14/06/2023
iPhone တွေမှာပါတဲ့ Battery Health ဆိုတာဘာလဲ? ဘာကြောင့်ထည့်ပေးထားတာလဲ?
Battery Health ဆိုတာ ဖုန်းမှာပါလာတဲ့ Battery ရဲ့လက်ကျန် Capacity ကို % နဲ့ဖော်ပြပေးတာပါ .. ဖုန်းတိုင်းမှာ Battery Health ဆိုတာရှိပါတယ် .. Settings ထဲပြတာနဲ့မပြတာပဲကွာပါ .. Apple ရဲ့ iPhone တွေမှာ ဘာလို့ Battery Health ကိုပြထားလဲဆိုတာ အောက်မှာအသေးစိတ်ရှင်းပြပါမယ်
အရင်ဆုံး Battery Health အကြောင်းပြောကြတာပေါ့ .. ဖုန်းအများစုမှာပါတာက Lithium-ion လို့ခေါ်တဲ့ Battery အမျိုးအစားပါ .. ဒီ Battery တွေက သုံးရင်သုံးသလို Capacity လျော့လျော့လာပါတယ် .. Battery Health ဆိုတာ လက်ရှိဖုန်းမှာကျန်နေတဲ့ Capacity ကိုပြတာပါ .. ပိုရှင်းသွားအောင် ဥပမာတစ်ခုပေးပါမယ်
ဖုန်းတစ်လုံးက 5,000mAh Capacity ပါတဲ့ Battery ကိုသုံးထားတယ်ဆိုပါစို့ .. ဒီဖုန်းကဝယ်ခါစမှာ Battery Health 100% (5,000mAh) ရှိနေမှာပါ .. ဒါပေမယ့် 2 နှစ်ကြာတဲ့အခါ Battery Health 80% ကျန်တော့တယ်ဆိုရင် 4,000mAh ပဲရှိတော့တယ်လို့ဆိုလိုတာပါ (80% of 5,000mAh = 4,000mAh) .. ဒါက Battery Health ရဲ့အလုပ်လုပ်ပုံပါ
Apple အဆိုအရ iPhone တွေဟာ 500 Cycle Count ပြည့်ရင် Battery Health 80% ကျန်မယ်လို့ အကြမ်းဖျင်းပြောထားပါတယ် .. ဒါကလည်း ယေဘူယျခြုံပြောတာဖြစ်လို့ ဖုန်းတိုင်းအတွက်မှန်မှာမဟုတ်ပါဘူး .. ပျမ်းမျှအနေနဲ့တွက်ပြထားတာပါ .. ဒီတော့ Cycle Count ဆိုတာဘာလဲပြောဖို့ လိုအပ်လာပါပြီ
Cycle Count ဆိုတာ ကုန်သွားတဲ့ Battery ရာခိုင်နှုန်း ၁၀၀ ပြည့်ရင် Cycle Count 1 အနေနဲ့သတ်မှတ်ပါတယ် .. ဥပမာ သင်ဟာ 100% ကနေ 40% ပဲကျန်တော့တဲ့ထိသုံးလိုက်တယ်ဆိုရင် ကုန်သွားတာက 60% ပါ .. အားကို 70% ထိပြန်သွင်းပြီး 30% ကျန်အောင်ထပ်သုံးလိုက်တယ်ဆိုပါစို့ .. ဒါဆိုခုနကကုန်သွားတဲ့ 60% နဲ့ အခုသုံးလိုက်တဲ့ 40% ပေါင်းရင် 100% ကုန်သွားတာဖြစ်ပါတယ် .. ဒါကြောင့် ဒီကုန်သွားတဲ့ 100% ကို 1 Cycle Count လို့သတ်မှတ်ပါတယ်
အဲ့လိုမျိုး Cylce Count ပေါင်း 500 ပြည့်တဲ့အခါ Battery Health 80% ကျန်မယ်လို့ Apple ကပြောထားတာပါ .. ဒီတော့ဗျာ, ကျွန်တော်တို့အကြမ်းဖျင်းအနေနဲ့ တစ်ရက်ကို 100% ကုန်အောင်သုံးရင် Cycle Count 1 လျော့သွားမှာဖြစ်ပါတယ် .. Cycle Count 500 ပြည့်ဖို့ဆို ရက်ပေါင်း 500 ပေါ့ဗျာ .. ရက်ပေါင်း 500 ကိုနှစ်နဲ့ပြန်တွက်ရင် 1 နှစ်နဲ့ 5 လနီးပါးဖြစ်ပါတယ် .. ဒီတော့ သင့်ဖုန်းဟာဝယ်ပြီး တစ်နှစ်ခွဲအတွင်း Battery Health 80% ကျန်နေမယ်ဆိုရင် ဒါဟာလုံးဝပုံမှန်ပဲဖြစ်ပါတယ် .. Lithium-ion Battery တွေကိုက rechargable ဖြစ်တာမို့လို့ အားသွင်းလိုက် သုံးလိုက် အားသွင်းလိုက သုံးလိုက်လုပ်နေတာနဲ့ကို Battery Health ကကျနေမှာပါ .. ဒါဟာလုံးဝပုံမှန်ပါပဲ
ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီပုံသေနည်းကအမြဲတမ်းမှန်မှာမဟုတ်ပါဘူး .. ဒါဟာ ဖုန်းကိုအသုံးပြုပုံနဲ့လည်းဆိုင်ပါသေးတယ် .. Battery တွေရဲ့အကြောက်ဆုံးအရာက အပူပါ .. iPhone တစ်လုံးရဲ့ Operating Temperature ဟာ 0º and 35º C အတွင်းရှိရပါတယ် .. မြန်မာနိုင်ငံမှာ များသောအားဖြင့် 35º C ထက်ပိုပြီးပူလေ့ရှိတာကြောင့် iPhone ရဲ့ Operating Temperature ထက်ကျော်လွန်နေပါပြီ .. ဒါကြောင့်ဖုန်းအပူလွန်ရင် Battery Health မြန်မြန်ကျပါမယ် .. မကျစေချင်ရင် ဖုန်းကိုပူအောင်မထားပါနဲ့ .. ကာဗာအထူကြီးတွေတပ်ပြီး အားသွင်းတာမျိုးရှောင်ပါ .. ဂိမ်းဆော့ရင် Cooling Fan တပ်ထားပါ .. နေရောင်နဲ့တိုက်ရိုက်ထိတဲ့နေရာမှာ ဖုန်းကိုအချိန်ကြာကြာသုံးတာမျိုးရှောင်ပါ .. Apple ပြောတဲ့ Cycle Count 500 မှာ 80% ကျန်မယ်ဆိုတာ ဒီလိုအခြေအနေတွေမဟုတ်ပဲ လုံးဝသာမန်အခြေအနေ, ရာသီဥတုကိုပြောထားတာပါ .. မြန်မာနိုင်ငံလို ပူပြီး မီးအားမမှန်, တရုတ်အားသွင်းကြိုးအတုတွေပေါတဲ့နိုင်ငံဆို စဥ်းစားသာကြည့်တော့
ဒါပေမယ့်ဗျာ Battery Health ကအဲ့လိုဂရုစိုက်နေလည်း ကျချင်ရင်ကျတာပါပဲ .. Quality မကောင်းတဲ့အားသွင်းကြိုးနဲ့ Powerbankတွေသုံးတာ, အားသွင်းတဲ့နေရာက မီးအတက်အကျများတာ, overcharged လုပ်တာ စသဖြင့်ပေါ့
အဲ့တော့ ဘာပဲနေနေကျမယ့် Battery Health ကို ဂရုစိုက်မနေပဲ ကိုယ်အဆင်ပြေသလိုသုံး, Battery လဲချိန်တန်ရင် ပိုက်ဆံပေးပြီးလဲလိုက်တာ ပိုပြီး convenient မဖြစ်ပေဘူးလား?
Apple ကဘာလို့ Battery Health ထည့်ပေးထားတာလဲဆိုတာဆက်ရှင်းပြပါမယ် .. iPhone တွေမှာ Battery Health 80% ထက်နည်းလာတဲ့အခါ Battery ကနေ SoC ကိုလိုအပ်သလောက် ပါဝါမထောက်ပံ့ပေးနိုင်တော့တဲ့အခါ မကြာခဏအလိုအလျောက်ဖုန်းပိတ်တဲ့ ပြဿနာမျိုးဖြစ်လာတတ်ပါတယ် .. ဒီအခြေအနေကိုဖြေရှင်းဖို့ Apple က Battery Capacity နည်းတာနဲ့ SoC ကသုံးတဲ့ Performance ကိုလျှော့ချပစ်ပါတယ် .. ဒီလိုလျှော့ချခြင်းကြောင့် Power သိပ်မစားတော့ပဲ Unexpected Shutdown တွေလည်းမဖြစ်တော့ပါဘူး .. ပြဿနာက ဒီလိုဖြေရှင်းလိုက်တာကို စားသုံးသူကိုအသိမပေးလို့ တရားစွဲခံရပါတယ် .. ဒါကြောင့် Battery Health ကိုထည့်ပေးလိုက်ပြီး 80% အောက်လျော့တာနဲ့ Battery လဲဖို့အကြံပြုထားတာပါဖြစ်ပါတယ် (80% အောက်လျော့တိုင်းလည်း မဖြစ်ပါဘူး .. Battery Health Settings ထဲမှာ Peak Performance Capability လို့မြင်နေသရွေ့ အဆင်ပြေပါတယ် .. အဲ့တာမမြင်ရတော့ဘူးဆို Battery လဲဖို့သာလုပ်ပါ)
ဒီလိုတရားစွဲခံရတာကြောင့် Warranty or AppleCare+ ကာလအတွင်း Battery Health 80% အောက်ကျသွားရင် Battery Free လဲပေးပါတယ် .. Warranty ကာလကျော်သွားရင်တော့ ပိုက်ဆံပေးလဲရပါတယ် .. Android ဖုန်းတွေမှာလည်း Battery Health ဆိုတာရှိပေမယ့် တချို့ဖုန်းကုမ္ပဏီတွေဆိုကြည့်ဖို့တောင်ထည့်မပေးထားသလို ထည့်ပေးထားတဲ့ဖုန်းတွေမှာလည်းဘယ်သူမှကြည့်ပြီး အဖတ်လုပ်မနေကြပါဘူး .. အမှန်ကအဲ့လိုဖြစ်နေရမှာပါ
အခုဒီစာကိုရေးတာက ဖုန်းကိုခိုင်းဖို့ဝယ်ထားပြီး ဖုန်းကပြန်ခိုင်းတာခံနေရတဲ့လူတွေအတွက် ရေးထားတာဖြစ်ပါတယ် .. ဒီလောက်ဆို အသိတရားရသင့်လောက်ပါပြီ
Crd