Sayar Htet Lin Oo

Sayar Htet Lin Oo ဗေဒင်ဇာတာဟော.သိုက်စစ်ပေးသည်
သိုက်သက်တမ်းတိုးပေးသည်
ယတြာအစီအမံများအားစီမံဆောင်ရွက်ပေးသည်
09695297155

ပျဥ်းမနားမှအဂ်ါသား သောကြာသမီးလှူဒါန်းသောအမတော်စောမွန်လှပွဲ #ဆရာထက်လျှံ09695297155
24/10/2024

ပျဥ်းမနားမှအဂ်ါသား သောကြာသမီးလှူဒါန်းသောအမတော်စောမွန်လှပွဲ

#ဆရာထက်လျှံ
09695297155

ကနားတော်မဂ်လာ #ဆရာထက်လျှံ09695297155
20/10/2024

ကနားတော်မဂ်လာ

#ဆရာထက်လျှံ
09695297155

19/10/2024

သိုက်ဆက်စစ်လိုသူများဆရာ့cbမှာ
ဉာဏ်ပူဇော်ခ၁၀၀၀၀နဲ့လာရောက်စစ်ဆေးနိုင်ပါတယ်

#ဆရာထက်လျှံ
09695297155

ငါ့ကိုဘာဖစ်တယ်ညာဖစ်တယ်လာမဝေဖန်နဲ့ပုဂ္ဂိုလ်တွေလက်ခံဖို့ကအဓိကလအစမှာဘဲရှိသေးပုဂ္ဂိုလ်တွေရဲ့မေတ္တာဓာတ်နဲ့ 😍9သိန်းကျော်😍ဒုန်း...
07/10/2024

ငါ့ကိုဘာဖစ်တယ်ညာဖစ်တယ်လာမဝေဖန်နဲ့ပုဂ္ဂိုလ်တွေလက်ခံဖို့ကအဓိက
လအစမှာဘဲရှိသေးပုဂ္ဂိုလ်တွေရဲ့မေတ္တာဓာတ်နဲ့ 😍9သိန်းကျော်😍
ဒုန်း ဒုန်း ဒုန်း 😘😘😘

သိုက်ဆက် နှင့် သိုက်နန်းရှင်........................................              သိုက် ဆိုတာ မျိုးစုံရှိတယ်မြန်မာပြည်မှ...
06/10/2024

သိုက်ဆက် နှင့် သိုက်နန်းရှင်........................................

သိုက် ဆိုတာ မျိုးစုံရှိတယ်
မြန်မာပြည်မှာတော့ ဘုရားစေတီနဲ့ဆိုင်တဲ့သိုက်တွေများတယ်၊စေတီတွေတည်တဲ့အခါ ရတနာပစ္စည်းတွေကို ဋ္ဌာပနာတိုက်ထဲထည့်သွင်းလှူဒါန်းလေ့ရှိတယ်၊နောင်တစ်ချိန် စေတီပျက်ယွင်းလာရင် မွမ်းမံနိုင်ဖို့ရည်ရွယ်တာပေါ့၊အဲဒီရတနာတွေကို နောင်ဘုရားရှင်ပွင့်လာတဲ့အခါ ရွှေကျောင်းတော်ဆောက်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ထိန်းသိမ်းစောင့်ရှောက်တဲ့ ပရလောကသားတွေကို သိုက်နန်းရှင်တွေလို့ခေါ်ကြတယ်

နောင်ဘုရားပွင့်ဖို့က အဝေးကြီးလိုသေးတယ်ဆိုတော့သိုက်နန်းရှင်တွေက အဲဒီလောက် အကြာကြီး အသက်ရှင်ပါ့မလား ဟု မေးစရာရှိပါမယ်

ဘုရားပွင့်ဖို့ကာလက ရှည်လျားဦးမှာဆိုတော့ သမီးသံသယရှိမယ်ဆိုလည်း ရှိသင့်ပါတယ်၊ရှေးဆရာသခင်များ ပြောခဲ့တာက
သူတို့ဟာ စတုမဟာရာဇ်နတ်နဂါးအနွယ်တွေဖြစ်ပြီးလူ့ပြည် နတ်ပြည် နဂါးပြည်တွေကို
အစုန်အဆန်သွားနေကြသတဲ့၊ဒီလိုနဲ့နောက်ဘုရားအထိစောင့်ပြီး ကျွတ်တန်းဝင်မယ်လို့ဆန္ဒရှိတယ်လို့ဆိုကြတယ်

ဘဝပြောင်းပြီး အသက်ဆက်နေရပေမယ့် ရောက်လာရာဘဝမှာ မိမိတို့တာဝန် မေ့မသွားအောင် ဘဝဆက်တွေက တစ်နည်းနည်းနဲ့ ဆက်သွယ်သတိပေးလေ့ရှိတယ်"

သိုက်နန်းရှင်တွေဟာ နဂါးပြည်ကလာတယ်
နဂါးကတိရိစ္ဆာန်မဟုတ်လား၊ဘယ်လိုလုပ် ဘုရားသာသနာကို ကူညီနိုင်ပါ့မလည်းဟု
မေးမည်ဆိုလျှင်

သိုက်နန်းရှင်တွေက စတုမဟာရာဇ်နတ်နဂါးတွေပါ၊ကမ္မဇိဒ္ဓိတန်ခိုးနဲ့ဖန်ဆင်းနေနိုင်ကြတယ်၊လူယောင်ပါဖန်ဆင်းလေ့ရှိတယ်၊

သူတို့ဟာ ဝိရူပက္ခနတ်မင်းကြီးရဲ့လက်အောက်မှာရှိတဲ့ နန္ဒောပနန္ဒ နဂါးမျိုး၊ဝရုဏာ နတ်နဂါးမျိုးနွယ်တွေပဲ

သာသနာတော်ကိုအလွန်ကြည်ညိုကြတယ်၊
သီလသမာဓ်ိရှိသူတွေကိုလည်းကူညီတတ်တယ်၊အဓိကအနေနဲ့ပဋ္ဌာန်းဆက်ရှိသူတွေကို ကူညီတတ်ကြ၏

စေတီတွေမှာ ဋ္ဌာပနာခဲ့တဲ့ ရတနာတွေကို
ထိန်းသိမ်းဖို့ ကုဝေရ အစရှိတဲ့နတ်မင်းများက တန်ခိုးကြီးတဲ့ စတုမဟာရာဇ်နတ်တွေလွှတ်ပြီး တာဝန်ပေးတယ်

စေခိုင်းနိူင်သူကို သိုက်ချုပ်ဘိုးတော်လို့ခေါ်တယ်""သိုက်ချုပ်"တွေက ဘယ်နေရာမှာ ဘာသိုက်တွေရှိတယ်ဆိုတာ၊သိုက်မှာ အစောင့်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ၊ရတနာတွေ ဘယ်မှာထားတယ်ဆိုတာ စာရင်းပြုစုထားရတယ်။

စတုမဟာရာဇ်နတ်အနွယ်တွေမို့မင်းမျိုးမင်းနွယ်ဖြစ်တာများတယ်၊
လူ့ပြည်ရောက်ရင် အစ်မတော် စောမွန်လှတို့လိုထူးထူးခြားခြား သာသနာပြုတတ်တယ်၊
ဘောဂဝတီအဆက်ဖြစ်တဲ့ "ကျိုက္ခမီနဂါးမယ်တော်"ဟာတန်ခိုးကြီးတဲ့ "မဟိဒ္ဓိနတ်"ပေါ့။

နဂါးဆက်မှန်သမျှ "ဝိရူပက္ခနတ်မင်း"ရဲ့အနွယ်တော်တွေချည်းပါပဲ၊အစိမ်းရောင်၊အနီရောင်၊ရွှေရောင်တွေရှိသလို "နဂါးဖြူ"တွေလည်းရှိတယ်"

တစ်ချို့သိုက်ဆက်တွေဟာ လူ့ပြည်ရောက်တဲ့အခါ ကိလေသာနောက်လိုက်ပြီးအမှားကျူးလွန်တတ်တယ်၊သာသနာပြုဖို့ အဝေးကြီးပေါ့၊ဒီအခါမှာ သိုက်ချုပ်တွေကဒါဏ်ခတ်တတ်တယ်၊သူတို့ရဲ့အကုသိုလ်ကြောင့် အိမ်ထောင်ကွဲတာ ငယ်ငယ်နဲ့သေကြရတယ်၊
သိုက်ဆက်တွေ သေခါနီးချိန်မှာ ငရဲကျလောက်တဲ့အပြစ်မရှိရင် သူတို့လာခဲ့တဲ့နေရာကို ပြန်သတိရအောင် တန်ခိုးနဲ့ပြပေးတယ်၊
ဒါကိုပဲ သိုက်ကပြန်ခေါ်တယ်လို့ ပြောကြတာပါ"

သိုက်ချုပ်ဘိုးတော်အောက်မှာ သိုက်နန်းရှင်ရှိတယ်၊နတ်မင်းတွေ ခန့်အပ်တဲ့ ပုဂိုလ်တွေက
သိုက်ရဲ့အရှင်သခင်ဖြစ်သွားတယ် ၊
သိုက်ချုပ်ဘိုးတော်ကြီးက
ဘယ်သိုက် တွေဟာ သာနာတော်ပိုင် ဥစ္စာတွေဖြစ်တယ်။ဆိုပြီးစာရင်းပြုစုထားတယ်၊
မကြာခဏလည်း နေရာရွှေ့တတ်တယ်။

နဂါးဆက်ရှိရင် ပူးတာ ကပ်တာ စီးတာတွေလုပ်ကြတယ်၊ဓာတ်စကားတွေပြောတယ်၊အိမ်မက်ထဲမှာမြွေတွေမကြာခဏမြင်ရတယ်၊

နဂါးမယ်တော်ရုပ်ထုတွေ့ရင်အလွန်ချစ်ခင်ကြတယ်၊အစ်မတော် အစ်ကိုတော် ဆွေတောါမျိုးတော်တွေလာတတ်ကြတယ်၊ဒါတွေဟာ သိုက်ဆက်တွေရဲ့ သဘာဝလို့ဆိုရမယ်။

ဒီလောက်ဆို နဂါးသိုက်ဆိုတာ တိရစ္ဆာန်မဟုတ်တာ၊ဒဏ္ဍာရီပုံပြင်မဟုတ်တာ သိလောက်ပြီထင်ပါရဲ့

သိုက်ဆက် နဂါးဆက် အဆက်နွယ်တွေ သာသနာပြုနိုင်ကြပါစေ။

မိမိ၏ သိုက်ဆက်ပဌာန်းဆက်စစ်ဆေးသိရှိလိုပါကလည်း ဆရာ့ Messenger ၌ နာမည် နေ့နာမ် အသက် မိမိပုံပြောပြပြီး

စေတနာကြေးဖြင့်လာရောက်စစ်ဆေးနိုင်သည်

#ဆရာထက်လျှံ
09695297155

ရွှေကြာပင်က ချစ်သမီးလေးကအမေဝိမလဒေဝီနဂါးမယ်တော်ကြီးအားကတိအတိုင်း1သိန်း1သောင်းလာရောက်လှူဒါန်းသွားပါတယ်ဘေးဘယာဝေးကွာကြပါစေ #...
05/10/2024

ရွှေကြာပင်က ချစ်သမီးလေးက
အမေဝိမလဒေဝီနဂါးမယ်တော်ကြီးအား
ကတိအတိုင်း1သိန်း1သောင်းလာရောက်လှူဒါန်းသွားပါတယ်

ဘေးဘယာဝေးကွာကြပါစေ

#ဆရာထက်လျှံ
09695297155

နဂါးမျိုးနွယ်တွေလူပြည်လာလျှင်........................................................လူ့ဘဝရောက်ပီဆိုထဲက စိတ်ကြီးတယ် စိတ်...
30/09/2024

နဂါးမျိုးနွယ်တွေလူပြည်လာလျှင်........................................................

လူ့ဘဝရောက်ပီဆိုထဲက စိတ်ကြီးတယ် စိတ်ဆတ်တယ် အရွဲ့တိုက်တဲ့နေရာမှာ ဆရာကြီး ဒေါသကလဲ ကြီးတယ် အချိန်ခဏလေးနဲ့ ဒေါသထွက်တတ်ကြပေမယ့် ဟုန်းခနဲ ထတောက်တဲ့မီးလိုပဲ ခဏတဖြုတ်ပါပဲ

စိတ်မြန်ကိုယ်မြန်ရှိတတ်ကြတယ်
စိတ်ရင်းကောင်းပြီး စာနာတတ်တဲ့သူဖြစ်တယ်

လူမှူပေါင်းသင်းဆက်ဆံရေး အကျိုးမပေး
မိမိကကောင်းပေမယ့်မိမိအပေါ် ပြန်မကြည့်သူ
များတတ်တယ်

မိမိသည် ဖြူစင်သော စိတ်မျိုးရှိသူဖြစ်ပြီး
သူတစ်ပါးအား ပေးကမ်းချင်သူများဖြစ်ကြတယ်

မဟုတ်မခံစိတ်ရှိကြတယ် မျက်နှာတည်ပြီး ရင်ထဲမှာတော့ တစ်ကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝရှိကြတယ်

မလုပ်ဘူးဆိုလည်း မလုပ်ဘူး လုပ်ပြီဆိုလည်း သေသေချာချာလုပ်ကိုင်တတ်ကြပြီး သူတို့ ကြိုးစားလုပ်ထားတာတွေကိုလည်း အကောင်းပြောခံချင်ကြလေ့ရှိ

စကားပြောဆိုရာမှာ သွယ်ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်

အစွဲအလန်းလဲကြီးပါတယ် ကိုယ့်အပေါ် ကောင်းတဲ့သူဆို ကျေးဇူးမမေ့တတ်ပါဘူး ဘယ်ကိစ္စမဆို မညည်းမငြူပဲ ကိုယ်တိုင်ပါဝင်ကူညီပေးတတ်ကြတယ်

ဖော်ရွေတတ်ပြီး ဘယ်နေရာမဆို
သတိကြီးစွာပြုမူနေထိုင်တတ်

လူတစ်ဖက်သားကို ရိုသေယဉ်ကျေးစွာ
ပြောဆိုဆက်ဆံတတ်

မိမိသည်းခံစိတ် သဘောထားပြည့်စွာသည်းခံနိုင်သလောက်သာ သည်းခံစိတ်ထားကြတယ်

မိမိဦးခေါင်းပေါ်တတ်လာလျင် နဂါးတစ်ကောင်လိုအမောက်ထောင် ပြောဆိုတတ်သည်

စိတ်ထက်မြတ်ကြတယ်

မကြာခဏ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး
နောင်တရတတ်ကြတယ်

စိတ်ထားရိုးပြီး လူရိုးစိတ်တိုသဘောမျိုး မမှန်တာမလုပ်
မိမိကို မဟုတ်တာမမှန်တာလုပ်လျှင်လည်း
သည်းမခံတတ်ကြ

စိတ်ဆိုးလွယ်ပြိး စိတ်ပြေလည်းလွယ်ကြတယ်

မည်မျှအသက်ကြီးသူဖြစ်စေ၊ရာထူးဂုဏ်ကြီးသူဖြစ်စေ
အမြဲတန်ကလေးဆန်ကြတယ်

ငွေကြေးကပ်စေးမနည်းကြ စည်းကမ်းရှိသောလည်း
လူတစ်ဖက်သားကို အလွန်သနား လွယ်သဖြင့်
လက်လွယ်နေတတ်တယ်

စိတ်နှလုံးကောင်း၊စေတနာကောင်း
သူများအပေါ် အထူးကောင်းတတ်ကြတယ်

အမြဲတမ်း မိသာစုပေါ် အပေါင်းအပါးအပေါ် အနစ်
နာခံလိုစိတ်ရှိတတ် ပေါင်းသင်းဆက်ဆံကြတယ်

နေရာတကာတွင် စိတ်ထားကြီးကြီးထားနိုင်တယ်
သူများကိုပေးကမ်း ကျွေးမွေးချင်စိတ်အမြဲရှိ

အပေါင်းအသင်း သူငယ်ချင်းများကြောင့် ဘဝ
တစ်ခုလုံးတွင် အမှားပေါင်းများစွာ လက်ချိူး
မကုန် တွေ့ရပါလိမ့်မယ်

စိတ်နှလုံးသားဖြူ စင် သန်းရှင်၍
စိတ်သဘောထားပြည့်ဝကြတယ်

အေးချမ်းမှုကို နှစ်သက်တယ်
တိတ်ဆိတ်တဲ့ဝန်းကျင်လေးမှာ
နေရတာ ပျော်တယ်

တောင်တန်းပြာပြာတွေ အဝေးက မြင်ရတာ
သဘောကျတယ်
စိမ်းလန်းတဲ့ အပင်တွေ
အေးမြတဲ့ အရောင်တွေ
ပြာလဲ့တဲ့ မိုးကောင်းကင်တွေကို
မြင်ရတာ သိပ်သဘောကျ တတ်တယ်

ဟန်ဆောင်မှုမပါဘဲ ရယ်မောရတာတွေ
ပွင့်ပွင့်လင်းလင်း ပြောဆိုရတာတွေ
ရိုးသားဖြူစင်တာတွေ သိပ်ကို သဘောကျ

ခရီးတွေ ထွက်ရတာ ပျော်တယ်
ခပ်မှိုင်းမှိုင်းရာသီဥတုကို သဘောကျတယ်
ပန်းပင်တွေရှိရင်
ပြီးပြည့်စုံနေတာမျိုးလေး

ရိုးရိုးရှင်းရှင်းနေချင်ကြတယ်
သိုက်ဆက်စစ်ဆေးလိုသူများစေတနာကြေးဖြင့် ဆရာ cb ၌ လာရောက်စစ်ဆေးမေးမြန်းနိုင်ပါသည်။

#ဆရာထက်လျှံ
09695297155

သိုက်ဆက် တို့၏ ဖူးစာ...................................ဆရာ ဒီနေ့မှာ သိုက်တို့ရဲ့ဖူးစာဖက်တွေအကြောင်းကို ပြောပြချင်ပါတယ်ဘဝ...
16/09/2024

သိုက်ဆက် တို့၏ ဖူးစာ...................................

ဆရာ ဒီနေ့မှာ သိုက်တို့ရဲ့
ဖူးစာဖက်တွေအကြောင်းကို ပြောပြချင်ပါတယ်

ဘဝသံသရာ အဆက်ဆက်က သိုက်ဆက် မကင်းပဲ လူ့ဘဝသို့ ရောက်လာကြသူများဟာ အခြားသူများနဲ့ မတူပဲ အချစ်ရေးအိမ်ထောင်ရေး အဆင်မပြေ ခက်ခဲတတ်ကြပါတယ်

အထူးသဖြင့် နဂါးသိုက်ဆက် အများစုဟာ အိမ်ထောင်ရေး ပိုပြီး အဆင်မပြေတာ
တွေ့ရပါတယ်

အချို့က ကိုယ့်ကိုကိုယ် သိုက်ဆက်မှန်း မသိပဲ အိမ်ထောင်စောစီးစွာ ပြုကြပါတယ် ထိုသို့သော သူများမှာ အိမ်ထောင်မမြဲကွဲကိန်းတွေ ကြုံရတတ်ပါတယ်

ချစ်သူ ရည်းစားထားသူများမှာလည်း
တစ်ယောက်ပြီး တစ်ယောက် ပြတ်မှာ မလွဲပါ ထိုသို့ ဖြစ်ရခြင်းမှာ

အချို့သော သိုက်ဆက်များ ဟာ သိုက်မှာ အိမ်ထောင်မပြုပါဟု ကတိထားခဲ့ကြ၍
လူ့ဘဝ ရောက်လာချိန်မှာ ပေးထားခဲ့သော ကတိများအား မေ့လျော့ပေါ့ဆခဲ့၍ သိုက်မှ ဒဏ်ခတ်ခြင်း ွခံရတတ်သည်

အချို့သော သိုက်ဆက် အများစုမှာ
အပျိုကြီး လူပျိုကြီးများ ဖြစ်တာ များပြီး
အချို့သော သိုက်ဆက်များမှာမူ အိမ်ထောင်ကျပြီးလျှင်တောင် အလုပ်သဘောအရ တစ်ယောက် တစ်နေရာစီ ခွဲနေမှ အိမ်ထောင်ရေး ခိုင်မြဲနိုင်ပါသည်

အိမ်ထောင်ပြုပြီးတစ်ဆက်ပြီးတစ်ဆက်ယူလိုက်ကွဲလိုက်နဲ့ နောက်ဆုံးအိမ်ထောင်ဆက်များပြီး မတည်မြဲသောကြောင့် မိမိတစ်ယောက်ထဲ ရှင်သန်နေတဲ့သိုက်ဆက်များလဲရှိပါတယ်

သိုက်ဆက်များ အိမ်ထောင်ဖက်နှင့်
အတူနေလျှင် တကျက်ကျက်နှင့် မျက်နှာချင်းဆိုင်မရနိုင်အောင် ကွဲဖို့က ပိုအကြောင်းပါ ပါသည်

သိုက်ဆက်များ၏ ဖူးစာဖက် အမှန်မှာ
သိုက်ဆက်ရှိသူများ နက္ခတ်တည့်သူများ
နေနံတည့်သော သိုက်ဆက်ရှိသူများသာ ဖြစ်ပါသည်

သိုက်ဆက် အချင်းချင်း
ဘုန်းကံ ပါရမီချင်း တူသူ ယူမှသာ
အိမ်ထောင်ရေး သာယာ ခိုင်မြဲပါမယ်

သို့ပေမယ့် နှစ်ဦးသား ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပါမှ ယခုဘဝမှာ စိတ်တူကိုယ်တူ သာသာယာယာနေရမည် ဖြစ်ပါကြောင်းနှင့်
သိုက်ဆက်များ ကိုယ်နှင့် အဆက်မဟုတ်သူ ယူချင်လျှင် အိမ်ထောင်ရေးခွင့်ပြုပွဲ ပြုလုပ်ပြီးမှ ယူသင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပေးလိုက်ပါသည်

သိုက်ဆက်စစ်လိုသူများစေတနာကြေးဖြင့်ဆရာ့cbမှာလာရောက်စစ်ဆေးနိုင်သည်

#ဆရာထက်လျှံ
09695297155

သိုက်ဆက်များ ဘုန်းတန်ခိုးနဲ့ အချစ်ရေး............................................................ ယနေ့ခေတ်မှာ သိုက်ဆက်ဆိ...
16/09/2024

သိုက်ဆက်များ ဘုန်းတန်ခိုးနဲ့ အချစ်ရေး............................................................

ယနေ့ခေတ်မှာ သိုက်ဆက်ဆိုရင် အချစ်ရေး
မှာ အနှောင့်အယှက် အတိုက်ခံများပီး အဆင်မပြေဘူး
လို့ ထင်နေတတ်ကြပါတယ် ထိုအရာက
မှန်နေပေမဲ့
ယုံကြည်သူများနှင့် မယုံသူများဟူ၍
နှစ်မျိုး ကွဲပြားနေကြပါသည်

သိုက်ဆက်ကို ယုံကြည်သူများမှာလည်း အချို့မှာ...
အလွန်အကြူး စွဲလန်းယုံကြည်ကြပါသည်
"သိုက်ဆက်ဖြစ်လျှင် အချစ်ရေး
အိမ်ထောင်ရေး ကံမကောင်းနိုင်..."
အချစ်ကျိန်စာ သင့်နေသူများလို...
ကံကြမ္မာဂြိုလ်ဆိုး သယ်ဆောင်လာသူများလို အထင်မှားနေကြပါသည်
မိမိကိုယ်ကိုလည်း ထင်မြင်နေတတ်ပါတယ်
တချို့ဆိုလျှင် သိုက်ဆက်ရှိလျှင် မျက်နှာများတယ်
အချစ်ရေးကံ
မကောင်းဘူး သိုက်ဆက်ရှိလျှင် အိမ်ထောင်ဆက်များတယ် ဟူ၍
သိုက်ဆက်ရှိသူများကို လူမှုရေး အသိုင်းအဝိုင်းမှ ခွဲခြား ဆက်ဆံချင်ကြပါသည်

အကြောင်းရင်း အမှန်မှာ..
သိုက်ဆက်များ မျက်နှာများသည် ဆိုသော အကြောင်းမှာ...သိုက်ဆက်များ ပွေရှုပ်ခြင်းကြောင့် မဟုတ်ပါ

သိုက်ဆက်များသည် သူတို့၏ဘုန်းကံ
ပါရမီကြောင့် စန်းပွင့်ပြီး လူချစ်လူခင်များခြင်း ဖြစ်ပါသည်

သိုက်ဆက်များ ချစ်သူ ထားလျှင် မမြဲ..
အိမ်ထောင်ဆက်များသည် ဆိုရာမှာ...
သိုက်ဆက် ရှိသူများ
သည် ဘုန်းကံမြင့်မားသူများ
ဖြစ်ပြီး သူတို့နှင့် ဘုန်းကံ
ပါရမီတူသူနှင့်သာ ပေါင်းဖက်လို့ ရကြပါသည်

ဘုန်းကံနိမ့်သူနှင့် ချစ်ကြိုက် ပေါင်းဖက်မိလျှင်...
ဘုန်းကံမတူသူ ဖူးစာမမှန်သူများမှာ သိုက်ဆက်များ၏ ဘုန်းကံကို မယှဉ်နိုင်၍
နောက်ဆုတ် ထွက်ပြေးရခြင်း ဖြစ်ပါသည်

သိုက်ဆက်များသည် သူတို့နှင့် ဘုန်းကံတူသူ သိုက်ဆက်ချင်းသာ ပေါင်းဖက်လို့ ရကြပါသည်
ဘာသာရေးအရေးစိုက်ပီး ကိုင်းရှိုင်းကြတဲ့
ဝိဇ္ဇာပဌာန်းရှိသူများနဲ့လည်း အချစ်ရေး မှာ
သာယာ အဆင်ပြေစေတတ်ပါတယ် ... ထိုသူများနဲ့
မိမိ နဲ့ ရှိနေတဲ့ အချိန်တွေဆို တစ်ခြားသူတွေနဲ့လို့
မတူတော့ပဲ အချိန်တိုင်း
အဆင်မပြေဖြစ်ချင်း စကားများရန်ဖြစ်ခြင်း
စိတ်တွေ မကြည်လင်ခြင်း စိတ်ဆိုး စိတ်တိုစရာ
ကိစ္စရပ်တွေ လည်း မရှိတော့ပဲ
နားလည်မှု လေးနက်မှု
တွေနဲ့ အဆင်ပြေပီး အချစ်ခရီးလမ်းမှာ ဖြောင့်ဖြူးသာယာသွားပါတော့တယ်

ထို့ကြောင့် သိုက်ဆက်များနှင့် ပတ်သက်၍
မှားယွင်းနေသော အယူအဆများကို ဆရာ
က ဒီနေ့မှာ လမ်းကြောင်းမှန်ကို
အလင်းပြလိုက်ပါသည်

သိုက်ဆက်များနှင့် အိမ်ထောင်ပြုခွင့် စွဲမြဲစွာ ပေါင်းဖက်ခွင့် ရသူများမှာ...
အခြားသူများထက် သာလွန်
ကံကောင်း ဘုန်းကံမြင့်သူ
များသာဖြစ်ကြပါသည်

အဘယ်ကြောင့်ဆိုသော်...
သိုက်ဆက်ရှိသူများသည်
သိုက်မှ အစဉ်သဖြင့် စောင့်ရှောက်
ဖေးမ ကူညီနေသဖြင့်... မိမိရဲ့ အနားကို
သာမန်လူသားတွေက
ကပ်လို့မရတဲ့အတွက်ကြောင့်ပါ

နဂါးသိုက်ဆက် ရှမ်းအဆက်တွေဆို ပိုဆိုးပါတယ်
မိမိက နဂါးအငွေ့သက်တွေ မမြင်နိုင်တဲ့
နာဂသိဒ္ဓိ နဂါးတန်ခိုးစွမ်းအားတွေ ရှိနေသည့်
အတွက်ကြောင့် တော်ရုံဘုန်းကံနဲ့လူဆို
မိမိအနား ကပ်လို့မရအောင် သိုက်မှာရှိတဲ့
မိမိရဲ့ အစောင့်တွေက ဖယ်ထုတ်တတ်ပါတယ် ဖယ်ထုတ်လိုက်ပါတော့တယ်......

သိုက်ဆက်များ၏ ဖူးစာဖက် အစစ်မှာ
မိမိရဲ့ စိတ်ကို နားလည်သောသူ ဖေးမလမ်းပြပေးသူ
အရာရာကို သည်းခံခွင့်လွှတ်ပီး မိမိကိုယ် အရမ်းချစ်
ဂရုစိုက်ပေးတတ်တဲ့ အေးချမ်းတဲ့ မေတ္တာပိုင်ရှင်
ဘုန်းကံရှိသောသော သူများသာ ဖြစ်ပေသည်
ထို့ကြောင့် ချစ်သူရည်းစားထားတိုင်း
ပြတ်ပြတ်သွားတာကို သိုက်က နှောင့်ယှက်တယ်
မကောင်းဘူးဆိုပီး သွားပီးဝေဖန်အပြစ်တင်မစောလိုက်ပါနဲ့ မိမိကသာ ဘာသာရေး
အရေးစိုက်လုပ်ပေးပါ ကိုယ်အောင်မြင်ချင်တဲ့
ကိစ္စရပ်တွေကို ညစဉ်ဘုရားရှိခိုးပီးတိုင်း
သူတို့ကို အလေးနက်ဆုတောင်းမေတ္တာတွေ ပို့သပေး
လိုက်ပါ အချိန်တန်ရင် ကိုယ့်အတွက် စိတ်ချမ်းသာစေပီး ဘဝမှာ ပျော်ရွှင်အေးချမ်းစေမဲ့ ဖူးစာရှင်ကို
သိုက်နန်းရှင်တွေ ကိုယ်တိုင် မိမိဆီ
ပို့သပေးပါလိမ့်မယ် .....

သိုက်ကလာတဲ့ဆိုတိုင်း အချစ်ရေးမှာ ကံမကောင်းဘူးလို့မထင်လိုက်ပါနဲ့ သိုက်နန်းရှင်တွေဆိုတာ
အချော့ပဲ ကြိုက်ပါတယ်

ဒါကြောင့်...
တတ်ကျွမ်းနားလည်သော ဆရာသမားတွေရဲ့
အကူညီနဲ့ မိမိသိုက်ကို ဆက်သွယ်ပြောဆိုတောင်းပန်
ခွင့်ပန်လိုက်ရင် အချစ်ရေး အိမ်ထောင်ရေး
လူမှုရေး စီးပွားရေးပါမကျန် အားလုံးအဆင်ပြေသွားပီ
ကောင်းမွန်သွားပါလိမ့်မယ်။

သိုက်ဆက်စစ်ဆေးလိုသူများညဏ်ပူဇော်ခစေတနာကြေးဖြင့်ဆရာ့cbမှာလာရောက်စစ်ဆေးနိုင်ပါသည်

#ဆရာထက်လျှံ
09695297155

(သိုက်ကလာတဲ့သူတွေစီးပွားရေး အဆင်မပြေတဲ့သူ)(အိမ်ထောင်ရေး အဆင်မပြေတဲ့သူ)လူမူရေးအဆင်မပြေတဲ့သူကျန်းမာရေး ညံ့သူတွေသိုက်ကိုအပြ...
02/09/2024

(သိုက်ကလာတဲ့သူတွေစီးပွားရေး အဆင်မပြေတဲ့သူ)
(အိမ်ထောင်ရေး အဆင်မပြေတဲ့သူ)

လူမူရေးအဆင်မပြေတဲ့သူ
ကျန်းမာရေး ညံ့သူတွေ
သိုက်ကိုအပြစ်မတင်ကြပါနဲ့ ဘာလို့ ဆိုတော့ အရင်ဘဝက ပြုခဲ့ဘူး တဲ့ အကုသိုလ် ကုသိုလ် ကံတွေက အခုမှ ခံရတာပါ

သိုက်ကလာတိုင်းချမ်းသာမယ်လိုဘယ်ဘုရားမှမဟောခဲ့ဘူးဘူး သိုက်ထဲမှာ ရွှေတွေငွေတွေစိန်တွေ ရတနာတွေ ရှိတယ် ငါတို့ပေးရင်ကောင်းမှာပဲလို့တွေးတဲ့သူတွေ သိုက်ထဲက ရတနာတွေက ဘယ်သူမှမပိုင်ဘူး သိုက်ချုပ်လဲ မပိုင်ဘူး သိုက်အုပ်လဲမပိုင်ဘူး ဘုရားပစ္စည်းတွေ မပြစ်မှားကောင်းပါဘူး သိုက်ဆိုတာ ဘုရားပစည်းတွေ စောင့်ရှောက်ရတဲ့ အစောင့်အရှောက်ပါ ဘုရားသာသနာ ကိုစောင့်ရှောက်နေကြတဲ့ ပုဂိုလ် တွေပါ မပြစ်မှားကြပါနဲ့

သာမန်လူ ပြစ်မှားတာက အပြစ်နည်းနည်းပဲရောက်တယ်
သိုက်ဆက်ဖြစ်နေပါရက်နဲ့ သိုက်ကိုပြန်ဆော်ကားရင် ဒဏ်ခက်ခံရတတ်တယ်

အိမ်ထောင်ပြုခွင့်မပေးထားတဲ့သိုက်ဆို အိမ်ထောင်ပြုခွင့်တောင်းရပါတယ် အိမ်ထောင်ပြုခွင့်မတောင်းပဲ ထင်ရာဆိုင်းရင် သေကွဲနဲ့ရှင်ကွဲ (၂) ခုပဲ ရှိတယ်

သိုက်ဆက်မှန်ရင် ငယ်ဘဝနာခဲ့တဲ့သူကြီးပဲ ပြည့်စုံတဲ့သူဆိုတာမရှိဘူး

သိုက်ဆက်မှန်ရင် ဘုရားတရားမမေ့နဲ့ သိုက်အမတော်ကြီးတို့ကို အမျှတန်းပေး မေတ္တာ ပို့ သာသနာပြုလုပ်ငန်းတွေလုပ် အမြဲစိတ်ကောင်းထား ဘယ်သူ့အပေါ်မှ မရုတ်မာနဲ့ သိုက်အတွက်လှူစရာရှိတာလှူ

နည်းလမ်းမှန်ရင်ထီးနန်းဆန်တယ်
နည်းလမ်းမှားရင်ထီးနန်းပျက်တယ်

သိုက်ဆက်စစ်ဆေးလိုသူများဆရာ့cbမှာစေတနာကြေးဖြင့်လာရောက်စစ်ဆေးနိုင်ပါတယ်

#ဆရာထက်လျှံ
09695297155

သိုက်ဆက်တွေလူပြည်လာရခြင်း.....................................................သိုက်ဆက်တွေကို အများစု အများဆုံး လူ့ပြည့် ...
28/08/2024

သိုက်ဆက်တွေလူပြည်လာရခြင်း.....................................................

သိုက်ဆက်တွေကို အများစု အများဆုံး လူ့ပြည့် လူ့လောကကိုလွှတ်တာသည် သာသနာပြုရဖို့ အကြောင်းအရင်းတစ်ခုတည်းပါပဲဆရာ ဒီအကြောင်းအရာလေးကို ဒီနေရာ ဒီစာမှာ သိသိသာသာလေးရှင်းပြချင်ပါတယ် လူတွေအများစု အမှတ်မှား အသိမှားနေတဲ့ အရာလေးပါ သိသူကျော်သွားပါ

သိုက်ဆက် နဂါးဆက်တွေက ဗုဒ္ဓသာသနာတော်ကြီး တစ်ဝက်ကျော်လာတာနဲ့အမျှ လူ့ပြည်လူ့ရွာကို အလာများလာကြပါတယ် ဘာလုပ်ဖို့လဲ သိုက်မိသားတစ်စုကနေ တစ်ယောက်ကိုလွှတ် အားလုံးကိုယ်စား သံတမန်အဖြစ် သာသနာတွေပြု ကုသိုလ်အမျှတွေ တူတူခံစားကြရဖို့ပါပဲ

တစ်ချို့ကလည်း သိကြပြီး နည်းမှန်မှန်နဲ့ သာသနာပြုကြတာပေါ့ အဲ့တော့ ဒီဘဝအတွက်ရော နောင်သံသရာအတွက်ပါ ကောင်းကျိုးတွေရကြတာပေါ့

တစ်ချို့ကလည်း အပျော်အပါးတွေမက် ကာမဂုဏ်တွေခံစားတော့ ဘဝတွေပါပျက်ကြရတာပေါ့

သိုက်ဆက် နဂါးဆက်မှန်သမျှသည် မိမိဆွေတော်မျိုးတော်တွေနဲ့ ပေါင်းစပ်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်ကြရမယ် သာသနာပြုကြရမယ်ပေါ့ ဒါမဖြစ်မနေ လုပ်ရမဲ့အရာပါ မိမိနဲ့အားလုံးကောင်းဖို့အတွက်ပါ

နည်းမှန်မှန်နဲ့ အထက်ပါလို လုပ်နေသူတွေအားလုံးဟာ မိမိကံတရားအပေါ်မူတည်ပြီး အဆင်ပြေကြသူတွေချည်းပါပဲ အနည်းအများပဲကွာပါမယ် အဆင်မပြေလည်းခဏပါပဲ

အဲ့တော့ ဆိုလိုချင်တာကလေ သာသနာပြုတယ်ဆိုတာ ဘာလဲပေါ့ အဲ့ဒါကိုပြောပြပေးချင်ပါတယ် ဒါကိုသိသွားရင်တော့ အားလုံးသောသိုက်ဆက်တွေအတွက် မပြေသူတွေရော ပြေသူတွေရော ပေါ့ပေါးပါးပါး လုပ်နိုင်ကြပါလိမ့်မည်

သာသနာပြုတယ်ဆို အများစုထင်ကြတာက ဘုရားကြီးတည်မှ စေတီတည်မှ ကျောင်းတွေဆောက်မှ သိမ်တွေဆောက်မှ ဘာကြီးတွေလုပ်မှ ညာကြီးတွေလုပ်မှစသဖြင့်ပေါ့ အဲ့လိုတွေမလုပ်ရဘူးမဟုတ်ဘူး လုပ်နိုင်သူတွေလုပ်လို့ရပါတယ် လုပ်လည်းလုပ်ကောင်းပါတယ် ကောင်းတာလုပ်တာပဲ ကိုယ်လုပ်ချင်တာ လုပ်တာ ဘယ်သူမှပြောလို့ ဝေဖန်လို့မရဘူးလေ

မပြေသူတွေအတွက်ကတော့ အဲ့လိုတွေလုပ်ချင်ပါ့ဆိုရင်တော့ နှလုံးသားထဲမှာ ဘုရားတည်ပါ နှလုံးသားထဲမှာ စေတီတည်ပါ နှလုံးသားထဲမှာ ကျောင်းတွေဆောက်ပါ သိမ်တွေဆောက်လှူပါ ဒါကလေ အထက်ပါနှစ်ဦးလုံး လုပ်ရမဲ့အရာပါနော် ပြေသူရော မပြေသူတွေရောလုပ်ရမှာပါ လုပ်ကိုလုပ်ရမဲ့အရာပါ

တစ်ချို့အပြင်မှာ ဆရာ့လက်တွေ့တွေရှိတယ် ဘုရားကြီးတော့ သိန်း ဆယ်ချီ ရာနဲ့ချီ အကုန်ခံတည်ထားပါလျှက်နဲ့ နှလုံးသားထဲမှာတော့ မတည်ထားကြဘူး အဲ့ဒါဘာပြောလဲဆိုတော့ မိမိတို့ဘာသာသဘောပေါက်ကြပေါ့ ပြောမကောင်းလို့ မပြောပြတော့ပါဘူး

သာသနာပြုတယ်ဆိုတာ အကျဉ်းပြောရရင် စိတ်ကောင်းစေတနာထားပြီး ကိုယ်ချင်းစာတရား ကြင်နာသနားငဲ့ညှာတရားထားပြီး ကောင်းမှုလုပ်နေတာမှန်သမျှဟာ သာသနာပြုနေတာပါပဲ နော်.....

မြတ်ဗုဒ္ဓရဲ့အဆုံးအမ ဩဝါဒတွေကိုလိုက်နာပြီး ကောင်းမှုကုသိုလ် ဒါနကုသိုလ် သီလ ဘာဝနာကုသိုလ်တွေ လုပ်နေခြင်းလည်း သာသနာပြုခြင်းအလုပ်တွေပါပဲ အရမ်းမွန်မြတ်တဲ့ အလုပ်တွေပဲပေါ့

ဘုရားတည်းခြင်း စေတီတည်ခြင်း ကျောက်ဆောက်လှူဒါန်းခြင်း သိမ်ဆောက်လှူဒါန်းခြင်းတွေလည်းကောင်းပါတယ် အဲ့ဒါတွေလုပ်ပြီး စေတသိတ် စိတ်ထဲမှာ သနားကြင်နာမှု စေတနာတရား ဖြူစင်မှုတွေမရှိရင်လည်း လုပ်တာပဲ အရာထင်ပြီး ငွေကုန်လူပင်ပန်းတာပဲအဖတ်တင်ပါလိမ့်မည်။ (ယခုသည် တိုက်ဆိုင်နေသူရှိပါက ပုတ်ခက်ပြောဆိုနေခြင်းမဟုတ်ပါ အမှန်ကိုပြင်၍ ပြင်ဆင်နိုင်ရန် စိတ်ကောင်းစေတနာထားရှိနိုင်ရန်ရှိပါသည်)

အဲ့တော့ မိမိသည် သိုက်ဆက်နဂါးဆက်မှန်ရင် ဘုရားတည်နိုင်မှ စေတီတည်နိုင်မှ ကျောင်းဆောက်နိုင်မှ သိမ်တွေဆောက်နိုင်မှ အလှူကြီးအကြီးအကျယ်လုပ်နိုင်မှ သာသနာပြုခြင်းမြောက်တာမဟုတ်ပါဘူး ပုတ်ခက်ပြောတာမဟုတ်ပါ လုပ်နိုင်သူတွေကလုပ် ကိုယ်ကြိုက်တာကိုယ်လုပ်တာပဲ မမှားပါဘူး ကောင်းတာလုပ်တာပဲ

အဲ့တော့ မိမိတတ်နိုင်တဲ့ဘက်ပေါင်းစုံကနေ အလှးအတန်းလေးတွေပြုပါ စိတ်ထဲမှာ စေတနာကောင်း ကြင်နာတရား သနားငဲ့သညှာတရား ဖြူစင်မှာကို မတတ်နိုင်ဆုံးထားပါ အလှူအတန်းနိုင်သလောက်လေးတွေ လုပ်ပါ 1000 ရှိ 500 လှူပါ ခွေးစာ ငှက်စာ တိရစ္ဆာန်အစာလေးတွေကျွေးနေပါ

ဘာမှလှူစရာမရှိစေဦးတော့ ဘာမှလှူစရာမရှိဘူး ဆရာဘာဒါနပြုရမှာလဲ ဘာကောင်းမှုလုပ်ရမလဲ လာမပြောပါနဲ့ ဘာမှလှူစရာမရှိရင်တောင် ဘုရားကိုစေတနာသန့်သန့်နဲ့ ထိုင်ကန်တော့နေပါ ကိုယ်စားမဲ့အထဲက ဆွမ်းထမင်း ဆွမ်းဟင်းကပ်လှူပါ အရှင်းဆုံးပြောမယ် ပြီးရင်စွန့်ပြီးကိုယ်ပြန်စားလို့ရပါတယ် ဘုရားရှင်၏နှုတ်ကပတ်တော်တွေရွတ်ဖတ်ပူဇော်နေပါ ပရိတ် ပဌာန်း ဂါထာတော်တွေ ရွတ်နေပါ အခြားရယူလိုစိတ်မပါပဲ ကုသိုလ်ရချင်တဲ့စိတ်တစ်ခုတည်းနဲ့သာ လုပ်ပေးပါ ပုတီးတွေစိပ်နေပါ သမထတွေထိုင်ပါ ကမဌာန်းတွေရှုပါ ပါရမီပါရင် မဂ်ဖိုလ်တောင် မြန်းသွားနိုင်ပါတယ် အဲ့တော့ ကုသိုလ်ဆိုတာ ယူတတ်ရင်အများကြီးပါ စိတ်ထဲမှာ စိတ်ပုတ်စိတ်ယုတ်မရှိပဲ စိတ်ကောင်းစိတ်မြတ်ရှိနေရင်ကို ကုသိုလ်က အော်တိုရနေပြီးသား နော်

ဆိုတော့ မိမိတို့တတ်နိုင်တဲ့ဘက်ပေါင်းစုံကနေ သာသနာပြုကြပါ အပေါ်ကဟာတွေ ဘာပဲဖြစ်ဖြစ်လုပ်နေရင် ငါကသာသနာပြုနေတာလို့ ရဲရဲကြီးပြောလိုက်ပါ ဘာသာနာပြုတာလည်းလို့မေးလာရင် ကောင်းတာတွေလုပ်နေတယ် စိတ်ကောင်းစိတ်မြတ်တွေရှိတယ်လို့ ပြောလိုက်ပါ အဲ့တော့ သိုက်ဆက် နဂါးဆက်များနှင့် 7 ရက်သားသမီးများအားလုံး လိပ်ပြာလုံစွာ မှန်မှန်ကန်ကန်သာသနာပြုနိုင်ကြပါစေ ကြောင့် ဆုမွန်ကောင်းတောင်းလျှက် ဒီလောက်ပါပဲ 🙏🙏🙏

သိုက်ဆက်စစ်ဆေးလိုသူများ
ဆရာ့cbတွင်စေတနာကြေးဖြင့်လာရောက်စစ်ဆေးနိုင်သည်..


ဆရာထက်လျှံ
09695297155

Address

ကေးလမ်း
Pyinmana

Website

Alerts

Be the first to know and let us send you an email when Sayar Htet Lin Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category