P.O.B Flower Horn Zone

P.O.B Flower Horn Zone fancy fish , gold fish လုံးဝမရောင်းပါ
thank you for everything

03/07/2022

For sale
Name - kanfa f2
S*x - female
Size - 6"
Price - *****
Ph-09979303235,09668917981📲

Address - 11 road , nawaday ward , pobba thiri , nay pyi taw 👀

Oscar Fishအော်စကာငါးတွေကတော့ ငါးမွေးသူအများစုကြားထဲမှာခေတ်စားခဲ့တဲ့ငါးဖြစ်ပါတယ်ခုထိလဲခေတ်စားနေတုန်းပါပဲကျွန်တော်အပါအဝင်ဒ...
29/06/2022

Oscar Fish
အော်စကာငါးတွေကတော့ ငါးမွေးသူအများစုကြားထဲမှာခေတ်စားခဲ့တဲ့ငါးဖြစ်ပါတယ်
ခုထိလဲခေတ်စားနေတုန်းပါပဲကျွန်တော်အပါအဝင်ဒီငါးတွေကိုသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ မှတ်ဥာဏ်ကောင်းတယ်လို့ပြောရလောက်အောင်သခင်အရမ်းသိပါတယ် အစာတောင်းတဲ့ပုံစံလေးတွေကလဲနှစ်သက်စရာလေးတွေပါ
ပုံစံကလဲကြည့်လိုက်ရင် ခန့်ခန့်ထည်ထည်နဲ့တည်တည်ငြိမ်ငြိမ်ရှိပါတယ် ရေကူးပုံကအစ အခြားငါးတွေလိုပြာယာခက်မနေပါဘူး ဒါကလဲကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ပေါ့
အော်စကာငါးတွေက ရေချိုမှာပဲတည်ရှိနိုင်တဲ့ငါးတွေပါ
ရေချိုဖြစ်ရမဲ့အပြင် မွေးထားတဲ့ရေကလဲ ညစ်ပတ်နေလို့မရပါဘူး အမြဲသန့်ရှုင်းနေမှကြိုက်တဲ့ငါးတွေပါ
နောက်တစ်ခုကန်ကလဲ ငါးကြီးမျိုးဖြစ်တဲ့အတွက်ကြောင့် အကျယ်အဝန်းတော်တော်များများလိုပါတယ်
အနည်းဆုံး ၃ပေတစ်ပေခွဲလောက်ပေါ့
အော်စကာငါးတွေက ၁၈လက်မအရွယ်ထိကြီးနိုင်တဲ့ငါးမျိုးတွေဖြစ်ပါတယ် ကြီးထွားမှုကလဲမြန်ဆန်ပါတယ် ပျှမ်းမျှ တစ်လကိုတစ်လက်မနှုန်းခန့်ကြီးထွားကြတယ်လို့လဲပြောကြပါတယ်
ကြီးထွားမှုမြန်ဖို့အစာကိုလဲဂရုစိုက်ကျွေးရပါတယ်
အစာခြောက် အစာစို(အသားငါး) အသိးအနှံ စတာတွေကိုလိုအပ်သလိုခြင့်ချိန်ကျွေးနိုင်ရပါမယ်
4လက်မအရွယ်အောက်တွေဆို ဖွံ့ဖြိုးနှုန်းအမြန်ဆုံအရွယ်ဖြစ်တဲ့အတွက်ကြောင့်အစာကို ခဏခဏကျွေးတာအကောင်းဆုံးပါ ၄လက်မကျော်သွားရင်တော့ တစ်နေ့၃ကြိမ် ၂ကြိမ် စသည်ဖြင့် ချိန်ကျွေးပါ
အစာရှင်တော့မကျွေးစေချင်ပါဘူး ဘာလို့လဲဆိုတော့ ကျွေးတဲ့အစာရှင်ဟာ နေမကောင်းတာပဲဖြစ်ဖြစ် ရောဂါပါနေတာပဲဖြစ်ဖြစ် ဒါဆိုအဲ့ငါးကနေတစ်ဆင့် ကိုယ့်ရဲ့ငါးလေးတွေစီကို ရောဂါကူးစက်ပြီးနေမကောင်းဖြစ်စေပါတယ်
နောက်တစ်ချက်က အစာရှင်ကျွေးလျှင် ငါးဟာ အစာအရှင်တွေကိုပဲတပ်မက်လာပြီး အခြားအစာခြောက် စတာတွေကိုမစားတော့ပါဘူး ငါးပိုင်ရှင်အတွက် အမြဲအကုန်အကျများပြီး အလုပ်ရှုပ်စေပါတယ်
ဘာပဲဖြစ်ဖြစ် ဘယ်အစာပဲကျွေးကျွေး ၁၅မိနစ်အတွင်းမကုန်တဲ့ ကျန်တဲ့အစားအစာတွေကို ဖယ်ထုတ်ပေးရပါတယ်
အစာဟောင်းအကြွင်းအကျန်တွေကငါးတွေကို ကျန်းမာရေးထိခိုက်စေပြီးသေသည်အထိဖြစ်တတ်ပါတယ်
နောက် အော်စကာတွေကအစားစားသလောက် မစင်စွန့်ပစ်မှုကလဲအရမ်းများပါတယ် ဒါကြောင့် မိမိကန်နဲ့လိုက်ဖတ်မယ့် အရေအသွေးကောင်းမွန်တဲ့ filter စနစ် biofilter စနစ်စတာတွေကိုတပ်ဆင်ဖို့အကြုံပြုပါတယ်
အော်စကာငါးတွေကလအုပ်စုလိုက်နေရတာကိုသဘောကျကြပါတယ် ဒါကြောင့်မွေးမယ်ဆို ၃ကောင်အနည်းဆုံးမွေးမြူသင့်ပြီး ကိုယ့်ရဲ့ငါးကန်အပေါ်မူတည်ပြီး ထပ်ထည့်ပေးရပါမယ်

*ရေအမျိုးအစား =ရေချို
*ကန်အရွယ်အစား = အရွယ်ရောက်ပြီးငါးတစ်ကောင်အတွက် အနည်းဆုံး ဂါလံ၅၀ဆန့်ကန်
*ငါးအရွယ်အစားအကြီးဆုံးဆိုဒ် =18လက်မ
*အစာကျွေးရန် = အစာခြောက် အစာစို (ငါးအသေး ပုစွန် အသီးအနှံ etc:) အစာအရှင်
*Tankmate = အခြားငါးကြီးစစ်စလစ်မျိုးနွယ်စု catfish အကြီးမျိုး Pacu
*ဂရုစိုက်မှု =၃ရက်တစ်ခါ တစ်ပါတ်တစ်ခါ ၃ပုံပုံ ၂ပုံ ရေလှယ်ပေးရန် ကောင်းမွန်သော ရေသန့်စင်မှုစနစ်တပ်ဆင်ပေးရန် အောက်စီဂျင်လုံလောက်စွာပေးရန်
ခုန်တတ်သောငါးမျိုးဖြစ်၍ အဖုံးပါသော ငါးကန်များတွင်သာမွေးမြူရန်(အဖုံးတပ်ဆင်ပေးရန်)
*အုပ်စုဖွဲ့နေသောငါးဖြစ်၍ အနည်းဆုံး ၃ကောင်ခန့် မွေးမြူရန်
*သားဖောက်မှု =အထီးအမ သိရန်မလွယ်ကူသဖြင့် အနည်းဆုံး ၆ကောင်ခန့်ထားရမည် တွဲနေသောငါးများကိုခွဲကာသားဖောက်နိုင်သည်
#မှတ်ချက် အသားစားငါးကြီးမျိုးဖြစ်ကာ ထိန်းသိမ်းရန်ခက်ခဲမှုကြောင့် ငါးစမွေးသူများမမွေးမြူသင့်ပါ

GUGU & GIGI Page

For saleအပင်ကန်ငါး local လေးတွေpearl danio1 price - 8**buy 5 get 1 free 📢Ph-09979303235,09668917981📲Address - 11 road , ...
27/06/2022

For sale
အပင်ကန်ငါး local လေးတွေ
pearl danio
1 price - 8**
buy 5 get 1 free 📢


17/06/2022

လက်၁ဆစ်တောင် မပြည့်သေးဘူး color နဲ့ flower ကထင်းနေတာပဲ 🔥

Gen - gb
Name - full moon #3

Not for sale for show only 👀

17/06/2022

အကုန်နီးပါး Selection မလုပ်‌ရသေးပေမဲ့လဲ gb gen လေးတွေ Sold Out ✌️

Bichir Fish ( ငါးနဂါး )🐉🔥             ကျွန်တော်ရေးခဲ့တဲ့ monster fish type တော်တော်များက professional skill ရှိတဲ့ သူတွေ...
14/06/2022

Bichir Fish ( ငါးနဂါး )🐉🔥

ကျွန်တော်ရေးခဲ့တဲ့ monster fish type တော်တော်များက professional skill ရှိတဲ့ သူတွေသာအဓိကမွေးမြူသင့်တဲ့ငါးအမျိုးအစားများသာဖြစ်ပါတယ်

ဒီလိုတွေပြောလို့လဲဝါသနာရှင်များက monster ဆိုတာ pro အတွက်ပဲလားလို့မေးထင်စရာ ဖြစ်နေပါဦးမယ်

အမှန်တော့ monster type ထဲမှာကိုက basic / intermediate သမားတွေအတွက် ရွေးချယ်နိုင်တဲ့ငါးအမျိုးအစားများရှိပါသေးတယ်

ဒီနေ့ကျွန်တော်တင်ပြပေးမဲ့အရာကလဲ monster type ကိုမှ basic / intermediate သမားတွေမွေးမြူနိုင်တဲ့ " Bichir Fish " အကြောင်းပဲဖြစ်ပါတယ်

ဒီအောက်ဖော်ပြပါအချက်အလက်တွေကနေ " Bichir Fish " တွေကို ဘယ်လိုမွေးမြူဂရုစိုက်ရမလဲဆိုတာ လေ့လာကြည့်ကြရအောင်လားဗျာ

* မူလဇာတိ = Bichir ငါးတွေဟာ အကြမ်းခံကြပါတယ် သူတို့မှာ ရေမျက်နှာပြင်ပေါ်ကလေကိုရှုနိုင်သောအင်္ဂါများပါဝင်ပြီး ကန်ရေအပြင်ဖက်မှာ ခန္ဓာကိုယ်ကြေးခွံစိုစွတ်သမျှပါတ်လုံးအသက်ရှင်နိုင်ကြပါတယ်

Bichir ငါးတွေဟာ ရှေးလွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့်ကထဲက တည်ရှိခဲ့သော ငါးမျိုးစိပ်ဖြစ်ပါတယ်

ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုတော့ သူရဲ့ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံ ကြေးခွံအမျိုးအစားနဲ့ ကျောတောင်ဆူး ရေယက်စတာတွေကိုကြည့်ပြီး ခွဲခြားပြောနိုင်ခြင်းဖြစ်ပါတယ်

ဒီbichir ငါးတွေဟာ လက်ရှိအချိန်မှာတော့ အာဖရိကအပူပိုင်းမြစ်တွေနဲ့ နိုင်းမြစ်တလျှောက်မှာတွေ့မြင်ရပါတယ်

* ရေအမျိုးအစား = ပူနွေးသော ရေမစေးလွန်း မသွက်လွန်းတဲ့ ရေချိုအမျိုးအစားများကို နှစ်သက်ကြပါတယ်

* အပူချိန် / ph = 24°C - 28°C / 7

* ကန်အရွယ်အစား = အရွယ်အသေးဆုံးကနေစပျိုးမယ်ဆိုရင်တော့ ဂါလံ ၅၀ ဆန့် ကန်တွေနဲ့စတင်ပျိုးသင့်ပြီး အရွယ်ရောက်ပါက ဂါလံ ၁၈၀ဆန့်ကန်များကပိုသင့်တော်ပါတယ်

Bichir ငါးတွေဟာ ကန်အမြင့်ထက် ကျယ်ပြန့်သောကန်အနေအထားကိုပိုသဘောကျကြပါတယ်

* အကြီးဆုံးရောက်နိုင်သောဆိုဒ် = အကြီးဆုံးရောက်နိုင်မှုအရွယ်အစားဟာ မျိုးစိပ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ် အချို့မျိုးစိပ်များဟာ 8 လက်မထိ ကြီးနိုင်ပြီး အကြီးဆုံးမျိုးစိပ်ကတော့ ၃ပေခွဲနီးပါးအထိကြီးထွားနိုင်ပါတယ်

* သက်တမ်း = မှန်ကန်ထိရောက်သော အစားအစာရေအရည်အသွေး သဘာဝပါတ်ဝန်းကျင်နှင့်ပြုစုပျိုးထောင်ပေးပါက 15 - 20 yrs အထိ နေနိုင်ကြပါတယ်

* အစားအစာ = Bichir ငါးတွေဟာ အစားမရွေးကြပါဘူး ဒါပေမဲ့အကောင်းဆုံးအစားအစာကတော့ protein များစွာပါတဲ့အသားများကျွေးခြင်းကပိုကောင်းပါတယ်

ဒါကြောင့်အစာခြောက်ထက်စာရင် ရေအောက်မြုပ်နိုင်သော ပုဇွန်အသေ ငါးပေါက်အသေ ရေတီ ဝါးပိုး စတာတွေကို ကျွေးသင့်ပါတယ်

* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ဒီနေရာမှာ မျိုးစိပ်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ်

Bichir ငါးများဟာ အမြင်အာရုံအားနည်းကြပါတယ် ဒါကြောင့် အနံ့နဲ့အာရုံခံလှုပ်ရှားပြီး သားကောင်များကိုဖမ်းယူစားကြပါတယ်

ဒါကြောင့် အချို့မျိုးစိပ်များဟာ မျိုးတူငါးများကို သားကောင်အမှတ်နှင့် တိုက်ခိုက်ကြပါတယ်

ဒီလိုတိုက်ခိုက်ခြင်းကြောင့်အနာတရများဖြစ်ကာ သေနိုင်ကြပါတယိ အချို့သောမျိုးစိပ်များကတော့ မျိုးတူအချင်းချင်ူကိုရန်လိုခြင်းမရှိဘဲ အခြားငါးများကိုသာရန်လိုတတ်ကြပါတယ်

ဒါပေမဲ့ ဒီလိုရန်လိုတိုက်ခိုက်တာကိုအမြဲလိုလိုမတွေ့မြင်နိုင်ပါဘူး သူတို့ဟာ သဘာဝမှာဆိုရင် ညအမှောင် သားကောင်များမလှုပ်ဘဲအိပ်နေတဲ့အချိန်မှာသာ တိုက်ခိုက်စားကြတာကြောင့် အချို့ငါးငယ်လေးများနေ့တွင်မြင်၍မတိုက်ခိုက်ခံရသေးခင် ပိုင်ရှင်များက ငါးအချင်းချင်းတည့်ပြီထင်နေတတ်ကြပါတယ်

ညရောက်မှ အစားခံရပြီးမနက်မတွေ့ရှိကြတော့တာကိုလဲကြုံဖူးကြမှာပါ

* Tankmates = tankmate အနေနဲ့ရွေးချယ်မည်ဆိုပါက monster type ထဲက ရန်လိုမှုနည်း အကောင်ကြီးမားသောငါးမျိုးများကိုရွေးချယ်သင့်ပါတယ် e.g arrowana / silver dollar / stingray etc…

* ထိန်းသိမ်းဂရုစိုက်မှု = အသားငါးစိမ်းများကိုအဓိကထားကျွေးပါက အစာအကြွင်းအကျန်များက ရေထဲတွင်မှိုတက်ကာ nitrogen စက်ဝန်းကိုထိခိုက်ကာ ရေကိုအဆိပ်သင့်စေနိုင်ပါတယ် ဒါကြောင့် ပုံမှန်အစာအကြွင်းအကျန်များကိုစုပ်ထုပ်ဖယ်ရှားခြင်းနှင့် အပါတ်စဉ် ရေ၅၀% လှဲလှယ်ပေးခြင်းကပိုအဆင်ပြေစေပါတယ်

* ကန်အပြင်အဆင် = Bichir ငါးတွေဟာ သဘာဝမှာဆိုရင် ရွံ့သဲမြေများထူထပ်သော ကန်အောက်ခြေကြမ်းပြင်မှာ ကျက်စားကြပါတယ် ဒါကြောင့် အလှမွေးကန်ထဲမွေးမည်ဆိုပါက ကန်အောက်ခြေတွင်သဲ မြေ များခင်းပေးထားနိုင်ပါတယ် ဒါ့အပြင် သစ်ဆွေးတုန်း ကျောက်စရစ်ငယ်များစသည်ဖြင့် အလှဆင်ထည့်ပေးနိုင်ပါသေးတယ် မီးအလင်ရောင်ကတော့ ခပ်မှိနိမှိန်သာထွန်းပေးသင့်ပါတယ်

* အထီးအမခွဲနိုင်ခြင်း = သာမန်အားဖြင့်တော့ bichir ငါးတွေကို အထီးအမခွဲခြားနိုင်ဖို့ရန်ခက်ခဲပါတယ် ဒါပေမဲ့အရွယ်ရောက်ပြီးငါးများမှာဆိုရင်တော့ ယျေဘုယျခွဲနိုင်ပါတယ် dorsal နဲ့ a**l fins တွေဟာ ပိုပြန့်ပိုကားပြီး အရွယ်ကြီးမားသောငါးများဟာ အမများဖြစ်ပါတယ်

* သားဖောက်ခြင်း = ကျွန်တော်တို့ လက်ရှိအချိန်ထိတော့ သားဖောက်သူများ အလွန်ရှားပါးပါသေးတယ် လက်ရှိရောင်းချလျက်ရှိသောငါးများဟာ အရိုင်းအတိုင်းဖမ်းမိရရှိသောငါးမျာဖြစ်ပါတယ်

* အခြားအရောင်များ = အဖြူ / မီးခိုး / သစ်ရွက်ခြောက် / အဝါ etc…

* ဆောင်ရန်ရှောင်ရန် = ငါးကန်အမြင့်ထက်အကျယ်ကိုပိုသဘောကျကြပါတယ် bichir တွေဟာမခုန်တတ်ပါဘူးဒါပေမဲ့ အပြင်ကို မှန်ကန်နုံရံအတိုင်းကပ်ပြီး ထွက်နိုင်ပါတယ် ဒါကြောင့်အဖုံးအုပ်သင့်ပါတယ်

#မှတ်ချက် ။ ။ Monster type ဖြစ်လို့ အစာကျွေးရတာခက်ခဲတာကလွဲလို့ တခြားဂရုစိုက်မှုများက ပုံမှန်လုပ်ပေးယုံနဲ့အဆင်ပြေတာမလို့ beginner / intermediate သမားများမွေးမြူနိုင်ပါတယိ

GUGU & GIGI Page

13/06/2022

For sale
Clown knife (ဘုံခုနှစ်ဆင့်) လိုချင်တဲ့ညိုကီတွေ ၁ကောင်ကျန်သေးတယ်နော်
Size - 6"
Price-****
Ph-09979303235,09668917981📲

Address - 11 road , nawaday ward , pobba thiri , nay pyi taw 👀
မြို့တွင်း deli ရှိသည် 🛵

  sold outFor saleတန်တန်နဲ့မြန်မြန်ပဲ ရောင်းပေးမယ်❤️Name - red armataSize - 2"Price - ****Ph-09979303235,09668917981📲Add...
12/06/2022

sold out
For sale
Name - red armata
Size - 2"
Price - ****


For saleတန်တန်နဲ့မြန်မြန်ပဲ ရောင်းပေးမယ်❤️Name - gb kanfaS*x - female Size - 3"Price - ****Ph-09979303235,09668917981📲Ad...
08/06/2022

For sale
တန်တန်နဲ့မြန်မြန်ပဲ ရောင်းပေးမယ်❤️
Name - gb kanfa
S*x - female
Size - 3"
Price - ****
Ph-09979303235,09668917981📲

Address - 11 road , nawaday ward , pobba thiri , nay pyi taw 👀
မြို့တွင်း deli ရှိသည် 🛵

  sold outFor saleတန်တန်နဲ့မြန်မြန်ပဲ ရောင်းပေးမယ်❤️Kanfa ထဲကနေခွဲထွက်သွားတဲ့ Vjမျိုးစိတ်ဖြစ်တဲ့ ကောင်လေးName - Vj red s...
08/06/2022

sold out
For sale
Kanfa ထဲကနေခွဲထွက်သွားတဲ့
Vjမျိုးစိတ်ဖြစ်တဲ့ ကောင်လေး
Name - Vj red syn hybrid
Size - 1.5 inches
Price - ****


  sold outJPZ #32"size🔥Address - 11 road , nawaday ward , pobba thiri , nay pyi taw 👀
07/06/2022

sold out
JPZ #3
2"size🔥


Address

ကျွန်းရွှေဝါလမ်း ၊ ပုန်းညက် ၁လမ်းသွယ်
Naypyidaw

Telephone

+959979303235

Website

Alerts

Be the first to know and let us send you an email when P.O.B Flower Horn Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category