La Min ice cream

La Min ice cream Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from La Min ice cream, Grocers, Pathein.

31/07/2024

ပုသိမ်မှာ ခုထိစျေးလုံးဝ မတက်ဘဲရောင်းချပေးနေတာ ရွှေချိန်ခွင် ဆားစက် က ဆားပါဘဲ ကျေးဇူးအထူးတင် လျက်ပါ အချိန် ၂၅ ၆၀၀၀ပါ

23/07/2024

လု လူ လူ့ လူး ဦးဇာဂနာ စကားလေး ခုမှ သဘောပေါက်

14 -7-2024   လမင်းice cream  ည နေ နှစ်ပွဲဆက် တိုက်  ကျွေးမွေးဧည့်ခံဖြစ်ပါတယ် ဗျာ  ယုံကြည်စွာ မှာယူအားပေးသူများ ကျေးဇူးပါ...
15/07/2024

14 -7-2024 လမင်းice cream ည နေ နှစ်ပွဲဆက် တိုက် ကျွေးမွေးဧည့်ခံဖြစ်ပါတယ် ဗျာ ယုံကြည်စွာ မှာယူအားပေးသူများ ကျေးဇူးပါဗျာ

21 -6- 2024  မနက်ဖန်တူလေးမင်္ဂလာ ပွဲလေးပြင်ဆင်ပေး
20/06/2024

21 -6- 2024 မနက်ဖန်တူလေးမင်္ဂလာ ပွဲလေးပြင်ဆင်ပေး

17/05/2024

ဦးတော့ မော့ လာပါတယ်ဗျာ မီးဘယ်အချိန်လာမလဲ မော့မော့ ကြည့်နေရလို့

၆ နှစ်ပြည့် ခဲ့ပါပီ
27/03/2024

၆ နှစ်ပြည့် ခဲ့ပါပီ

24/03/2024

" ခလုတ်တိုက်လို့လာဆုံကြသောအခါ...."

ပြောချင်တာက...

သားမွေးထားပြီး
သားကမိန်းမကြောက်ရလို့
မိန်းမလုပ်စာကပိုများနေလို့
မိန်းမအရှိန်အဝါကပိုကြီးနေလို့
ကို့မိဘနဲ့တွေဖို့တောင် ခိုးကြောင်ခိုးဝှက်..
ပေးဖို့ကျွေးဖို့တောင် ကျီးလန့်စာစား..
အဲ့လိုသားတွေတပုံကြီး

သားမွေးထားပြီး
"ငယ်ငယ်ကသား ကြီးတော့အား "ဆိုသလို
မိဘတွေမသေမချင်း
ငါတော့ငါ့သားလက်ပေါ်မှာပဲသေမယ်
ငါ့သားရှိနေရင်ငါတို့သေတဲ့အထိမပူရဘူးဟဲ့လို့
အားကိုးနေရတဲ့သားတွေတပုံကြီး

သမီးမွေးထားပြီး
အမေကိုတောင်ပါးထရိုက်တဲ့သမီးတွေ
လင်လုဖက်လို
အမေကိုအော်ဟစ်ဆက်ဆံနေတဲ့သမီးတွေ
ငွေ ၅၀၀/၁၀၀၀နဲ့
အမေကိုဆဲဆိုနေတဲ့သမီးတွေ
လင်နောက်လိုက်သွားထဲက
တစိမ်းလုံးလုံးဖြစ်သွားတဲ့သမီးတွေရှိသလို..

စားဝတ်နေရေးအကုန်တာဝန်ယူ
ချီးသေးက အစ
ကျန်းမာရေးအလယ်
နာရေးအဆုံး တာဝန်အပြည့်ယူသွားတဲ့
ငယ်ငယ်ကသမီးကြီးတော့ ထီး ဆိုသလို
မိဘတွေကိုအရိပ်ပေးနေတဲ့
သမီးတွေ ဒုနဲ့ဒေး...

သားတော့မွေးထားတယ်
Gay ဖြစ်နေပြီး
မိတ်ကပ်လိုက်ပြင် ဘုရားပွဲလိုက်က
အင်္ကျီချုပ် စျေးရောင်း ရတဲ့အလုပ်အကုန်လုပ်ပြီး
တမိသားစုလုံးရှာကျွေးနေတဲ့သားတွေတပုံကြီး..

ပညာမတက်ပေမယ့်
အလုပ်ကြမ်းလုပ် ရှိသမျှခွန်အားနဲ့
သူတက်နိုင်သလောက်မိဘကိုရှာဖွေကျွေးမွေးနေတဲ့
သားတွေ ဒုနဲ့ဒေး...

မွေးကျေးဇူးမဆပ်တဲ့အပြင်
ထောင်ဝင်စာ သွားသွားတွေ့နေရတဲ့သားတွေ
အများကြီး
အရက်သမားဖြစ် ဆေးသမားဖြစ်
ဘာစောက်လုပ်မှ မယ်မယ်ရရမလုပ်ပဲ
အသက်ဖင်ဆောင့်တဲ့အထိ
နို့သက်ခံစို့နေတဲ့ သားတွေတပုံကြီး

သမီးတွေတော့မွေးထားပါရဲ့
တလင်ပြီးတလင်ပြောင်း
တယောက်ပြီးတယောက်မွေးရင်းနဲ့
ကလေးလိုက်ကောက်ရ
မြေးတွေလိုက်ထိန်းရရင်း သေသွားတဲ့မိဘတွေအများကြီး

သမီးအလိမ္မာမို့ မိဘတွေသာမက
တဆွေလုံး တမျိုးလုံး အားကိုးစရာ
သစ်တပင်ကောင်းလို့ ငှက်တသောင်းနားရုံမက
ရှိသမျှငှက်အားလုံးလာနားနေကြတဲ့
သမီးတွေတပုံကြီး

သားကသူများနောက်ပါမှာ
သမီးကမှကိုယ်နဲ့နေခဲ့မှာဆိုတဲ့
သတ်မှတ်ချက်တွေကြားရင် ရီချင်မိတယ်

သမီးကအချိန်တန်ရင်ထည့်လိုက်ရမှာ
သားကမှ ကိုစားရမှာဆိုတဲ့
ပြောဆိုသံတွေကြားရင် သနားမိတယ်

သားသမီးမွေးထားတာ
ကြီးလာရင်အားကိုးချင်လို့ဆိုတာတော့
မှန်သင့်သလောက်မှန်ပါတယ်

ဒါပေမယ့်
ယောက်ျားလေးမွေးမှတို့
မိန်းကလေးမှအားကိုးရမယ်တို့ဆိုတာတော့
အစွန်းရောက်သွားပြန်ရော...

ကျေးဇူးတရားဆိုတာ
Gender ပေါ်မှီခိုတာမဟုတ်ဘူး

သိတတ်မှုဆိုတာ
ကျား/မ ခွဲပြီးအကျိုးပေးတာမဟုတ်ဘူး

မိဘလုပ်စာသာ သားသမီးတွေက
မရှိရှိတာ ခြစ်ခြုပ်စားသောက်သွားတာ
သားသမီးလုပ်စာဆိုတာမျိုးကျ
စားထိုက်မှ စားရတာမျိုး

လောကသဘော ဖြစ်ပျက်သဘောတွေကို
တွေ့နေမြင်နေကြားနေဖတ်နေရပါလျက်
သားမမွေးလို့ စိတ်ညစ်နေကြတယ်
သမီးမမွေးလို့ စိတ်ဆင်းရဲနေကြတယ်

တချို့များ မရသေးတဲ့ချွေးမတောင်
လှမ်းပြီးစိတ်ပူနေကြတာကရှိသေး..

မမြင်ရသေးတဲ့ သားမက်တောင်
လှမ်းပြီးရန်လုပ်နေကြတာကရှိသေး...

ငါစွဲတွေများလွန်းတယ်...

အသက်ကြီးရင် အားကိုးရဖို့
ကလေးမွေးကြမယ်ဆိုရင်
ကလေးမမွေးနဲ့
အဲ့ကုန်ကျမယ့်ပိုက်ဆံတွေကို ရွှေလုပ်ထား
ရွှေတွေများလာရင် တစ်ခုခုအတွက်
ရင်းနှီးမြှ ုပ်နှံထား
အဲဒါကလေးမွေးတာထက်ပိုသေချာတယ်

ကိုယ်တောင် မနက်ဖန်အသက်ဆက်ရှင်မလား
သေမလား မသေချာတဲ့အနိစ္စလောကမှာ
ကိုယ့်သားသမီးအပေါ် ပုံသေနည်းတွေနဲ့တွက်ချက်နေကြတာ
မပင်ပန်းလွန်းဘူးလား

ကိုယ့်သားသမီးသာမက သူတို့အိမ်ထောင်ဘက်တွေအပေါ်မှာပါ
လှမ်းပြီး လောဘ ဒေါသတွေပွားများနေကြတာ
မဆင်းရဲလွန်းဘူးလား

ကလေးကို ချစ်ခြင်းမေတ္တာနဲ့
ပြုစုထိန်းကျောင်းပြီး
သူတို့ဘဝအတွက်
ကိုယ်တက်နိုင်သလောက် ပေးဆပ်ရင်း
ကိုယ့်အတွက်လည်းကိုပြင်ဆင်သွားကြတဲ့
မိဘတွေလည်းရှိကြတယ်

ပြန်မကျွေးရကောင်းလား
ပြန်မကြည့်ရကောင်းလား ဆိုပြီး
အားနေ သားသမီးကိုပြဿနာထိုင်ရှာနေတဲ့
မိဘတွေလည်း မြင်ဖူးတယ်

အသီးစားချင်ရင် အပင်စိုက်ပါ
အသီးအောင်မအောင်က
အပင်စိုက်သူနဲ့အများဆုံးသက်ဆိုင်တယ်

အရိပ်လိုချင်အပင်စိုက်ပါ
အရိပ်ကောင်းမကောင်းက
စိုက်တဲ့လူရဲ့ အပင်ရွေးချယ်မှုနဲ့သက်ဆိုင်တယ်

ဒါကြောင့်
သားသမီးအပေါ် ပေးဆပ်မှုတွေသာများပြီး
မျှော်လင့်ချက်တွေနည်းနိုင်သမျှ နည်းကြပါစေ

သားသမီးတွေကလည်း မိဘတွေအပေါ်
ရယူတာတွေနည်းနိုင်သမျှနည်းအောင်
ကြိုးစားရင်း
များများပြန်ပြီးပေးဆပ်နိုင်ကြပါစေ...

ခလုတ်တိုက်လို့ လာဆုံရတဲ့သံသရာခဏမှာ
တစ်ဦးကျေးဇူး တစ်ဦးနားလည်ကြပါစေ...

ကဲ ခုတော့စာကိုဖတ်ပြီးပြီမို့
စာဖတ်သူရော သဘောပါရဲ့လား

Crd
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

Address

Pathein

Website

Alerts

Be the first to know and let us send you an email when La Min ice cream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category