San Thit Food&Drink

San Thit Food&Drink အစားအစာကောင်း ကြိုက်သူများအတွက်
ကြ?

ကြက်ဆီထမင်းချက်နည်းအရသာအမှန်ဆုံးနည်း! ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင် 😍😍😍 အားလပ်ရက် တနင်္ဂနွေနေ့မှာ မိသားစုဆုံတုန်းလ...
10/05/2023

ကြက်ဆီထမင်းချက်နည်း

အရသာအမှန်ဆုံးနည်း!
ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင် 😍😍😍 အားလပ်ရက် တနင်္ဂနွေနေ့မှာ မိသားစုဆုံတုန်းလေး ကြက်ဆီထမင်း လုပ်စားကြမယ်လေ👨‍👩‍👦‍👦🆗
ကြက်ဆီထမင်းဆိုရင် တော်တော်များများ နှစ်သက်ကြသလို စားတဲ့အခါ အရသာရှိလွန်းလို့ ကလေး၊ လူကြီးအကုန် စားလို့အဆင်ပြေပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကုန်ကြေးကျလည်းသက်သာ၊ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့ ကြက်ဆီထမင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပျော်ရွှင်တဲ့ တနင်္ဂနွေဖြစ်ပါစေ 🙏🙏🙏

ပါဝင်ပစ္စည်းများ
👇👇👇👇👇👇
ကြက်သားအတွက် - ကြက်တစ်ကောင်လုံး ၈၀ ကျပ်သားခန့်
ဆား လဘက်ရည်ဇွန်း ၃ ဇွန်း
ဂျင်း လက်တစ်ဆစ် (အပြားလိုက်လှီးထားပါ)
ရေ (ကြက်သားမြုပ်အောင်ထည့်ပါ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
ထမင်းအတွက် - ဆန် ၂ ခွက်
နှမ်းဆီ ထမင်းစားဇွန်း ၁ဇွန်းခွဲ
ဂျင်း ၁ ပြား (ညက်အောင်ထောင်းထားပါ)
ကြက်သွန်နီ ဥသေး ၂ ဥ (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ အကြီး ၂ မွှာ (ထောင်းထားပါ)
ရေ (ဆန် ၂ ခွက်အတွက် ပေါင်းအိုးမှာ ချက်ရန် လိုအပ်သော ပမာဏ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
ဘိတ်ချဉ်အတွက် - ကြက်သွန်ဖြူ ၂ ဥ (အခွံခွာထောင်းထားပါ)
ငရုတ်သီးစိမ်း ၄ တောင့် (ညှပ်ထားပါ)
ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ဆော့စ်အချိုအတွက် - ကြက်ပြုတ်ရည် ၁ ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
သကြား ထမင်းစားဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက် ၁ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
တွဲဖက်စားစရာ - သခွားသီး ၂ လုံး
နံနံပင် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ကြက်အရေခွံ‌ကို ကြက်သားမပြုတ်ခင် ကြက်ဆီလုပ်ဖို့ သက်သက်ခွာထားပါမယ်။ ခွာပြီးရင် ကြက်တကိုယ်လုံး အတွင်းရော အပြင်ပါ မကျန် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အကျိအချွဲပြောင်အောင် ပွတ်ပေးပါ။
၂။ ပြီးရင်တော့ ဒန်အိုးထဲမှာ ကြက်သားကိုထည့်၊ ဆား ၂ ဇွန်းနဲ့ လှီးထားတဲ့ ဂျင်းပြားလေးတွေထည့်၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ လောက်တည်ထားပေးရပါမယ်။
၃။ ဖယ်ထားတဲ့ ကြက်အရေခွံတွေကို အပူပေးထားတဲ့ အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီထွက်လာအောင် လှိမ့်ပေးပါ၊ ဆီထွက်လာရင် အရေခွံတွေကို ဖယ်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာရင် ရေဆေးထားတဲ့ ဆန်ထည့်ပြီး လှိမ့်ပေးပါ။
၄။ ပြီးရင်တော့ ပေါင်းအိုးထဲ လှော်ထားတဲ့ဆန်ကို ထည့်၊ သတ်မှတ်ထားသော ရေချိန်အတိုင်း ကြက်ပြုတ်ရည်ကို ထည့်၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ထမင်းချက်သလို ချက်ပေးပါ။
၅။ ကြက်သားကို အိုးထဲက ဆယ်ပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး နောက်ထပ်အိုးသစ်တစ်ခုထဲ ၁၅ မိနစ်လောက် တည်ပေးပါ။ ပြီးရင်တော့ အနေတော်လေးလှီးပြီး ထမင်းနဲ့ အတူ သခွားသီး၊နံနံပင်တို့နဲ့ တည်ခင်းပေးပါ။
၆။ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ငံပြာရည်၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဘိတ်ချဉ်ဖျော်၊ ကြက်ဖဆော့စ် ဒါမှမဟုတ်လည်း ကြက်ပြုတ်ရည်၊ သကြားနဲ့ ပဲငံပြာရည်အနောက်ကို ဒယ်အိုးထဲ အပူပေးပြီး ရောမွှေထားတဲ့ ဆော့စ်အချိုနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါပြီ။

💗💗💗 ကြက်ဆီထမင်းလုပ်စားနည်းက စာရှည်သွား‌တော့လုပ်ရတာခက်မယ်၊ ရှုပ်မယ်ထင်ကြပေမဲ့ တကယ်တန်းလုပ်ကြည့်ရင် လွယ်ပါတယ်။ မိသားစုများတဲ့ အိမ်တွေဆိုရင် တစ်ယောက်နည်းနည်းနဲ့ ဝိုင်းလုပ်ကြရင် ပျော်စရာလည်းကောင်းသလို စားလို့လည်း တကယ့်ကို ခံတွင်းမြိန်စေပါတယ်။
Crd

ပုဇွန်တန်ပူရာကြော်********************ပုဇွန်အခွံ့ခွာပြီး ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ငရုတ်သီးအစိမ်းမှုန့် ထည့်ပီးနယ...
08/05/2023

ပုဇွန်တန်ပူရာကြော်
********************
ပုဇွန်အခွံ့ခွာပြီး ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ငရုတ်သီးအစိမ်းမှုန့် ထည့်ပီးနယ်ကာ ၁၀မိနစ် နှပ်ထားပေးပါ။ ပန်းကန်ထဲကို ကြက်ဥ ၁ လုံး ခေါက်ထည့်ပီး
တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ပါ။
အမှုန့်ကျေအောင် မွှေလိုက်ပေးပါ။ နှပ်ထားတဲ့ပုဇွန်ကို ကြက်ဥထဲ နှစ်လိုက်ပြီး
တန်ပူရာမှုန့်ပန်းကန်ထဲ ပုဇွန်နှပ်ထားတာကိုထည့်ပြီးလှိမ့်ပေးပါ။ ဆီဆူပြီဆို လှိမ့်ထားပြီးသားပုဇွန်ကိုနှစ်ပြီး ကြော်ပါ။ မီးပြင်းဖို့မလိုပါ။ ၂ဖက်အားညီတူညီမျှလှန်ပေးပီး ကြော်ပေးပါ။
နီရဲပြီး ကျွတ်ရွလာမှ ဆီထဲမှဆယ်ယူပီး
ဆီစစ်ထားပီးပေးပါ။ ပြီးနောက် အရသာရှိတဲ့ ပုဇွန်တန်ပူရာကြော်လေးရပါပြီနော် fri တို့ရေ …

Credit

Comment ပိတ်ပီးတာနဲ့ ချက်ချင်း Comment picker လေးနဲ့ Run ပေးလိုက်တယ်နော 😘😘😘ကံထူးသူ ၃ဦး 10.5.2023 Wed ည ၁၂နာရီထိPage Mes...
07/05/2023

Comment ပိတ်ပီးတာနဲ့
ချက်ချင်း Comment picker လေးနဲ့
Run ပေးလိုက်တယ်နော 😘😘😘
ကံထူးသူ ၃ဦး 10.5.2023 Wed ည ၁၂နာရီထိ
Page Messanger မှာလာဆက်သွယ်ပီး ✍️✍️✍️
ဘေလ်ထည့်ရမယ့် ဖုန်းနံပါတ်လေး ပို့ပေးပါနော 🥳🥳
10.5.2023 ည ၁၂နာရီကျော်ထိမဆက်သွယ်လျှင်
Cancle ပါနော 😌😌😌
မင်မင်တို့ Pageမှ ဟင်းချက်နည်းလေးတွေနဲ့ 🍛🍝🍜
Giftway လေးတွေလဲ
မကြာမကြာပေးအူးမှာဆိုတော့🎁🎁🎁
Like&follow လေးလုပ်ပေးကြပါအူးနော 😘😘😘


09260383978

ထိုင်းတုံယမ်းပင်လယ်စာချဉ်စပ်ဟင်းရည် 🌶😋🔸 ပင်လယ်စာ မကြိုက်သူများ မိမိကြိုက်နှစ်သက်ရာ အသားဖြင့် ချက်ပြုတ်လို့ရပါတယ်….ပါ၀င်ပ...
07/05/2023

ထိုင်းတုံယမ်းပင်လယ်စာချဉ်စပ်ဟင်းရည် 🌶😋

🔸 ပင်လယ်စာ မကြိုက်သူများ မိမိကြိုက်နှစ်သက်ရာ အသားဖြင့် ချက်ပြုတ်လို့ရပါတယ်….

ပါ၀င်ပစ္စည်းများ....

ပင်လယ်စာ(ကြိုက်နှစ်သက်ရာ) - ၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည် - ၂ လီတာ
တုမ်ယမ်းဟင်းအနှစ် - ၂ဇွန်း(ထမင်းစားဇွန်း)
အုန်းနိူ. - ၁ဗူး ( ၄၂၀ ဂရမ် )
ကြက်သွန်နီ - ၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး - ၃ (လေးစိတ်ခွဲ)
စပါးလင် - ၂ ချောင်း
( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော - ၁ တက် ( ပါးပါးလှီး)
ချင်း - ၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို - အနည်းငယ်
ရှမ်းနံနံ - အနည်းငယ်
တောရှောက်ခါးရွက် - အနည်းငယ်
ငရုတ်သီးစိမ်းတောင့် - အနည်းငယ်

၁။ ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်.. အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)

၂။ မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။

၃။ ပါ၀င်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန့် စင်ထားပါ...။

အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။

- ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.တုမ်ယမ်းဟင်းအနှစ်၊ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။

- အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။

- ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။ မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိူင်ပါသည်...)

- ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။

- အုန်းနိူ.ကိုလည်းထပ်ပေါင်းပြီးတစ်ပွက်ဆူအောင်တည်ပါ။
(အချို.ကအုန်းနို.အစားနွားနိူ.ကိုအသုံးပြုပေမယ့်အုန်းနိူ.နဲ.မှသာအရသာအစစ် ကိုရရှိနိူင်ပါတယ်)

- ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။ချဉ်....ငံ...စပ်...အရသာကိုတော့ မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါဥပမာ..ချဉ်တာလေးကို ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။

- မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။

မနက် 9:30 လောက်ကစတင် ရပါပီနော 😘😘😘 09260383978
07/05/2023

မနက် 9:30 လောက်ကစတင် ရပါပီနော 😘😘😘


09260383978

Hello !!!!Ph bill ကံစမ်းမဲလေးပါနော 🥳🥳🥳ဒီ post လေးကို public နဲ့ share ပြီး comment မှာ Ssလေး မန့်ပေးပါနော 😘😘😘....Public ...
04/05/2023

Hello !!!!
Ph bill ကံစမ်းမဲလေးပါနော 🥳🥳🥳

ဒီ post လေးကို public နဲ့ share ပြီး comment မှာ
Ssလေး မန့်ပေးပါနော 😘😘😘....
Public နဲ့ share ထားတာမဟုတ်ရင်တော့
cancel ပါမယ်နော 🙏🙏🙏...

ကာကာလေးတွေကို မင်မင်ကကြိုက်နှစ်သက်ရာအော်ပရေတာရဲ့ ဖုန်းဘေလ် ၅၀၀၀ kyat
၃ယောက်မဲဖောက်ပေးမယ်နော...🫢

၇ရက်နေ့ည ၁၂ ဆို မန့်ပိတ်ပီး
၈ရက်နေ့ည ကျကံထူးရှင်လေးတွေ
ကြေငြာပေးမယ်နော.......🥳

7.5.2023(တနင်္ဂနွေ) မှစ၍
မင်မင်တို့
မှာ
မြန်မာထမင်းဟင်းလေးတွေကို
အိမ်ချက်လက်ရာအတိုင်း
စတင်စားသုံး နိုင်ပါပီနော
မြန်မာငွေ 2000,2300,2500 မှစ၍
ဟင်းအမျိုးအမည်လေးတွေအပေါ်မူတည်ပီး
စျေးလေးတွေ ကွာခြားသွားမှာပါနော် ..🤩🤩🤩



09260383978

ထိုင်းဆိုင်တွေမှာဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော် :-)ထိုင်းစတိုင် ငါးဆားအုံမ...
03/05/2023

ထိုင်းဆိုင်တွေမှာဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော် :-)

ထိုင်းစတိုင် ငါးဆားအုံမီးကင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှစ်သက်ရာငါးတစ်ကောင်ကိုကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲကအရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။ ထုထားသောစပါးလင်နဲ့ရှောက်ရွက်အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့် ရေအနည်းငယ် တို့ကိုစေးလာသည်အထိနယ်ပြီး ငါးရဲ့နေရာအနဲ့ကို သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅မိနစ်ခန့် လေသလပ်ခံပေးပါ။ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက်လှန်ပြီး မိနစ်၃၀ခန့်ကင်ပေးရပါမယ်။
အချိန်ပြည့်လို့ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီူအတွင်းမှ အသားဖြူဖြူလေးကိုစားလို့ရပါပြီ။ အတော်လေးကောင်းမွန်တဲ့ ငါးဆားအုံလေးပါနော်
အချဉ်ရည်ဖျာ်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့်ထည့်မွှေကာ တွဲဖက်စားသုံးနိုင်ပါတယ်။

Credit : Thai Page

နာမည်မှာ “ရှမ်းကော” ပါရင် ရှမ်းကောနေ့တိုင်း free လာစားလိုက်နော် 😝😝😝
02/05/2023

နာမည်မှာ “ရှမ်းကော” ပါရင်
ရှမ်းကောနေ့တိုင်း free လာစားလိုက်နော် 😝😝😝

မာလာရှမ်းကော Orderလေး 😘  09260383978
09/02/2023

မာလာရှမ်းကော Orderလေး 😘


09260383978

မနက်စောစော ပွဲ၅၀ လာအားပေးသွားလို့ကျေးဇူးပါနော ❣️❣️❣️ 09260383978
24/01/2023

မနက်စောစော
ပွဲ၅၀ လာအားပေးသွားလို့

ကျေးဇူးပါနော ❣️❣️❣️

09260383978

ချစ်သောတို့ရေ 😘New year အတွက် ဟင်းပွဲလေးတွေ ကြိုတင်မှာယူနိုင်ပါပီနော 😍😍😍မတူတာ ၅မျိုးယူရင် Juice ၁ခွက်လက်ဆောင်ပါတဲ့နော😘😘😘...
30/12/2022

ချစ်သောတို့ရေ 😘
New year အတွက်
ဟင်းပွဲလေးတွေ
ကြိုတင်မှာယူနိုင်ပါပီနော 😍😍😍
မတူတာ ၅မျိုးယူရင် Juice ၁ခွက်လက်ဆောင်ပါတဲ့နော
😘😘😘😘😘😘
09260383978

Address

Pyay
08191

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959260383978

Website

Alerts

Be the first to know and let us send you an email when San Thit Food&Drink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Thit Food&Drink:

Share