Transform by htoo khant kyaw

Transform by htoo khant kyaw transformဖြင့် စိုက်ပျိုးရေးကဏ္ဍတစ်ခေတ်ပြောင်းလှဲမည်။

ကြက်သွန်နီ စိုက်ပျိုးခြင်းနှင့် မြေပြင်ဆေးထရန်စဖောင်းစွိုင်း၊ အပင်အားဆေးထရန်စဖောင်းပလပ်စ်ဝမ်းနှင့် အသီးအပွင့်အားဆေးထရန်စ...
17/11/2023

ကြက်သွန်နီ စိုက်ပျိုးခြင်းနှင့်
မြေပြင်ဆေးထရန်စဖောင်းစွိုင်း၊
အပင်အားဆေးထရန်စဖောင်းပလပ်စ်ဝမ်းနှင့် အသီးအပွင့်အားဆေးထရန်စဖောင်းပလပ်စ်တူး ။

မြေခံမြေဩဇာအနေနှင့် ကွန်ပေါင်းမြေဩဇာ (၁၅:၁၅:၁၅) ကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ် တစ်အိတ်နှုန်း ထည့်ပေးလေ့ရှိသော်လည်း ကွန်ပေါင်းမြေဩဇာ (၁၅:၁၅:၁၅) အိတ်ဝက်နှင့် ထရန်စဖောင်းစွိုင်း ၁ ကီလိုဂရမ် တစ်ထုပ်ကို ရောစပ်ပြီး မြေခံမြေဩဇာအဖြစ် တစ်ဧကအတွက် အသုံးပြုပေးနိုင်ပါသည်။ မြေခံတွင် ၁၅ ပါတ်လည်ကွန်ပေါင်းမြေဩဇာအိတ်ဝက်နှင့် ထရန်စဖောင်းစွိုင်း၁ ကီလို အထုပ်တစ်ထုပ် ရောစပ်၍ တစ်ဧကအတွက် အသုံးပြုပေးနိုင်ပြီး ဥဆင်းချိန်တွင်လည်း ထိုအချိုးအစားနှုန်းထားအတိုင်း အသုံးပြုပေးရမည်။

မြေခံမြေဩဇာထည့်ပေးပြီး ၅ ရက်တွင် အစေ့ချ စစိုက်နိုင်ပြီး အပင် ၁၅ ရက်သားရောက်ပါက ထရန်စဖောင်းပလပ်စ်ဝမ်းကို စတင်အသုံးပြုနိုင်ပါပြီ။ အသုံးပြုပုံမှာ ၄ဂါလံဝင်ဆေးဖျန်းပုံး သို့မဟုတ် ၅ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ထရန်စဖောင်းပလပ်စ်ဝမ်း (၅_၁၀) စီစီကို ရောစပ်ပြီး (၇_၁၀) ရက်ခြားတစ်ကြိမ် အသုံးပြုပေးရပါမည်။ သီးနှံပင်သက်တမ်း တစ်လျောက်လုံး အတွက်( ၆) ကြိမ်ခန့် ရွက်ဖျန်းဆေးအသုံးပြုပေးနိုင်သည်။

ထရန်စဖောင်းပလပ်စ်တူးကိုလည်း အထက်ပါနှုန်းထားအတိုင်းသုံးစွဲပေးနိုင်ပြီး ဥဆင်းချိန်တွင် ၅ရက်ခြား တစ်ကြိမ် အသုံးပြုပေးပါက အထွက်နှုန်းများ သိသိသာသာ တိုးတက်လာနိုင်ပါသည်။
ph 09779695055 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ခဗျ♥

မဂ်လာရှိသောနံနက်ခင်းလေးပါခဗျ တောင်သူဦးကြီးများနဲ့ မိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာသော နေ့ရက်လေးကိုပိုင်ဆိုင်ပါစေလိ...
03/11/2023

မဂ်လာရှိသောနံနက်ခင်းလေးပါခဗျ
တောင်သူဦးကြီးများနဲ့ မိဘပြည်သူများ
စိတ်ချမ်းသာကိုယ်ကျန်းမာသော နေ့ရက်လေးကိုပိုင်ဆိုင်ပါစေလို့
Transform by hkk မှ ဆုတောင်းပေးလိုက်ပါတယ်🙏🙏🙏

ချစ်ခင်လေးစားအပ်ပါသော တောင်သူဦးကြီးများခဗျ.ကျှန်တော်တို့ Successmore ကုမ္ပဏီ မှထုတ်လုပ်ဖျန့်ချီသော စိုက်ပျိုးရေးသုံး Tr...
02/11/2023

ချစ်ခင်လေးစားအပ်ပါသော တောင်သူဦးကြီးများခဗျ.
ကျှန်တော်တို့ Successmore ကုမ္ပဏီ မှထုတ်လုပ်ဖျန့်ချီသော စိုက်ပျိုးရေးသုံး Transform အုပ်စုကို စျေးနှုန်းလျော့ချပြောင်းလှဲပေးထားပြီဖြစ်​ကြောင်း အသိပေး ကြေငြာအပ်ပါသည်ခဗျ🙏🙏🙏
သုံးစွဲသူ တောင်သူဦးကြီးတို့ စျေးသက်သက်သာသာဖြင့် ဆက်လက်အားပေးနိုင်ပါကြောင်း


Transform. htoo khant kyaw ရှမ်းပြည်တောင်ပိုင်း တီကျစ်မြိို့Transfoemကိုယ်စားလှယ်လက်လီ/ကား ဝယ်ယူနိုင်ပြီ❤❤
21/07/2023

Transform. htoo khant kyaw
ရှမ်းပြည်တောင်ပိုင်း တီကျစ်မြိို့
Transfoemကိုယ်စားလှယ်
လက်လီ/ကား ဝယ်ယူနိုင်ပြီ❤❤

ပေါင်းသတ်ဆေး အသုံးပြုနိုင်သော အချိန် ၃ ချိန် ၁။ သီးနှံများ မစိုက်ပျိုးမှီ ပေါင်းကြမ်းသတ်ခြင်း ( Pre Planting Herbicide) ...
27/03/2023

ပေါင်းသတ်ဆေး အသုံးပြုနိုင်သော အချိန် ၃ ချိန်

၁။ သီးနှံများ မစိုက်ပျိုးမှီ ပေါင်းကြမ်းသတ်ခြင်း ( Pre Planting Herbicide)

သီးနှံပင်စိုက်ပျိုးမည့်နေရာတွင် ပေါက်နေသော ပေါင်းကြမ်းများကို သီးနှံမစိုက်ခင် ကြိုတင်နှိမ်နင်းထားခြင်းဖြစ်သည်။ ဈေးကွက်တွင် ရှိသော ရွေးချယ်မဲ့ ထိသေအာနိသင်ရှိ Paraquat dichloride နှင့် ရွေးချယ်မဲ့ ပင်လုံးပြန့် အာနိသင်ရှိ Glyphosate နှင့် Glyphosate -24% + 2,4-D Amine -12%(SL) များကို အသုံးပြုနိုင်သည်။

သီးနှံမစိုက်ခင် ပေါင်းကြမ်းများ ရှင်းပေးခြင်းဖြင့် နောက်ပိုင်း ပေါင်းလိုက်ရ သက်သာခြင်း၊ သီးနှံပင်အတွက် အရေးကြီးသော အစောပိုင်းအဆင့်များတွင် ပေါင်းပင်နှင့် အစာလုယူမှုများမှ ကင်းဝေးနိုင်သည်။

၂။ သီးနှံမျိုးစေ့ကြဲပြီး လိုက်အုပ်နိုင်သော ပေါင်းသတ်ဆေး ( Pre-emergent Herbicide)

ပေါင်းမျိုးစေ့များ ပေါက်မလာစေရန် အတွက် သီးနှံမျိုးစေ့ကြဲပြီးခြင်း သို့မဟုတ် မကြဲခင် မြေပြင်ကို ဖျန်းသော အုပ်ဆေးဖြစ်သည်။ စိုက်ကြောင်းဆွဲစိုက်သော သီးနှံများအတွက် အဆင်ပြေနိုင်သော်လည်း 0 tillage စိုက်ခင်းများအတွက် မသင့်တော်ပါ၊ ထယ်ရေး ကြမ်းလေ ဆေးအာနိသင်ထိရောက်မှု အားနည်းနိုင်လေဖြစ်သည်။ထယ်ရေးထွန်ရေး ကောင်းဖို့လိုအပ်ပါသည်။ Oxyfluorfen , Pretilachlor, Metolachlor, Pendimethalin ကဲ့သို့ ဆေးများ အသုံးပြုနိုင်သည်။

မိမိစိုက်ပျိုးမည့် သီးနှံအလိုက် ပေါင်းအုပ်ဆေး စနစ်တကျ ရွေးချယ်သုံးပေးမည်ဆိုပါက ပေါင်းစေ့အများစုမှာ သီးနှံပင်ထက် မျိုးညှောင့်ပေါက်မှုလျှင်မြန်သည့် အတွက် ပေါက်မလာနိုင်အောင်တာဆီးနိုင်ခြင်း၊ လက်ပေါင်းလိုက်ရ သက်သာခြင်း၊ သီးနှံပင်ကောင်းစွာ ရှင်သန်ကြီးထွားနိုင်ပြီး အစာရေပြည့်ပြည့်ဝဝ ရရှိနိုင်ပါတယ်။ ပေါင်းအုပ်ဆေး သုံးမည့်အခင်းမှာ ထယ်ရေးညက်ညက် နှင့် အစို အသင့်အတင့် ရှိနေပါက အကောင်းဆုံးဖြစ်ပါတယ်။

၃. ပေါင်းပင်ပေါက်လာပြီးမှ အရွက်ပေါ်ဖျန်းသော ပေါင်းသတ်ဆေး (Post Emergent Herbicide)

ပေါင်းပင်များ မြေပေါ် ပေါက်လာပြီးနောက်ဖျန်းသော ပေါင်းသတ်ဆေးဖြစ်သည်။ ပေါင်းပင် နုစဥ် ၂-၃ ရွက်ထွက်ချိန်ကတည်းက အသုံးပြုပေးနိုင်လျှင် အကောင်းဆုံးဖြစ်စည်။ သီးနှံပင်စိုက်ပျိုးပြီး ၁ လအတွင်း ပေါင်းရှင်းပေးနိုင်ပါက သီးနှံပင်အတွက် အကောင်းဆုံးဖြစ်သည်။ မိမိ စိုက်ပျိုးသော သီးနှံပင်အလိုက် ဈေးကွက်တွင် ရှိသော ပေါင်းသတ်ဆေးအမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။

ပေါင်သတ်ဆေးများ အသုံးမပြုခင် အရေးကြီးဆုံးလိုက်နာရမည့်အချက်မှာ ပေါင်းသတ်ဆေး အသုံးပြုမည့်ဆေးပုံးကို သီးသန့်ခွဲထားခြင်း၊ ဆေးဗူးအတွင်းပါဝင်သော အစွမ်းရှိပစ္စည်း၊ အသုံးပြုရမည့် နှုန်းထား၊ အသုံးပြုရမည့်အချိန် နှင့် ဆေးအာနိသင်ထိရောက်ပုံများကို စနစ်တကျ ဖတ်ရှု့ အသုံးပြုရမည်။

နောက်ပိုင်းမှာ ပေါင်းသတ်ဆေးများ၏ ပေါင်းပင်အား တိုက်ခိုက်ပုံများကို ဆက်လက်တင်ပြပေးသွားပါမည်.
#ပေါင်းသတ်ဆေး
by htoo khant kyaw
crd..

Transform အသုံးပြုသူအသစ်တွေရှာဖွေရင်းနဲ့ အမာခံအသုံးပြုတောင်သူ အဟောင်းများကိုလည်း မေ့မထားပဲ ဆက်လက်ကွင်းဆင်း တိုင်ပင်ဆွေးန...
17/03/2023

Transform အသုံးပြုသူအသစ်တွေရှာဖွေရင်းနဲ့ အမာခံအသုံးပြုတောင်သူ အဟောင်းများကိုလည်း မေ့မထားပဲ ဆက်လက်ကွင်းဆင်း တိုင်ပင်ဆွေးနွေးပေးဖြစ်ပါတယ်။
Transform soilဖြင့်မြေပြင်.
Tramsform plus ဖြင့် အပင်ဖျန်း
Transform NPK လေးနဲ့ ပြီးပြည့်စုံနေတဲ့ အာလူးစိုက် အမာခံတောင်သူအမနဲ့❤❤❤
ပစ္စည်းကောင်းမှန်သေချာသိတော့ စနစ်တကျသုံးပြီး အမြဲတမ်း အားပေးအသုံးပြုပေးတဲ့အမ ကျေးဇူးပါ ဒီ့ထက်မက ကုန်ကျစရိတ်သက်သာ သီးနှံအထွက်တိုး အရည်အသွေးမှီပြီး ကျန်းမာတဲ့ဘဝ ပိုင်ဆိုင်နိုင်ပါစေ❤❤
Transform by htoo khant kyaw
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကိုယ်စားလှယ်
ဖုန်း 09779695055 သို့မှာယူအားပေးနိုင်ပါသည်။📞📞
Transformအသုံးပြုချင်သော တောင်သူ များနှင့် ကိုယ်စားလှယ်စိတ်ဝင်စားသူများကို လက်တွဲခေါ်ယူရန်အသင့်ရှိနေပါသည်။ HKK😘😘

 #ကြက်သွန်နီ စိုက်ပျိုးနည်းမြန်မာ တစ်နိုင်ငံလုံး၏ လစဉ် ကြက်သွန်နီ စားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျ...
16/03/2023

#ကြက်သွန်နီ စိုက်ပျိုးနည်း

မြန်မာ တစ်နိုင်ငံလုံး၏ လစဉ် ကြက်သွန်နီ စားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျင်ဖြစ်၍ တစ်နှစ်ပတ်လုံးအတွက်ဆိုလျှင်

ပိဿာချိန် သိန်း ၆၀၀ ခန့် လိုအပ်နေမည် ဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှုများ၏ တစ်ဧက အထွက်နှုန်းမှာပိဿာချိန် ၂၀၀၀ မှ ၂၅၀၀-၃၀၀၀ ပိဿာ အကြားတွင် ရှိပါသည်။

တစ်နိုင်ငံလုံး ကြက်သွန်နီ စားသုံးမှု ဖူလုံစေရေးတို့အတွက်ဧက သိန်းနှင့်ချီ စိုက်ပျိုး ထုတ်လုပ်သွားရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ဈေးနှုန်းအထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မြေလတ်ဒေသများ ဖြစ်သည့် ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊
ကျောက်ဆည် ဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးလျက် ရှိပါသည်။

ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြရာတွင် မျိုးကောင်း၊ မျိုးသန့်ဖြစ်သည့် ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး၊ မင်းတုန်းဥမွှာ စသည့်မျိုးများမှ ရွှေဖလားမျိုးကို အဓိကထား ရွေးချယ်စိုက်ပျိုးပါ။

ကြက်သွန်နီသည် မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည် ဆိုသော်လည်း အလွန် ချဉ်သောမြေများကို မနှစ်သက်သဖြင့်အောက်မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှု နည်းပါးပါသည်။

မြေသြဇာ ကောင်းမွန် ထက်သန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မြေ၏ ချဉ်ငန်ဓာတ်မှာ ၆ မှ ၇ အထိ ဖြစ်ပါသည်။

လိုအပ်သော ချဉ်ငန်ဓာတ် ရရှိစေရန် ထုံးဓာတ်ထည့်ပေးရပါသည်။ ကြက်သွန်နီသည် ရာသီဥတု အပူ၊အအေး သင့်တင့်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။

အပင်ကြီးထွားချိန်တွင်၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥ ဖြစ်ပေါ်ချိန်တွင် ၂၀ ဒီဂရီစင်တီ ဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်၊ နေ့တာရှည်ရန်လည်း လိုအပ်ပါသည်။

သာမန်အားဖြင့် အပူချိန်အသင့်အတင့် ဖြစ်နေပြီး နေ့တာရှည်က ဥဖြစ်ပေါ်မှုကို အားပေးပါသည်။

အပူချိန် မြင့်မားခြင်းသည် ပွင့်တံထွက်ခြင်းများကို စိုးမိုးပါသည်။

၁၀ ဒီဂရီစင်တီ ဂရိတ်မှ ၁၆ ဒီဂရီ စင်တီဂရိတ်များတွင် နေ့တာတိုမှုကိုးနာရီမှ ၁၂ နာရီသာ ရရှိပါက ပန်းပွင်များကို များစေ၍ အစေ့တည်စေပါသည်။

ကြက်သွန်နီ စိုက်ပျိုးရာတွင် တစ်ဧက ပျိုးထောင်ရန် ကြက်သွန်မျိုးစေ့ နှစ်ပြည်မှ လေးပြည်ခန့် လိုပါသည်။

ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန် ပျိုးခင်း သုည ဒသမ ၀၅ ဧကအရွယ် ရှိရပါမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်လည်းကောင်း စိုက်ရပါမည်။

ပျိုးခင်းအတွင်း ပေါင်းလိုက်ခြင်းလွယ်ကူစေရန် အတန်းလိုက် စိုက်သင့်ပါသည်။ ပျိုးဘောင်ပေါ်ရှိ မျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းများဖြင့် လုံအောင်ဖုံးအုပ်ပေးပါ။

အောက်တိုဘာလမှ နိုဝင်ဘာလလယ် အထိ ပျိုးထောင်စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့များကို သစ်ခက်၊ ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရပါမည်။

သုံးပေ_ ၁၈ ပေ တစ်ဘောင် မျိုးစေ့(တစ်)ဖူး လိုအပ်ပါသည်။ပျိုးသက် တစ်လသားတွင် ပျိုးဘောင်တစ်ဘောင် ယူရီးယား နို့ဆီဘူးနှစ်ဘူး မြေသြဇာကျွေးရပါမည်။

ကြက်သွန်နီ သီးနှံသည် အပင်ကြီးထွားမှုနှေးသော သီးနှံဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ ပေါင်းမြက်ရှိနေပါက စိုက်ခင်းပျက်စီးစေပါသည်။

စိုက်ခင်းများ ပေါင်းမြက်ကာကွယ်ရန်၊ ထယ်ထိုး၊ ထွန်မွေ၊ ကြမ်းတုံးရိုက်ပြီး မိမိတို့စိုက်လိုသည့် နည်းစနစ်များ အတိုင်းပြုပြင် စိုက်ပျိုးနိုင်ပါသည်။

ကြက်သွန်နီ စိုက်စနစ်များမှာ မျိုးဥအသေးမှ စိုက်ပျိုးခြင်း၊ မျိုးစေ့ယူရန်အတွက် စိုက်ပျိုးခြင်းတို့ပင် ဖြစ်ပါသည်။

စိုက်ခင်း မြေပြင်စဉ်တစ်ဧကလျှင် နွားချေးလှည်း ငါးစီးမှ ရှစ်စီးအထိ ထည့်သွင်းပေးပါ။ ဓာတ်မြေသြဇာ တီစူပါ ၅၀ကီလိုဝင်နှစ်အိတ်၊ ယူရီးယား ၅၀ကီလိုဝင်နှစ်အိတ်၊ ပိုတက်ရှ် ၅၀ ကီလိုဝင် တစ်အိတ် လိုအပ်ပါသည်။

ယူရီးယားမှလွဲ၍ ကျန်ဓာတ်မြေသြဇာများကို မြေပြင်ချိန်တွင်ထည့်ပေးပါ။ ယူရီးယားကို ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက်၊ စိုက်ပြီးတစ်လအကြာတွင် တစ်ဝက်ထည့်ပေးပါ။

စိုက်ခင်းမြေပြင်ပြီးပါက နှစ်ပေအကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ရပါမည်။

ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ဘောင်တင်ပေးရပါမည်။ ကန်သင်းအကန့် ဖော်ပါက ကိုးပေ_ခြောက်ပေအကန့်(သို့) ခြောက်ပေ_ခြောက်ပေ အကန့်များ ဖွဲ့ရပါသည်။ ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက် နှစ်ကျင်းကျော်ရေပေးမြောင်းတစ်မြောင်း၊ ဖော်ပေးပါ။

ကြက်သွန်နီကို ပင်ကြား သုံးလက်မ၊ တန်းကြား လေးလက်မထား၍ တစ်ဧကအပင်ဦးရေ နှစ်သိန်းခွဲမှ သုံးသိန်းအထိ ရရှိအောင် စိုက်ပျိုးရပါသည်။

ကြက်သွန်နီအပင် ပြုစုရာတွင် ပေါင်းမြက်ကင်းစင်နေစေရန် လိုအပ်ပါသည်။ မြေကြပ်နေပါက နွားချေးမြေဆွေး ထပ်မံထည့်ပေးပါ။

ကြက်သွန်နီပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။ ကြက်သွန်ခင်းမှာ မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပါသည်။

ရေသွင်းချိန်ရောက်၊ မရောက် ကြက်သွန်ပင်ကို ကြည့်၍သိနိုင်ပါသည်။ ကြက်သွန်ပင် ရေငတ်ပါကအရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။

ပုံမှန်အားဖြင့် ခုနစ်ရက်လျှင် တစ်ကြိမ် ရေပေးသွင်းရသည်။ အရွက်များ စတင်ကျနေချိန်မှ စတင်၍ ရေသွင်းခြင်းကို ရပ်ရမည်။မြေအစိုဓာတ်အပေါ် မူတည်၍ ရေသွင်းချိန်ငါးကြိမ်မှ ရှစ်ကြိမ်အထိ ရှိရပါမည်။

ကြက်သွန်နီတွင် ရောဂါကျရောက်ပါက ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများကိုအညွှန်းအတိုင်း ဖျန်းပါ။

မှိုရောဂါများ ကျရောက်ပါက လာဘီလိုက် (သို့) ကိုဆိုက် စသည့် မှိုသက်ဆေးများကို အညွှန်းအတိုင်းသုံးစွဲပါ ကြက်သွန်နီ စိုက်ပျိုးမှု အဆင်ပြေပါက တစ်ဧက အထွက်နှုန်း ပိဿာချိန် ၂၀၀၀ ကျော်မှ ၃၀၀၀ ကျော်အထိ ရရှိနိုင်ပါသည်။

ကြက်သွန်အရွက်များ ခြောက်လာလျှင် နုတ်သိမ်းနိုင်ပါသည်။ ဥများကို အရိပ်အောက် တစ်ပတ်ခန့်ထားပြီး နှစ်လက်မခန့်ချန်ပြီးဖြတ်ရပါမည်။

စားသုံးသူများအတွက် လိုအပ်လျှက်ရှိနေသော ကြက်သွန်နီသီးနှံကို တိုးချဲ့စိုက်ပျိုးပေးကြပါဟု တိုက်တွန်းအပ်ပါသည်။

ရွှေမင်းအောင် (ကျောက်ပန်းတောင်း)
မြန်မာတောင်သူကြီးများ ဂျာနယ်

credit

Kaung Sett Soe မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

မြေသြဇာကျွေးတဲ့အခါ အော်ဂဲနစ်နဲ့ ဓာတု ဘာကိုရွေးရမလဲ ကိုယ့်စိုက်ခင်းကအပင်တွေကို မြေသြဇာကျွေးဖို့စဉ်းစားတဲ့အခါ သဘာဝအော်ဂဲနစ...
16/03/2023

မြေသြဇာကျွေးတဲ့အခါ အော်ဂဲနစ်နဲ့ ဓာတု ဘာကိုရွေးရမလဲ

ကိုယ့်စိုက်ခင်းကအပင်တွေကို မြေသြဇာကျွေးဖို့စဉ်းစားတဲ့အခါ သဘာဝအော်ဂဲနစ်မြေသြဇာနဲ့ ဓာတုမြေသြဇာ ၂ မျိုးထဲက ဘာရွေးရမှန်းမသိ ဖြစ်ဖူးပါသလား။ ဒီမြေသြဇာ ၂ ခုရဲ့ အားသာချက် အားနည်းချက်တွေကိုရော နှိုင်းယှဉ်ဖူးပါသလား။ အော်ဂဲနစ်မြေသြဇာဆိုတာ သဘာဝပတ်ဝန်းကျင်ကနေရရှိတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ဓာတုဓာတ်မြေသြဇာမှာတော့ ဓာတုပစ္စည်းများပါဝင်ပြီး ဓာတ်ခွဲခန်းတွေ စက်ရုံတွေမှာ ဖန်တီးပြုလုပ်ထားတယ်ဆိုတာ ယေဘူယျအားဖြင့် တောင်သူဦးကြီးတွေ သိကြပါလိမ့်မယ်။

အော်ဂဲနစ်မြေသြဇာဟာဆိုရင် မြေဆီလွှာရဲ့ကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်စေပြီး ရေညစ်ညမ်းမှုနဲ့ အဏုဇီဝသက်ရှိများရဲ့ရှင်သန်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ သို့သော် မြေဆီလွှာရဲ့ ပြဿနာများကို မြန်မြန်ဖြေရှင်းနိုင်ဖို့ လိုအပ်လာပြီဆိုပါက ဓာတုမြေသြဇာဟာ ပိုကောင်းတဲ့ အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီမြေသြဇာ ၂ ခုရဲ့ အားသာချက်တွေ အားနည်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အော်ဂဲနစ်မြေသြဇာ အားသာချက်များ

- မြေဆီလွှာမှ ရေကိုကောင်းစွာထိန်းထားနိုင်ခြင်း
- ဓာတုပစ္စည်းများ ရေသို့အလွယ်တကူစိမ့်မဝင်နိုင်ခြင်း
- မြေဆီလွှာတွင် အကျိုးပြုမှိုနှင့် ဘက္တီးရီးယားမ်ား တိုးပွားလာစေခြင်း
- မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းစေခြင်း
- မြေဆီအရည်အသွေးကောင်းမွန်ပြီး ရေရှည်အတွက် အကျိုးရှိခြင်း
- သီးနှံများ ကြာရှည်ခံခြင်း

အားနည်းချက်များ
- အပင်များတွင် အာနိသင်ပြရန် အချိန်ကြာခြင်း
- အလွယ်တကူဝယ်ယူ မရနိုင်ခြင်း
- အသင့်သုံးဝယ်ယူပါက ဈေးကြီးခြင်း
- ကြိုတင်အသုံးပြုရခြင်း

၂။ ဓာတုဓာတ်မြေသြဇာ အားသာချက်များ

- အသုံးပြုပြီးနောက် အာနိသင်မြန်မြန်ပြခြင်း
- နီးစပ်ရာ စိုက်ပျိုးရေးဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်ခြင်း
- ထုတ်ကုန်ပစ္စည်း အစုံအလင်ရှိသောကြောင့် အပင်အတွက် လိုအပ်သော အာဟာရဓာတ်ကိုလိုက်၍ ရွေးချယ်ဝယ်ယူနိုင်ခြင်း

အားနည်းချက်များ
- ရေရှည်တွင် မြေဆီလွှာပျက်စီးစေခြင်း
- ရေအရင်းအမြစ်များအား ထိခိုက်စေခြင်း
- အကျိုးပြုဘက်တီးရီးယားများနှင့် အင်းဆက်များအား သေစေနိုင်ခြင်း
- လူတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ခြင်း

အားသာချက် အားနည်းချက်တွေသိထားပီးဆိုတော့ ဘာကိုရွေးချယ်သင့်လဲ စဉ်းစားနိုင်တာပေါ့။
ပေးပါတယ်
Transform by htoo khant kyaw

Transform ဖြင့်စိုက်ပျိုးမည့် တစ်လသားအရွယ် မုန်လာ(ကော်ဖီထုတ်) မျိုးများ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်ပေါ့❤❤🙆‍♂️Transfo...
24/02/2023

Transform ဖြင့်စိုက်ပျိုးမည့် တစ်လသားအရွယ် မုန်လာ(ကော်ဖီထုတ်) မျိုးများ
စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်ပေါ့❤❤🙆‍♂️
Transform by htoo khant kyaw ဖြင့် ယုံကြည်စွာသုံးစွဲနေကြသော တောင်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူး တင်ပါသည် ခဗျ❤❤🙏🙏🙏
09 779695055
ရှမ်းပြည်တောင်ပိုင်း.
transform.

ကော်ဖီထုတ်(မုန်လာထုတ်) စိုက်ရန် Trasnform soil ဖြင့်မြေပြင်ရန် ကွင်းဆင်းပေးဖြစ်ပုံ ရှမ်းပြည်တောင်ပိုင်.တီကျစ်မြို့  # Tr...
24/02/2023

ကော်ဖီထုတ်(မုန်လာထုတ်) စိုက်ရန် Trasnform soil ဖြင့်မြေပြင်ရန် ကွင်းဆင်းပေးဖြစ်ပုံ
ရှမ်းပြည်တောင်ပိုင်.တီကျစ်မြို့
# Transform by htoo khant kyaw
ph 09779695055

19/02/2023

Transform by HKK မှ တောင်သူတွေရှိရာ အရောက်လိုက်နေပါပြီနော်
phလေးတစ်ချက်ဆက်လိုက် အခင်းထဲရောက်ပြီးသားပဲ📞📞
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်❤
097796965055
စိုက်ပျိူးရေးနှင့်ပက်သတ်သော အသိပညာများ ဆွေးနွေး ဖလှယ်နိုင်ပါပြီ❤❤

16/02/2023

Google
Microsoft
Facebook တို့လို
ကုမ္ပဏီ အကြီးကြီးတွေက

သူတို့ရရှိတဲ့ အကျိုးအမြတ်တွေထဲက
၁၀% -၂၀ % ကို R&D မှာပြန်သုံးကြတယ်တဲ့။
(Research & Development)

ဒါကြောင့်လည်း
၁၀ စုနှစ်ပေါင်းများစွာ
ကြာလာသည့်တိုင်အောင်
Industry ကိုဦးဆောင်နိုင်တာပေါ့။

စီမံခန့်ခွဲမှု guru ကြီး
Peter Drucker ကလည်းပြောဖူးပါတယ်။

လုပ်ငန်းတိုင်းလုပ်ရမည့်
အခြေခံအချက် ၂ ခုရှိပါတယ်။

👉Innovation
မိမိလုပ်ငန်းကိုသူများနဲ့မတူအောင်ပြင်ဆင်ပါ။

👉Marketing
မိမိလုပ်ငန်းကို လူတွေပိုသိလာအောင်လုပ်ပါ။



လုပ်ငန်းတွေအဆင်ပြေတိုးတက်ကြပါစေဗျာ။


ချစ်ခြင်းအားဖြင့်
ပြေခိုင်





Address

Hse Kaung. Tikyit
Pinlaung
123456ABC

Website

Alerts

Be the first to know and let us send you an email when Transform by htoo khant kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Transform by htoo khant kyaw:

Share

Category