း ဖြစ်တတ်ကြပေမဲ့ ၊ အချိန်တိုင်း သုတ်လွှတ်မြန်နေတာကျ မိမိကိုယ်ကိုလဲ စိတ်တိုင်းမကျတာတွေ ရှိလာသလို အတူနေ အမျိုးသမီးကိုလဲ လိင်ခံစားချက်အပြည့်အ၀
မပေးနိူင်တာတွေ ရှိလာနိူင်ပါတယ်။
သုတ်လွှတ်မြန်စေတဲ့ အချက်တွေကတော့
1.ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး အစရှိသည့်တို့ကို စွဲစွဲလန်းလန်းသုံးစွဲနေခြင်း
2.ကိုယ်တိုင်က လိင်ကိစ္စတွင် အတွေ့အကြုံသိပ်မရှ်ခြင်း၊ အကြာကြီးနေမှ လိင်ဆက်ဆံခြင်း
3.လိင်တံထိပ်အရေပြားကို မဖြတ်ထားသဖြင့်
လိင်တံထိပ် Sensitivity အရမ်းကောင်းခြင်း
4.အလုပ်၊ လူမှုရေး၊ စီးပွားရေး တို့ကြောင့် Stress အရမ်းများခြင်း၊ အိပ်ရေး၀၀ မအိပ်ရခြင်း
5.လိင်ဆက်ဆံဖော်နှစ်ဦး အဆင်မပြေ၊ ပြသနာများကြောင့် ဖြစ်ခြင်း
6.Hormones များ မညီမျှသည့်ရောဂါများကြောင့်ဖြစ်ခြင်း ( Hypothalamus Disorders, Hyper-Thyroid , etc....) နှင့် အ၀လွန်ခြင်း
7.ဆီးကျိတ်ရောင်နေခြင်းနှင့် ဆီးလမ်းကြောင်း ပိုး၀င်နေခြင်း
8.မိမိသောက်နေသည့် အချို့ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများကိုခံစားရခြင်း
9.ခါးအောက်ပိုင်းနှင့်တင်ပဆုံရှိ ကြွက်သားများ ထိခိုက်မိထားခြင်း၊ လိင်တံရှိကြွက်သားများ ထိခိုက်မိထားခြင်း.............
Crd-Dr.Man
#အမျိုးသားကျန်းမာရေး
#သုတ်လွှတ်မြန်
#လိင်ကျန်းမာရေး