Paung Laung

Paung Laung Rice & Shoe Shop

21/08/2023

ဆန်ပိုး
အတွက် s phos 560 ဆေးပြားကို ဆန်ဆိုင်တော်တော်များများသုံကြပါတယ် ဆန်ကိုဂိုဒေါင်ဖြင့် သီးသန့်ထားပြီး စနစ်တကျသုံးရင် အန္တရာယ် မရှိပေမဲ့ လူနေအိမ်မှာသုံးရင်တော့ မသင့်တော်ပါ အဆိပ်ငွေ့က မျက်စိဖြင့်မမြင်ရ လေထဲမှာပျံ့နေလို့ပါ ကလေးငယ်တွေ အတွက်မူးဝေ အော့အန်တာတွေဖြစ်နိုင်ပါတယ် ထို့ကြောင့် ကျနော့ အဖိုးလက်ထက်ကတည်းကပြုလုပ်နည်းလေးပြောပြပါမယ် ကျနော်ကိုယ်တိုင်လည်းဆန်ပိုးတွယ်ရင်ဒီနည်းအတိုင်းလုပ်ပါတယ် ပိုးတွယ်နေသောဆန်အိပ်များကို ဆန်ပိုးပြန်မလာနိုင်သောနေရာမှာ လေပန်ကာဖွင့်ပြီး ဆန်အိတ်ကိုပုခုံးပေါ်မှဖြေးဖြေးချင်းသွန်ချပါ ဆန်ပိုးများလေဖြင့်လွင်ပါသွားပါမည် အကုန်လုံးတော့မဟုတ်ပါ အနည်ငယ်ကျန်နေတတ်ပါသည် ကိစ္စမရှိ နေရာလွတ် တစ်ခုမှာ တစ်ညအိပ် အအုပ်အုပ်၍ထားပါ မနက်မိုးလင်လို့ အအုပ်ဖယ်လိုက်လျှင် လက်ကျန်ပိုးများကပ်ပါသွာပါသည် ထိုဆန်ကို အတွင်းတွင် ပလပ်စတစ်ခံထားသောအိပ်ထဲသို့ အိပ်ပိုင်း ၁၂ပြည် ဆိုလျှင် လေးပြည်အရင်ထည့် ဆား ဟင်းစားဇွန်း ၁ဇွန်းရောမမွှေပါ ထိုသို့ သုံးကြိမ်ပြုလုပ်လျှင် အိတ်တစ်ပိုင်းအတွက်လုံလောက်ပါပြီ ထိုသို့ပြုလုပ်ပြီးပါက နှစ်ပေါက်အောင်ထား ပိုးတွယ်ခြင်း အနံ့နံခြင် အရောင်ပြောင်းခြင်း မဖြစ်တော့ပါ မိတ်ဆွေများအားလုံး ဆန်ပိုးတွယ်ခြင်းမှကင်းဝေးကျပါစေ

18/08/2023

ဆန် နဲ့ ရွှေ
ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ်၊
ဆန် ၈ ပြည်ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲကို ငါးမူး လို့ ခေါ်တယ်၊
ဆန် ၄ ပြည်ကို တစိတ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲကို တမတ်သား လို့ ခေါ်ကြတယ်၊
ဆန် ၁ ပြည်မှာ နို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ်၊
ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ်သားမှာလည်း ၁၂၈ ရွေး ရှိတယ်။
ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်းနေထိုင်ကြသူတွေအဖို့ ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ။
ဒေါက်တာတင့်ဆွေ

28/07/2023
25/07/2023

"အိမ်ရှင်မတွေ မသိသေးတဲ့ ထမင်းချက်နည်း လျှို့ဝှက်ချက် (၉) ချက်"

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit

စပါး(1000)လောက်ရောင်းချင်လို့တဲ့'' ဘာစပါးလဲမေးတော့ ပခမ်းတဲ့'' ဘာပခမ်းလဲမေးတော့ ပခမ်းပါဆို ဘာပခမ်းလဲဆိုတော့ ကျနော်ဘယ်လိုပ...
18/07/2023

စပါး(1000)လောက်ရောင်းချင်လို့တဲ့'' ဘာစပါးလဲမေးတော့ ပခမ်းတဲ့''
ဘာပခမ်းလဲမေးတော့ ပခမ်းပါဆို ဘာပခမ်းလဲဆိုတော့ ကျနော်ဘယ်လိုပြောရမလဲတဲ့''
ကျနော် တောင်ပြန်အဟောက် ခံလိုက်ရသေးတယ်''

ပခမ်းဆိုတော့ ကျနော်သိတဲ့ ပခမ်းအကြောင်းပြောပြမယ်/ ပခမ်းက (3)မျိုးရှိတယ်/
ပခမ်းအစစ်/ပခမ်းရွှေဝါ/Gw11ပခမ်းအတု/
ပခမ်းအစစ်က ဧရာဝတိတိုင်း/ရေကြည်/အသုတ်/ကျုံပျော်/ကျုံတနီး ဘက်ကထွက်တဲ့ ပခမ်းကပခမ်း
စစ်တယ် ထမင်းကောင်းတယ်/ပခမ်းအတု ပခမ်းရွှေဝါက ရန်ကုန်တိုင်း ဘောလယ်/ရေပေါ်သောင်/ကျမန်း/လှည်ကူးဘက် အထွက်များတယ်''
ပခမ်းရွှေဝါကို ပခမ်းဆိုပြီ စျေးကွက်မှာ ခေါ်ဝေါကြတာ/ပခမ်းရွှေဝါနဲ့Gw11က လုံးဝခွဲမရဘူး ထမင်းချက်ကြည့်မှ ခွဲခြားလို့ရတယ်''

ဒါကို ဆန်ဆိုင်တွေမှာ ဂျင်းထည့်နေတဲ့ ပခမ်းဆိုတာ ပခမ်းမစစ်ပါဘူး/တကယ်ပခမ်းအစစ်က
အလုံးသေး အသွယ်ရှည်ပါတယ်/ တစ်ချိုဆန်ဆိုင်
တွေလဲ ဆန်ရောင်းတဲ့ပွဲစားက ပခမ်းဆို သူတို့လဲပခမ်းပဲ''

ဆရာကြီးမဟုက်တော့ ကိုယ်ထက်နားလည်တဲ့သူ
တွေအကြံပြုရင် လက်ခံပေးပါမယ်''သင်ပြပေးပါ''ကျနော်သိသလောက် ပခမ်းကိုရေးပြတာပါ

crd

01/07/2023

ဗဟုသုတရရန် ပြန်လည်မျှဝေပါသည်

ဆန်စျေး ကျ ပါတယ် E25%broken တွေ ဆက်တိုက်ကျဆင်း နေပါတယ်
နွေစပါး မိုးကြိုစပါးတွေ အလုံးအရင်း ထွက်လာသလို exporter ကြီးတွေ အဝယ်ရပ် လိုက်ကြလို့ တောင်သူတွေလည်း ထိခိုက်ခံစား ရပါတယ်
E25% ဆိုတာ ပြည်ပကိုအများဆုံးတင်ပို့တဲ့ ဧည်မထ ဆန် ၂၅မှတ်ဆန်ပါ ဆန်သား ၆၀%ဇကွဲ၄၀% ပါတဲ့ ဆန်အနိမ့်စ ပါ ပြည်တွင်းမှာ စားသုံးမှူ့အလွန် နဲပါတယ် ပြည်တွင်းစားသုံးတဲ့ဧည်မထ ဆန် ဆိုလျှင်ဆန်ဟောင်း (နိုဝင်ဘာ/ဒီဇင်ဘာလ) ထွက်သောမိုးစပါး ကို အနိမ့်ဆုံး E5%B စူပါဖိုက် ခေါ်တဲ့ ဆန်သား၉၅% ဇကွဲ၅%ပါတဲ့အဆင့် ကို သာ ပြည်တွင်းစားသုံးကြပါတယ်
ဧည့်မထမိုးစပါး ကုန်သလောက်ဖြစ်နေပါတယ် နွေဆန်ခေါ်တဲ့ မတ်လ ဧပြီလထွက်သော သီးထပ်ပု(သီးပု) ရက်၉၀ သီးထပ်ဇီယာ စသည်ဆန်များပင်လျှင် ပြည်တွင်း စားသုံးမှူ့ အထိုက်အလျှောက်ရှိနေသဖြင့် ယခု အချိန်ထိ နွေဆန်အဟောင်းစျေး သိသိသာသာ မကျဆင်းသေးပါ
ပြည်တွင်းစားသုံး များသည်လည်းဆန်စျေးကြီးမြင့်သဖြင့် ဆန်စျေးကျဆင်းလာသည်ကို မျှော်လင့်နေကြပါသည်
အစားထိုးကုန်စည် သဘောအရ ပြည်တွင်းစားသုံးသူစျေးကွတ်အတွင်း ဆန်သစ်များ ဝင်ရောက်လာသထြင့် ဆန်​ကြမ်း Emata ဆန်စျေးကို အနည်းငယ် ကျဆင်း​စေ​ခဲ့ပါသည်
နွေဆန်ဟောင်း နှင့် ယခု ထွက်သောမိုးကြိုဆန်သစ်များရောနှောရောင်းချကြသဖြင့် စျေးအနည်းငယ်သက်သာစေသော်လည်း စားသုံးရာတွင် အဆင်မပြေမှူ့များလည်းကြုံတွေ့ရပါသည်

ပေါ်ဆန်းမွှေး ပေါ်ကျွဲ ဆန်စျေးကွတ်အခြေအနေ
ပေါ်ဆန်းမွှေး ပေါ်ကျွဲ တောင်ပျံ ဆန်တို့သည် မိုးစပါး နိုဝင်ဘာလဒီဇင်ဘာ လ တွင် ရိတ်သိမ်းသည့် တနှစ်လုံး တသီး (တစ်ကြိမ်)သာ စိုက်ပျိုးပါသည် ယခု အချိန်တွင် သက်ကြီးမိုးစပါး ပေါ်ဆန်းမွှေးပေါ်ကျွဲ သည် စပါး လျှော့နည်းလာခြင်း လှောင်သမားစက်ပိုင် တို့ဝယ်ယူထားသည့်အခြေအနေတွင် စျေးမကျနိုင်ပဲ တင်းခံနေခဲ့ပါသည်
ပေါ်ဆန်းမွှေးအများအပြားဝယ်ယူသိုလှောင်ထားသော ကုမ္ပဏီ ကြီးများ ယခု အချိန်တွင် စတင်ရောင်းချ နေပါပြီ
ဇူလိုင်လအတွက် ဆန်ချောပေါ်ဆန်းမွှေး စျေး
အခြေအနေသည် အရည်အသွေး အပေါ် များစွာ တည်ပါမည်
အရည်အသွေးကောင်းသော အရောအနှောကင်းသည့် ပေါ်ဆန်းမွှေး အလွန်ရှားပါးသဖြင့် စျေးထပ်တက်နိုင်သည့်အခြေအနေဖြစ်ပေါ်နေပါသည်

အရောအနှော ပါသည့် ပေါ်ဆန်းမွှေးများ အရည်အသွေး နိမ့် ဆန်များ စက်ကြိတ်အဆင့်နိမ့်ဆန်များ လှောင်ဆန်များ (အိတ်သားတက်ဟုခေါ်သော)မှိုတက်သည့်ဆန်များ ပိုးဝင်သွားသည့်ဆန်များသည် စျေး မတက်နိုင်ပဲ ဆက်ရှိနေပါမည်
စားသုံးသူ မိဘပြည်သူများ ဆန်ကို ရွေးချယ် ရာတွင်
ဆန်အရည်အသွေးကျွမ်းကျင်သော စိတ်ချရသည့် ဆန်ဆိုင်များမှ သေခြာစွာ ရွေးခြယ်ဝယ်ယူကြပါ
မိုးရာသီ ဖြစ်သဖြင့် မိုးမိစပါးများမိုးငွေ့ဝင်ထားသောဆန်သားများသည် ဆန်မှိုတက် နိုင်သဖြင့်သေခြာစွာ
လေ့လာစမ်းစစ်ဝယ်ယူကြပါ

crd

04/05/2023
02/05/2023

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေး
ဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ
=========
ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာ
ဘယ်လောက်ဆိုးသလဲဆိုရင်မနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်

မဟုတ်ရင်စားခါနီးကျထမင်းကသိုးရောထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာ
အဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ

ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်

ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေနဲ့ရှာလကာရည်တဇွန်းထည့်ပြီးတော့ပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်
ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကိုအခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ်ကိုယ်တော့နာရီဝက်လောက်ကိုထိုင်တိုက်တာ

အိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်
ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ

အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာ ဒါတောင်မသိုးတော့ဘူး

မူရင်းCrd
Photo crd

ကာကာတွေလည်း အက်လိုပဲလား 😁😁😁
27/04/2023

ကာကာတွေလည်း အက်လိုပဲလား 😁😁😁

25/04/2023

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
သတင်းထုတ်ပြန်ချက် (၂၄-၀၄-၂၀၂၃)

၁။ ပြည်တွင်း စားသုံး ဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသောကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေရန် နှင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားရန် အသင်းချုပ် အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကုန်သည်ပွဲစား စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွါးကို မျှတစွာ ချင့်ချိန် ရောင်းဝယ်ဆောင်ရွက်ကြရန် နှိုးဆော်အသိပေးအပ်ပါသည်။

၂။ ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။ အခက်အခဲ ရှိပါက အသင်းချုပ် ရုံး၊ ကုန်စည်ဒိုင် ရုံးများ နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

၃။ ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများ အတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွါးစေရန် မမှန်သော စျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုး အတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန် နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်။

ရွှေဘိုပေါ်ဆန်းမွှေး
24/04/2023

ရွှေဘိုပေါ်ဆန်းမွှေး

23/04/2023

ဗဟုသုတရရှိရန်ရည်ရွယ်ပြီးဖော်ပြလိုက်ပါသည်။

ဆန်ရဲ့အရည်အသွေးမလျော့သွားဖို့က ဆန်အိတ်တွေထားတဲ့အထားအသိုနဲ့လဲအများကြီးသက်ဆ်ိုင်....

ဘယ်လိုတွေသက်ရောက်နိုင်လဲပြောပြပေးပါ့မယ်။

❌ နေရောင်တိုက်ရိုက်ထိလို့မရ❌
ထိရင်ဆန်များထပ်ပိုင်းကျိုးနိုင်သောကြောင့်ပါ။

❌ ဆန်အိတ်များကို အောက်ကအခင်းမပါဘဲမထပ်ရ❌
အောက်ခံပြားကိုအသားခုံသုံးသင့်။ သုံးတဲ့အသားခုံများကို
လဲခပ်ကြဲကြဲရိုက်သင့်ပါတယ် ဒါမှလေဝင်လေထွက်ကောင်းမှာပါ အဲ့လိုမှအောက်ဆုံးဆန်အိတ်မှာကာလာမပျက်မှာပါ။
ပိုးကျလဲမလွယ်နိုင်ပါဘူးရှင်။

❌ မိုးလုံလေလုံတဲ့နေရာမှာထားရက်နဲ့ဆန်အိတ်ဒေါင့်လေးတွေမှာမဲလာတာဘာကြောင့်လဲ???
ကိုယ်ကမိုးလုံတယ်ထင်ရပေမဲ့ ရန်ကုန်မြို့လိုနေရာများမှာတော့ မိုးရွာရက်များတာများပါတယ် အဲ့လိုဒေသအတွက်ကတော့ လေထုထဲမှာကို အစိုဓာက်ကရှိနေတာပါ။ မိုးရာသီရောက်တာနဲ့ အကြည်မိုးကာအုတ်ထားသင့်ပါတယ်။ဒါမှ အစိုဓာက်မကူးမှာပါ။မကူးမှ ဆန်အိတ်ဒေါင့်မှိုကပ်ခြင်းရန်မှကာကွယ်နိုင်မှာပါ။ အစိုဓာက်ကူးရင် ဆန်ပိုးများပေါက်လွယ်ပါတယ်ရှင်။ မိုးရာသီဟာပိုးကျရာသီလို့တောင်ခေါ်ရမလို....

❌ ဆန်သစ်ပေါ်ခါစအချိန်ပလပ်မခံသင့်❌
ဆန်သစ်မှာပလပ်ခံလိုက်ရင်ဘယ်လောက်ခြောက်သွေ့တဲ့ဆန်သားဖြစ်ဖြစ် အသစ်အချိန်အခါမို့ ဆန်လောင်တက်ပါတယ်ရှင်။ ဒါကြောင့် ဆန်သစ်သက်တမ်း4လလောက်မှ ပလပ်ထည့်ပေးရပါတယ်ရှင်။ ဒီအချက်ကတော့ ဗဟုသုတအနေနဲ့မျှဝေပေးတာပါ။

ပိုးကျမလွယ်ဖို့ကတော့ ဆန်အိတ်ထပ်တဲ့နေရာမှာလေဝင်လေထွက်ကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်းဖြစ်ဖို့အလွန်အရေးကြီးလှပါတယ်။ဒါမှ ကိုယ့်ဖောက်သည်များကို အရည်အသွေးအစစ်အမှန်ကိုပြည့်ပြည့်ဝဝပေးစွမ်းနိုင်မှာပါရှင်။

မင်မင်တို့ဆန်အိတ်မထပ်ခင်လုပ်တဲ့အလုပ်က ထုံးဖြူးတာပါ
ပီးမှအသားခုံခင်းပြီးဆန်ထပ်တာပါရှင်။
ထုံးဖြူကဘာကောင်းကျိူးရလဲဆိုတော့ ပုရွက်ဆိပ်မလာသလို ကြွက်ကိုက်လဲသက်သာ ...အဓိက ကတော့ပိုးကျမလွယ်တာပါဘဲရှင်။

crd

Address

Pyinmanahaung

Telephone

+959420736292

Website

Alerts

Be the first to know and let us send you an email when Paung Laung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share