စျာန်ချစ်-Zayar ကြက်ဥ၊ဘဲဥ လက်လီ၊လက်ကားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Sagaing
  • စျာန်ချစ်-Zayar ကြက်ဥ၊ဘဲဥ လက်လီ၊လက်ကားရောင်းဝယ်ရေး

စျာန်ချစ်-Zayar ကြက်ဥ၊ဘဲဥ လက်လီ၊လက်ကားရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စျာန်ချစ်-Zayar ကြက်ဥ၊ဘဲဥ လက်လီ၊လက်ကားရောင်းဝယ်ရေး, Health Food Shop, Sagaing.

လူအများစုမသိကြသေးတဲ့ ကြက်ဥရဲ့ဦးနှောက်အပေါ်သက်ရောက်မှုလူအများစုက ကြက်ဥစားရင် ခန္ဓာကိုယ်ကျန်းမာပြီး အားရှိစေတယ်ဆိုပြီးသိထာ...
22/06/2022

လူအများစုမသိကြသေးတဲ့ ကြက်ဥရဲ့ဦးနှောက်အပေါ်သက်ရောက်မှု

လူအများစုက ကြက်ဥစားရင် ခန္ဓာကိုယ်ကျန်းမာပြီး အားရှိစေတယ်ဆိုပြီးသိထားကြပါတယ်။ တကယ်တော့ ကြက်ဥက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကပဲ ဦးနှောက်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။

ကြက်ဥတစ်လုံးမှာ အကာနဲ့ အနှစ်(egg yolk) ဆိုပြီး အပိုင်း(၂)ပိုင်းပါဝင်ပါတယ်။ အဲဒီထဲမှာမှ ကြက်ဥအနှစ်က ကိုလက်စရောပါဝင်မှုမြင့်မားသလို ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်းကြွယ်ဝပါတယ်။

တစ်ချို့က ကြက်ဥအနှစ်မှာ ကိုလက်စရောပါဝင်မှုမြင့်မားလို့ နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်မှာကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရတော့ ကြက်ဥအများကြီးစားသုံးတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေမဖြစ်စေတဲ့အပြင် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုမြန်ဆန်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ကြက်ဥအကာကနေ အရေပြား/အသားစတဲ့ ပြင်ပအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီး ကြက်ဥအနှစ်ကနေ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေဖြစ်လာပါတယ်။ ဒီတော့ ကြက်ဥအနှစ်မှာ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်ဖို့ သဘာဝတရားက ဖန်တီးထားပြီးသားဖြစ်ပါတယ်။

လူခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် A ၊ ဗီတာမင် B12၊ ဗီတာမင် E နဲ့ zinc တွေ ကြက်ဥအနှစ်မှာ ပါဝင်ပါတယ်။ ဒါ့ပြင် မှတ်ဉာဏ်နဲ့ သင်ယူလေ့လာမှုတွေအတွက် အရေးကြီးတဲ့ neurotransmitter တစ်ခုဖြစ်တဲ့ acetylcholine လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဦးနှောက်ကို ကာကွယ်ပေးနိုင်တဲ့ lutein နဲ့ zeaxanthin ဆိုတဲ့ carotenoids နှစ်မျိုးလည်းပါဝင်ပါသေးတယ်။ တစ်နေ့ကို ကြက်ဥတစ်လုံး လေးပတ်ဆက်တိုက်စားသုံးပါက lutein နဲ့ zeaxanthin ပမာဏတွေတိုးတက်လာပြီး ဦးနှောက်ပျက်စီးမှုကို သိသာစွာကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာမှုတွေအရ သိရပါတယ်။

ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးရှိပါတယ်။ ကြက်ဥအနှစ်မှာ အာဟာရဓာတ်တွေအများကြီးပါဝင်တော့ အနှစ်ကို မကျက်တကျက်ကြော်/ပြုတ်စားတာက ဦးနှောက်အတွက် အကောင်းဆုံးပါပဲ။

မိတ်ဆွေတို့ရော ကြက်ဥကြိုက်ကြရဲ့လား?

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။

Crd Dr. Thuta

Address

Sagaing

Telephone

+959974719349

Website

Alerts

Be the first to know and let us send you an email when စျာန်ချစ်-Zayar ကြက်ဥ၊ဘဲဥ လက်လီ၊လက်ကားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share