AD U Htike အေဒီဦးထိုက်

AD U Htike အေဒီဦးထိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AD U Htike အေဒီဦးထိုက်, Grocers, Pyap, Pyay.

သတိရတယ်ဆိုတာတကယ်တော့မေ့မရလို့ပါ။   ။
13/05/2026

သတိရတယ်ဆိုတာ
တကယ်တော့
မေ့မရလို့ပါ။ ။

ကဗျာတစ်ပုဒ်==========ဥမ္မာဒန္တီနဲ့ ပဘာဝတီတို့ရဲ့ခေတ်ကို မမီလိုက်ဘူးနိဗ္ဗာန်အဝင်ဂိတ်ကနေနောက်ပြန်ကွေ့ချင်တဲ့စိတ်က သူမရဲ့ စ...
30/04/2026

ကဗျာတစ်ပုဒ်
==========

ဥမ္မာဒန္တီနဲ့
ပဘာဝတီတို့ရဲ့ခေတ်ကို မမီလိုက်ဘူး
နိဗ္ဗာန်အဝင်ဂိတ်ကနေ
နောက်ပြန်ကွေ့ချင်တဲ့စိတ်က
သူမရဲ့ စိတ်စေတသိက်ရုပ်တွေကို
စတင်တွေ့ရှိတဲ့ ခဏမှာပဲ
တဖိတ်ဖိတ်ဖြစ်လာခဲ့တယ်
တရိပ်ရိပ်ဖြစ်လာခဲ့တယ်
သူမရဲ့အရိပ်မှာ
ချွေးတွေလည်း သိပ်ခဲ့တယ်
သွေးတွေလည်း တိတ်ခဲ့တယ်
မနမ်းဖူးပေမယ့်
သူမနှုတ်ခမ်းဖူးဖူးလေးတွေကလည်း
၁၅၀၀ကိန်းဂဏန်းတွေကို
ကျော်လွန်စေခဲ့တယ်
မြင်ဖူးသမျှထဲမှာ
မီလိုက်သမျှထဲမှာတော့
သူမကဥမ္မာ သူမကပဘာပဲ
စကားကုန်ပြောရရင်
အသုဘကမ္မဋ္ဌာန်း မရှုရက်စရာ
သူမရဲ့ခန္ဓာငါးဝ
သူမရဲ့သုံးဆယ့်နှစ်ကောဋ္ဌာသ
သံသရာကို ဘယ်နှပတ် ပတ်ရပတ်ရ
အလွတ်ရနေမယ့်ကဗျာတစ်ပုဒ်ပဲ။

အေဒီဦးထိုက်

ဆယ့်ရှစ်နှစ်==========အခု ပြန်လွမ်းရင် အခုတော်ကြာမှ ပြန်လွမ်းရင် တော်ကြာမှမနက်ဖြန်မှ ပြန်လွမ်းရင် မနက်ဖြန်မှာငါ့ကို ဆယ့်...
12/07/2024

ဆယ့်ရှစ်နှစ်
==========

အခု ပြန်လွမ်းရင် အခု
တော်ကြာမှ ပြန်လွမ်းရင် တော်ကြာမှ
မနက်ဖြန်မှ ပြန်လွမ်းရင် မနက်ဖြန်မှာ
ငါ့ကို
ဆယ့်ရှစ်နှစ်သားချာတိတ်လေး ပြန်ဖြစ်သွားစေမယ့်
ပုံပြင်လေးတစ်ပုဒ်
ငါ့နှလုံးသား ဒိုင်ယာရီစာအုပ်လေးထဲမှာ
သိမ်းဆည်းထားဆဲပဲ။

ဟုတ်တယ်
အဲ့တုန်းက
ငါ့အသက်က ဆယ့်ရှစ်နှစ်
ငါ့နှလုံးသားက ဆယ့်ရှစ်နှစ်
ငါ့သွေးကြောတွေက ဆယ့်ရှစ်နှစ်
ငါ့ရင်ခုန်သံတွေက ဆယ့်ရှစ်နှစ် ။

ငါက မင့်ကို
ဆယ့်ရှစ်နှစ်သားတစ်ယောက်ရဲ့
အမြင်တွေနဲ့ ကြည့်ပြီး
''ဟေ့ ချာတိတ်
ကိုးနှစ်လီ ဘယ်လောက်လဲ'' လို့
အဆက်အစပ်မရှိ မေးတော့
မင်းက ဖြေတယ်
''လွယ်လွယ်လေး..''ဆယ့်ရှစ်'' တဲ့ ။

''အေးပါ''
''ဆက်ချစ်ပါမယ်''လို့
ငါက လူလည်ကျပြီး ပြန်ပြောလိုက်တော့
အလစ်အငိုက်မိသွားတဲ့ မင်းက
ငါ့ထောင်ချောက်ကို
သဘောကျဟန်နဲ့
ခေါင်းလေးမော့ပြီး
ခပ်လွင်လွင်လေး လှပစွာရယ်တယ်။

မင်းတီထွင်ထားတဲ့
အဲ့ဒီ မင့်ရယ်ဟန် ရယ်နည်းလေးကို
ကဗျာဖွဲ့ဖို့ ကြိုးစားခဲ့ပေမယ့်
အခုထိတော့
ကဗျာဖြစ်နိုင်မယ့် ဝါကျတွေကို
ငါ မတီထွင်နိုင်သေးပါဘူး။

ငါ တီထွင်နိုင်တာဆိုလို့
အလွမ်းတွေပဲရှိတယ်။

တစ်ခါတစ်လေ
တစ်ယောက်တည်းဖြစ်နေတာကို
အကြောင်းပြပြီး
မင့်နှုတ်ခမ်းဖူးဖူးလေးကိုလွမ်းတယ်။
တစ်ခါတစ်လေ
အပေါင်းအသင်းတွေ စုံနေတာကို
အကြောင်းပြပြီး
မင့်ရယ်သံလွင်လွင်​လေးကိုလွမ်းတယ်။
တစ်ခါတစ်လေ
သူစိမ်းတွေကြားထဲရောက်နေတာကို
အကြောင်းပြပြီး
မင့်အပြုံးညက်ညက်လေးကိုလွမ်းတယ်။

မင့်ကိုလွမ်းဖို့အတွက်
ငါက အောက်သက်ကြေထားတော့
တစ်ခါတစ်လေကျ
အကြောင်းပြချက်မရှိတာကိုအကြောင်းပြပြီး
မင့်မျက်ဝန်းစိုစိုလေးကို လွမ်းတတ်ပြန်ရောပဲ။

ငါ မညာပါဘူး
တစ်ခါတစ်လေမှာ
တစ်ယောက်ယောက်က
ငါ့ကို အသက်လာမေးရင်
မင့်ကိုလွမ်းတဲ့စိတ်တွေနဲ့
ရောပြီးဖြေပေးလိုက်ပါတယ်
''ဆယ့်ရှစ်နှစ်''
''အမြဲတမ်း ဆယ့်ရှစ်နှစ်'' လို့။

ဟုတ်တယ်
ငါအသက်က အမြဲတမ်း ဆယ့်ရှစ်နှစ်
ငါ့နှလုံးသားက အမြဲတမ်း ဆယ့်ရှစ်နှစ်
ငါ့သွေးကြောတွေက အမြဲတမ်း ဆယ့်ရှစ်နှစ်
ငါ့ရင်ခုန်သံတွေက အမြဲတမ်း ဆယ့်ရှစ်နှစ်ပဲဘေဘီ ။

ဇွန်ပန်းတွေကို ဘာပင်ကပွင့်တာလဲ========================(ဝတ္ထုတို စ/ဆုံး)အပိုင်း(၁)https://www.facebook.com/10451384233238...
04/02/2023

ဇွန်ပန်းတွေကို ဘာပင်ကပွင့်တာလဲ
========================
(ဝတ္ထုတို စ/ဆုံး)

အပိုင်း(၁)
https://www.facebook.com/104513842332381/posts/104519298998502/

အပိုင်း(၂)
https://www.facebook.com/104513842332381/posts/104520258998406/

အပိုင်း(၃)
https://www.facebook.com/104513842332381/posts/104539112329854/

အပိုင်း(၄)
https://www.facebook.com/104513842332381/posts/104539792329786/

အပိုင်း(၅)
https://www.facebook.com/104513842332381/posts/104540472329718/

အပိုင်း(၆)
https://www.facebook.com/104513842332381/posts/104541145662984/

အပိုင်း(၇)
https://www.facebook.com/104513842332381/posts/104554608994971/

အပိုင်း(၈)
https://www.facebook.com/104513842332381/posts/104577292326036/

အပိုင်း(၉)
https://www.facebook.com/104513842332381/posts/104578558992576/

အပိုင်း(၁၀)
https://www.facebook.com/104513842332381/posts/104579765659122/

အပိုင်း(၁၁)
https://www.facebook.com/104513842332381/posts/104580775659021/

အပိုင်း(၁၂)
https://www.facebook.com/104513842332381/posts/104633442320421/

အပိုင်း(၁၃)
https://www.facebook.com/104513842332381/posts/104634085653690/

အပိုင်း(၁၄)
https://www.facebook.com/104513842332381/posts/104635262320239/

အပိုင်း(၁၅)
https://www.facebook.com/104513842332381/posts/104635605653538/

အပိုင်း(၁၆)ဇာတ်သိမ်းပိုင်း
https://www.facebook.com/104513842332381/posts/104636508986781/

Address

Pyap
Pyay

Website

Alerts

Be the first to know and let us send you an email when AD U Htike အေဒီဦးထိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category