28/04/2025
အရေအတွက်ကို ကြည့်စားမှာလား...
အရည်အသွေးကို ကြည့်စားမှာလား...
ဘာတွေကိုလဲဆိုရင်တော့ Calories ရဲ့ အရေအတွက်နဲ့ အရည်အသွေးတွေပါပဲ…
စားတော့စားကြတာပဲ...မစားခင် Packaging နောက်ကျောက ကယ်လိုရီကို ဖတ်ကြ မှတ်ကြ တွက်ကြတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ချင့်ချိန်စားစား နဂိုဗိုက်ပြည့်တယ်လို့ မခံစားရသလို ခန္ဓာကိုယ်မှာ သိသိသာသာပြောင်းလဲသွားတာမျိုးလည်း မခံစားရဘူး။
ဆိုတော့ ကိုယ် စားသုံးနေတဲ့ ကယ်လိုရီတွေက ရွေးချယ်မှု မှန်ကန်နေပါရဲ့လား၊ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေမှာရော သေချာပါရဲ့လား။
ကယ်လိုရီတွေမှာ High-quality calories နဲ့ Low-quality calories ဆိုပြီး ၂ မျိုးရှိနေတာမို့လို့ တူညီစွာနဲ့ ဖန်တီးထားတာတော့မဟုတ်ပါဘူး။
ဒါဆို ၃ ချပ်စားရုံနဲ့ ထမင်းတပန်းကန်၊ အသား ၂ တုံး အာဟာရနဲ့ ညီမျှအောင် ဖန်တီးပေးထားတဲ့ Protein Bite ထဲက Calories က ဘယ်လိုအမျိုးအစားထဲ ပါဝင်နေပါလိမ့်...။
Plant-based protein ကြွယ်ဝတဲ့ မြေပဲက ကြွက်သားကြီးထွားဖို့နဲ့ ပြုပြင်ပေးဖို့မှာ ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပြီး မြေပဲမှာပါတဲ့ healthy fats တွေက ဦးနှောက်ကို ကျန်းမာစေတဲ့အပြင် Vitamin E နဲ့ သတ္ထုဓာတ်တွေကြောင့် ခန္ဓာကိုယ်တခုလုံးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနေစေပါတယ်။
အုတ်ဂျုံကျပြန်တော့ ဆီးချိုမတတ်စေအောင် ဖြည်းဖြည်းလေး အဆာကြေညက်စေပြီး စွမ်းအင်ကို အကြာကြီးတည်မြဲအောင် ထိန်းပေးနိုင်တဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝပြန်လို့ မကောင်းတဲ့ ကိုလက်စ်ထရောတွေကျစေရင်း နှလုံးကို ကျန်းမာစေပြန်ပါသေးတယ်။
အမျှင်ဓာတ်ကြွယ်ဝလွန်းပြီး အစာခြေစနစ်ကို အထောက်အကူဖြစ်စေတဲ့ဂျုံကြမ်းကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ရုံမက ပြုပြင်ထားတဲ့ ဂျုံတွေထက်ပိုပြီး ပရိုတိန်းကြွယ်ဝလို့ အဆာခံစေပြီး ကြွက်သားကျန်းမာရေးအတွက် ကောင်းကောင်းကြီး အထောက်အကူပြုနေစေပါတယ်။
ပရိုတိန်းနဲ့ အမျှင်ဓာတ် အကြွယ်ဝဆုံး ကုလားပဲကတော့ စားပြီးတာနဲ့ ကျေကျေနပ်နပ်ကြီး ပြည့်အင့်တဲ့ ခံစားချက်မျိုးပိုင်ဆိုင်စေပြီး ကိုလက်စ်ထရောကို ကျစေလို့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါသေးတယ်။
ဒီလို ဒီလို အကောင်းမွန်ဆုံး calories တွေကို စုစည်းထားတဲ့ Protein Bite ကတော့
အာဟာရဆရာဝန်ကိုယ်တိုင် ကြီးကြပ်ထုတ်လုပ်ထားပြီး
အချိုလုံးဝမပါဝင်လို့ ဆီးချိုဝေဒနာရှင်တွေ စိတ်ချလက်ချ စားသုံးနိုင်တဲ့အပြင်
ကယ်လိုရီ အရေအတွက် နံပါတ်တိုင်းကလည်း ဝိတ်ထိန်းဖို့နဲ့ ကျန်းမာရေးအတွက် ကောင်းကောင်းကြီးအထောက်အကူပြုနေစေတော့တာပါပဲ။