28/03/2026
PDF စိုးမိုးထိန်းချုပ်နယ်မြေမှာ
ရာဇဝတ်ဖြစ်ပွားမှု နည်းတယ်
ဓာတ်ဆီဝယ်ဖို့ တန်းစီစရာမလိုဘူး
ဘယ်ဂိတ်ကိုမှ ကြောက်နေစရာမလိုဘဲ
လွတ်လပ်စွာ သွားလာလို့ရတယ်
စစ်တပ်ဂိတ်မှာ ဆရာ ခေါ်နေရ ရင်တထိတ်ထိတ် ဖြစ်ရပေမယ့် PDF ဂိတ်မှာကျ အေး မင်းတို့က ဂိတ်ထောင် တောင်းစားနေကြတာဆိုပြီး လက်ညိုးငေါက်ငေါက်ထိုး ပြန်ဆဲသွားလို့ရတယ် ဓာတ်ပုံဗွီဒီယိုရိုက် ပိုက်ဆံတောင်းတဲ့ PDF ဆိုပြီး လိုင်းပေါ်တင်လို့ရတယ် ဘာမှကြောက်စရာ မလိုဘူး
စိတ်လုံခြုံမှုပေးတယ် ခေါင်းပြားအောင် အိပ်နိုင်တယ် တပ်ပိုင်မြေ စည်ပင်ပိုင်မြေဆိုပြီး အိမ်တွေ မဖျက်ဘူး
ညသန်းခေါင် ဧည့်စာရင်း လာမစစ်ဘူး
အချိန်မတော် ခြင်ထောင်လာမလှန်ဘူး
အိမ်မှာရှိတဲ့ဖိနပ်နဲ့ အိမ်ထဲကလူ ကိုက်မကိုက် လာမစစ်ဘူး
လက်ဖက်ရည်ဆိုင် ထိုင်ရင်း ငါယိုးမ NUG လို့ ဆဲလို့ရတယ်
NUG အလိုမရှိ ဆိုပြီး ဆန္ဒပြတဲ့ ပြည်သူတွေကို PDF က မသိမသာ လုံခြုံရေး ယူပေး လေကြောင်းရန်ကာကွယ်ပေးဖို့ အသင့်နေနေတတ်ကြတယိ
အရက်သမား ရည်မွန်လို့ လှောင်လို့ရတယ်
သုံးကြောင်းကဗျာ လျှောက်ရေးတဲ့ ဇဝေဇဝါစိုး ဆိုပြီး ပြောင်လို့ရတယ်
ဒီ resource နဲ့ ဒီ result ဘဲ ထွက်မှာပေါ့ဆိုတဲ့ ဘွားတော်လေ ဆိုပြီး ဒေါ်ဇင်မာအောင်ကို ဆဲလို့ရတယ်
တပ်တွေ ပသုံးလုံးတွေ မကောင်းဘူးလို့ အာဘောင်အာရင်းသန်သန် ဝေဖန်လည်း ဘယ်သူမှ လာမဖမ်းဘူး
ပြည်သူက ဆဲနေပြီကွ ငါတို့ဘာပြင်ဖို့လိုတယ် ဆိုပြီး ခပ်ကုပ်ကုပ်လေး ငြိမ်နေရတာမျိုးရယ်
အဲ့ဒါ ငါးနှစ်တာမှာ လုပ်ကိုင်ပုံအမှား အားနည်းချက်တွေရှိခဲ့ပေမယ့် တပ်ရင်းတပ်ဖွဲ့တွေက ပြည်သူကို အနိုင်
မကျင့်ဘူးဆိုတာမျိုး မြဲမြံနေအောင် ကျင့်ကြံကြတယ်
တပ်တချို့ ပသုံးလုံးတချို့ ပြည်သူအပေါ်အနိုင်ကျင့်တာမျိုး ရှိခဲ့ပေမယ့် ပြန်ထိန်းထေကြတယ်
ကျွန်တော်တို့မှာ လိုအပ်ချက် အားနည်းချက်တွေရှိသလို စုန်းပြူးတွေ လုပ်ပိုင်ခွင့်မလျော်သြဇာသုံးသူတွေလည်း ရှိတယ် ပြည်သူတွေက တိုင်ပေးကြပါ အရေးယူနိုင်ဖို့ အားထည့်ကြိုးစားနေတဲ့လူငယ်တပ်မှူးတွေ ခေါင်းဆောင်တွေ ရှိပါတယ်ဆိုတာလည်း မမေ့ကြပါနဲ့
#အမ္ဗုန်