10/05/2026
မိုးဆက်တိုက်ရွာမည် 🌧
လက်ရှိ မိုးတွေရွာနေတဲ့ ရှမ်းပြည်နယ်ထဲက ဒေသအားလုံးမှာ လာမယ့် မေလ ၁၃ရက်ထိ၊ ကယားပြည်နယ်ထဲက ဒေသအားလုံးမှာ မေလ ၁၇ရက်ထိ၊ နေပြည်တော်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်နယ်တို့မှာ မေလ ၁၇ရက်ထိ မိုးတွေ ဆက်တိုက် ရွာမယ်လို့ တွက်ချက်ရရှိပါတယ်။ မိုးတွင်းနဲ့တစ်ဆက်တည်းရွာတဲ့ မိုးဦးမိုးတွေကြောင့် အားလုံး အပူအပင်တွေကင်းစင်ပြီး ကျန်းမာကြပါစေဗျာ။ မိုးလေဝသဒေတာတွေ ထပ်မံဝယ်ယူဖို့ လိုအပ်မှုလေးတွေ ရှိနေပါတယ်။ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ မိုးလေဝသအပ်ဒိတ်များ တင်ပေးနေပါတယ်ခင်ဗျာ။ ခဏနေရင် ရန်ကုန် နဲ့ မန္တလေးအတွက် မိုးဘယ်နေ့အထိ ရွာမယ်ဆိုတာ အပ်ဒိတ် ထပ်တင်ပေးပါမယ်။ ❤
10-05-2026/11:05AM
Data Soure;GFS/GEM/JMA/ICON/UKMO/ECMWF/USAI
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#ကရင်ပြည်နယ် #မွန်ပြည်နယ် #နေပြည်တော် #ကယားပြည်နယ် #တနင်္သာရီတိုင်း #ရှမ်းပြည်နယ်