Ar Yone Thit Tea House 2- အရုဏ်သစ်တီးဟောက်စ် ၂

  • Home
  • Myanmar
  • Naypyidaw
  • Ar Yone Thit Tea House 2- အရုဏ်သစ်တီးဟောက်စ် ၂

Ar Yone Thit Tea House 2- အရုဏ်သစ်တီးဟောက်စ် ၂ Myanmar Traditional Foods and Myanmar Tea

ပူပူနွေးနွေးကြော်ထားတဲ့ အထူးကြက်ကြော်! ရွှေရောင်အသား၊  အထဲမှာ နူးညံ့ပြီး  ချဉ်စပ်ဆော့စ် လေးနဲ့ တို့စားလိုက်တာ အရသာက ထိမိ...
28/05/2025

ပူပူနွေးနွေးကြော်ထားတဲ့ အထူးကြက်ကြော်!
ရွှေရောင်အသား၊ အထဲမှာ နူးညံ့ပြီး ချဉ်စပ်ဆော့စ် လေးနဲ့ တို့စားလိုက်တာ အရသာက ထိမိနေရော..😋
တစ်ကိုက်စားပြီးရင်… ရပ်တန့်လို့မရတော့ပါဘူး။

ထမင်းနဲ့စားမလား....ဒီတိုင်းစားမလား?

အရုဏ်သစ်တီးဟောက်စ် ကြက်ကြော် "အရသာ" ကို မလွတ်စေချင်ဘူးဆိုရင် အမြန်သာ ဆိုင်ကိုလာခဲ့လိုက်တော့ နော်!

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို
ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။
09-797511272

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။
09-766236876


#နေပြည်တော်
#အရုဏ်သစ်
#ကြက်ကြော်
#ဥတ်တရသီရိ

ဒင်ဆမ်းကောင်းကောင်းလာစားပါဗျို့ 😋🤩 တစ်ကိုက် ကိုက်လိုက်တာနဲ့ အရသာက ခံတွင်းထဲမှာ ပျော်ဝင်သွားတာ တစ်ခါစားပြီးတာနဲ့ ထပ်တလဲလဲ...
27/05/2025

ဒင်ဆမ်းကောင်းကောင်းလာစားပါဗျို့ 😋🤩

တစ်ကိုက် ကိုက်လိုက်တာနဲ့ အရသာက ခံတွင်းထဲမှာ ပျော်ဝင်သွားတာ တစ်ခါစားပြီးတာနဲ့ ထပ်တလဲလဲ စားချင်နေမိမှာ... သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ် အောင် ပြုလုပ်ထားတာမို့ ကလေး,လူကြီး စိတ်ကြိုက်လာရောက်စားသုံးနိုင်ပါပြီ....

အရုဏ်သစ်တီးဟောက်စ် မှာ ရွေးချယ်စရာ ဒင်ဆမ်းအမျိုးပေါင်း (၂၀)ကျော်ရှိပါတယ်

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို
ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။
09-797511272

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။
09-766236876




#ဥတ်တရသီရိ
#နေပြည်တော်

📣အရုဏ်သစ် တီးဟောက်(စ်) ကိုပိတ်ရက်မရှိဖွင့်လှစ်ထားပါကြောင်း ကာကာတို့ကို အသိပေးအကြောင်းကြားလိုက်ပါတယ်နော်... #နေ့လည်စာ #တီ...
31/03/2025

📣အရုဏ်သစ် တီးဟောက်(စ်) ကိုပိတ်ရက်မရှိဖွင့်လှစ်ထားပါကြောင်း ကာကာတို့ကို အသိပေးအကြောင်းကြားလိုက်ပါတယ်နော်...

#နေ့လည်စာ
#တီးဟောက်စ်
#အရုဏ်သစ်
#ဥတ္တရသီရိ
#နေပြည်တော်

အရုဏ်သစ် တီးဟောက် နန်းကြီးသုပ်* 🍜✨  အော်ဒါမှာပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်! ကာကာတို့အကြိုက်တွေ့စေတဲ့  နန်း...
23/03/2025

အရုဏ်သစ် တီးဟောက် နန်းကြီးသုပ်* 🍜✨

အော်ဒါမှာပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်! ကာကာတို့အကြိုက်တွေ့စေတဲ့ နန်းကြီးသုပ် အော်ဒါပွဲ ၃၀၀ ကျော် အောင်မြင်ခဲ့ပါပြီ! 🥳

စစ်ကိုင်းပဲမှုန့်စစ်စစ်အရသာနဲ့ ရှေးဟောင်းမြန်မာ့ဓလေ့ကို ပေါင်းစပ်ထားတဲ့ **နန်းကြီးသုပ်**ကို လာရောက်မြည်းစမ်းစားသုံးဖို့ ဖိတ်ခေါ်ပါတယ်! 🌾🔥

📍တည်နေရာ : ပဲခူးလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
⏰ ဖွင့်ချိန် : နံနက် ၆:၀၀ မှ ညနေ ၇:၀၀ အထိ
📞 ဆက်သွယ်ရန် : 09766236876
09797511272 (သို့) Messenger မှ စုံစမ်းနိုင်ပါတယ်။

စားပြီးရင် ထပ်စားချင်စရာ 😋
👉 "ဒီထက်ပို အရသာရှိအောင် ကျွန်တော်တို့ ဖန်တီးထားပါတယ်!"

အရုဏ်သစ် တီးဟောက်စ် သို့ လာရောက်စားသုံးရင်း မြန်မာ့ရိုးရာအစားအစာကို ခံစားလိုက်ပါ။

#နန်းကြီးသုပ်
#မြန်မာအစားအစာ
#အရသာရှင်များအတွက်

အမြန်ဆုံးမှာယူလိုက်ပါ! 🛵
(အိမ်အရောက် Delivery လည်းရှိပါတယ်)

🙋🏻‍♂️ အိပ်ယာထနောက်ကျလို့ မနက်စာ မမှီလိုက်တဲ့သူတွေအတွက် ~အရုဏ်သစ် တီးဟောက်(စ်)မှာ အရသာရှိတဲ့ နေ့လည်စာများ ရရှိနေပါပြီနော်...
03/12/2024

🙋🏻‍♂️ အိပ်ယာထနောက်ကျလို့ မနက်စာ မမှီလိုက်တဲ့သူတွေအတွက် ~

အရုဏ်သစ် တီးဟောက်(စ်)မှာ အရသာရှိတဲ့ နေ့လည်စာများ ရရှိနေပါပြီနော် 😍

ပုံမှန် Menu အပြင်
◾ ဆိတ်ပဲဟင်း
◾ နံကင်သုပ်
◾ ဟင်းနုနယ်ရွက်သုပ်
◾ ကြက်ကုန်းဘောင်
◾ ငါးခူမျှစ်ချဉ်
◾ ငါးလေးအိုးကပ် စတဲ့ အခြားသော Menu တွေလည်း ရှိသေးတာမို့ အရသာရှိရှိ လာရောက်စားသုံးနိုင်ပါတယ် ဗျ။

🥗 ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာထူးကဲတဲ့ နေ့လည်စာ‌တွေကို စားချင်တယ်ဆိုရင်တော့ "အရုဏ်သစ် တီးဟောက်(စ်)" သို့ လှမ်းလာခဲ့ပါနော် 💞

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။

#နေ့လည်စာ
#တီးဟောက်စ်
#အရုဏ်သစ်
#ဥတ္တရသီရိ
#နေပြည်တော်

တစ်ဇွန်းစားကြည့်ရုံနဲ့ ရင်ထဲစွဲငြိ‌သွားစေမယ့်အရုဏ်သစ် တီးဟောက်(စ်)ရဲ့ ဆိတ်ပဲဟင်း 🍲နံပြားနဲ့စားစား၊ ပလာတာနဲ့စားစား လျှာလည...
29/11/2024

တစ်ဇွန်းစားကြည့်ရုံနဲ့ ရင်ထဲစွဲငြိ‌သွားစေမယ့်
အရုဏ်သစ် တီးဟောက်(စ်)ရဲ့ ဆိတ်ပဲဟင်း 🍲

နံပြားနဲ့စားစား၊ ပလာတာနဲ့စားစား လျှာလည်သွားစေမယ့်အပြင်ထမင်းနဲ့ စားလို့လည်း ရှယ်ကောင်းတဲ့ ဟင်းတစ်ခွက်လို့ recommend ပေးပါရ‌စေ 😋

ပဲတွေကိုလည်း သေချာနူးအောင်နှပ်ထားပြီး ဆိတ်အနံ့လုံးဝမထွက်အောင် သေသေချာချာချက်ပြုတ်ထားတာဖြစ်တဲ့အတွက် လျှာလည်သွားစေမှာပါ။

ကာကာတို့ ရှယ်အရသာရစေဖို့ အကောင်းမွန်ဆုံးချက်ပြုတ်ထားလို့လည်း ပူပူနွေးနွေး ဆိတ်ပဲဟင်းလေးကို စားဖူးသူ‌တိုင်း အကြိုက်တွေ့ကြတယ်လေ 🥰

👉🏻 လူကြိုက်များလှတဲ့ "အရုဏ်သစ် တီးဟောက်(စ်)" ရဲ့ "ဆိတ်ပဲဟင်းလေး" ကို ခုထိ မစားကြည့်ဖူးသေးဘူးဆိုရင်တော့ •••
အခုပဲ လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ 🥰

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂) ဥတ္တရသီရိမြို့နယ်။

#ဆိတ်ပဲဟင်း
#တီးဟောက်စ်
#အရုဏ်သစ်
#ဥတ္တရသီရိ
#နေပြည်တော်

ကျွန်တော်ငယ်ငယ်တုန်းက စနေ၊တနင်္ဂနွေ ပိတ်ရက်ဆို အဖေ့ရဲ့စက်ဘီးလေးအနောက်မှာ ခွထိုင်ရင်း ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ကို လိုက...
21/11/2024

ကျွန်တော်ငယ်ငယ်တုန်းက စနေ၊တနင်္ဂနွေ ပိတ်ရက်ဆို အဖေ့ရဲ့စက်ဘီးလေးအနောက်မှာ ခွထိုင်ရင်း ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ကို လိုက်ထိုင်ရတဲ့အချိန်တွေဟာ ဘ၀ရဲ့ မေ့မရတဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့။ လက်ဖက်ရည်ဆိုင် မှာ ကတ်ဆတ်ကဖွင့်တဲ့ စိုင်းထီးဆိုင်သီချင်းတွေ အဖေကလိုက်ငြီးတတ်တယ်။ အမြန်အေး‌ေအာင် အောက်ခံပန်းကန်ထဲထည့်ပြီး အဖေတိုက်ခဲ့တဲ့ လက်ဖက်ရည်အရသာကို ခုချိန်ထိ ကျွန်တော်မှတ်မိနေဆဲပဲ။

အဖေနဲ့ကျွန်တော်က မနက်ပိုင်းတင် လက်ဖက်ရည်ဆိုင် ထိုင်တာမဟုတ်ဘူးဗျ ရံဖန်ရံခါ စနေတနင်္ဂနွေညတွေဆိုလည်း ဘောလုံးပွဲထွက်ကြည့်တတ်သေးတာ။ နှစ်ပေစလောင်းက ပြတဲ့ပရီးမီးယားလိဒ်ပွဲတွေကြည့်ရင်း သူ့အသင်းငါ့အသင်း စကားနိုင်လုကြတာလည်း အဲ့ခေတ်အဲ့အခါက လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုတစ်ခုပေါ့။

နောက် နှစ်အနည်းငယ်ကြာ ကျွန်တော်လူပျိူပေါက်အရွယ်ရောက်လာတော့ လဖက်ရည်ဆိုင်ကို အဖေနဲ့မသွားဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတော့ နေ့တိုင်း လက်ဖက်ရည်ဆိုင်ကိုရောက်တယ်။ အခုခေတ်လိုဖုန်းတွေ အင်တာနက်တွေ မရှိသေးတော့ လက်ဖက်ရည်ဆိုင်ဆိုတာ လူငယ်တွေရဲ့စုရပ်ပေါ့။

လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ထက်ကြီးတဲ့ ကာလသားတွေပြောတဲ့ စကားတွနားထောင်ရတာလည်း တစ်မျိုးကောင်းတယ်ဗျ။ ရပ်ကွက်ဘောလုံးပွဲအကြောင်း၊ အောင်ဆန်းကွင်းထဲက လက်ဝှေ့ပွဲတွေအကြောင်း၊ မန်ယူအကြောင်း၊ လီဗာပူးအကြောင်း၊ အာဆင်နယ်အကြောင်း ဒီလိုအကြောင်းအရာမျိုးစုံကို ပြောတဲ့သူကပြော နားထောင်တဲ့သူကနားထောင် ၀င်ငြင်းတဲ့သူကငြင်း ဒါတွေက ကျွန်တော်တို့လူငယ်ဘ၀ရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပေါ့။

တဖြည်းဖြည်းခေတ်တွေက ပြောင်းလာတော့လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်ကို အရင်လိုဖန်ခွက်နဲ့မရောင်းတော့ဘူး တစ်ခါသုံးဖော့ခွက်လေးတွေနဲ့ဖြစ်လာတယ်၊ အရင်က လက်ဖက်ရည်ဆိုင်ထိုင်ရင်စား‌နေကျ ပြည်တွင်းဖြစ် မုန့်တိုက်အသေးလေးတွေက မုန့်တွေမရှိတော့ဘူး၊ ဒါပေမယ့် ကျွန်တော်တို့အတွက် သန့်ရှင်းမှုနဲ့ အဟာရပြည့်၀စေတဲ့ စားသောက်ဖွယ်ရာ မီနူးတွေပေါ်လာတယ်။

အရင်ကရပ်ကွက်ထိပ် ဘက်စ်ကားဂိတ်က သစ်သားခုံပုလေးတွေနဲ့ လက်ဖက်ရည်ဆိုင်အစား တိတ်ဆိတ်ငြိမ်သက်တဲ့ အဲကွန်းခန်းထဲမှာ လဖက်ရည်ထိုင်သောက်လို့ရလာတယ်။ခေတ်ကာလ ရဲ့ပြောင်းလဲလာမှုနဲ့အတူ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကလည်း ပြောင်းလဲလာတယ်။ ဒါပေမယ့် ကျွန်တော်‌တို့မြန်မာတွေရဲ့ လက်ဖက်ရည်ကြိုက်တဲ့အမူအကျင့်ကတော့ မပြောင်းလဲသွားပါဘူး။

ခေတ်အဆက်ဆက်ပြောင်းလဲ လာတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု‌ေတွ အကြောင်းနဲ့ အမှတ်တရတွေကို ကျွန်တော်တို့အတူတူ လက်ဖက်ရည်သောက်ရင်း ပြောရအောင် အခုပဲ အရုဏ်သစ်ကိုကြွခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ အခုဒီစာဖတ်နေတဲ့သူရဲ့ လက်ဖက်ရည်ဆိုင်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေကိုလည်း comment ထဲမှာ ဝေမျှခဲ့လို့ရပါတယ်။

အရုဏ်သစ်မှာ လက်ဖက်ရည်လာသောက်မယ့်သူတွေအတွက် လိပ်စာကတော့

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။

#တီးဟောက်စ်
#မနက်စာ
#အရုဏ်သစ်
#ဥတ္တရသီရိ
#နေပြည်တော်

🌞 သင့်ရဲ့ တစ်နေ့တာအတွက် မနက်စာက ဘာကြောင့် အရေးကြီးလဲ? တစ်ညတာလုံး အိပ်စက်အနားယူထားသဖြင့် အစာအိမ်နှင့် အစာချေစနစ်တို့အတွက်...
16/11/2024

🌞 သင့်ရဲ့ တစ်နေ့တာအတွက် မနက်စာက ဘာကြောင့် အရေးကြီးလဲ?

တစ်ညတာလုံး အိပ်စက်အနားယူထားသဖြင့် အစာအိမ်နှင့် အစာချေစနစ်တို့အတွက် မနက်စာဟာအလွန်ပဲအရေးကြီးလှပါတယ်။ မနက်စာစားခြင်းဟာ သင့်ခန္ဓာကိုယ်အတွက် တစ်နေ့တာလုံး လိုအပ်တဲ့ စွမ်းအင်နှင့် စိတ်ကြည်လင်ခြင်းကို အထောက်အပံ့များစွာပေးစွမ်းပါတယ်။

🧠💪 မနက်စာစားခြင်းဟာ သင့်ဦးနှောက်ကို လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းအတွက်လည်း အဓိက‌အရေးပါလှပါတယ်။

သွေးတွင်းသကြားဓာတ် ကျဆင်းမှုကို ကာကွယ်ပေးနိုင်သဖြင့် မနက်စာတစ်နပ်ဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

မနက်စာကို ရှင်ဘုရင်လိုစားပါ ဆိုတဲ့ စကားပုံအတိုင်း အရုဏ်သစ် tea house မှာ သင့်ကို 👑 ရှင်ဘုရင်လို ခံစားချက်ပေးမယ့် မနက်စာများ ရရှိနိုင်ပါတယ်။

🥣 အနံ့မွှေးမွှေး ကြက်သားနိုင်းချင်းနဲ့ အရုဏ်သစ်ရဲ့ နန်းကြီးသုပ်အရသာက သင့်ကိုဗိုက်ဆာသွားစေမှာဖြစ်ပြီး 🥞 ပူပူနွေးနွေး ပလာတာလေးကလည်း လ္ဖက်ရည်တစ်ခွက်နဲ့အတူ သင့်မနက်ခင်းကို ပြည့်စုံစေပါလိမ့်မယ်။

🍜 များပြားလှတဲ့ အရုဏ်သစ်ရဲ့ မနက်စာ menu ‌ေတွထဲမှ ရွေးချယ်ရတာ ခေါင်းရှုပ်နေရင်တော့ လူတိုင်းကြိုက်တဲ့ ရှမ်းခေါက်ဆွဲကို recommend ပေးချင်ပါတယ်။ လတ်ဆတ်တဲ့ကြက်သား နဲ့ ဟင်းရွက်တွေ ပါ၀င်တဲ့ ဒီရှမ်းရိုးရာစားစရာလေးက မြန်မာနိုင်ငံတစ်ဝှမ်း လူကြိုက်အများဆုံး မနက်စာတစ်မျိုးပဲဖြစ်ပါတယ်။

အရုဏ်သစ် tea house ကို လာရောက်ပြီး မနက်စာကိုရှင်ဘုရင်လို စားသောက်နိုင်ပါပြီ 👑 စိတ်ကြိုက် မနက်စာများကို စိတ်ကြိုက် ရွေးချယ်စားသောက်ပြီး သင့်တစ်နေ့တာကို အကောင်းဆုံး စတင်လိုက်ပါ ☕ ☕️

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။

#တီးဟောက်စ်
#မနက်စာ
#အရုဏ်သစ်
#ဥတ္တရသီရိ
#နေပြည်တော်

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှစပြီး ~🙏 မြန်မာတစ်ပြည်လုံးရှိ ပြည်သူပြည်သားများအားလုံး  စိတ်၏ချမ်းသ...
15/11/2024

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှစပြီး ~

🙏 မြန်မာတစ်ပြည်လုံးရှိ ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ
ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးပွားကာ အောင်မြင်ကြပါစေလို့

အရုဏ်သစ် တီးဟောက်(စ်)‎ မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ♥️

#အရုဏ်သစ်
#တီးဟောက်စ်
#တန်ဆောင်မုန်းလပြည့်

☀️ နေ့တစ်နေ့ကို အားအင်အပြည့်နဲ့ ဖြတ်သန်းဖို့အတွက် မနက်စာက မရှိမဖြစ် လိုအပ်ပါတယ်။မနက်စာဆိုတာ တစ်နေ့တာလုံး လိုအပ်တဲ့ အားအင...
10/11/2024

☀️ နေ့တစ်နေ့ကို အားအင်အပြည့်နဲ့ ဖြတ်သန်းဖို့အတွက် မနက်စာက မရှိမဖြစ် လိုအပ်ပါတယ်။

မနက်စာဆိုတာ တစ်နေ့တာလုံး လိုအပ်တဲ့ အားအင်ကို ဖြည့်စွမ်းပေးနိုင်တဲ့အရာပါ။

👉🏻 တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို
လက်ရာကောင်းကောင်းလေး စားသောက်ချင်တယ်ဆိုရင်တော့ #အရုဏ်သစ်_တီးဟောက်(စ်) ရှိပါတယ်နော် 🍽️

✅ မနက်စာ၊ နေ့လည်စာအပြင် ညနေစာအတွက်ပါ စုံလင်တဲ့ Menuတွေအပြင်

✅ ဆိုင်နေရာကလည်း ကျယ်ဝန်းပြီး လေဝင်လေထွက်ကောင်းတယ်။

✅ ကားပါကင်နေရာ အတွက်လည်း ပူစရာမလိုတဲ့

#အရုဏ်သစ်_တီးဟောက်(စ်) မှာ အရသာရှိပြီး စုံလင်တဲ့ Menu လက်ရာတွေကို သုံးဆောင်ပြီး သင့်ရဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါနော် 🫶🏻☀️

ကိုယ့်အိမ်ဝန်းကျင်မှာ စားရသလို ခံစားချက်လေး ဖြစ်စေမယ့်...
🏡 ဆိုင် ၁ လိပ်စာ - အမှတ် ၅၆၃၁ ပဲခူးလမ်း ပထမပုဂ္ဂလိကဘဏ်ရှေ့ ဥတ္တရသီရိမ်ြို့နယ်။

Aircon ခန်းလေးထဲမှာ အေးဆေးစားချင်သူတွေအတွက်...
🏡 ဆိုင် ၂ လိပ်စာ - မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်၊ ဇလပ်ဝါပလာဇာရှိ Level-1 အခန်း (၁၂)
ဥတ္တရသီရိမြို့နယ်။

#တီးဟောက်

#မနက်စာ
#ဥတ်တရသီရိ
#နေပြည်တော်

သားသက်လွတ်ဟင်းလျှာ ၂ မျိုး😋😋
30/07/2024

သားသက်လွတ်ဟင်းလျှာ ၂ မျိုး😋😋

အရသာရှိပြီး😋😋😋အဟာရပြည့်ဝသော အာရုဏ်သစ် တီးဟောက်ဟာက်၏ မနက်စာများ။
24/07/2024

အရသာရှိပြီး😋😋😋အဟာရပြည့်ဝသော အာရုဏ်သစ် တီးဟောက်ဟာက်၏ မနက်စာများ။

Address

Naypyidaw
15015

Telephone

+959797511272

Website

Alerts

Be the first to know and let us send you an email when Ar Yone Thit Tea House 2- အရုဏ်သစ်တီးဟောက်စ် ၂ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share