Darling - Local Products

Darling - Local Products Good and Genuine

သက်ြန်ရက်မြတ်မှာ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း Darling - Local Products မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 💛
12/04/2024

သက်ြန်ရက်မြတ်မှာ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း Darling - Local Products မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 💛

Hello Darling!အလုပ်တွေများနေတာရော mood မကောင်းတာကြောင့်ရော အရောင်းပိုစ်တွေ မတင်ဖြစ်နေတာကြာပေမဲ့ အရည်အသွေးမြင့် Local Pro...
25/03/2024

Hello Darling!
အလုပ်တွေများနေတာရော mood မကောင်းတာကြောင့်ရော အရောင်းပိုစ်တွေ မတင်ဖြစ်နေတာကြာပေမဲ့ အရည်အသွေးမြင့် Local Products အသစ်တွေရော၊ ရောင်းချလက်စ Products တွေကိုပါ Darling က ဆက်လက်ရောင်းချပေးသွားမှာလို့ သတင်းစကားပါးပါတယ်ရှင် 💛

ဝမ်းချုပ်တဲ့အခါ ဘာတွေဖြစ်တတ်လဲ?ဝမ်းသွားဖို့ အားသုံးရလို့ လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်တယ်၊ဝမ်းမာမာတွေကြောင့် စအိုကွဲနာလည်း...
24/02/2024

ဝမ်းချုပ်တဲ့အခါ ဘာတွေဖြစ်တတ်လဲ?
ဝမ်းသွားဖို့ အားသုံးရလို့ လိပ်ခေါင်းရောဂါ ဖြစ်လာနိုင်တယ်၊
ဝမ်းမာမာတွေကြောင့် စအိုကွဲနာလည်း ဖြစ်တတ်သေးတယ်၊
တခါတရံ အားသုံးပြီး ဝမ်းကိုညှစ်ရလွန်းလို့
အူမကြီး အပြင်ကို ကျွံထွက်လာတာမျိုးတွပါ ဖြစ်နိုင်တယ်။
အမလေး ကြောက်စရာကြီးနော် 😫😫
အနည်းဆုံးတော့ ဝမ်းချုပ်ရင် စိတ်လက်မအီမသာဖြစ်ရတယ်၊
Weight ကျချင်သူတွေအတွက်လည်း ဝမ်းချုပ်တယ်တယ်ဆိုတာ
ဘယ်လိုမှ မဖြစ်သင့်သော အရာမဟုတ်လား။
ဝမ်းနုတ်ဆေးတွေ ခဏခဏသောက်ရတာမျိုးလည်း မကြိုက်တဲ့အခါ
မယ်ခေး ဆေးမကျည်းလေးကို သတိရနော်၊
အရသာလေးကလည်း ယိုကလေးစားရသလိုပဲ၊
တစ်ဘူး - 6500 ကျပ်ပါရှင်

အခုလို Review ကောင်းတွေ တပုံတပင်နဲ့ a sleepy town ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ လက်ဖက်ဆီ၊ အုန်းဆီ ၊ ထောပတ်သီးအဆီတွေ Darling မှာ...
24/02/2024

အခုလို Review ကောင်းတွေ တပုံတပင်နဲ့ a sleepy town ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ လက်ဖက်ဆီ၊ အုန်းဆီ ၊ ထောပတ်သီးအဆီတွေ Darling မှာရပါတယ်ရှင် ☺️
ပင်ရင်းဈေးတွေပဲ ရောင်းပေးပါတယ်နော် ☺️😌
လက်ဖက်ဆီ 8000 ကျပ်
အုန်းဆီ 5000 ကျပ်
ထောပတ်သီးအဆီ 15000 ကျပ်ပါရှင်

သဘာဝတရားကို ချစ်တတ်သူဆိုရင်တော့ Eco printed ပုဝါလေးတွေကို ကြိုက်နှစ်သက်မှာ အသေအချာ 🌿သဘာဝဆိုးဆေးဆိုတာ သဘာဝအပင်တွေရဲ့ အမြစ...
29/01/2024

သဘာဝတရားကို ချစ်တတ်သူဆိုရင်တော့ Eco printed ပုဝါလေးတွေကို ကြိုက်နှစ်သက်မှာ အသေအချာ 🌿
သဘာဝဆိုးဆေးဆိုတာ သဘာဝအပင်တွေရဲ့ အမြစ်၊ အစေ့၊ အခေါက် ၊ ပင်စည်၊ အသီး၊ အရွက် ၊ အစေးတွေကနေပြီးတော့ အရောင်ရရှိအောင် သုံးစွဲထားခြင်းဖြစ်ပါတယ်ရှင်။🌿
လူ့ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေတတ်တဲ့ ဓါတ်ပစ္စည်းများ၊ ဓါတုဆိုးဆေးများ မပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။🌿
သဘာဝဆိုးဆေးကိုသာ အသုံးပြုထားတဲ့ မြန်မာချည်ထည်ပုဝါလေးတစ်ထည်ဟာ ခရီးသွား၊ ဘုရားသွား ကျောင်းတက် ယဉ်ယဉ်ကလေးနဲ့ တင့်တယ်လိုက်ဖက်နေမှာ အသေအချာပေါ့ရှင် ။🌿

သဘာဝဆိုးဆေး Eco Printed ပုဝါ ၂၀ x ၇၂ လက်မ တစ်ထည်- 11000 ကျပ်

လက်ဖက်ဆီ နဲ့ အုန်းဆီရဲ့ အကျိုးရလဒ်တွေက ဆံပင်အသစ်ကလေးတွေ ပြန်ပေါက်လို့ ဆံပင်အုံပိုထူလာမယ်၊ ဆံပင်အကျွတ်သက်သာမယ်၊ ဦးရေပြားက...
25/01/2024

လက်ဖက်ဆီ နဲ့ အုန်းဆီရဲ့ အကျိုးရလဒ်တွေက

ဆံပင်အသစ်ကလေးတွေ ပြန်ပေါက်လို့
ဆံပင်အုံပိုထူလာမယ်၊
ဆံပင်အကျွတ်သက်သာမယ်၊
ဦးရေပြားကို အေးမြစေတယ်။
Hair care လုပ်ဖို့ လိုအပ်နေ‌သူတွေရော
ဆံပင်ထူထူလေး ရချင်သူတွေရော
Organic လက်ဖက်ဆီ၊ အုန်းဆီ အတွဲလေး
Darling မှာ ရပါတယ်ရှင် 💁
လက်ဖက်ဆီ- 8000 ကျပ်
အုန်းဆီ-5000 ကျပ်

🍀 အိမ်မက်ကလေး လှစေဖို့ 🍀💝 Dream Catcher သည် Native American လူမျိုးတွေ အထူးသဖြင့် အမေရိကန် အင်ဒီးယန်းလူမျိုးတွေရဲ့ ရိုးရ...
18/01/2024

🍀 အိမ်မက်ကလေး လှစေဖို့ 🍀

💝 Dream Catcher သည် Native American လူမျိုးတွေ အထူးသဖြင့် အမေရိကန် အင်ဒီးယန်းလူမျိုးတွေရဲ့ ရိုးရာအဆောင်တစ်ခု ဖြစ်ပါတယ်။

💝 Dream Catcher နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အယူအဆက အိပ်ပျော်နေသည့် အချိန်မှာ မကောင်း သော အိပ်မက်ဆိုးများကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပြီး ကောင်းသော အိပ်မက်များကို ဖန်တီးနိုင်တယ်။

💝ညအချိန် လေထဲမှာ ကောင်းသော အိပ်မက်နှင့် မကောင်းသော အိပ်မက်များ ရောထွေးမျောလွင့်‌နေပြီး Dream Catcher လေးကို အိပ်ရာအနားမှာ ချိတ်ဆွဲပေးထားပါရင် ကောင်းတဲ့ အိပ်မက်များကို ဖမ်းယူပြီး အိပ်မက်လှလှမက်စေပါတယ်တဲ့။

💝 ကိုယ်ကိုယ်တိုင်အတွက်ရော ချစ်သူလေးအတွက်ရော အိမ်မက်ကလေးတွေ လှစေချင်တယ် မဟုတ်လား။ Dream Catcher လှလှကလေး ချိတ်ထားပေါ့နော်၊ လက်ဆောင်ပေးလို့လည်း လှတယ်လေ ❤️

⭐ ထောပတ်သီးအဆီကို ဘယ်လိုဆံသားပိုင်ရှင်တွေ သုံးရတာလဲ၊ ကောက်ထား၊ ဖြောင့်ထားရင်ရော သုံးလို့ရလား⭐ထောပတ်သီးအဆီကို ဆံပင်ကောက်ထ...
18/01/2024

⭐ ထောပတ်သီးအဆီကို ဘယ်လိုဆံသားပိုင်ရှင်တွေ သုံးရတာလဲ၊ ကောက်ထား၊ ဖြောင့်ထားရင်ရော သုံးလို့ရလား⭐

ထောပတ်သီးအဆီကို ဆံပင်ကောက်ထားသူတွေရော၊ ဖြောင့်ထားသူတွေပါ သုံးလို့ရပါတယ်။

အကောက်မပြေပါဘူး၊ လုံးဝမပြေတာပါ.. ကောက်ထားတဲ့ ဆံသားလေးကိုလည်း ပုံကျကျလေးဖြစ်စေပါတယ်။

ဆံပင်သားကို အလေးချိန်ရှိစေပြီး အစိုဓါတ်လည်ပေးတာမို့ နဂိုဆံပင်အနက်ကိုဖြစ်စေ၊ အရောင်ဆိုးထားတာဖြစ်စေ... စိုစိုလက်လက်လေးဖြစ်နေပါမယ်။

ဆံပင်ကို ဆေးထိထားသမျှ ပြန်ပြီး recovery လုပ်ပေးတာမို့ ဆံပင်ခြောက်တာ ၊ ဖွာတာ ၊ အဖျား ၂ ခွဖြစ်တာတွေ သက်သာပါတယ်။

ဆံပင်ပျော့ပျော့အိအိလေးဖြစ်စေပါတယ်၊
ဘယ်လိုဆံသားမျိုးမဆို ခေါင်းမလျှော်ခင်မှာ ထောပတ်ဆီလေး လူးပေးမယ်ဆိုရင်တော့ ခေါင်းလျှော်တဲ့အခါမှာ ပျော့ဆေး၊ ပေါင်းဆေးတောင် သုံးဖို့မလိုပါဘူး။
ပျော့စင်းပြီး ဝပ်ဝပ်လေးဖြစ်နေမှာ အမှန်ပါရှင်။
a sleepy town
🥑 ထောပတ်သီးအဆီ - 15000 ကျပ်

Darling - Local Products မှာ A Sleepy Town ရဲ့ ဝိုင်ချိုများ ရရှိနိုင်ပါတယ်ရှင် ။A Sleepy Town သစ်သီးဝိုင်ချိုသည်Red Win...
13/01/2024

Darling - Local Products မှာ A Sleepy Town ရဲ့ ဝိုင်ချိုများ ရရှိနိုင်ပါတယ်ရှင် ။

A Sleepy Town သစ်သီးဝိုင်ချိုသည်
Red Wine အမျိုးအစား ဝိုင်နီဖြစ်ပါတယ်။
အခါးမပါပါဘူး၊ အရက် ရောနှောထားခြင်းမရှိတဲ့အတွက် သောက်ပြီးရင် အရက်မူးသလို မူးမနေပါဘူး၊ သူ့အရှိန်က ငြိမ့်ငြိမ့်လေးရယ်၊
အရက်မပါလို့ သောက်လို့လညိး အရွယ်မကျပါဘူး။

သစ်သီးအစစ်တွေကိုမှ ကစော်ဖောက်ထားပြီး
ရလာတဲ့ ဝိုင်မို့ သစ်သီးအနံ့အစစ် ၊ အရသာစစ်စစ်အပြင် ဖိုင်ဘာဓါတ် အမျှင်ဓါတ်အရမ်းပါပါတယ်။

ဗီတာမင် C ကြွယ်ဝတယ်။ နှလုံးရောဂါသမားအတွက် အထူးသောက်သုံးသင့်ပါတယ်။
အရွယ်တင်တယ် ၊ နုပျိုတယ် ၊ အဆီကျတယ် ၊ သွေးဝမ်းမှန်စေတယ်။

အမျိုးသမီးတွေအတွက် ကျန်းမာရေးအရ သောက်သုံးဖို့အထူးသင့်တော်ပါတယ်ရှင်။

သစ်သီဝိုင်ချို တစ်ပုလင်း ၁၆၀၀၀ ပါ၊
ပိုးစာ ၊ စပျစ် ၊ မက်မန်း နဲ့ စတော်ဘယ်ရီ အရသာတွေ ရနိုင်ပါတယ်ရှင်။

Crush coffee ကို လှမ်းမှာတော့ ရက်နည်းနည်းလောက် စောင့်လိုက်ရသေးတယ်၊ပိုင်ရှင်ဖြစ်တဲ့ မစုစန်က ကော်ဖီကို ပိုကောင်း၊ ပိုမွှေး...
11/01/2024

Crush coffee ကို လှမ်းမှာတော့ ရက်နည်းနည်းလောက် စောင့်လိုက်ရသေးတယ်၊
ပိုင်ရှင်ဖြစ်တဲ့ မစုစန်က ကော်ဖီကို ပိုကောင်း၊ ပိုမွှေးစေချင်လို့ အသစ်လှော်၊ ကြိတ်ပြီးမှ ပို့ပေးလိုက်တာမို့ စောင့်လိုက်ရတာပါတဲ့၊
Products အပေါ်ထားတဲ့ စေတနာတွေနဲ့ မှာယူသူအပေါ်ထားတဲ့ မေတ္တာတွေကြောင့် Coffee ဘူးကလေးတွေကို ထိတွေ့ကိုင်ယူလိုက်စဉ်မှာကတည်းက ကြည်လင်ပျော်ရွှင်မှုကို ခံစားရပါတယ်၊
ကဖင်းဓါတ်သည် အသားအရည်အတွက်၊ အသဲအတွက်၊ နှလုံးသွေးကြော ကျန်းမာရေးအတွက် ၊ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်တယ်၊ ခန္ဓာကိုယ်အားကို တက်ကြွစေတယ်တဲ့၊
Quality ကောင်းကောင်း ကော်ဖီသောက်မယ် စိတ်ကူးရင် Crush Coffee ကို သတိရလိုက်ပါရှင်။

တစ်ဘူးကို - 4900 ကျပ်ပါရှင်။

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Darling - Local Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category