Linnlatt Pathein

Linnlatt Pathein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linnlatt Pathein, Grocers, pathein, Pathein.

20/12/2023

အလွန်ဆေးဖက်ဝင်သော #သရက်ရွက်

1. သရက်ရွက်တွင် anthocyanidins ဆိုသောဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင် တစ်ညအကြာစိမ်၍ ရလာသောအရေကို သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချို ရောဂါသက်သာစေရန်ကူညီပေးသည်။

2. သရက်ရွက်သည် သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။

3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ လျော့အောင်ကူညီပေးပါသည်။

4. ကျောက်ကပ်ကျောက်တည် ခြင်းနှင့် သည်းခြေအိပ်ကျောက်တည် ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး ပျောက်စေပါတယ်ရှင့်။

5. သရက်ရွက်များများကို ပြုပ်၍ ပျားရည်အနည်းငယ်ဖြင့် သောက်လျှင် အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။

6. သရက်ရွက် တွင် adiponectin ပါသောကြောင့် အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်အထောက်ကူပြုပါသည်။

7. သရက်ရွက်သည် ကင်ဆာ ကာကွဲပေးသည်။

#သရက်ရွက် စားသုံးနည်း-

1. Blender/ကြိတ်စက်ထဲသို့ သရက်ရွက် အမှုန့်ကို ရေ ဖြင့် သောက်ခြင်း။ ရေချိုး ကန်ထဲထည့်၍ ချိုးခြင်း။

2. သရက်ရွက် ၁၀-၁၅ ရွက်ကို ရေ 150ml တွင်ပြုတ်၍ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါသည်။

3. နောက်ဆုံးနည်းကတော့ မြန်မာတွေအကြိုက် တို့စရာအနေဖြင့် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။

#သရက်ရွက် ၏ဆိုးကျိုး-

သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။ စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။

(ကင်ပွန်းသီး) အကြောင်းသိကောင်းစရာကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်...
04/12/2023

(ကင်ပွန်းသီး) အကြောင်းသိကောင်းစရာ

ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီး ပြန်လည်းအသုံးပြုလို့ရပါတယ်။

ကင်ပွန်းသီးကို ရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအ ရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။

လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။

ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝဆံသားထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကင်ပွန်းပင်မှာ ဆံသားကိုနက်မှောင်သန်စွမ်းစေတဲ့ ဆာဖိုနင်ဓာတ်ပါဝင်နေပါတယ်။

ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်း ရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။

အရေပြားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
အရေပြားသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ။ ဆပ်ပြာအစားအသုံးပြုလို့ရပါတယ်။ အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။ အရေပြားကိုနူးညံံ့စေပြီး ခြောက်သွေ့မှုကင်းဝေးစေပါတယ်။

အသားအရေအရောင်ကို တောက်ပစေခြင်း

ကင်ပွန်းသီးကို ဆပ်ပြာအစားအသုံးပြုပေးမယ်ဆိုရင် အရေပြားကိုနူးညံ့စိုပြေစေမှာဖြစ်ပါတယ်။ ကင်ပွန်းသီးကို မျက်နှာအရေပြားပေါ်က ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ မျက်နှာအသားအရေ ကိုလည်းပိုမိုတောက်ပစေပါတယ်။

မျက်နှာသစ်ဆပ်ပြာအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာကိုဖြူစေတယ်ဆိုပေမယ့် အရေပြားခြောက်သွေ့စေပါတယ်။ ကင်ပွန်းသီးကို မျက်နှာသစ်ဆေးအဖြစ်အသုံးပြုမယ်ဆိုရင် ဆိုးကျိုးမရှိဘဲ မျက်နှာအသားအရေကို ဖြူဝင်းချောမွေ့စေမှာဖြစ်ပါတယ်။

ဓာတ်မတည့်မှုကင်းဝေးစေခြင်း

ကင်ပွန်းသီးကနေ ရရှိနိုင်တဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က အရေပြားဓာတ်မတည့်မှု မဖြစ်စေတာဘဲဖြစ်ပါတယ်။ အထိအခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ကလေးငယ်လေးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပြဿနာတွေကို သက်သာစေနိုင်ခြင်း

ကင်ပွန်းသီးကရာနှုန်းပြည့် သဘာဝပစ္စည်းစစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးဆပ်ပြာကို သုံးပြီးအရေပြားကိုနေ့စဉ် သန့်ရှင်းပေးတာက ရောဂါတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဓာတုဗေဒပစ္စည်းတွေနဲပ လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ဓာတုဓာတ်ပစ္စည်းတွေကနေ အရေပြားကနေတဆင့် သွေးကြောထဲရောက်ရှိသွားပြီး အရေပြားဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်ခံစားရစေတာဖြစ်ပါတယ်။


ဆံသားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
ဆံပင်ကျွတ်သက်သာစေခြင်း

ကင်ပွန်းသီးက ဆံသားအတွက်အကျိုးပြုတယ်ဆိုတာကိုတော့ တော်တော်များများသိပြီးဖြစ်ပါတယ်။ ခေါင်းလျှော်၇ည်တော်တော်များများထဲမှာ ကင်ပွန်းသီးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်းဆံသားတွေသန်စွမ်းတောက်ပြောင်စေဖို့အတွက် တရော် ကင်ပွန်းသီးနဲ့ခေါင်းလျှော်တာမျိုးလုပ်လာခဲ့တာ ရှေးယခင်ကာလတွေကတည်းစလို့ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ကင်ပွန်သီးက ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပါတယ်။ ဦးခေါင်းပေါ်ကသန်းတွေကို ဖယ်ရှားဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။

ဆံပင်ပျက်စီးတာကို သက်သာစေနိုင်ခြင်း

ကျန်းမာ တောက်ပတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ကတော့ ကင်ပွန်းသီးကိုအသုံးပြုတာစိတ်အချရဆုံးလို့ပဲ အကြံပြုပါရစေ။ ကင်ပွန်းသီးနဲ့ခေါင်းလျှော်ပြီးတိုင်း ဆံသားကချောမွေ့သွားတာကို ခံစားရမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားကို ပိုမိုတောင်ပစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်ပျော့ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို ဆံပင်သန်ဆေးအဖြစ်ရော၊ ဆံပင်ပျော့ဆေးအဖြစ်ရော အသုံးပြုပေးနိုင်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေ ခြောက်သွေ့ ဖွာထွက်နေတာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို ဆံပင်အရောင်မွဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကင်ပွန်းသီးက ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ မှိုပိုးကိုသေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဆံသားကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

ဆံပင်ခြောက်သွေ့တာကို ကာကွယ်ပေးနိုင်ခြင်း

ကင်ပွန်းသီးက ဦးရေကိုအေးမြစေပြီး သဘာဝပစ္စည်း စစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးနဲ့ တစ်ပတ်တစ်ခါခါင်းလျှော်ပေးမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

အဖျား နှစ်ခွမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း

ဆံပင်ကို ကင်ပွန်းသီးနဲ့လျှော်ပေးမယ်ဆိုရင် ဓာတုပစ္စည်းတွေနဲ့ ခေါင်းလျှော်သလိုမျိုး ဆံသားနှစ်ခွဖြစ်တာမျိုးတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေကို ကျန်းမာစေပြီး ဆံပင်အဖျားနှစ်ခွ ဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။

ကျန်းမာရေးအတွက် ကင်ပွန်းသီးရဲအကျိုးကျေးဇူး
အဆိပ်တွေ ဖယ်ရှားပေးနိုင်ခြင်း

ကင်ပွန်းသီးရဲ့ အရေးအပါဆုံးသော ကျန်းမာရေးအကျိုးကျေးဇူးကတော့ အဆိပ်ပြေစေနိုင်တဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။ ကင်ပွန်းသီးကို မြွေအဆိပ်ထုတ်ရာမှာလည်း အသုံးပြုကြပါတယ်။ ကင်းမြီးကောက်နဲ့ အခြားအဆိပ်ရှိတြ့ အကောင်တွေကိုက်ခံရတယ်ဆိုရင်လည်း ကင်ပွန်းသီးကို အသုံးပြုပြီး အဆိပ်ထုတ်လို့ရပါတယ်။

အကျင့်ဆိုးတွေကို ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ခြင်း

ကင်ပွန်းသီးကို ဆေးလိပ်သောက်သုံးသူတွေ၊ ဆေးရွက်ကြီးစွဲလန်းသူတွေကို ဆေးလိပ်ဖြတ်တာနဲပ ဆေးရွက်ကြီးစွဲလန်းမှုကို ဖြတ်ရာမှာလည်းအသုံးပြုပေးလို့ရပါတယ်။

ကင်ဆာ အကျိတ်ဆဲလ်ကြီးထွားမှုကို တားဆီးပေးနိုင်ခြင်း

သုတေသနအချို့မှာ ကင်ပွန်းသီးက လူ့ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ ကင်ဆာကျိတ်ဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

Psoriasis (အရေပြားလေးဖက်နာ) နဲ့ နှင်းခူနာတွေကို သက်သာစေခြင်း

ကင်ပွန်းသီးမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားလေးဖက်နာရောဂါနဲ့ နှင်းခူနာတွေလိုမျိုး အရေပြားဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်ပါတယ်။ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
🤍👉👉👉🤍ကင်ပွန်းသီးမှုန့် ကောင်းကျိုးများ🤍🤍

🖤အမာရွတ်တွေကို သက်သာစေတယ်
တံတောင်ဆစ်တွေ အဆစ်တွေ ည်ိုမဲတာကို
ပွတ်တိုက်လ်ိမ်းပေးရင် ဖြူလာစေပါတယ်
အကြောပြတ်ရာတွေ ပါးလာစေပါတယ်
ခြေမျက်စိလို အသားမာတက်တတ်တဲ့နေရာတွေ
က အသားနဲ့ တပြေတည်း ချောမွေ့လာစေပါတယ်

🖤ခြေသည်းလက်သည်း အလှပြင်ဆိုင်တွေသွားတတ်တဲ့သူတွေဆို သတိထားမိမလားမသိဘူး
အမှုန့် မဲမဲလေးနဲ့ ပွတ်ပေးပြီးရင် ကိုင်ရတာ ချောသွားတာလေ အဲ့ဒါ ကင်ပွန်းသီးမှုန့်ပါပဲ

🖤ရေချိုးတိုင်း တိုက်ပေးပါ
သေချာစွဲသုံးပါများရင် ဖြူပြီးနူးညံ့လာစေပါတယ်

🖤အသားလေး ဆို စိုအိပြီး ဝင်းလာမှာ
အသားကြမ်း အသားပတ် သက်သာစေတယ်....

🖤scrubအဖြစ်အသုံးပြုနိုင်သည့်အပြင် ချည်ထည်တွေ အထူးသဖြင့်ကချင်ထည်တွေကိုဆပ်ပြာနဲ့မလျှော်ဘဲ ဒီအမှုန့်နဲ့ရေစိမ်လျှော်ရင်အရောင်မကျပါဘူး

အရောအနှောတွေပါရင် အရေပြားကို ယားတတ်စေတတ်ပါတယ်
#သတိုးနွယ်

ဒီလိုတွေအသုံး၀င်တဲ့ကင်ပွန်းသီးနဲ့ လင်းလက်က scrub လေးထုတ်ပေးထားပါတယ်...
ထုတ်ကုန်အသစ်လေးကိုအားပေးကြပါဦးရှင့်..
ကော်ဖီ scrub မကြိုက်သူတွေက ကင်ပွန်းသီး scrub သုံးပေါ့ရှင်
#လင်းလက်နဲအတူပိုလှတဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေ😘

☎️09422539440
လင်းလက်ပုသိမ်
ဧရာဝတီတိုင်းအကြီးဆုံးကိုယ်စားလှယ်ကြီး

ဝမ်းချုပ်ခြင်းပြဿနာ နဲ့ ရှားစောင်းလက်ပတ်ဗိုက်ထဲမှာ လေးလံပြီး နာနေတာဟာ အူတွေထဲမှာအစာဟောင်း ( မစင် ) တွေ စုပုံနေလို့ ဖြစ်ပ...
04/12/2023

ဝမ်းချုပ်ခြင်းပြဿနာ နဲ့ ရှားစောင်းလက်ပတ်

ဗိုက်ထဲမှာ လေးလံပြီး နာနေတာဟာ အူတွေထဲမှာ
အစာဟောင်း ( မစင် ) တွေ စုပုံနေလို့ ဖြစ်ပါတယ်။
ဝမ်းမသွားဘဲ အစာဟောင်းတွေစုပုံနေတာ ( ဝမ်းချုပ်နေတာ ) ဟာ
အသက်အန္တရာယ်ပေးနိုင်တာမျိုး မဟုတ်ပေမယ့် ကျန်းမာရေးအတွက်တော့
မကောင်းပါဘူး။

အူမကြီးဟာ အစာခြေလုပ်ငန်းအတွက် အရေးပါတာမို့
အူတွေ သန့်ရှင်းပြီး ကျန်းမာနေဖို့ဟာ အရေးကြီးပါတယ်။
အူတွေဟာ အစာဟောင်းတွေနဲ့ ပြည့်ကျပ် ညစ်ပေနေလျှင် ဝမ်းချုပ်ခြင်း ,
ဝမ်းလျောခြင်း , ဗိုက်နာခြင်း , မအီမသာဖြစ်ခြင်း , မူးဝေခြင်း , ခေါင်းကိုက်ခြင်း ,
အစားပျက်ခြင်း , ပါးစပ်နံခြင်း , ကိုယ်ခံအား နည်းခြင်း , ပျို့အန်ခြင်း ,
ဗိုက်ရောင်ရမ်းခြင်း စတာတွေ ခံစားရပါတယ်။

ဝမ်းချုပ်စေတဲ့အကြောင်းတွေမှာ အဓိက ၂ချက်ကတော့
အစားအသောက် ဂရုမစိုက်ခြင်း နဲ့
ထိုင်ခုံမှာ စွဲစွဲမြဲမြဲ အလုပ်လုပ်ရခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင်
ပြုပြင်ထားတဲ့ အလွယ်စားစရာတွေ အားထားစားသောက်ခြင်း နဲ့
ကိုယ်လက်လှုပ်ရှာမှုနည်းခြင်းဟာလည်း အစာခြေခြင်းလုပ်ငန်းကို ထိခိုက်စေပါတယ်။
အဆီမျာတဲ့အစားအစာ , အချိုများတဲ့အစားအစာ စားသုံးမှုများခြင်း
နို့နဲ့ နို့ထွက်အစားအစာတွေ စားသုံမှုများခြင်း
ရေအသောက်နည်းခြင်း
ဖိုင်ဘာကြွယ်ဝတဲ့ အစားအစာများ မစားခြင်း
အရက်သေစာ နဲ့ ကော်ဖီ အသောက်များခြင်း
ဝမ်းအချိန်မှန်မသွားဘဲ အောင့်အည်းချုပ်တည်းထားခြင်း
စတာတွေကလည်း ဝမ်းချုပ်စေသည့်အကြောင်းတွေ ဖြစ်ပါတယ်။

သွေးတိုးခြင်း
လေဖြတ်ထားခြင်း
ခြေလက်တုန်ယင်သည့် ပါကင်ဆင်ရောဂါဖြစ်ခြင်း
ဆီးချိုရောဂါရှိခြင်း
ခါးအာရုံကြောထိခိုက်ထားခြင်း
ကိုယ်ဝန်ဆောင်ခြင်း
အသက်အရွယ်ကြီးခြင်း
စတာတွေကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်ရပါသေးတယ်။

အူတွေလှုပ်ရှားမှုကို အားပေးပြီး အစာဟောင်းတွေ စွန့်ထုတ်ပစ်နိုင်အောင်
ပြုလုပ်ပေးနိုင်တဲ့ သဘာဝဆေးဝါးများ ရှိပါတယ်။

အလွယ်ကူဆုံးဆေးနည်းအတွက် လိုအပ်ချက်ကတော့
ရှားစောင်လက်ပပ် ဂျဲလ် စားပွဲတင်ဇွန်း ၃ဇွန်းစာ
ပျားရည်
သံပုရိုသီး ၁လုံး
ရေ ၃ခွက်
တို့ဖြစ်ပါတယ်

ရေ ၁ခွက်ထဲ သံပုရိုသီး ညှစ်ထည့်ဖျော်
ရှားစောင်းလက်ပပ် စားပွဲတင် ၃ဇွန်းထည့်မွှေ
ဖျော်စက်ထဲ ထည့်
ရေ ၂ခွက် ထပ်ထည့်
မွှေ
ပျားရည် လိုသလိုထည့်

မနက်အိပ်ရာထ မနက်စာမစားမီ ၃၀မိနစ်မှာ ၁ခွက်သောက်ပါ။
နေ့လည်စာနဲ့ ညစာ မစာမီ နာရီဝက်စောပြီး နောက်ထပ် ၁ခွက်စီ သောက်ပါ။

အလွယ်ကူဆုံး သဘာဝ ဝမ်းနုတ်ဆေးဖြစ်ပါတယ်။

 #မင်းဂွတ်သီးပေါင်းနှင့်ကင်ဆာ*******************--******ရေဖြင့်စင်ကြယ်စွာဆေးကြောထားသော မင်းဂွတ်သီးများကို ပေါင်းအိုးဖြင်...
15/11/2023

#မင်းဂွတ်သီးပေါင်းနှင့်ကင်ဆာ
*******************--******
ရေဖြင့်စင်ကြယ်စွာဆေးကြောထားသော မင်းဂွတ်သီးများကို ပေါင်းအိုးဖြင့်
မိနစ်၂၀ခန့်ပေါင်းပေးပါ
ထိုပေါင်းထားသောမင်းဂွတ်သီးအသားကို ကင်ဆာဝေဒနာရှင်များနှင့်
hivဝေဒနာရှင်များ တနေ့တလုံးစားပေးခြင်းဖြင့်ကိုယ်ခံ ံအားကိုကောင်းမွန်စေ၍ ကင်ဆာဆဲလ်နှင့်ရောဂါပိုးကိုတိုက်ဖျက်နိုင်စွမ်းရှိပါသည်
ကျန်သည်အလုံးများကိုအအေးခန်းခန်းထဲထည့်သိမ်း၍စားနိုင်ပါသည်
(မင်းဂွတ်သီးကိုပေါင်းခြင်းဖြင့် အခွံထဲတွင်ရှိသောဗိုင်းရဗ်ပိုးနှင့် ကင်ဆာဆဲလ်တချို့ကိုတိုက်ဖျက်နိုင်စွမ်းရှိသောအာနိသင်သည် အသားထဲသို့စိမ့်ဝင်သွားသည့်အတွက်
အခွံကိုစားစရာမလိုဘဲ အသားကိုသာစားပေးဖို့လိုပါသည်)

#ရေနှင့်ပြုတ်တာထက် ပေါင်းတာက
ပို၍အာနိသင်ထက်မြက်ပါသည် #

** အကျိုးများတဲ့ ကြက်သွန်ဖြူလက်ဖက်ရည် **------------------✨  ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။✨  အရောင်ကျစေတဲ့အတွက် ...
14/11/2023

** အကျိုးများတဲ့ ကြက်သွန်ဖြူလက်ဖက်ရည် **

------------------

✨ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
✨ အရောင်ကျစေတဲ့အတွက် အအေးမိ၊ တုပ်ကွေးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
✨ ကိုယ်အလေးချိန် ကျစေပါတယ်။
✨ သွေးတွင်း ကိုလက်စရော ကျစေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
✨ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

🔹 ရေ တစ်ဖန်ခွက်ထဲကို ကြက်သွန်ဖြူ နှစ်ဥ၊ သုံးဥ ခန့် လှီးထည့်ပါ။
🔹 ရေဆူအောင်တည်ပါ။
🔹 ပျားရည်နှင့် သံပရာရည်ကို မိမိတို စိတ်ကြိုက်အရသာအတိုင်း လိုအပ်သလိုထည့်၍ သောက်သုံးနိုင်ပါသည်။

drmyanmar

စီးပွားရေးတစ်ခုလုပ်ချင်တယ်  အရင်းအများကြီးမတက်နိုင်ဘူးဆိုသူများ #4သောင်းကျော်လေးနဲ့စတင်လို့ရပါပီရှင့် #အိမ်နေရင်းကလေးတဖက...
17/10/2023

စီးပွားရေးတစ်ခုလုပ်ချင်တယ် အရင်းအများကြီးမတက်နိုင်ဘူးဆိုသူများ
#4သောင်းကျော်လေးနဲ့စတင်လို့ရပါပီရှင့်

#အိမ်နေရင်းကလေးတဖက်နဲ့လည်းလုပ်လို့ရ
#ရုံးတဖက်နဲ့လည်းလုပ်လို့ရ
#အပိုဝင်ငွေရှာလို့ရတဲ့ လင်းလက်
#တစ်မြို့နယ်မှာကိုယ်စာလှယ်တစ်ယောက်ခေါ်မယ်ရှင့်

orderလွှဲမယ် ရောင်းကူမယ် ရှင်းပြမယ်
အတူလက်တွဲခေါ်မယ်

အလုပ်လုပ်ချင်သူကဆင်ခြေမပေးဘူးနော်🙅🙅

မြောင် မြင်းမူ ချောင်းဦးကိုယ်စားလှယ်ကြီး

ပြည်တွင်းပြည်ပ မြို့နယ်စုံပို့သည်

☎09 788656648
09402675417
/cb/viber
ကိုဆက်သွယ်လိုက်ပါ

ဝင်ငွေရှာတဲ့လမ်းကြောင်းတခုပေါ်ရောက်အောင်ခေါ်သွားပေးမယ်

 #ရှောက်ဘီလူး/ရှောက်နူသီး ရဲ့အသုံးဝင်ပုံ #ဆေးနည်းလေးမျှဝေချင်ပါတယ်မှတ့်ထားမိတာလေး ပြန်လည်မျှဝေ ဒါပါ ကိုကိုယ်တိုင်လည်း သေ...
13/10/2023

#ရှောက်ဘီလူး/ရှောက်နူသီး ရဲ့အသုံးဝင်ပုံ

#ဆေးနည်းလေးမျှဝေချင်ပါတယ်

မှတ့်ထားမိတာလေး ပြန်လည်မျှဝေ ဒါပါ ကိုကိုယ်တိုင်လည်း သောက့်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ အဲ့လိုလွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။

လိပ်စာ အတိ့ကျ တော့မမှတ့်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တရွာက တောကျောင်း ဘုန်းတော်ကြီးတပါးရဲ့ ဆေးနည်လေပါ

ဖြစ့်စဉ် ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ အဖြစ့်ကနေ ကိုယ်တချမ်း သေပြီး လေဖြတ်တယ်ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုပေါ သို့သော်လည် အကောင်းတိုင်ပြန်မဖြစ်တောပါဘူး ။ ဒီလိုနဲ တယောက် စကား တယောက့်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိတဲ တောကျောင်းကို မျှော်လင်ချက်များစွာနဲ ရောက်သွားချိန်မှာတော ဆရာတော်ကြီး ပေးတဲ ဆေးနည်း ကို မယုံတဝက် ယုံတဝက် နဲ ဖော်စပ် ပီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါသတဲယ နှစ်လလောက် သာက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက့်နိုင်ပီး ရောဂါ ပျောက် သွားပါသတဲ ဆေးနည်းကတော ဒီလို အချိုးကျ ဖော်စပ်ယုံပါဘဲ

ဆင်တုံးမနွယ် အစိုလက်တဆစ်ဖြတ်(၅ကျပ် သား)

ရေချက်အေ ငှက်ပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာ ပုလင်း ပုံစံမျိုးကို ) ငှက်ပျောဖူး ပုလင်းဟုခေါ်သည် ။

ထန်းလျက် ငါးကျပ် သား ဆားတဇွန်း

ရှောက်နူသီး နှစ်လုံး ရှောက်ဘီလူးသီ ဟုလည်းခေါ်ကြသည် ။ရှမ်းပြည်နယ်မှာ ပေါပါတယ် ။

ထိုင်းနိုင်ငံမှာ ထို ရှောက်ဘီးလူသီးများ အိမ်တိုင်းရှိကြသည် ။ဟင်လျာထည်မှာ ထည်၍ ချက့်ကြသည် ။

ထိုသုံးမျိုးကို ဆတူ ရော၍ တပတ့်တိတိ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တနေကို ညမအိပ့်ခင် ရေနွေး အကြမ်း ပုဂံ စတီဇွန်း ၂ ဇွန်းစာ လောက်ပေါ နေစဉ် သောက့်သုံးရင်းဖြင် မျက်စိမှုံခြင်း အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း မလန်းစန်း၍ စိတ့်မအီမသာဖြစ် ခြင်း အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တိုကို လက်တွေပျောက် ကင်းပါတယ်ခင်ဗျာ ။ သွေး လေ လည်ပတ် မျှတ မှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ့်တဲ့ ရောဂါ မဖြစ် ကြောင်း ထိုဆရာတော်ကြီးက အာမခံပါသတဲ့။

ဝေဒနာ ရှင်ဟာ ၆လ လောက့်ဆွဲပီ သောက် လိုက်ရာ အရင်တိုင်းဘဲ ကားမောင်တဲ အလုပ်ကို အကောင်းပကဓိ အတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေ မပြက်ရှာနိုင်ပါသတဲ။
crd
မြန်မာတိုင်းရင်းဆေး

💠   ဆားခါး (Epsom Salt) အကြောင်း.  💠▄▄▄▄t▄▄▄▄h▄▄▄▄u▄▄▄▄r▄▄▄▄a▄▄▄▄Thura Htay AungJun 24,2018ဆားခါး = မဂ္ဂနီဆီယမ် ဆာလဖိတ်(...
12/10/2023

💠 ဆားခါး (Epsom Salt) အကြောင်း. 💠
▄▄▄▄t▄▄▄▄h▄▄▄▄u▄▄▄▄r▄▄▄▄a▄▄▄▄
Thura Htay Aung
Jun 24,2018

ဆားခါး = မဂ္ဂနီဆီယမ် ဆာလဖိတ်

(၁) ခန္ဓာကိုယ်တွင်း အလွယ်တကူ စိမ့်ဝင်လွယ်။
- ဆားခါးမှ မဂ္ဂနီဆီယမ် သည် စရိုထိုးနင်း(serotonin) ထုတ်လုပ်မှုကို မြင့်တင်ခြင်းဖြင့် ခန္ဓာကိုယ် ဖိစီးမှုများကို သက်သာစေ။
- နှလုံးခုန်နှုန်း မြင့်တက်စေသော (adrenaline) အကျိုးဆက်ကိုလည်း လျော့ချပေး။
- မဂ္ဂနီဆီယမ်မှ ဆဲလ်များတွင်း စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးကာ လူကိုလန်းဆန်း အားတိုးစေ။

(၂) ခန္ဓာကိုယ်တွင်း စိမ့်ဝင်လာသော ဆားခါးမှ ကြွက်သားများတောင့် နာကျင်ခြင်း နှင့် အဆစ်များ ရောင်ရမ်းခြင်းတို့ကို သက်သာစေ။
-ဆားခါးရေနွေး စိမ်၍ ချိုးခြင်းဖြင့် ခေါင်းအုံ ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း တို့ကိုသက်သာစေ။
-နာကျင် ပင်ပန်း နွမ်းနယ်နေသော ခြေထောက်များကို ဆားခါးရေနွေးစိမ် ပြီး သက်သာစေနိုင်။

(၃) ဆားခါးမှ _ အင်ဇိုင်း ဆိုင်ရာလုပ်ငန်းတာဝန်များကို အထောက်အကူပြု၊ ဆဲလ် အတွင်းရှိ အရည်အခြေအနေ ထိန်းသိမ်းခြင်းကို ကူညီပေး၊ ခန္ဓာကိုယ်တွင်း ကယ်လဆီယမ်မှ အာရုံကြော စနစ်များသို့ ဓာတုအချက်ပေးခြင်းများကို လွယ်ကူချော့မွေ့စေ။

(၄) ဆားခါးသည် သွေးလည်ပတ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး နှလုံးနှင့်သွေးကြောတို့ ၏ ပြင်းထန် စိုးရိမ်ရသော နားမကျန် ဖြစ်ခြင်းကို တားဆီးပေး၊ သွေးလွှတ်ကြောတို့၏ ဆန့်ကျုံ့နိုင်မှုသတ္တိတို့ကို ကာကွယ်ပေး။
-ကျန်းမာ၍ ကောင်းမွန်သောသွေးလွှတ်ကြောများ၏အခြေအနေ ဆိုသည်မှာ သွေးခဲခြင်း၊ သွေးလွှတ်ကြောနံရံတို့ ဂျိုးတက်လာခြင်းနှင့် ပျက်စီးထိခိုက်ခြင်း စသည့် အန္တရာယ်တုိ့ကို လျော့နည်းစေခြင်းတို့ဖြစ်။
-တစ်ပတ် ၃-၄ ကြိမ်ခန့် ဆားခါးရေ စိမ်၍ ချိုးခြင်းဖြင့် စိတ်ဖိစီးမှု နည်းပါးစေ၊ သွေးဖိအားကျစေ၊ နှလုံးနှင့် သွေးကြောတို့၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်။

(၅) မဂ္ဂနီဆီယမ် နှင့် ဆာလဖိတ် နှစ်မျိုးလုံးသည် ခန္ဓာကိုယ်၏ အင်ဆူလင်ထုတ်လုပ်မှု နှင့် အသုံးပြုမှု စွမ်းရည်တို့ကို တိုးတက်စေရန် ကူညီပေး။
-ဆားခါးကို (အရေပြားမှတဆင့် စုပ်ယူစေခြင်းဖြင့်သော်၎င်း၊သောက်သုံးခြင်းနည်းဖြင့်သော်၎င်း) ပုံမှန်သုံးစွဲစေခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးပြီး ဆီးချို အန္တရာယ်ကိုလျော့ချနိုင်ကာ နေ့စဉ်စွမ်းအင်ပြည့်ဝနေစေရန် အထောက်အကူပြုနိုင်။

(၆) ဝမ်းနုတ်စေရန် ရေနွေးတစ်ခွက်တွင် ဆားခါး လက်ဖက်ရည် တစ်ဇွန်း ကို ပျော်ဝင်သည်အထိ ရောမွှေပေးပြီး သောက်နိုင်။
*တစ်နေ့တစ်ခေါက်ထက် ပိုမသောက်ရ။
***ရက်အနည်းငယ်ကြာ သည်အထိ ရောဂါလက္ခဏာ မသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

(၇) အဆူး စူးသောနေရာအစိတ်အပိုင်းအား ဆားခါးရေနွေးထဲသို့ မိနစ်အနည်းငယ်စိမ် ပေးခြင်းဖြင့် အလွယ်တကူ ကော်ထုတ်နိုင်။

(၈) ဆားခါး နှစ်ခွက်ခန့် ရောစပ်ထားသော ရေနွေးထဲသို့ စိမ်ပေးခြင်းဖြင့် အဆစ်လွဲခြင်းနှင့် ပွန်းပဲ ဒဏ်ရာတို့ကြောင့် ကိုက်ခဲ နာကျင်ခြင်းတို့ကို သက်သာပြေပျောက်စေနိုင်။

(၉) ဆားခါးတစ်ခွက် (၂၄၀ ဂရမ်ခန့်) ရောစပ်ထားသော ရေနွေးထဲသို့ ရေနွေးအေးသည်အထိ စိမ်ထားပေးခြင်းဖြင့် သဲဝဲ နှင့် ခြေသည်းမှိုစွဲခြင်း ရောဂါတို့ကို ကုသပေးနိုင်။

(၁၀) ဆားခါး ထမင်းစားဇွန်း ၃-၄ ဇွန်း (၁ ဇွန်း= ၁၅ ဂရမ်ခန့်) ရောစပ်ထားသော ရေနွေးထဲသို့ အဆစ်အမြစ်ရောင်ရောဂါ (gout) ခံစားနေရသော ခန္ဓာကိုယ် အစိတ်အပိုင်းကို စိမ်ပေးနိုင်။
*မဂ္ဂနီဆီယမ် ဆာလဖိတ်တို့ သည်အရေပြားမှတဆင့် ကိုက်ခဲရောင်ရမ်းနေသော အဆစ်အမြစ်နေရာတို့ကို ရောက်ရှိပြီး နာကျင်ရောင်ရမ်းနေခြင်းတို့ကို သက်သာပြေပျောက်စေရန် ကူညီပေးနိုင်။
https://m.facebook.com/story.php?story_fbid=398426551650169&id=100044484822051

(၁၁) စိုထိုင်းနေသော အရေပြားပေါ်သို့ ဆားခါး လက်တစ်ဆုပ်စာခန့် ပွတ်လိမ်းပေးခြင်းဖြင့် ဆဲလ်သေများကို အလွယ်တကူ ဖယ်ရှားပေးနိုင်ပြီး ကျန်းမာ ချောမွေ့သော အသားအရေ ကိုရရှိနိုင်။
*ခြေလက် နှင့် ခြေလက်ကြားတို့တွင်ပြုလုပ်ပေးနိုင်။

(၁၂) ဆားခါးကို မျက်နှာသန့်စင် ဆပ်ပြာတို့နှင့်လည်း ရောစပ်၍အသုံးပြုနိုင်။

(၁၃) ဆားဝက်ခြံ နှင့် အမည်းကွက်များအတွက် _
*ဆားခါးလက်ဖက်ရည်တစ်ဇွန်း(၅ ဂရမ်ခန့်) + အိုင်အိုဒင်း ၄ စက် + ရေပူ ခွက်တစ်ဝက်
*ဆားအားလုံး ပျော်ဝင်သွားပြီး ခပ်နွေးနွေး အနေအထားတွင် လိုအပ်သောနေရာ၌ လိမ်းကျံ ပေးနိုင်။
*ခြောက်အောင်ထားပြီးနောက် ရေနွေးဖြင့်မျက်နှာသစ်ပေးကာ ပုဝါသန့်သန့် ဖြင့်ခပ်ဖွဖွပုတ် ပေးပြီး ခြောက်သွေ့ပါစေ။

(၁၄) ဆံပင်ပုံသွင်းပစ္စည်းများ ဖယ်ရှားရန် _
*ဆားခါးတစ်ခွက် (၂၄၀ ဂရမ်) + သံပရိုသီး + ရေ တစ်ဂါလံ
*၎င်းကို ၂၄ နာရီအုပ်ထားပြီနောက် ဆံပင်ပေါ်တွင် ၁၅-၂၀ မိနစ်ခန့်ထားပေးကာ ခေါင်းလျော်ပေးရန်။

(၁၅) ဆံပင်ပမာဏ ထူစေရန်_
*ဆားခါး + ဆံပင်ပြုပြင်သည့်ဆေးရည် (ဆာလဖာ မပါဝင်သော conditioner)
*၎င်းကို ဆတူရောပြီး ခပ်နွေးနွေးအနေအထားပြုလုပ်ကာ ဆံပင်ပေါ်တွင် လိမ်းကျံပေးပြီး ၁၅-၂၀ မိနစ်ခန့် ကြာပြီးနောက် ခေါင်းလျော်ပေးရန်။

(၁၆) အိုးခွက်၊ ဒယ်အိုး တို့၌ကပ်နေသော အတူးများ၊ ဂျိုးများကို ဆေးချွတ်ရန်သုံးနိုင်။

(၁၇) ကြွေပြား အစွန်းအထင်းများကို ဆေးကြောရန် သုံးနိုင်။

(၁၈) ဆားခါး + အလှဆီ(baby oil) ဆတူရောပြီး လက်ဆေးဆပ်ပြာအဖြစ်သုံးနိုင်။
*ပုံမှန်သုံးစွဲခြင်းဖြင့် လက်များကို နူးညံပြီး သန့်ရှင်းစေနိုင်။

(၁၉) အဝတ်လျော်စက်ဂျိုးများကိုချွတ်ရန်_
*ဆားခါးတစ်ခွက်(၂၄၀ ဂရမ်) + ရှာလကာရည်(၆၀ မီလီ လီတာခန့်) + ရေနွေး
*စက်ကိုတစ်မိနစ်ခန့်လည်စေပြီးနောက် တစ်နာရီခန့်ဆက်၍စိမ်ထားရန်။

(၂၀) ဆားခါးကို မြေသြဇာအဖြစ်သုံးနိုင်။
*အပင်ဖျက်ပိုးမွှားများ၊ ပက်ကျိစသည်များကို ဖယ်ရှားပေးနိုင်။

https://m.facebook.com/story.php?story_fbid=2084020851860291&id=100007571890625
https://m.facebook.com/story.php?story_fbid=813561609412176&id=413778192723855
Credit: Ko Sai Myo Tun

💠 ဆားခါး ကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချို့ - 💠
●○●t○●○●h○●○●○u●○●○r●○●○a●○●○●○●○●○

🔊 Kumudra

ညတိုင်း ရေ ခပ်နွေးနွေးထဲမှာ ဆားခါး တစ်ဇွန်းလောက်ထည့်ပြီး ခြေထောက်ကို ခြေမျက်စိမြုပ်တဲ့အထိ စိမ်ပေးပြီး ခြေထောက်ချင်း နှိပ်နယ်ပေးမယ်ဆိုရင် တစ်နေ့တာလုံး ပင်ပန်းထားတာကို ပြေလျော့စေမှာ ဖြစ်ပါတယ်။

ခြေထောက်ကို သန့်စင်စေတဲ့အပြင် ခြေထောက်အရေပြားပေါ်က ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

တစ်ရက် နှစ်ရက်တည်းနဲ့တော့ သိသာမှာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီးတော့ နေ့စဉ်လုပ်ပေးဖို့ လိုပါလိမ့်မယ်။

ဆားခါးက လူတွေအတွက်တင်မဟုတ်ပါဘူး။ အပင်တွေနဲ့ တိရစ္ဆာန်လေးတွေအတွက်ပါ အသုံးဝင်လှပါတယ်။

ဆားခါးက လူတွေအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ ကြည့်လိုက်ကြပါစို့။

■ အစာကြေစေနိုင်ခြင်း

ဆားခါးကို မနက်ခင်းတိုင်း အရည်ဖျော်ပြီး သောက်သုံးပေးတာက အစာခြေဖျက်နိုင်စွမ်းကို တိုးတက်စေနိုင်ပြီး အစာချေလမ်းကြောင်း တစ်လျှောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

■ သည်းခြေကျောက်ကို ဖယ်ရှားပေးနိုင်ခြင်း

ဆားခါးက အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။

ဆံချည်မျှင် သွေးကြောလေးတွေကို ပွင့်စေနိုင်စွမ်းရှိတာကြောင့် သည်းခြေကျောက်တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

■ ကြွက်သားနာတာကို သက်သာစေနိုင်ခြင်း

ဆားခါးက အရေပြားပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ဆားခါးရည်စိမ်ပေးမယ်ဆိုရင် ကြွက်သားတွေ နာကျင်တာနဲ့ တောင့်တင်းတာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။

■ စိတ်ဖိစီးမှုကို လျော့ပါး သက်သာစေနိုင်ခြင်း

ဆားခါးမှာ မဂ္ဂနီဆီယမ် ဆာလဖိတ် ကြွယ်ဝစွာပါဝင်ပါတယ်။

ဆားခါးနဲ့ ရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို ရရှိစေနိုင်တဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ဆားခါးနဲ့ ရေစိမ်ချိုးတာက စိတ်ခံစားမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အနားရစေနိုင်ပါတယ်။

■ သွေးလှည့်ပတ်မှုကို တိုးစေနိုင်

မဂ္ဂနီဆီယမ် လုံလောက်စွာရရှိမှုက သွေးလှည့်ပတ်မှုကို တိုးစေနိုင်ပြီး သွေးတိုး ကျစေနိုင်တာကြောင့် နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အင်ဆူလင် အသုံးချနိုင်စွမ်းကို တိုးစေနိုင်သလို သွေးတွင်းကယ်လ်ဆီယမ်ပမာဏကို ထိန်းပေးရာမှာလည်း အထောက်အကူ ပြုပေးနိုင်ပါတယ်။

ဆာလဖိတ်ကို အစားအစာတွေကနေ တစ်ဆင့် ရရှိနိုင်သလို အရေပြားကနေ စုပ်ယူမှုကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။

ပန်ကရိယကို အစာချေအင်ဇိုင်းထုတ်ဖို့ လှုံ့ဆော်ပေးတဲ့အပြင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ပြေစေနိုင်ပါတယ်။

ဆားခါးက ဆဲလ်တွေထဲက အဆိပ်တွေကို ပြင်ပကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသလို ကြွက်သားနာတာကိုလည်း လျော့ပါး သက်သာစေပြီး ကိုယ်တွင်းက အဆိပ်ဖြစ်တဲ့အရာတွေကိုလည်း ဖယ်ရှားပေးပါတယ်။

■ Conditioner အနေနဲ့ အသုံးပြုနိုင်ခြင်း

မိမိအကြိုက်ဆုံး essential oil ကို ဆားခါးနဲ့ ရောစပ်ပြီး ဆံပင်ကို လူးပေးလို့ရသလို ခန္ဓာကိုယ် အရေပြားမှာလည်း လူးလို့ရပါတယ်။

■ မျက်နှာသန့်ဆေးအဖြစ် အသုံးပြုနိုင်

သုံးနေကျ မျက်နှာသစ်ဆေးထဲကို ဆားခါး လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး မျက်နှာသစ်ပေးပါ။

မျက်နှာကို နှိပ်နယ်ပေးပြီး ရေနွေး ကြက်သီးနွေးနဲ့ ဆေးချပေးလိုက်ပါ။

အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အသုံးပြုရပုံခြင်းတော့ ကွဲပြားပါတယ်။
https://m.facebook.com/story.php?story_fbid=2084020851860291&id=100007571890625
https://m.facebook.com/story.php?story_fbid=398426551650169&id=100044484822051
=====t====h====u====r====a=====

💠 ဆားခါး သို့မဟုတ် လူသိနည်းသော
မြေသြဇာတစ်မျိုး 💠
====t====h====u====r====a====
-
၀မ်းနုတ်ဆေးတစ်မျိုးအဖြစ် လူသိများသော ဆားခါး (Epsom Salt)၏ ဓာတုဗေဒအမည်မှာ မဂ္ဂနီဆီယမ်ဆာလ်ဖိတ် ဖြစ်သည်။ ဆားခါးတွင် မဂ္ဂနီဆီယမ် (Mg) ၁၁ ရာခိုင်နှုန်းနှင့် ဆာလ်ဖာခေါ် ကန့်ဓာတ် ၁၃ ရာခိုင်နှုန်း ပါ၀င်သည်။
-
-အပင်များအတွင်း မဂ္ဂနီဆီယမ် ၀ ဒသမ ၁ မှ ၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ပါ၀င်သည်။ အပင်အတွင်းရှိ မဂ္ဂနီဆီယမ်များ၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းမှာ ကလိုရိုဖီးလ်အတွင်း ပါ၀င်လျက်ရှိသည်။
-
=
🏷မဂ္ဂနီဆီယမ်ကို အများဆုံးစားသုံးသော အပင်များ
-
-အပင်အားလုံးအတွက် မဂ္ဂနီဆီယမ်မှာ မရှိမဖြစ် လိုအပ်သော အာဟာရဒြပ်စင်တစ်မျိုး ဖြစ်သော်လည်း အချို့သောအပင်များကမဂ္ဂ နီဆီယမ်ကို အခြားအပင်များထက် ပိုမိုစားသုံးကြသည်။
-
-ယင်းတို့မှာ ဆီအုန်း၊ အုန်း၊ လိမ္မော်မျိုးနွယ်အပင်များ (Citrus) ၊ သစ်သီးပင်များ(Fruit trees) ၊ ဆေးရွက်ကြီး၊ အာလူး၊ ခရမ်းချဉ်၊ ကော်ဖီ၊ နာနတ်၊ ပြောင်း၊ ပဲပုပ်၊ ကြံ၊ စပျစ်၊ ဝါ၊ ငှက်ပျောနှင့် ရော်ဘာတို့ဖြစ်သည်။ သာမန်အပင်များသည်
-
မဂ္ဂနီဆီယမ်ကို စိုက်ပျိုးမြေ တစ်ဟက်တာ (၂ ဒသမ ၄၇ ဧက) တွင် ၁၅ ကီလိုမှ ကီလို ၄၀ အထိ စားသုံးကြသည်။ ငှက်ပျောပင် -၈၄ ကီလို၊ ဆီအုန်းနှင့် အုန်းပင် - ၆၃ ကီလို၊ သကြား မုန်လာ - ၆၀ ကီလို၊ ကြံ - ၅၄ ကီလို၊ သရက် - ၄၈ ကီလို၊ ဥ-ကန်စွန်း - ၄၅ ကီလို၊ စပျစ် - ၄၂ ကီလို၊ ဂေါ်ဖီထုပ် - ၃၆ ကီလိုနှင့် သခွားနှင့် ပဲ - ၃၆ ကီလို စသည်ဖြင့် စားသုံးကြသည်။ မဂ္ဂနီဆီယမ် စားသုံးမှုအနည်းဆုံးသော အပင်များမှာ စပါး၊ ဂျုံ၊ မြက်များနှင့် အယ်ဖာဖာခေါ်သော ပဲတစ်မျိုး ဖြစ်သည်။
-
🏷မဂ္ဂနီဆီယမ် ချို့တဲ့ခြင်း
-
ကမ္ဘာ့စိုက်ပျိုးမြေများတွင် မဂ္ဂနီဆီယမ်ချို့တဲ့မှု ဖြစ်နေသည်။ မဂ္ဂနီဆီယမ် ချို့တဲ့ရခြင်းအကြောင်းမှာ မိုးများ၍ စွတ်စိုသော ဒေသများတွင် မြေဆီလွှာအတွင်းမှ မဂ္ဂနီဆီယမ်နှင့်တကွ အခြားဓာတ်ဖိုများ စိမ့်ယိုပျောက်ဆုံးခြင်း၊
-
မြေဆီလွှာအတွင်း အချဉ်ဓာတ် ဖြစ်ပေါ်မှုများကြောင့် မဂ္ဂနီဆီယမ် လျော့ပါးသွားခြင်း၊ မြေဆီလွှာအတွင်း အလူမီနီယမ် ခေါ် ဒန်ဓာတ်များပြီး ချဉ်လာခြင်း၊ အလူမီနီယမ် အဆိပ်သင့်ခြင်းနှင့် ပိုတက်ဆီယမ်ဓာတ်မြေသြဇာများ အသုံးများသောအခါ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် အချိုး (K:Mg ratio) ပြောင်းပြီး မဂ္ဂနီဆီယမ် ချို့တဲ့လာခြင်းတို့ကြောင့် ဖြစ်သည်။
-
-
🏷မဂ္ဂနီဆီယမ်နှင့် နိုက်ထရိုဂျင် အချိုး
-
-ကြံ၊ နာနတ်၊ ဆီအုန်း၊ အုန်း၊ ရော်ဘာနှင့် ငှက်ပျောတွင် မဂ္ဂနီဆီယမ်နှင့် နိုက်ထရိုဂျင်အချိုးမှာ ၀ ဒသမ ၄ မှ ၀ ဒသမ ၇ ရှိရန်လိုအပ်သည်။ ဝါ၊ ဆေးရွက်ကြီး၊ အာလူးနှင့် သရက်တွင် မဂ္ဂနီဆီယမ် နိုက်ထရိုဂျင်အချိုး (MgO:N Ratio) မှာ ၀ ဒသမ ၃ မှ ၀ ဒသမ ၄ လိုအပ်သည်။
-
🏷မြေဆီလွှာအတွင်း အလူမီနီယမ် အဆိပ်သင့်ခြင်းကို သက်သာစေခြင်း
-
မြေဆီလွှာအတွင်း အလူမီနီယမ် ခေါ် ဒန်ဓာတ်များကြောင့် အချဉ်ဓာတ်လွန်ကဲခြင်း အဆိပ်သင့်သောအခါ သီးနှံပင်များ၏ အမြစ်များကို လွန်စွာထိခိုက်စေသည်။ ထိုအမြစ်များက အခြားအာဟာရများ စုပ်ယူခြင်းကို ခက်ခဲစေသည်။ အဟန့်အတား ဖြစ်စေသည်။ ထိုအခြေအနေမျိုးတွင် ဆားခါးကို အသုံးပြုပါက အလူမီနီယမ် အဆိပ်သင့်ခြင်းကို အတိုင်းအတာတစ်ခုအထိ ပြေပျောက်စေသည်။
-https://m.facebook.com/story.php?story_fbid=398426551650169&id=100044484822051
-
💠 ဆားခါးကို မြေသြဇာအဖြစ် အသုံးပြုသည့်နှုန်း 💠
******t*******h*******u********r********a*******

-လူသုံး၀မ်းနုတ်ဆေး အဖြစ်အထူးသန့်သော ဆားခါးများရှိသကဲ့သို့ သာမန်စိုက်ပျိုးရေးသုံး ဆားခါးများလည်း စျေးကွက်တွင် ရရှိနိုင်သည်။ မဂ္ဂနီဆီယမ်ချို့တဲ့မှု မဖြစ်စေဘဲ သီးနှံများ နှစ်အတော်ကြာ မဂ္ဂနီဆီယမ်ဓာတ်ရရှိစေရန် မြေဆီလွှာသို့ထည့်ရာတွင် တစ်ဧကအတွက် ပေါင်ချိန် ၅၀ မှ ၁၀၀ အထိ အသုံးပြုကြသည်။-
-
-ဆားခါးသည် ရေတွင် လွယ်ကူစွာ ပျော်၀င်နိုင်သောကြောင့် အရွက်ဖျန်းမြေသြဇာ အဖြစ်လည်း အသုံးပြုနိုင်သည်။ အများအားဖြင့် ဆားခါး ၁၅ ပေါင်ကို ရေဂါလန် ၁၀၀ တွင် ဖျော်၍ အရွက်ဖျန်းမြေသြဇာအဖြစ် အသုံးပြုကြသည်-။
-
-မြန်မာနိုင်ငံ၌ နှင်းဆီစိုက်ပျိုးသူများက ဆားခါးကို မြေသြဇာတစ်မျိုး အဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြသည်။ နှင်းဆီပင်ကို ၀မ်းနုတ်ပေးခြင်းဟု ဆိုသည်။
-
-သို့သော် သီးနှံအမျိုးမျိုး စိုက်ပျိုးသူ အများစုက ဆားခါးကို မဂ္ဂနီဆီယမ် မြေသြဇာတစ်မျိုးအဖြစ် အသုံးမပြုကြသေးပေ။ သီးနှံအားလုံးမှာ ဆားခါးကို လိုအပ်သည်။ အထူးသဖြင့် မိုးများ၊ သဲဆန်သော မြေမျိုးတွင် ပို၍လိုအပ်သည်။ မြေချဉ်များတွင်လည်း လိုအပ်သည်။
-
-သာမန်အပင်များထက် မဂ္ဂနီဆီယမ်ကို ပိုမိုစားသုံးသော သီးနှံများဖြစ်သည့် အုန်း၊ ဆီအုန်း၊ ငှက်ပျော၊ ရော်ဘာ၊ လိမ္မော်မျိုးနွယ်အပင်များ၊ သစ်သီးပင်များ၊ နာနတ်၊ ဆေးရွက်ကြီး၊ ကြံ၊ စပျစ်၊ ခရမ်းချဉ်၊ အာလူး၊ ဥ-ကန်စွန်းတို့ကို အလေးထားကျွေးရန်လိုအပ်သည်။ ဆားခါးကို မြေသြဇာအဖြစ် အသုံးပြုရသော အရင်းအနှီး အနည်းငယ်မှ အကျိုးအမြတ် ပမာဏကြီးစွာကို ရရှိနိုင်ပေသည်။

ဦးဖရက်သိန်းဖေ
[စိုက်ပျိုးရေး သယံဇာတများနှင့် အခြားစိုက်ပျိုးရေးဆောင်းပါးများ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်]
Credit: နိုင်
https://m.facebook.com/story.php?story_fbid=398426551650169&id=100044484822051

💠" မှိုစိုက်ပျိုးရေးတွင် အသုံးပြုနေသော ဆားခါး အကြောင်း "💠
=====t====h====u====r====a=====

#ဆားခါး၏ ဓာတုဗေဒ အမည်မှာ မဂ္ဂနီဆီယမ် ဆာလ်ဖိတ် Magnesium Sulphate MgSo4 7H2O ဖြစ်သည်။

#ဆားခါး (Epsom Salt) ၏ ဓာတုပေါင်းစပ်ဖွဲ့စည်းပါဝင်မှုမှာ MgSO4-7H2O (Hydrated Magnesium Sulfate) ဖြစ်သည်။
#၎င်းတွင် မဂ္ဂနီစီယမ် (Magnesium) ဓာတ် ၁၀% ခန့် နှင့် ဆာလ်ဖာ (Sulfur) ဓာတ် ၁၃ % ခန့် ပါဝင်သည်။

#ဆားခါးကို ၀မ်းနှုတ်ဆေး တစ်မျိုးအဖြစ် အသုံးပြုကြသော်လည်း မြေသြဇာအဖြစ် အသုံးပြုရန် သတိမထားမိကြပေ။

#ဆားခါးတွင် အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင်နှစ်မျိုးဖြစ်သည့် မဂ္ဂနီဆီယမ် Magnesium နှင့် ဆာလ်ဖာ Sulpha ခေါ် ကန့်ဓာတ် ပါ၀င်နေသည်။

#မဂ္ဂနီဆီယမ် မှာ ကမ္ဘာမြေသားထု၏ ၂ရာခိုင်နှုန်း ပါ၀င်နေပြီး၊ ပင်လယ်ရေတွင် တစ်သန်းပုံ ၁၃၀၀ ပုံ (1300 part per milliom) ပါ ဝင်နေသည်။

#ခါးသက်သော အရသာရှိ၏။ ထို့ကြောင့် ၎င်းကို တခါတရံ Bitter Salt ဟုလည်း ခေါ်ကြသည်။ အိမ်သုံးဆား (Table salt: Sodium Chloride) နှင့် မတူသည်မှာ အိမ်သုံးဆားက ပင်လယ်ရေကို အငွေ့ပျံ့စေခြင်းဖြင့် ရရှိပြီး ဆားခါး (Epsom Salt) က ကျိုချက်သန့်ဇင်ပြီးမှ ရရှိနိုင်ခြင်းဖြစ်သည်။ ဆားခါးသည်လည်း အိမ်သုံးဆားနည်းတူ ရေတွင် အလွယ်တကူ ပျော်ဝင်နိုင်ပါသည်။

#အပင်များ အလင်းမှီအစာဖွဲ့ခြင်း Photosynthesis ဖြစ်စဉ်မှာ နေရောင်ခြည်မှ အလင်းစွမ်းအင်ကို အပင်အတွင်း ဇီ၀စွမ်းအင်၊ ဓာတုစွမ်းအင် အဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။
$ထိုဖြစ်စဉ် ဖြစ်မြောက်ရန် အဓိကလိုအပ်သော အစိမ်းရောင်ချယ် ကလိုရိုဖီးလ်၏ အဓိကဓာတ်စင်မှာ မဂ္ဂနီဆီယမ် ဖြစ်သည်။ မဂ္ဂနီဆီယမ်သည် ကလိုရိုဖီးဖြစ်ပေါ်ရန် အဓိကလိုအပ်သော ဖြစ်စဉ် ဖြစ်သည်။ မဂ္ဂနီဆီယမ် ကြောင့်သာ အစိမ်းရောင်ချယ် ကလိုရိုဖီးလ် ဖြစ်ပေါ်နိုင်သဖြင့် အပင်များ စိမ်းစေရန် မဂ္ဂနီ ဆီယမ် မြေသြဇာကို အသုံးပြုရန် လိုအပ်ပေ သည်။

#အပင်များမှာ ကလိုရိုဖီးကြောင့် စိမ်းပြီးနေပါမှ ကျန်းမာကြမည် ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးသူများ အနေနှင့် အပင်များ ကျန်းမာနိုင်ရန် စိမ်းစိုနိုင်ရန် မဂ္ဂနီဆီယမ် မြေသြဇာ ကျွေးကြသည်။

#ဆာလ်ဖါ ခေါ် ကန့်မှာ အပင်များအတွက် အဓိက အများလိုဓာတ်စင် (၃) မျိုးဖြစ်သော နိုက်ထရိုဂျင် (N)၊ ဖေါ့ဖရပ်(စ်) ခေါ် မီးစုန်းဓာတ် (P) နှင့် ပိုတက်စီယမ် ခေါ် ပြာဓာတ် (K) တို့မှလွဲလျင် အရေးအပါဆုံး ဓာတ်စင် ဖြစ်သည်။

#အဓိကအားဖြင့် အပင်များအတွက် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်ဆစ်များအနက် (၃) မျိုးမှာ ဆာလ်ဖာ ပါ၀င်နေသည်။

#ဆာလ်ဖာ ပါ၀င်နေသော အမိုင်နိုအက်ဆစ် (၃) မျိုးမှာ မီသယိုးနင်း၊ စစ်စတင်းနှင့် စစ်စကိုင်း တို့ ဖြစ်သည်။

#ဆာလ်ဖာ လိုအပ်မှုများသော (အမိုးနီးယမ်း ဆာလ်ဖိတ်ကို အသုံးများသည်။ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်ခေါ် ဆားခါး ကိုကား မဂ္ဂနီဆီယမ် မြေသြဇာ အဖြစ်သာ အဓိကထား အသုံးပြုကြသည်။
#ထို မြေသြဇာမှာ ရေတွင် ကောင်းစွာ ပျော်၀င်သောကြောင့် မြေသြဇာအဖြစ် သာမက အရွက်ဖျန်း မြေသြဇာအဖြစ်ပါ ကောင်းစွာ အသုံးပြုနိုင်ကြသည်။

#ဆားခါး၏ အခြား ထူးခြားသော ဂုဏ်သတ္တိ များမှာ အစေ့များ အညှောင့်ပေါက်ခြင်းကို ကောင်းမွန်စေခြင်း ဖြစ်သည်။ ထို့ကြောင့် သီးနှံပင်များ၏ အစေ့များ အညှောင့်ပေါက်သောအခါ ပိုတက်စီယမ်နိုက်ထရိတ် အရည်ထဲ ခေတ္တစိမ်ပြီးမှ အညှောင့်ပေါက်သကဲ့သို့ မဂ္ဂနီဆီယမ် ဆာလ်ဖိတ်(ဆားခါး) ကိုလည်း အလားတူ အသုံးပြုနိုင်သည်။

#အစေ့များ အညှောင့်ပေါက်ခြင်း ကိုသာမက ပင်ပေါက်ငယ်များ ဆက်လက်ကြီးထွားခြင်းကို အားပေးသည်။

#ဆားခါးကို သွင်းရေ၊ လောင်းရေတို့နဲ့အတူ အရည်ဖျော်ပြီးပက်ဖျန်း၊လောင်းနိုင်သကဲ့သို့ မြေအတွင်းသို့ တိုက်ရိုက်ထည့်သွင်း ကျွေးလျှင်လည်း ရပါသည်။

#အပင်ကြီးများ (၉ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၂ ဇွန်း ကို တစ်နှစ် ၃ ကြိမ်ခန့် ကျွေးပေးပါ)

#အုန်းပင် (အပင်ကြီးများအတွက် တစ်ပင်လျှင် ၂၀၀ ဂရမ်နှုန်းနှင့် အပင်ငယ်များအတွက် တစ်ပင်လျှင် ၁၀၀ ဂရမ်နှုန်း ကို ၁ နှစ်လျှင် ၃ ကြိမ်ကျွေးပေးပါ)

#ချုံနွယ်အုပ်စုဝင်အပင်များ (၉ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ဟင်းစားဇွန်း ၁ ဇွန်းကို ၃-၄ ပတ်တစ်ကြိမ်ခန့် ကျွေးပေးပါ)

#အလှစိုက်မြက်ခင်းများ (၁၂၅၀ ပေ ပတ်လည် မြေနေရာအတွက် ဆားခါး ၃ ပေါင်ခန့်ကို ရေတွင် ဖျော်၍ ဆေးဖျန်းပုံးဖြင့် ပက်ဖျန်းပေးပါ)

#နှင်းဆီပင်များ (အမြင့် ၁ ပေခန့် နှင်းဆီပင်များကို တစ်ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ)

#အိမ်အလှဆင်အပင်များ (ဆားခါးဟင်းစားဇွန်း ၂ ဇွန်းကို ရေ တစ်ဂါလံတွင် ဖျော်၍ ၁ လ တစ်ကြိမ် လောင်းရေနှင့်အတူ ကျွေးပေးပါ)

#ခရမ်းချဉ်/ငရုတ်ပင်များ (အမြင့် ၁ ပေခန့် ခရမ်းချဉ်ပင်များကို တစ်ပင်လျှင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းကို ၂ ပတ်တစ်ကြိမ် ကျွေးပေးပါ) တို့အဖြစ် တွေ့ရသည်။

မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။

Jun 24,2018 > Oct 7, 2020 > Oct 7, 2021
#ကိုးကား
ဦးဖရက်သိန်းဖေ/ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
Lu Gyan Gyi
https://m.facebook.com/story.php?story_fbid=2084020851860291&id=100007571890625
စုစည်းထားပါသည်။
source - ဗဟုသုတကျေးရွာ ( 2 - 2 - 2018 )
photo - credit

💃 နတ်သမီးလေးအလား တောက်ပြောင်ချောမွေ့စေမယ့် လင်းလက်ရဲ့ အပူငြိမ်းမန်ကျည်းသီး Scrub 🌹 ဒီအပူငြိမ်းမန်ကျည်းသီး Scrub လေးက လင်...
12/10/2023

💃 နတ်သမီးလေးအလား တောက်ပြောင်ချောမွေ့စေမယ့် လင်းလက်ရဲ့ အပူငြိမ်းမန်ကျည်းသီး Scrub

🌹 ဒီအပူငြိမ်းမန်ကျည်းသီး Scrub လေးက လင်းလက်ကထပ်မံထုတ်လုပ်လိုက်တဲ့ Scrub လေးဖြစ်ပြီးတော့ အဓိကပါဝင်ပစ္စည်းအနေနဲ့ မန်ကျည်းသီး၊ ဆန်မှုန့်၊ ဆားခါး၊ ရှားစောင်းလက်ပပ်နဲ့ ပျားရည်တို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

🌹 မန်ကျည်းသီးက အသားလေးကိုဝင်းမွတ်ပြီးချောမွတ်စေမယ်။
🌹 ဆန်မှုန့်လေးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူအပုပ်တွေကို ထွက်စေမယ်။
🌹 ဆားခါးက အပူငြိမ်းစေလို့ သုံးပြီးတဲ့အချိန်မှာ အသားလေးအေးနေတာကို သိသိသာသာခံစားရမယ်။
🌹 ရှားစောင်းလက်ပပ်က ရေဓာတ်ဖြည့်ပေးတဲ့အတွက် အသားမွဲခြောက်နေမှာကို စိတ်ပူစရာမလိုဘူး။
🌹 ပျားရည်၊သံလွင်ဆီ၊Jojoba Oil ပါတဲ့အတွက် အညစ်အကြေး၊ ချေးညော်တွေကို ကင်းစေပြီး အသားလေးကိုဝင်းစေမယ်။

ကဲအသားလေးဝင်းမွတ်ပြီးချောမွတ်စေချင်ရင်တော့ အခုပဲ လင်းလက်ရဲ့ အပူငြိမ်းမန်ကျည်း Scrub လေးကို သုံးလိုက်တော့နော်

စျေးနှုန်းလေးကလည်း တစ်ဘူးမှ ၅၅၀၀ကျပ်တည်းဆိုတော့တန်မှတန်။

မှာယူလိုတယ်ဆိုရင်တော့ 🌹🌹🌹
☎ 09422539440(or) cb ကိုအခုပဲဆက်သွယ်လိုက်တော့နော်။

အမြဲအားပေးနေတဲ့ ကာကာတို့ကိုကျန်းကျန်းမာမာ၊ ကျော့ကျော့မော့မော့နဲ့ လှလှပပနေစေချင်လို့ အချိန်တိုင်း ကြိုးစားနေတဲ့ လင်းလက်ပါနော်။

#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးဖြန့်ချီရေးပုသိမ်ကိုယ်စားလှယ်ကြီး

#အပူငြိမ်းမန်ကျည်းသီး scrub
Crd

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ဖိုးဘွားမိဘဆရာသမားတွေကို လင်းလက်သဘာဝထုတ်ကုန်လေးတွေနဲ့ဂါရဝပြုကြရအောင်🤗🤗🤗ပုသိမ်မြို့​ဖြန်...
11/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ဖိုးဘွားမိဘဆရာသမားတွေကို လင်းလက်သဘာဝထုတ်ကုန်လေးတွေနဲ့ဂါရဝပြုကြရအောင်🤗🤗🤗
ပုသိမ်မြို့​ဖြန့် ချီရေးကိုယ်စားလှယ်ကြီး
☎☎09422539440
09666705267

Address

Pathein
Pathein

Telephone

+959422539440

Website

Alerts

Be the first to know and let us send you an email when Linnlatt Pathein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Linnlatt Pathein:

Share

Category