ဗဟုသုတ

ဗဟုသုတ တန်ဖိုးရှိသော စိတ်ခွန်အားကိုပေးနို

"ဒိုင်း" လို့...   ပြေးပေါက်တော့ ကြိုကြည့်ထားပါ...🙄အားလုံး 😁 သတိရှိစေချင်လို့ပါ...😝😜😁😂မြည်ရင် သေနတ်သံပါ...သိပ် စိုးရိမ်စ...
03/07/2025

"ဒိုင်း" လို့...
ပြေးပေါက်တော့ ကြိုကြည့်ထားပါ...🙄

အားလုံး 😁 သတိရှိစေချင်လို့ပါ...

😝😜😁😂မြည်ရင် သေနတ်သံပါ...
သိပ် စိုးရိမ်စရာ မရှိပါဘူး....

"အုံး "လို့မည်ရင် ဗုံးသံပါ....
နည်းနည်းတော့ စိုးရိမ်ရတယ်...
အရမ်းတော့ အန္တရာယ် မရှိလှဘူး.....

အေးးး
ဂလွမ်လို့မြည်နေရင်တော့
သင့်မိန်းမ စိတ်ဆိုးနေလို့ပါ....
အဲဒါ ကွိုင် အကြီးကြီးရှိတယ်

Crd

▫️'' ဤ တဘောင်၏ အဓိပ္ပာယ် ကို ▫️ အခုမှသေချာသိခွင့်ရပါ၏။" 👈🏻‼️       ______________________________▫️အဖိုးကြီးအို ခါးကုန်း...
28/06/2025

▫️'' ဤ တဘောင်၏ အဓိပ္ပာယ် ကို
▫️ အခုမှသေချာသိခွင့်ရပါ၏။" 👈🏻‼️
______________________________

▫️အဖိုးကြီးအို ခါးကုန်းကုန်း..... မသေပါနဲ့အုံး

▫️ရှေးနှစ်ခါ တန်ဆောင်မုန်း....ပွဲကြည့်ပါအုံး။

သိသူဖော်စား ....မသိသူ ကျော်သွား တဘောင်များ

🔖 #အဖိုးကြီးအို_ခါးကုန်းကုန်း_ဆိုသည်မှာ_

တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း
အဖိုးကြီး အမေကြီး ဘဝနဲ့
အသက်အရွယ်.....ကြီးကြီးနဲ့

#သေရတဲ့_ဘဝတွေ_များခဲ့လှပါပြီ_ 👈🏻‼️

လူဖြစ်တော့ လည်း
လူအဖိုးကြီး လူအဘွားကြီး

ငှက်ဖြစ်တော့လည်း
ငှက်အဖိုးကြီး ငှက်အဖွားကြီး

နွားဖြစ်တော့ လည်း
နွားအဖိုးကြီး နွားအဖွားကြီး

ကြက်ဖြစ်တော့လည်း
ကြက်အဖိုးကြီး ကြက်အဖွားကြီး

သူဌေးကြီး ဖြစ်တော့လည်း.
သူဌေးအဖိုးကြီး သူဌေးအဖွားကြီး

ဘုရင် ဖြစ်တော့လည်း
ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး

ျားစွာ_မှာ_အရိယာ_ဘဝက_လွဲလျက်_

မဖြစ်ဖူးတဲ့....ဘဝဆိုတာ မရှိပါဘူး 👈🏻‼️

သူဌေးကြီး ဘုရင်ကြီး တွေလည်း.....ဖြစ်ခဲ့ဖူးတယ်

တိရိစ္ဆာန်မျိုးစုံ ဘဝလည်း.... ဖြစ်ဖူးခဲ့ပြီ

နတ်တွေ ဗြဟ္မာတွေလည်း..... ဖြစ်ခဲ့ဖူး ပြီl

(၃၁)ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ
ဘဝတိုင်း ဘဝတိုင်း အသက်ကြီးပြီး
သေ သေ ခဲ့ရတာချည်းပဲ... ❗❗

#တချို့ဆိုရင်_အသက်တောင်_မကြီးလိုက်ရ_

သေနေကြရတာပဲ။

#ဒါပေမဲ့_မသေပါနဲ့အုံး_ 👈🏻👈🏻❗❗

🔖 #ရှေးနှစ်ခါ_တန်ဆောင်မုန်း_ဆိုတာက_

တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့
ဆိုကြတယ်

#အမှန်_က_

ရှေးနှစ်ခါ....တန်ဆောင်မုန်း ပါ 👈🏻❗

#ရှေးနှစ်ခါ_ဆိုတာက_

လာမယ့်နှစ်လို့ ထင်တတ်ကြတယ်
မဟုတ်ပါဘူး

သာသနာတော် (၂၅၆၉) နှစ်ရှိခဲ့ပြီ. ‼️‼️

ဘုရားရှင်.....ထားခဲ့တော်မူသော..
သာသနာတော်နှစ် (၅၀၀၀)ကို..တစ်ခေတ်လျှင်အနှစ် (၅၀၀) စီဖြင့် ခေတ်(၅)ခေတ်ပိုင်းခြားကာ..(၅)ခေတ်ပြည့်လျှင် တစ်ဖန်ပြန်ကျော့သည်။

♦️(၁) #ဝိမုတ္တိယုဂ_ခေတ်_ (အနှစ် ၅၀၀)

ဘုရားပွင့်တော်မူပြီး နှစ်ပေါင်း(၅၀၀)အတွင်းသည်
ဂိမုတ္တိယုဂခေတ်......ဖြစ်ရာ..

ထိုခေတ် အတွင်း....စျာန်မဂ်ဖိုလ် ရရှိသူများ
အလွန်.....ပေါများသည်။

♦️(၂) #သမာဓိယုဂ_ခေတ်_ (အနှစ်၅၀၀)

ထိုခေတ်ကာလအတွင်း
"သမာဓိ" တည်ရုံမျှသာ ဖြစ်ပေသည်။

♦️(၃) #သီလယုဂ_ခေတ်_ (အနှစ်၅၀၀)

ထိုခေတ်ကာလသည် သီလကိုသာ
ဦးစားပေးသော....ခေတ် ဖြစ်သည်။

♦️(၄) #သုတယုဂ_ခေတ်_ (အနှစ်၅၀၀)

ထိုခေတ် ကာလအတွင်း
စာပေဗဟုသုတကို
ဦးစားပေးသော ခေတ်မျှသာ....ဖြစ်သည်။

♦️(၅) #ဒါနယုဂ_ခေတ်_ (အနှစ်၅၀၀)

ထိုခေတ်ကာလသည် ဒါနပြုမှုကိုသာ
အားသန်ကြသော
ခေတ်ဖြစ်သည်။

ထို (၅)ခေတ်မှလွန်သော်.......

ဝိမုတ္တိယုဂ ခေတ်သို့
ပြန်လည် ရောက်ရှိလာသည်။

#သို့ဖြစ်ရာ___

သာသနာတော်နှစ်
(၂၅၀၀)၊ ကောဇာ သက္ကရာဇ် (၁၃၁၈) ခုနှစ်
ပြည့်ပြီးသည်မှ....စ၍
ဝိမုတ္တိယုဂခေတ် သို့
ပြန်လည် ဆိုက်ရောက် လာသည်၊

#ထို့ကြောင့်___

ကောဇာသက္ကရာဇ် (၁၃၁၉) မှ (၁၈၁၉)ခုနှစ်
အတွင်းသည် ဝိမုတ္တိယုဂခေတ် ဖြစ်ပြီး၊

ထိုခေတ်မှလွဲ၍ .......

ကျန်ခေတ်များတွင်
မဂ်ဖိုလ်တရားထူးများ.....ရရန်
မလွယ်ကူတော့ပါ။ဒါကို သိထားရမယ်။ 👈🏻❗

🔖 #ပွဲကြည့်ပါဦး_ဆိုတာက_

ဝိမုတ္တိယုဂ ခေတ် အနတ္တသာသနာတစ်ပတ်
ပြန်လည်လာတော့.....
ပွဲ ကြည့်ကြရ ဦးမယ် ။

#ဘာပွဲ_ကြည့်ရလည်း_ဆိုတော့_

ခန္ဓာက ပြတဲ့ ပွဲ ကို.....ကြည့်ချင်လည်း....ကြည့်
မကြည့်ချင်လည်း....ကြည့်ကြရမယ့်...ပွဲ

ရုပ်ပွဲ နာမ်ပွဲ ဝေဒနါပွဲ ပရမတ်ပွဲ
ဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေ ကို
ကြည့်ကြ ရမယ်.....

#တခြား_သွားကြည့်ရမှာ_မဟုတ်ဘူး_

မိမိ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမှာ...။ 👈🏻❗

‼️ #ပွဲလေးပွဲ_ကြည့်ကြပါ_‼️

▫️ကာယ သတိပဋ္ဌာန်ပွဲ
▫️ဝေဒနာ သတိပဋ္ဌာန်ပွဲ
▫️စိတ္တ သတိပဋ္ဌာန်ပွဲ
▫️ဓမ္မ သတိပဋ္ဌာန်ပွဲ ကို

* #သတိ_သမာဓိ_ပညာ_ "

မျက်လုံး နဲ့ ကြည့်ရမယ်
ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက ်မယ်

#တို့တတွေ_အားလုံး_

ယခု....ဝိမုတ္တိယုဂခေတ်....အတွင်း...

လူ ဖြစ်လာရသည် မှာပင်..
ထူးကဲသော ဒုလ္လဘတရားပင်.....ဖြစ်တယ်

#ဒါ့အပြင်___ဘဒ္ဒကမ္ဘာတွင်_လူဖြစ်ရခြင်း_

မြတ်စွာဘုရား၏
သာသနာတော်နှင့်....ကြုံတွေ့ရခြင်း၊
ဗုဒ္ဓဘာသာဝင် မိဘများ ၏
သားသမီးများ ဖြစ်ရခြင်းမှာ......

အင်မတန်......ကြီးမား သော
ဘုန်းကံကြောင့်.....ဖြစ်ပါတယ်။

မြတ်စွာဘုရားပွင့်ထွန်းတော်မူရခြင်း၏
အကြောင်း ရင်းတစ်ခုမှာ......

သံသရာ ဝဋ်ဆင်းရဲအပေါင်းမှကင်း လွတ်ရာ အမှန်
မြတ်နိဗ္ဗာန်သို့ ရစေခြင်းငှာ..ပွင့်တော်မူခဲ့သဖြင့်
နိဗ္ဗာန်ရောက်ရာ ရကြောင်း အကျင့်တရား များကိုကျင့်ကြံအ ားထုတ် ရပါမည်။

#ဘုရားရှင်သည်_ပိဋကတ်သုံးပုံဟု_ဆိုအပ်သော_

ဓမ္မက္ခန္ဓာပေါင်း (၈၄,၀၀၀) ကိုဟောကြားခဲ့သော်လည်း

#အဓိကရည်ရွယ်ချက_်မှာ_

ဆင်းရဲခပ်သိမ်း.....ကင်းငြိမ်းရာ အမှန်
မြတ်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တရားကို
ကျင့်ကြံ အားထုတ် ရန်သာဖြစ်ပါသည်။

ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားများသည်..
လူ့ဘုံ....ဘဝကသာလျှင်
ကျင့်ကြံအားထုတ်ပြီး.....ရရှိနိူင်ပါသည်။

#သို့ကြောင့်သာ_

မြတ်စွာဘုရားရှင်တိုင်းသည်
လူ့ပြည်ကသာလျှင်
ပွင့်တော်မူခြင်းဖြစ်ပေသည်။ 🙏🏻🙏🏻🙏🏻

လူ့ဘုံမှ..နိဗ္ဗာန်ကိုရရန်
ကျင့်ကြံသည့်နည်း(၃)နည်း....ရှိရာ၊ 👈🏻❗❗❗

#ယင်းတို့_မှာ_

ကံလမ်း၊ စျာန်လမ်း၊ ဉာဏ်လမ်းဟူ၍ ဖြစ်သည်။

ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍
ကျင့်ကြံ အားထုတ်သည့် လမ်း ဖြစ်သည်။ ❗

သမထကျင့်ကြံအားထုတ်သည့် လမ်းကို
စျာန်လမ်းဟု ခေါ်ကြပြီး၊❗

ဝိပဿနာပွား၍ ကျင့်ကြံအားထုတ်သည့် လမ်းကို
ဉာဏ်လမ်းဟု.....ခေါ်ပါသည်။ ❗

#ဉာဏ်လမ်း_သည်သာလျင်_

အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပေသည်။ 👈🏻‼️

သစ္စာတရားကို ပြသတတ်သော
ဆရာသမားကောင်း နှင့်တွေ့၍ .....👈🏻❗❗

ကိလေသာကြား.....မခိုပဲ ကျင့်ကြံ အားထုတ်ပါက..

နေ့ချင်းပေါက်ပင်.....ရနိုင်ပါသည်။

ကိလေသာကြားခို၍.....မရနိုင်ပါက..
(၇)ရက်၊ (၇)လ၊ (၇)နှစ်အတွင်းရနိုင်သည်။ ‼️‼️

#သို့မဟုတ်_ပါက_

ယခုဘဝ.....သေခါနီး အချိန်တွင်
ဝိပဿနာတရား နှလုံးသွင်းပြီးးးးး

#သေဆုံးမည်_ဆိုပါက_

နောက်ဘဝ.....နတ်ဘုံ မရောက်ခင်
(ပထမအဆင့်)သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်သည်။

ကံလမ်းနှင့်စျာန်လမ်းသည်
နိဗ္ဗာန်ကိုတိုက်ရိုက ်.....မရောက်နိုင်။ ❗

နိဗ္ဗာန်ရောက် အထောက်အပံကောင်းသာဖြစ်စေပြီး၊

ဝိပဿနာဘက်ပြောင်း၍ကျင့်ကြံအား ထုတ်မှသာ..
နိဗ္ဗာန်ကို.....ရနိုင်ပါသည်။

#ယခုကာလ_ဝိမုတ္တိယုဂ_ခေတ်အတွင်း_..

သစ္စာလေးပါး မြတ်တရားကို
ကောင်းစွာ သိမြင်၍......

မှန်ကန်သော အကျင့် ပဋိပတ်ဖြင့်
လျင်မြန်စွာ ကျင့်ကြံ အားထုတ်

ရောက်ရှိနိုင်ကြပါစေ.....ကုန်သတည်း...။ 🙏🏻🙏🏻🙏🏻

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

#မူရင်းရေးသားသူအားလေးစားစွာဖြင့်Crdပေးပါတယ် #ကုသိုလ်ဖြစ်တစ်ဆင့်ပြန်လည်မျှဝေပါတယ်
#လူ_နတ်_ဗြဟ္မာသတ္တဝါအားလုံး_ကိုယ်စိတ်နှစ်ပါးကျန်းမာ_ချမ်းသာကြပါစေ #ကောင်းကျိုး_လိုအင်ဆန္ဒ_ပြည့်ဝနိုင်ကြပါစေ 🙇🏻🙏🏻🙇🏻

စိတ်ဆိုးပြီး အမေအိမ်ကို ဆင်းသွားတဲ့ မိန်းမကို ယောကျ်ားက ဖုန်းလှမ်းဆက်သည်။ "အိမ်ကို ပြန်လာခဲ့ပါ မိန်းမရယ်..." ☺️☺️ ထိုအခါ...
18/06/2025

စိတ်ဆိုးပြီး အမေအိမ်ကို ဆင်းသွားတဲ့ မိန်းမကို ယောကျ်ားက ဖုန်းလှမ်းဆက်သည်။

"အိမ်ကို ပြန်လာခဲ့ပါ မိန်းမရယ်..." ☺️☺️

ထိုအခါ မိန်းမဖြစ်သူက ဝမ်းနည်းနေတဲ့ လေသံနဲ့....

“ဒါနဲ့ ရှင့်အနားမှာ ဖန်ခွက်ရှိလား...?” 😒😒

"မရှိဘူးကွ... ဘာဖြစ်လို့လဲ...?" 🤔🤔

"ဒါဆိုရင် မီးဖိုချောင်ထဲမှာ တလုံးသွားယူ..." 😠😠

"တော်တော်ထူးဆန်းတဲ့ မိန်းမပဲ... အေးပါကွာ မင်းက ခိုင်းတော့လည်း လုပ်ပေးရမှာပေါ့..." 😲😯😮

“ယူပြီးရင် အခု ကြမ်းပြင်ပေါ် ပေါက်ခွဲလိုက်..." 😠😠

ယောကျ်ားကလည်း မိန်းမခိုင်းတဲ့အတိုင်း လုပ်လိုက်သည်။

ထို့နောက် မိန်းမက မျက်ရည်များနဲ့ ပြောလိုက်သည်။

“အဲဒါ ကျမရဲ့ လက်ရှိစိတ်အခြေအနေပဲ...!! 😢😢 အဲဒီဖန်ခွက်ကို အကောင်းအတိုင်း ပြန်ဖြစ်အောင် ရှင် လုပ်နိုင်ရင် ကျမ ပြန်လာခဲ့မယ်..." 😭😭

"ဒါနဲ့ နေဦးကွ... ငါ ပေါက်ခွဲလိုက်တဲ့ ခွက်က သတ္တုခွက်ကြီးကွ... မကွဲဘူးလေကွာ..." 🙄🙄

ဒီအခါ မိန်းမဖြစ်သူက ရယ်ပြီးပြောလိုက်သည်။

"အိုးး!!! တော်ပါသေးရဲ့... 🤗🤗 ညနေမိုးချုပ်ရင် ရှင် ကျမကို လာခေါ်လိုက်နော်..." 🥰🥰

😀😄🤪☺️😃😀😄🤪😃😀😄🤪

#လွမ်းမပြေသုတရပ်ဝန်း

ခေတ်အဆက်ဆက် ရွှေ ၁ ကျပ်သားစျေးနှုန်းများ (လိုင်းပေါ်က ရှာလို့ရသမျှ စုစည်းထားပါသည်)1938 = 50 ကျပ်1950 = 180 ကျပ်1960 = 24...
08/06/2025

ခေတ်အဆက်ဆက် ရွှေ ၁ ကျပ်သားစျေးနှုန်းများ (လိုင်းပေါ်က ရှာလို့ရသမျှ စုစည်းထားပါသည်)

1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
1975 = 1800 ကျပ်
1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ်(30.12.2023)
2024= 4,003,000 ကျပ် (6.3.2024).
2024 = 4,800,000 ကျပ် ( April)
2024 = 5,400,000 ကျပ် (May)
2024 = 5,200,000 ကျပ် (June)
2024 = 5,800,000 -6,800,000 ကျပ် (JULY)
2024 = 7,500,000 ကျပ်

You can easily convert gold weight between Myanmar measurement system and others. It is also useful for price calculation of 24k gold. A simple and easy Gst calculator for all Gold and Silver dealers to generate Gst Bill for Gold or Silver article. It helps dealers to make the Customer Understand cl...

05/06/2025

Cred to original uploader

ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။ နားမလည်သည့်အတွက် ဆုံးရ...
05/06/2025

ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။

နားမလည်သည့်အတွက်
ဆုံးရှုံးနစ်နာမှုတွေဖြစ်စေနိုင်ပါတယ်။
ထို့ကြောင့်ရွှေနဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . .

ရွှေဆိုသည်မှာ..........
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ၁၅ ပဲရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
- ၁၄ ပဲရည် (ဆယ့်လေးပဲရည်)
- ရွေးသုံးဆယ်စပ်
- မိုးကြိုး

"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင်
"ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။
တစ်ကျပ်သား = ၁၆ ပဲသား
တစ်ကျပ်သား = ၁၂၈ ရွေးသား (ရန်ကုန်အချိန်)
တစ်ကျပ်သား = ၁၂၀ ရွေးသား (မန္တလေးအချိန်)
၁-ပဲသား = ၈ ရွေးသား (ရန်ကုန်အချိန်)
၁-ပဲသား = ၇.၅ ရွေးသား (မန္တလေးအချိန်) ။

အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၄
တစ်မတ်သား = ၄ပဲ = ရွေး ၃၂
တမူးသား = ၂ပဲ။ = ရွေး ၁၆
တစ်ပဲသား = ရွေး ၈ ။
အောက်ပါတို့မှာ မန္တလေး အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ပဲ = ရွေး ၃၀
တစ်မူးသား = ၂ပဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။

ရွှေ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ......
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေစျေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ
အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။

အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။

၁၅ ပဲရည်ဆိုသည်မှာ
အခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။

ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။

၁၄ ပဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၄င်း အခေါက်ရွှေ ၁၄ပဲ (ဆယ့်လေးပဲ)သားကိုကြေးနီနှင့် ဘော်အချိုးကျ ၂ပဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။

ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ပဲသားကို ကြေးနီနှင့်ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။

မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ပဲ)ကို ကြေးနီ နှင့်ဘော် အချိုးကျသုံးမတ်သား(၁၂ပဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။

အခေါက်ရွှေတစ်ကျပ်သား စျေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေရဲ့စျေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . ။

မန္တလေအချိန်အတွယ်ဖြင့် တွက်ပြထားသော ဖော်မြူလာ ......
အခေါက်ရွှေစျေး x ၁၁၂.၅ / ၁၂၀ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်စျေး
အခေါက်ရွှေစျေး x ၁၀၅ / ၁၂၀ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၀ / ၁၂၀ = မိုးကြိုးစျေး ။
ရန်ကုန်အချိန်အတွယ်ဖြင့် ပြန်လည်တွက်ပြထားသော ဖော်မြူလာ ....
အခေါက်ရွှေစျေး x ၁၂၀ / ၁၂၈ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၁၅.၂ / ၁၂၈ = ဒင်္ဂါး ရည်စျေး
အခေါက်ရွှေစျေး x ၁၁၂ / ၁၂၈ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၆ / ၁၂၈ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၂ / ၁၂၈ = မိုးကြိုးစျေး ... ဖြစ်ပါသည် ။

အခေါက်ရွှေ ဟာပျော့တယ်
ကြေးနီနှင့်ဘော် ပါ၀င်နှုန်းများလာလေ
ရွှေဟာအရည်ညံလေမာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၄င်း ဒီအတိုင်းပဲ အအေးခံလျှင်သော်၄င်းအဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။

ရွှေထည်များ၀ယ်ယူ ၀တ်ဆင်ပြီးပါက
ပြန်လည်ရောင်းချသောအခါဘောက်ချာပျောက်လျှင်သော်၄င်း မိမိ၀ယ်ယူသည့်ဆိုင်မဟုတ်ပဲတစ်ခြားဆိုင်သို့ရောင်လျှင်သော်၄င်း စျေးအနှိမ်ခံရပါတယ်။

အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့ကအထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူ၀န်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ရောရတယ်။
ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိ၀င်ပါတယ်။

တစ်ခါတစ်ရံ တစ်ပဲ၀န်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁ရွေး ၂ ရွေးအထိ၀င်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂ရွေးလောက်၀င်နေတယ်။ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။ ဆိုင်ကကိုယ်၀ယ်ခဲ့တော့ ၁ဲဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။

အလျှော့တွက်လက်ခက ၃ ရွေးလောက်ပေးရတယ်။ ကိုယ်၀ယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။ ဒါကို မိမိ၀ယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ပဲကိုလဲ ၁ပဲ ဖိုးပြန်ပေးတယ်။

အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင် တစ်၀က်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိ၀ယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက် တစ်၀က်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့ အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်၀ယ်မှာဖြစ်ပါတယ်။

ရွှေပါ၀င်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်၀က်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။ ၀ယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်၀က်လောက်ကဆိုင်ကိုပြန်လာတယ်။

တစ်၀က်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။

တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေ၀ယ်ထားချင်တယ်ဆိုရင် အကယ်ဒမီ မီးလင်း အခေါက်ရွှေက်ု အခဲလိုက်၀ယ်ထားတာကအဆင်အပြေဆုံးပါ။

မူရင်း ပိုစ့်ပိုင်ရှင်အား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။

 #အနံပျောက်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲခြင်းတို့အတွက်.....ဆရာဝန်ကြီးကိုယ်တိုင်ပေးထားတဲ့ နည်းလမ်းလေးပါ သူ့ဆေးခန်းမှာလဲ လာသမျ...
22/05/2025

#အနံပျောက်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲခြင်းတို့အတွက်.....

ဆရာဝန်ကြီးကိုယ်တိုင်ပေးထားတဲ့ နည်းလမ်းလေးပါ သူ့ဆေးခန်းမှာလဲ လာသမျှ လူနာတိုင်းကို ပေါင်းအိုး အကြီးကြီးထဲ ထည့်ပြီး အယောက်ခြင်းစီတိုင်းကို ရှူနိုင်အောင် မြန်မာဆေးနည်းနဲ့လဲ စီစဉ်ပေးထားပါတယ်။

အိမ်မှာတော့ ဒီလိုအိုးနဲ့ တည်ထားပြီး သတိရတိုင်း ထရှူလိုက်တာပဲ

အပန်းလဲမကြီးသလို့ ရှူချင်တဲ့သူတွေတွက် နည်းလမ်းလေး မျှဝေပေးတာပါ ဘေးဥပါဒ်လဲ လုံးဝ မရှိပါဘူး။

အနံ့ပျောက်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲတာ တကယ်သက်သာပါတယ်

#ပါဝင်တဲ့ပစ္စည်းတွေက

ကွမ်းရွက် ၅ ရွက်
ဂျင်း လက်တဆစ်
ဆနွင်းအတက် လက်တဆစ်
လေးညှင်း ၅ ပွင့်
ငရုတ်ကောင်းလှော်ပြီးသား ၅ ပွင့်
ကြပ်ခိုးမှူန့် အနည်းငယ် (ကြပ်ခိုးက ရှာရနည်းနည်းခက်ရင်မထည့်လဲ ရပါတယ် ပါရင်တော့ ပိုကောင်းပါတယ်)

ပစ္စည်းအားလုံး ထည့်ပြီး အိုးထဲမှာ ရေအနည်းငယ်ထည့် ရေနွေးပွက်ပွက်ဆူလာတဲ့ အငွေ့ကို ရှူပေးပါ။

အိမ်မှာတော့ အိုးနဲ့ တည်ထားပြီး တနေ့ အနည်းဆုံး ၃ ကြိမ် ရှူပေးပါတယ်။ အသက်ရှူလို့လဲ ကောင်းပြီး အနံ့ပျောက်တာ နှာခေါင်းပိတ်တာ ဖျားတာ ကိုယ်လက်ကိုက်ခဲတာတွေ တကယ် သက်သာပါတယ်

ကိုယ်တိုင်လုပ်နေတာမို့ အဆင်​ပြေလိုတင်​ပေးလိုက်ပါတယ်
#ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ

Credit Yi Mon Kyaw ( HTD)

တစ်ခုလေးပဲ မှားကြည့်ပါအမှန်လုပ်ထားသမျှအားလုံး ဘလာ ဘလာ ဘလာCrd photo
19/05/2025

တစ်ခုလေးပဲ မှားကြည့်ပါ

အမှန်လုပ်ထားသမျှအားလုံး
ဘလာ ဘလာ ဘလာ
Crd photo

19/05/2025

WYသုံးစွဲထားရင်
၂၄နာရီအတွင်း ဆီးစစ်ရင်ပေါ်ပါတယ် ။
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ။
-
-
-
-

WYကို လူငယ်တွေက ကြယ်သီး လို့
အလွယ်ခေါ် ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်
အမျိုးအစား ခွဲ ကြတယ် ။
-
နောက် အရောင်
အများ အားဖြင့် အရောင် က
ပန်းဆီရောင် လိမ္မော်ရောင်
ချောကလက်ရောင် ဒီလို ခွဲခြား
သတ်မှတ် ကြတယ် ။
-
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့
အစက်အပြောက်ပါတဲ့
အခြားအရောင်တွေကို
အထူးထုပ် ကာလာတွေကို
တစ်ရာ နှစ်ရာ ယူမှ (ရာစီး)
လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
-
နောက်
WYထက် အဆင့်မြင့်ထားတဲ့
ICEက လည်း အဖြူ ရောင်
ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။
-
လူငယ်တွေဘာလို့စွဲလည်း
ဘာအရသာလည်း ကလည်း
စိတ်ပျော့သူဆို ဆွဲတယ် ။
မျောဘို့များပါတယ် ။
-
၃လုံး လောက် ရှူ ရှိုက်မိရင်
ကချင် ခုန်ချင် လှချင်ပ ချင်
သွားချင် လာချင်
သုံးစွဲသူ အပေါ်လိုက်ပြီး
အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။
-
၃လုံးလောက် ရှူမိသူဟာ
ထမင်း ၂ရက်လောက်မဆာပါဘူး ။
-
၃ညလောက် မအိပ်ပဲ
အိပ်ရေးဝ လန်းဆန်းနေတယ် ။
-
လွန် သွားရင် အာရုံ သေ သွားပြီး
တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။
အလုပ်တစ်မျိုးမျိုး
ဝါသနာပါရာgame လို မျိုးကို နစ်
မအိပ်မနေ ဆော့နေတတ်တယ် ။
ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ
စွဲသွား တာပါပဲ ။
-
ဆေး ကျချိန်မှာ
ဆေးအာနိသင် ပြယ်ချိန်ဟာ
ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ
အရိုးထဲကိုက်တဲ့ ဝေဒနာ
အားအင်ကုန်ခမ်းနွမ်းနယ်နေသူ
တစ်ယောက်လို
ဒေါသ အလို လို ဖြစ်လာတာ ။
-
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်
တစ်ချက် နှစ်ချက် တစ်လုံးရဲ့
၅ပုံ ၁ ပုံ လောက်အနံ့ရတာနဲ့
ငေါက်ခနဲ ထထိုင်
ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို
ခုနက မောပမ်ကိုက်ခဲနေတာ
ချက်ခြင်းပျောက် သွားတဲ့ သုခ
အဲ့ဒီ သုခ ကို စွဲလမ်းသွား တာပါ ။
-
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ
ဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့
၇၀ရာနူန်း တွန်းအားပေးပါတယ် ။
-
ဈေးကွက် ပေါက်ဈေးအရ
တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ
လူငယ်တစ်ယောက်အနေ နဲ့
၃လုံး လောက် သုံးစွဲဘို့
တစ်နေ့ တစ်သောင်း လို အပ်ပါတယ် ။
-
ဒါဟာကျောင်သား
လူငယ်တစ်ယောက်အနေနဲ့
ရေရှည် မဖြစ်နိုင်ပါဘူး ။
-
ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ
ဆေး ရဘို့ မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ် ရှာ ရပါတယ် ။
-
သားကောင်အသစ် ရရင်
ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့
ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့
အပိုအဆစ် ဆယ်လုံး မှ တစ်လုံး
အပို လေး ကို မျှော်လင့်ပြီး
အလို လို ရောင်း ဝယ်သူ
ဆေး ကယ်ရီသမား ဖြစ်မှန်း မသိ
ဖြစ်လာပါတော့တယ် ။
-
နီးစပ်ရာ မိန်း ကလေး ယောကျာင်္း လေး
သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။
-
နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီး
အားလုံး သားကောင်ဖြစ်သွားကြပြီး
သားကောင်အသစ် ထပ်မံ မရတော့တဲ့အချိန်
မသုံးစွဲရ မနေနိုင်အခြေအနေ မှာ
ဒုစရိုက်လုပ်ဘို့ ကြံစည်ပါတော့တယ် ။
-
ယခုတစ်လော လူငယ်တွေ
အစုလိုက်အဖွဲ့လိုက် လုယက်မှု
ကျူးလွန်နေတာဟာ
မူးယစ် သားကောင်တွေပါ ။
-
ဒါကြောင့် လူငယ်များ မစမ်းသပ် သင့်ပါဘူး ။
-
မိမိသုံးစွဲတာ
တာဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့ ။
၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
-
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
-
၂နှစ်အတွင်း ဆံပင်ကို CID
အမျိုးသား ဓါတ်ခွဲ ဌာနပို့စစ်ရင် ပေါ်ပါတယ် ။
-
မိဘများကလည်း
ကိုယ့်သားသမီး ရဲ့အမူအကျင့် တွေ
ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။
-
သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။
-
သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။
မလိုအပ်ဘဲ စကားများလာမယ် ။
မျက်ကွင်းညိုလာမယ် ။
အစား အသောက်ပျက်လာမယ် ။
အထူးခြားဆုံး က ချွေးနံ့ !
-
ကိုယ် နံ့ ဟာ လိမ်ညာမရအောင်
ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။
ဆပ်ပြာနဲ့ဆေးလို့မပျောက်ပါဘူး ။
ဒါ ထူးခြားပါတယ် ။
-
သွားများ ကျိုးပဲကုန်ပါတယ် ။
ဒါနောက်ဆုံးအဆင့်ပါ !
-
လူငယ် အညွန့်အဖူးများ
အနာဂတ် လမ်းမမှားစေဘို့
တိုင်းပြည် သာယာ အေးချမ်းစေဘို့
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ် ။

Credit Original Uploader.

🩷ဘယ်သူနဲ့ပဲ စိတ်ဆိုးဆိုးဘယ်သူ့ကိုပဲ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းမုန်း သွေးအေးသွားတဲ့အချိန်မှာ အဲဒီလူနဲ့ ပတ်သက်ပြီး က...
17/05/2025

🩷ဘယ်သူနဲ့ပဲ စိတ်ဆိုးဆိုး
ဘယ်သူ့ကိုပဲ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းမုန်း
သွေးအေးသွားတဲ့အချိန်မှာ
အဲဒီလူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်တွေကို အမြဲ ပြန်စဉ်းစားဖြစ်တယ်..။

🩷လူဆိုတာကတော့
တစ်ယောက်နဲ့ တစ်ယောက်
မတူကြတာမို့ စိတ်အခန့်မသင့်တာ ရှိမှာပဲ။

🩷တစ်ခါတလေ ကိုယ့်စိတ်နဲ့ ကိုယ်တောင် အလိုမကျရတာနဲ့ စိတ်မရှည်ရတာနဲ့ ရှိကြသေးတာပဲ။ သူများတွေလည်း အဆင်မပြေတာမျိုးက ရှိမှာပဲလေ

🩷ဒေါသတကြီးနဲ့ အရင်ကဆိုရင် စိတ်မထိန်းမိဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်တယ်..။ တစ်ခါတလေ ဒေါသကြောင့် အမှားလုပ်မိတာမျိုးရှိတယ်..။

🩷တစ်ချို့အရာတွေက ဒေါသဖြစ်နေတဲ့အချိန်မှာမမြင်နိုင်ဘူးလေ သွေးအေးသွားမှ မြင်နိုင်တာဘယ်လောက်ပဲ စိတ်ကောက်ကောက် စိတ်တိုတို ကောင်းတာလေးတွေ ပြန်စဉ်းစားပြီး ခွင့်လွှတ်ဖြစ်တယ်..။

🩷ငါ့ကို ဘယ်တုန်းက ဘယ်လိုကောင်းခဲ့ဖူးတာပဲ ငါ့ကို ကူညီပေးခဲ့ဖူးတာပဲ... စသဖြင့် ကောင်းတဲ့အရာတွေပဲ စဉ်းစားပြီး ခွင့်လွှတ်ပေးလိုက်တယ်..။

🩷အကယ်၍
အဲဒီဆက်ဆံရေးဟာ ဆုံးခန်းတိုင်နေပြီဖြစ်နေတဲ့ ဆက်ဆံရေးဆိုရင်တောင်မှ အမုန်းတွေနဲ့ မမှတ်မိချင်ဘူး..။ ကိုယ်တိုင်အေးချမ်းချင်သလို တစ်ဖက်သူအပေါ်လည်း ငြိမ်းချမ်းစေချင်ပါတယ်..။

🩷ငါ့ကို ဘယ်လိုလုပ်လို့
ဘယ်လိုပြန်လုပ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဆိုတာမျိုးတွေ ဘယ်သူ့အပေါ်မှာမှ မထားပါ..။

🩷ကာယကံမှု မမြောက်ခင် မနောကံရဲ့စိတ်တန်ခိုးဟာ ပိုမြန်ပါတယ်..။
ချစ်လို့ဖြစ်စေ မုန်းလို့ ဖြစ်စေ သံသရာမရှည်ချင်တော့ပါ..။ အထူးသဖြင့် အမုန်းတွေကို
ဝဋ်ကြွေးလို လက်ဆင့်မကမ်းချင်တော့ပါ..။

🩷ဓာတ်သဘောဆိုတာ
ကူးစက်နိုင်တယ်..။
အပူဖြန့်ရင် အပူကူးလိမ့်မယ်..။

🩷အေးချမ်းတဲ့ဓာတ်ကို ဖြန့်ရင် အေးချမ်းလာစေ လိမ့်မယ်...။

🩷ဘယ်အရာမှတည်မြဲခြင်းမရှိပါ... ။

#🅲🆁🅴🅳🅸🆃 ❣🌻
#ဗဟုသုတ စာပေများ

Address

No1
Meiktila
00000

Telephone

09970722372

Website

Alerts

Be the first to know and let us send you an email when ဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share