Green Pindaya Company -တောင်တန်းနီသြဂဲနစ်လက်ဖက်

  • Home
  • Myanmar
  • Pindaya
  • Green Pindaya Company -တောင်တန်းနီသြဂဲနစ်လက်ဖက်

Green Pindaya Company -တောင်တန်းနီသြဂဲနစ်လက်ဖက် We are providing best quality tea experience for your everyday life!

🙋မကြာခင်မှာ ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကို ရောက်ရှိလာပါတော့မယ် 🙏မင်္ဂလာရှိတဲ့ သီတင်းကျွတ်အချိန်ကာလသမယအတွက် လူကြီးမိဘ...
06/10/2025

🙋မကြာခင်မှာ ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကို ရောက်ရှိလာပါတော့မယ်

🙏မင်္ဂလာရှိတဲ့ သီတင်းကျွတ်အချိန်ကာလသမယအတွက် လူကြီးမိဘဆရာသမားများကို ကန်တော့ဖို့အတွက်၊ ချစ်ခင်လေးစားရသော မိတ်ဆွေသူငယ်ချင်းများကိုလက်ဆောင်ပေးဖို့အတွက်၊ ချစ်ခင်ရသူများကိုတည်ခင်းဧည့်ခံကျွေးမွေးဖို့ပဲဖြစ်ဖြစ် အရည်အသွေးနှင့်အရသာမှာစိတ်ချယုံကြည်ရတဲ့ တောင်တန်းနီရဲ့အသင့်စားလက်ဖက်စိုထုတ်ကုန်များနှင့် ဂရင်းတီး၊ သဘာဝနေလှန်းခြောက်လက်ဖက်များကို ဝယ်ယူအားပေးနိုင်ပါပြီရှင့်

တစ်ခါစားဖူးသူတိုင်း တောင်တန်းနီမှ တောင်တန်းနီဖြစ်နေကြပြီနော်

အသစ်အဆန်းတွေဘယ်လိုပဲပေါ်ပေါ် မြန်မာမှန်ရင်လက်ဖက်စားလိုက်ရမှ အာသာပြေကြတာမို့ အခုပဲအော်ဒါတင်လိုက်တော့နော်


Hot line - 09250340725
Viber - 0777457485
ဒါမှမဟုတ် Page messengerမှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်




 #တောင်တန်းနီထုတ်ကုန်တွေရန်ကုန်မှာမရဘူးလားလို့မေးမေးနေကြလို့....SME Partner တွေ၊ မိတ်ဆွေတွေကကူရောင်းပေးကြတဲ့ သီတင်းကျွတ်...
04/10/2025

#တောင်တန်းနီထုတ်ကုန်တွေရန်ကုန်မှာမရဘူးလားလို့မေးမေးနေကြလို့....SME Partner တွေ၊ မိတ်ဆွေတွေကကူရောင်းပေးကြတဲ့ သီတင်းကျွတ်ပြည်သူ့ရင်ပြင်ပွဲ 4th Oct to 7th Oct အထိ E10 မှာတွေ့မြင်အားပေးနိုင်ပါတယ်ရှင့် 😍

 #ပွဲအရမ်းဆူတဲ့ကျမတို့ရဲ့ရိုးရာလက်ဖက် 🌿🌿 ဒီကိစ္စကိုပညာရှင်ကဏ္ဍ မှမဟုတ်ပဲ စိုက်ပျိုးထုတ်လုပ်နေကြတဲ့တောင်သူတွေ၊ ထုတ်လုပ်သူ...
19/09/2025

#ပွဲအရမ်းဆူတဲ့ကျမတို့ရဲ့ရိုးရာလက်ဖက် 🌿

🌿 ဒီကိစ္စကိုပညာရှင်ကဏ္ဍ မှမဟုတ်ပဲ စိုက်ပျိုးထုတ်လုပ်နေကြတဲ့တောင်သူတွေ၊ ထုတ်လုပ်သူတွေနေရာကနေအနည်းငယ်ရှင်းလင်းပြချင်ပါတယ်ရှင့် 🤗

🌿 အခုလိုကိစ္စရပ်မျိုးမဟုတ်ပဲလက်ဖက်စိုကို 2009 (ခန့်မှန်းခြေ) ခုနှစ်လောက်တုန်းက Auramine O တွေ့တယ်ဆိုပြီးလက်ဖက်အမှတ်တံဆိပ်အတော်များများပိတ်သိမ်းတာတွေ့ဖူးပါတယ်ရှင့် 🤗

🌿 2014 မှာလည်းလက်ဖက်အပါအဝင်စားသောက်ကုန်တော်တော်များများဓာတုဆိုးဆေးတွေ့တယ်ဆိုပြီးတော့လည်းပိတ်သိမ်းတာတွေ့ရှိခဲ့ပါတယ်ရှင့် 🤗

🌿 ဒါအပြင်လက်ဖက်လုပ်ကိုင်တဲ့အခါမသန့်ရှင်းမသပ်ရပ်တာတွေကိုလည်းပုံနှင့်တကွရော၊ သတင်းတွေအရရောအကြိမ်ကြိမ်ကြုံတွေ့ရပေမဲ့ သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့တွေ၊ တောင်သူအဖွဲ့အစည်းတွေ၊ စားသောက်ကုန်အသင်းအဖွဲ့တွေ၊ စားသုံးသူအဖွဲ့အစည်းတွေ၊နည်းပညာရှင်ကြီးတွေ၊ အထူးသဖြင့်စိုက်ပျိုးရေး၊ ကျန်းမာရေးဌာနတွေကသတိပေးချက်လောက်သာထုတ်ပြန်ခဲ့ပြီး......ကျနော်/ကျမတို့ရဲ့ နိုင်ငံဂုဏ်ဆောင်လို့ခံယူထားတဲ့မြန်မာ့လက်ဖက်အကြောင်းကိုတိကျသေချာတဲ့ရှင်းလင်းပြောပြပေးတဲ့ကဏ္ဍအားနည်းခဲ့တာလည်းတွေ့ရပါတယ် 😔

🌿 အခုလည်း လက်ဖက်ဗဟုသုတအားနည်းလွန်းတဲ့သူတစ်ယောက်ကတင်လိုက်တဲ့ Post ကြောင့် အမှန်တကယ်ဆိုးဆေးမသုံးတဲ့တောင်သူတွေ၊ ထုတ်လုပ်သူတွေနစ်နာရပါတယ်။ တကယ်လုပ်နေတဲ့တောင်သူ/ ထုတ်လုပ်သူရာနှုန်းပြည့်နီးပါးဆိုးဆေးသုံးပြီးရောင်းချဖို့မလုပ်ကြတာကိုအာမခံနိုင်ပါတယ်။ ရောင်းချထုတ်လုပ်သူအချို့မှာတောင်းဆိုမှုတွေကြောင့်၊ စျေးကွက်ပြိုင်ဆိုင်မှုတွေကြောင့် ဒီလိုတွေလုပ်နေရင်လည်းရပ်တံ့ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့် 🙏

🌿 တောင်တန်းနီအနေနဲ့
အခြားလက်ဖက်နဲ့ရောစပ်တယ်ဆိုတဲ့အညွှန့်တွေ၊ အရွက်တွေကိုတော့သေသေချာချာမလေ့လာဖြစ်ပေမဲ့လက်ဖက်ကိုလတ်လတ်ဆတ်ဆတ်ပြုတ်ရင် အစိမ်းညိုကြည်ရောင်ဖြစ်ပါတယ်။ လက်ဖက်ကိုပေါင်းပြီးသိပ်မကြာခင်လက်ဖက်ကိုနှပ်စားဖို့ဆေးကြောရင်အစိမ်းနုရောင်ပစ်ပစ်အရည်တွေရပြီး ၃/ ၄ ခါဆေးရင်တောင်သူ့သဘာဝအစိမ်းရောင်ရှိပါသေးတယ်။ ၆လလောက်သိမ်းထားတဲ့လက်ဖက်ကိုရေတေးသန့်စင်ရင် စိမ်းဝါရောင်ပစ်ပစ်လေးဖြစ်နေတတ်ပါတယ်။ အားလုံးဟာသဘာဝပါရှင့် 🤗

🌿 အခုနောက်ပိုင်းလက်ဖက်တွေကပုပ်တာတွေပြဲတာတွေလျော့နည်းပြီးလတ်ဆတ်တာကအရင်ကလိုနည်းပညာတွေမဟုတ်ပဲပြောင်းလဲလုပ်ကိုင်လာလို့ပါ။ ကျမတို့ငယ်ငယ်တုန်းကဆိုရင်လက်ဖက်ကိုဝါးကပ်တွေအထပ်ထပ်ခံထားတဲ့ဝါးခြင်းထဲမှာသိုလှောင်ကြတဲ့အခါလေတွေရေတွေဝင်တာရှိပြီးလက်ဖက်တွေနပ်သွားတဲ့ ၅ လအကျော် ၆ လလောက်မှယူပြီးဆေးကြောသန့်စင်စားကြတယ်၊ ရောင်းရင်လည်းခုလိုပဲရှင့်။ (ဒေတခုနဲ့တခုထုတ်လုပ်သိမ်းဆည်းပုံခြင်းမတူကြပါ) နောက်တော့အပြင်ကပီနံအိတ်၊ အတွင်းကအိတ်ဖြူအကြည်ထူကိုခံပြီးလက်ဖက်စိုကိုညှစ်စက်၊ ဖိစက် သို့ ဟိုက်ဒရောလစ်ညှစ်စက်တွေနဲ့ရေစင်အောင်ညှစ်ပြီးအိတ်ကိုလည်းစက်အား၊ လူအားနဲ့လေမခီုလေမဝင်အောင်ဖိနှပ်ထားတဲ့အခါကျမစမ်းသပ်ချက်အရ ၄ နှစ်အထိအရိုးအရွက်မပျက်ပဲရောင်ကစသိမ်းချိန်အရွက်စိမ်းရောင်၊ အဝါရောင်ကနေ...ရွှေဝါရောင်ပြောင်းသွားတဲ့အခိလက်ဖက်ကလှပနေပါတယ်ရှင့်။ ဘာဆေးမှကူစရာမလိုနဂိုအရောင်ကလှပြီးစားရတာလည်းမမာတော့ပါဘူးရှင့် 🤗

🌿 ခုနောက်ပိုင်းတော့ထုတ်လုပ်သူတွေကလည်းခုထုတ်ခုရောင်းကြတယ်၊ တဆင့်သမားတွေကလည်းအမြန်ပြန်ရောင်းကြလို့အရောင်သိပ်မလှပဲမာလာကြတယ်။ အဲဒိအခါတဆင့်ရောင်းတဲ့လူတွေကဆေးလေးဆိုးပေးလို့ရလားဆိုပြီးတောင်းဆိုကြတာမျိုးတွေရှိတတ်ပါတယ်။ ကျမကတော့အဲလိုမျိုးတောင်းဆိုမှုကိုလုံးဝလက်မခံပဲလက်ဖက်ကိုကျန်းမာရေးရှုထောင့်ကပါ၊ ဂုဏ်တစ်ရပ်အနေနဲ့ရော မှတ်ယူရောင်းချထုတ်လုပ်ပါတယ်။ စားသုံးသူအဆင့်အထိ End User သိသင့်တဲ့ ဗဟုသုတ awareness ကိုလည်းပေးပါတယ်။ ကျမရဲ့ဖောက်သည်တွေကလည်းလက်ဖက်အပေါ်တန်ဖိုးထားသူတွေချည်းမို့ဒီလိုပြဿနာမကြုံရပေမဲ့ အခုကတောင်သူ/ ထုတ်လုပ်သူ/ စားသုံးသူအတွက်...လက်ဖက်ဗဟုသုတနည်းစွာတင်လိုက်တဲ့ post ကြောင့်ထိခိုက်နစ်နာရပါတယ်။ အမှန်တကယ်ဆိုးဆေးသုံးနေကြတဲ့၊ သုံးချင်ကြတဲ့တဆင့်ခံလက်ဖက်ရောင်းချသူများကိုလည်းဒီလိုလုပ်ရပ်ကိုရပ်တံကြဖို့မေတ္တာရပ်ခံပါတယ်ရှင့် 🤗

🌿 ကျမတို့အနေနဲ့လက်ဖက်ပြဿနာရပ်များအားလုံးကိုဖြေရှင်းဖို့လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအတွက် Myanmar Tea Association (MTA) ကိုလည်း 2013 တည်ထောင်ခဲ့ပြီးလက်ဖက်ထွက်ရှိတာဒေသအသီးသီးမှာလည်းအစုအဖွဲ့တွေဖွဲ့ပြီးတတ်စွမ်းသ၍ပညာပေးကဏ္ဍတွေလုပ်ဆောင်လျှက်ရှိပါတယ်၊ ပြန်ပြီးထုတ်လုပ်ရောင်းချသူများအနေနဲ့လည်းအသင်းသားအဖြစ်ဝင်ရောက်ပြီးဗဟုသုတ၊ နည်းပညာအခွင့်အလမ်းများလည်းရယူနိုင်ဖို့ဖိတ်ခေါ်ပါတယ်ရှင့် 🤗

🌿 ဒါကြောင့် လက်ဖက်သာမကစားသောက်ကုန်ထုတ်လုပ်ကြသူများအားလုံးလည်းမိမိတို့ထုတ်ကုန်ဘေးကင်းစွာစားသုံးနိုင်မဲ့ရပ်ဝန်းကိုတည်ဆောက်ကြပြီး ပညာပေးကဏ္ဍများကိုလည်းပြုလုပ်နိုင်မှ အခုလို အထင်အမြင်နဲ့ပြောဆိုကြတဲ့အခြေအနေတိုင်းကို စားသုံးသူများရဲ့ အသိဉာဏ်ဗဟုသုတနဲ့ယှဥ်ပြီးစားသုံးကြမှာဖြစ်လို့.....မြန်မာ့စားသောက်ကုန်များကြောင့်စားသုံးသူများဘေးကင်းကြပါစေလို့.....တောင်တန်းနီကဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင့် 🙏🙏🙏

Address

Shwe Oo Min Road
Pindaya

Alerts

Be the first to know and let us send you an email when Green Pindaya Company -တောင်တန်းနီသြဂဲနစ်လက်ဖက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Pindaya Company -တောင်တန်းနီသြဂဲနစ်လက်ဖက်:

Share