09/03/2026
KBZPay Account ထဲကငွေကို ATM မှတဆင့်ထုတ်ယူလိုပါက
•အကောင့်နံပါတ်ဂဏန်း (၆) လုံး နဲ့
•လျှို့ဝှက်ကုဒ်ဂဏန်း(၄)လုံး တို့ကို KBZPay Account ဖွင့်ထားသော ဖုန်းနံပါသို့ မက်ဆေ့ချ်ပို့ပေးပြီး (၅) မိနစ်အတွင်း ATM စက်တွင် အဆိုပါကုဒ်များအားရိုက်နှိပ်ပြီးမှသာ ထုတ်ယူလိုသောငွေပမာဏကို ထုတ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
KBZPay Account ထဲကငွေကို ATM မှာ ထုတ်ယူတဲ့အခါ Customer များမှငွေထုတ်ယူရန် ATM Keypad တွင်ရိုက်နှိပ်သည်ကို မသမာသူများမှ အနီးစပ်ဆုံးနေရာကနေ ချောင်းကြည့်၊ ခိုးကြည့်နေမှုများ ရှိနေနိုင်သည်ကို သတိပြုသင့်ပါသည်။
🔒 Customer များအနေနဲ့သတိထားကာကွယ်ရမည့်အချက်များကတော့
•ATM Keypad တွင် ကုဒ်နံပါတ်များကို ရိုက်သည့်အခါ မည်သူမျှ မမြင်နိုင်အောင် သတိထားပါ။ (တက်နိုင်သလောက် ခန္ဓာကိုယ်ဖြင့် ကာ၍ရိုက်ပါ)
•ဘေးပတ်ဝန်းကျင်ကို အမြဲဂရုစိုက်၍ စောင့်ကြည့်ပါ။
•ကုဒ်နံပါတ် Message လက်ခံပြီးနောက် အချိန်တိုအတွင်း မြန်မြန် ငွေထုတ်ယူပါ။
•ငွေထုတ်ရာတွင် အခက်အခဲ ဖြစ်ပါက KBZPay Call Center (3211) သို့ ချက်ချင်း ဆက်သွယ်ပါ။