Ko Aung Aung

Ko Aung Aung ဘဝကကိုယ်ယုံကြည်တဲ့အတိုင်ဖြစ်လာတယ်
သင်ဘာကိုယုံကြည်လည်း
အဲဒီလိုဖြစ်လိမ့်မယ်
တကယ်ဖြစ်ခြင်းတကယ်လုပ်
အဟုတ်ဖြစ်ရမယ်

ဘုရား ကျောင်း ရောက်
01/12/2024

ဘုရား ကျောင်း ရောက်

03/03/2024

အချစ်ဆိုတာ|ပိုင်ဆိုင်ရမှ
ဖြစ်တည်လာတာ|မဟုတ်လေတော့
ချစ်မိခဲ့တဲ့|နှလုံးသားမှာ
ပုံရိပ်လေးက|ထင်ကျန်ဆဲပါ

04/12/2023

ဘူးသီးကြော် ကြော်နည်း နဲ့ အချဉ်ရည်စပ်နည်း
*******************************

- ဘူးသီးတွေပေါနေတုန်း ဘူးသီးကြော် ရွရွလေး ကြော်စားကြရအောင်
- အချဉ်ရည်ကောင်းကောင်းလေး စပ်နည်းပါ ရေးပေးထားပါတယ်နော်

ဘူးသီးကြော်
************
- ပထမဆုံး ဘူးသီးလေးတွေကို ကိုယ်ကြိုက်တဲ့အရှည် လှီးပြီး ရေခြောက်အောင်ထားပေးပါ
- မနက်ကြော်ရင် ညကတည်းကလှီးပြီး ရေစစ်ထားလို့လည်း ရပါတယ်
- မနက်မှစလုပ်မယ်ဆို နာရီဝက်လောက် နေပူလှန်းထားရင် ပိုကောင်းပါတယ်

- မုန့်နှစ်အတွက် ရွှေလိပ်ပြာ အကြော်မှုန့် / ကောက်ညှင်းမှုန့် / ပဲမှုန့် သုံးပါမယ်
- အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောပါ

- ပြီးရင် ဆား အရသာနဲ့ အရောင်လှအောင် အရောင်တင်မှုန့်ထည့်ပါ
- baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ပေးပါ အဲ့ဒါဆို ပိုကြွပ်ပါတယ်/ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်
- အမှုန့်တွေအကုန်ရောပြီးသွားရင် ရေခဲရေလေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
- မုန့်ရည် မပျစ်မကျဲလေး အနေက ကြော်ဖို့အကောင်းဆုံးပါနော်

- မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ခြောက်နေတဲ့ ဘူးသီးလေးတွေကို ဂျုံမှုန့် သို့ ဆန်မှုန့်နဲ့ အရင်လူးပေးပါ အဲ့ဒါဆို ပိုကြော်လို့ကောင်းပါတယ်
- ပြီးမှ မုန့်ရည်ထဲနှစ်ပြီး မီးအလယ်လောက်နဲ့ ရွှေအိုရောင်သမ်းတဲ့အထိကြော်ပေးပါ

အချဉ်ရည်
**********
- မန်ကျည်းသီးတွေကို ရေပူနဲ့ အရင်စိမ်ထားပါမယ်
- ပြီးရင် ဇကာနဲ့အနှစ်တိုက်ချပြီး အရည်ပဲယူပါ

- မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ

- ပြီးရင် ဆားနဲ့ အရသာမှုန့်ထည့်ပြီး ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်ပါ
- ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်ပါ

- ပဲအကျက်မှုန့် ၂ ဇွန်းလောက် ထည့်ပေးပါ ပဲမှုန့်လေးက အချဉ်ရည်ရဲ့ အသက်ပါပဲ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်

- နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ ဂေါ်ဖီထုပ် ပါးပါးလှီးပြီး ပစ်ထည့်လိုက်ပါ

*အခုဆို ဘူးသီးကြော် ပူပူလေးကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တွဲစားလို့ရပါပြနော် #ဘူးသီးကြော်

C. R. D.

04/12/2023

ဆီထမင်း ချက်နည်း

ဒီတစ်ခါတော့ အရမ်းလွယ်တဲ့ ဆီထမင်းချက်နည်းလေး ပြောပြပါမယ်။

ပါဝင်ပစ္စည်းများ
———————
၁-ကောက်ညှင်းဆန် -နို့ဆီ ၂ ဘူး
(မနက်စာ အတွက် ညထဲက ကောက်ညှင်းဆန်တွေကို ရေစိမ်ထားပေးပါ။)

၂-ကြက်သွန်နီ -၆ လုံး

၃-ဆား ဆနွင်း အနည်းငယ်

၄-ဆီ ၁၅ ကျပ်သားခန့်

ချက်ပြုတ်နည်း
———————
၁-ဒယ်ပူလာလျှင် ဆီ ထည့် ဆနွင်းအနည်းငယ် ထည့်ပါ။

၂-ကြက်သွန်နီ ပါးပါးလှီးထားတာထည့်ပြီး ရွှေညိုရောင် ရသည်အထိ ကြော်ပေးပါ။
(ဆီထမင်း ပေါ် ဖြူးပြီး စားရန်ပါ)

၃-ကြက်သွန်ကြော်ရလျှင် ဆယ်ထားပြီး ကျန်ဆီများထဲ ရေစိမ်ထားသော ကောက်ညှင်းများ ရေစစ်ထည့်ပါ။

၄-ဆား အနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။

၅-ကောက်ညှင်းရေမြုပ်သည်အထိ ထည့်ပြီး အဖုံးအုပ်တည်ထားပါ။

၆-ရေခန်းခါနီးလျှင် ၁ မိနစ်ခန့် မွှေပေးပါ။

၇-ရေခန်းလျှင် ဒယ်အိုးဖုံးပြန်မပိတ်တော့ဘဲ ဒယ်အိုးမကပ်စေရန် မကြာခဏမွှေပေးပါ။

တစ်ဖျစ်ဖျစ်မြည်လာသည်အထိ မွှေပြီးလျှင် ဆီထမင်းအိအိလေးရပါပြီ။

(ချက်စားကြည့်ပါ အရမ်းလွယ်ကူပါတယ် ပုံမှန်ထမင်းကြော်သလိုကိုမှ ကောက်ညှင်းဆန်နှပ်စေဖို့ ရေလေးထည့်ရတာပဲ ကွာပါတယ်နော်)

မိမိကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်​ေနာ်။

04/12/2023

မရမ်းယိုလုပ်နည်း...😋
===============

မရမ်းသီးကို နှစ်ခြမ်းခွဲ အထဲကအစေ့နဲ့ကပ်နေတဲ့ အခွံမဲနေတဲ့အရွယ်ကို မယူရဘူး ဖြူနေတဲ့အရွယ်ကိုယူ အဲ့အခွံကိုခွာထုတ် ပြီးရင် မရမ်းသီးကို ခက်ရင်းလေးနဲ့ ခုံးတဲ့ဖက်က သုံးချက်လောက် ထိုး ထုံးရေကြည်နဲ့ သုံးရက်လောက်စိမ်

တစ်န်ေရေတခါလဲပေး စိမ်တဲ့အချိန် ကြေးပစ္စည်း တစ်ခုခုနဲ့ထည့်စိမ်နော် ဒါမှအရောင်ကစိမ်းနေမှာ ရက်ပြည့်လို့ ရေထဲကဆယ်ပြီး ရေစစ်ထား ရေစစ်ရင် သကြားနဲ့လူြးပြီး နှစ်နာရီသုံးနာရီလောက်ထား မရမ်းသီးတစ်ပိသာကို သကြား ငါးဆယ်သားလောက်ထည့်တယ်

အချိုမကြိုက်လို့နော် အချိုကြိုက်ရင် ပိုထည့်လို့ရတယ် ပြီးရင် သကြားလူးထားတဲ့ မရမ်းသီးက သကြားရည်တွေထွက်လာမယ် အဲ့အရည်ကို စေးအောင်ကျို စေးလာရင် မရမ်းသီးထည့် ဆက်မွှေ စေးစေးလေးဖြစ်လာရင် မရမ်းယိုလေးရပါပြီး

တအားစေးလွန်းရင် မရမ်းယိုအေးသွားရင် မာတောက်နေမယ်နော် တော်ရုံအနေထားလောက် မီးဖိုက ချရင်ရပါပြီ ကျိုတဲ့အချိန် မီးမများဖို့သတိထားနော်
အဲ့နည်းက အိမ်မှာယိုထိုးတဲ့နည်းကိုမျှဝေတာပါနော်
ကျိုတဲ့ချိန် ကြေးထည်အိုးနဲ့ကျိုရင်ပိုကောင်းတယ်နော် အရောင်လှလှလေးဖြစ်တယ် မရှိရင် ရိုးရိုးအိုးနဲ့လည်းရပါတယ် ပြောဖို့မေ့သွားလို့

မူရင်းမျှဝေသူ

04/12/2023

အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ 😋😋
----------------------------------------

🔺 ပါဝင်ပစ္စည်းများ 🔺

- အုန်းနို့ခေါက်ဆွဲဖတ် - ၈ ပိဿာ
- ကြက်သား - ၂ ပိဿာ
- ငါးဖယ် - ၁ ပိဿာ
- ဘဲဥ - အလုံး ၅၀
- ပဲစိမ်းမှုန့် - ၈၀ ကျပ်သား
- ငရုတ်သီးအရောင်တင်မှုန့် - ၂၀ ကျပ်သား
- ဆီ - ၃၀ ကျပ်သား
- အုန်းသီး (သို့) နို့စိမ်း - ၈ လုံး (သို့) ၈ ဘူး
- သကြား - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်)
- ဆား - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)
- အရသာမှုန့် - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
- ကြက်သွန်နီဥသေး - ၂ ပိဿာ (ထည့်ရန်)
- နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
- မုန်ြွ့ကပ်ကြော် - ၅၀ ကျပ်သား
- ကြက်သွန်နီဥကြီး - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
- ရှောက်သီး - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
- ငရုတ်သီးလှော်မှုန့် - ၃၀ ကျပ်သား
- ယိုးဒယားငံပြာရည် - ၁ လုံး (အလယ်တည်ရန်)
- ကြက်သွန်ဖြူဗမာဥ - ၅ ဥ
- ပဲကြော် - ၁၀ဝ ချပ်
- ရေ - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး


(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)

ချက်ပြုတ်နည်း 🔺🔺🔺🔺

၁။ ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။
ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့် ပြုတ်ပါ။ အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။

၂။ ဘဲဥကို ပြုတ်ထားပါ။

၃။ ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။

၄။ ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေး အောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ အပေါ်ပေါ်လာလျှင် ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။

၅။ ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့် ကြွပ်ကြော်ပြီး ဆယ်ယူ ထားပါ။ အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။

၆။ ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။

၇။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။

၈။ ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။ ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။

၉။ ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥ ထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ အရသာမြည်းပါ။ ပွက်ပွက်ဆူလာလျှင် ရပါပြီ။

ပွဲပြင်ရန်မှာ 🍝🍝🍝

- ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
- ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။
- ရှောက်သီးလှီးထားပါ။
- ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်၊ ပဲကြော်ထည့်ပီး သုံးဆောင်နိုင်ပါတယ်​ေနာ်။

04/12/2023

" #ငါးခြောက်ဖုတ်နည်း"အလွန်စားကောင်းပါတယ်😋
----------------------
ငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံး ဆားရည်ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါ
ပြီးမှ ရေ၃ထပ် လောက်ဆေးပြီးရင်ဖုတ်လို့ ရပါပြီ။

ဆားရည် စိမ်ခြင်း က ငါးခြောက်ရဲ့အငံဓာတ် ကို
နည်းသွားအောင် စုပ်ယူသလို ငါးခြောက်လှန်းတဲ့ အခါ
အခုသုံးနေကြတဲ့ယင်မနားဆေးရဲ့
အန္တရာယ်ကလည်းနည်းသွားပါတယ်။

ရေဇလုံလေးတစ်လုံး ငါးခြောက်ထုမယ့် စင့်တီတုံးနား အသင့်ထားထားပါ။
ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီထည့်ထားတဲ့ ပန်းကန်လေးလဲ အဆင်သင့် လုပ်ထားပါ
ငါးခြောက်ကို စပြီးဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့
ပျောင်းလာပါမယ်

အဲ့ဒီ် အချိန် ငါးခြောက်ကို ပြန်ဆယ်ပြီး ဖွဖွလေး အသားပွလာအောင် ထု
ပြီးမှ ပြန်ဖုတ်ပါ
ငါးခြောက်က ကျက်လာပြီး တူးစပြုလာရင် အသင့်ထားထားတဲ့ ရေဇလုံ
ထဲထည့်ပြီး ချက်ချင်း ပြန်ဆယ်ပါ

မီးလေး ခဏပြန်ပြ ပြီး ဖွဖွလေးထုပါ
ထုထားတဲ့ ငါးခြောက်ကိုချက်ချင်း
အပူဓာတ်မကုန်ခင် ဆီစိမ်ပါ
ဒါဆိုရင်တော့ ငါးခြောက်ပျော့ပျော့ပျောင်းပျောင်း လေးရပါပြီ

သက်ကြီးရွယ်အို မိဘတွေလဲ
အဆင်ပြေပြေ ဝါးလို့ ရပါတယ်
ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက်
ဆီစိမ် လိုက် မလုပ်ပဲ ထုထားတဲ့ငါး
ခြောက်တွေ ကို အေးသွားမှ ဆီစိမ်ပါ
ဒါ ဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ်လေး ရပါပြီနော်

crdး ရွှေပုဇွန်

04/12/2023
02/12/2023

Address

Sanchaung

Website

Alerts

Be the first to know and let us send you an email when Ko Aung Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category