Golden Fish Super Seasoning

Golden Fish Super Seasoning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Fish Super Seasoning, Shwelinban.

29/03/2025
ကရင်နှစ်သစ်ကူးမှာ မင်္ဂလာအပေါင်း ခညောင်းကြပါစေဟု Golden Fish မိသားစုမှ ဆုမွန်ကောင်း ပို့သအပ်ပါသည်။         #ရွှေငါးဟင်းခ...
10/01/2024

ကရင်နှစ်သစ်ကူးမှာ မင်္ဂလာအပေါင်း ခညောင်းကြပါစေဟု Golden Fish မိသားစုမှ ဆုမွန်ကောင်း ပို့သအပ်ပါသည်။





#ရွှေငါးဟင်းခတ်အချိုမှုန့်

MakroMyanmar, Ocean Super Center, Capital Supermarket & Hypermarket နှင့် One Stop Supermarket ကုန်တိုက်ကြီးများတွင် Gol...
06/01/2024

MakroMyanmar, Ocean Super Center, Capital Supermarket & Hypermarket နှင့် One Stop Supermarket ကုန်တိုက်ကြီးများတွင် Golden Fish ဟင်းခတ်အချိုမှုန့်ကို လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ပါပြီ။








&Hypermarket

#ရွှေငါးဟင်းခတ်အချိုမှုန့်

HAPPY NEW YEAR 2024မင်္ဂလာရှိသောနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပွားများ...
31/12/2023

HAPPY NEW YEAR 2024

မင်္ဂလာရှိသောနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပွားများကြပါစေကြောင်း Golden Fish မိသားစုမှ ဆုမွန်ကောင်း ပေးပို့အပ်ပါသည်။





#ရွှေငါးဟင်းခတ်အချိုမှုန့်

ဓမ္မစကြာသုတ္တန်ကို ပါဠိဘာသာဖြင့် ဓမ္မစက္ကပဝတ္တနသုတ္တန်ဟူ၍ ခေါ်ဆိုကာ ဆဋ္ဌသင်္ဂါယနာမူအရ ဝိနည်းငါးကျမ်းမှ တတိယမြောက်ကျမ်းစာ...
31/07/2023

ဓမ္မစကြာသုတ္တန်ကို ပါဠိဘာသာဖြင့် ဓမ္မစက္ကပဝတ္တနသုတ္တန်ဟူ၍ ခေါ်ဆိုကာ ဆဋ္ဌသင်္ဂါယနာမူအရ ဝိနည်းငါးကျမ်းမှ တတိယမြောက်ကျမ်းစာဖြစ်သော မဟာဝဂ္ဂ (ဝိနည်းမဟာဝါ) တွင် ပဉ္စဝဂ္ဂိယကထာ ဟူသော ခေါင်းစဉ်ဖြင့် ဓမ္မစကြာသုတ်နှင့်ပတ်သက်သော အကြောင်းအရများ ပါဝင်သည်။ သို့သော် "ဓမ္မစက္ကပဝတ္တနဝဂ်" အမည်ဖြင့် ယခုဖော်ပြပါသုတ္တန်ကို သံယုတ္တနိကာယ်၏ မဟာဝဂ္ဂသံယုတ်ထဲမှ သစ္စသံယုတ်တွင် ပါဝင်သည်။ ဆဋ္ဌမူပါဠိတော်စာအုပ် မဟာဝဂ္ဂသံယုတ်တွင် စာမျက်နှာ ၃၆၈ တွင် ပါဝင်လေသည်။

ထိုစကား၌ ဓမ္မစက္က၏ အနက်မှာ အဋ္ဌကထာ၌ ဉာဏ်တော်ကို ဆိုလိုရင်းဖြစ်ကြောင်း ပြဆိုထားသည်။ ထိုဉာဏ်တော်သည် ပဋိဝေဓဉာဏ် (ထိုးထွင်းသိဉာဏ်) နှင့် ဒေသနာဉာဏ် (ဟောပြောပြဉာဏ်) ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။

ထိုနှစ်မျိုးနှစ်စားသော ဉာဏ်တို့တွင် ပဋိဝေဓဉာဏ်တော်သည် ဗောဓိမဏ္ဍိုင်၌ ဖြစ်ပေါ်ခဲ့သည်။ ဒေသနာဉာဏ်တော ကား ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဖြစ်ပေါ်ခဲ့သည်။ ကိုယ်တော်တိုင် ပဋိဝေဓဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိတော်မူသော သစ္စာလေးပါးတရားမွန်တို့ကို သူတပါးတို့အား သိစေရန် ဒေသနာဉာဏ်ဖြင့် ဟောပြောပြသတော်မူရသည်။

ပဝတ္တနဆိုရာ၌ ဖြစ်စေခြင်းဟုဆိုလိုရာ၊ ဆိုခဲ့ပြီးသော ဉာဏ်တော်နစ်ပါးကို ဖြစ်စေခြင်းဟု အဓိပ္ပာယ်ရလေသည်။ ထိုကြောင့် မြတ်စွာဘုရား၏ ထိုဉာဏ်တော်နှစ်ပါးကိုဖြစ်စေသော သုတ္တန်တရားတော်သည် ဓမ္မစက္ကပဝတ္တန သုတ္တန်တရား တော်ဖြစ်ကြောင်း သိရလေသည်။

နောက်ခံအကြောင်း

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် မြတ်ဗုဒ္ဓ၏ ပထမဆုံးလုပ်ဆောင်မှုသည် လောကီဈာန်နည်းနာကို သင်ကြားပေးခဲ့ကြသည် အာဠာရ နှင့် ဥဒက ရသေ့ကြီးနှစ်ဦးနှင့် ပတ်သက်၍နေသည်။ ထိုရသေ့နှစ်ပါးကို ဉာဏ်တော်ဖြင့် ကြည့်ရှုသောအခါ ပထမရသေ့ကြီး ခန္ဓာကိုယ် ချုပ်ငြိမ်းသည်မှာ ခုနစ်ရက်ရှိ၍ ဒုတိယရသေ့ကြီး ကွယ်လွန်အနိစ္စရောက်သည်မှာ နာရီပိုင်းရှိကြောင်း သိမြင်ခဲ့၏။ ထိုရသေ့ကြီးများမရှိတော့သည့်အတွက် ဆက်လက်၍ ပဉ္စဝဂ္ဂီငါးဦး (panca vaggiya) ထံသို့သွားရောက် တရားပြရန်ဖြစ်သည်။ ထို့ကြောင့် ပဉ္စဝဂ္ဂီတို့ရှိသော ဗာရာဏသီ၊ ဣသိပတန မိဂဒါဝုန်တော်သို့ မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်နေ့ ညနေချမ်းတွင် ရောက်ရှိသည်။ ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ကြွလာသည်ကို အဝေးမှမြင်သောအခါ

"ငါ့ရှင်တို့ ... ဤရဟန်းဂေါတမသည် လာနေပြီ။ ထိုရဟန်းကြီးဂေါတမသည် ကမ္မဋ္ဌာန်းအလုပ်မှ လျောကျသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန် ကျင့်ကြံသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန်ဘက်သို့လည်း ဆောင့်သွားသူဖြစ်၏။ ထိုရဟန်းကြီး ဂေါတမကို ရှိမခိုးကြစတမ်း၊ ခရီးဦးကြို မပြုကြစတမ်း၊ သပိတ်သင်္ကနမးလှမ်း၍ မယူကြစတမ်း၊ သို့သော် ရဟန်းကြီးဂေါတမ ထိုင်လိုလျှင်ထိုင်ရအောင် နေရာကိုမူကား ခင်းထားကြမည်" ဟူ၍ အချင်းချင်း ဤသို့ပြောကြသည်။ ဘုရားရှင်က ၎င်းတို့၏ စိတ်အကြံကိုသိတော်မူ၍ ဩဓိဿက မေတ္တာကိုပွားရာ အနီးသို့ရောက်လျှင် ထိုမေတ္တာအာနုဘော်ရိုက်ခတ်မှုကြောင့် အချင်းချင်းထားခဲ့ကြသော ကတိမတည်နိုင်ဘဲ ခရီးဦးကြိုပြုခြင်း၊ သပိတ်သင်္ကန်းလှမ်း၍ ယူခြင်းများပြုကြသည်။ ခင်းထားသောနေရာသို့ရောက်သောအခါ ဘုရားရှင်က ထိုင်၍ ခြေတော်ကို ဆေးကြောသည်။ ပဉ္စဝဂ္ဂီတို့က ကာယကံဖြင့် အရိုအသေပြုကြသော်လည်း ဝစီကံအနေဖြင့် ယခုလာသော ဂေါတမကို ဗုဒ္ဓ(ဘုရား)မဖြစ်သေးဟု မှတ်ယူ၍ ငါ့ရှင် ဂေါတမ ဟူသောအသုံးနှုန်းဖြင့်စတင်၍ ဤသို့ဆိုသည်။

ငါ့ရှင် ဂေါတမ ... ဥရုဝေလာတောမှာ တရားအားထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်၊ သင်္ကန်းယူကာ ဟိုဟိုသည်သည် လှည်လည်ခဲ့ကြတယ်။ မျက်နှာသစ်ရေ၊ ဒန်ပူတွေလည်း ပေးခဲ့ကြတယ်၊ ... တံမြက်စည်းလှည်းပေးခဲ့ကြတယ်။ ....ကျုပ်တို့ခွဲခွာသွားလို့ စိတ်မှာ ဟိုတွေးဒီတွေးမတွေးဘူးလား။ (ပဉ္စဝဂ္ဂီ)
ဘိက္ခုတို့ ... ငါ့ကို ဂေါတမလို့ နာမည်မခေါ်ကြနဲ့တော့။ အခုဆို ငါသည် ဗုဒ္ဓဖြစ်ခဲ့ပြီ။ အမတ (နိဗ္ဗာန်) တရားကို ငါသိခဲ့ပြီ။ နားထောင်ကြ ငါတရားဟောပြမည်။ ထိုတရားအတိုင်းကျင့်ပါက မြတ်သောတရားကို သင်တို့လည်း သိမြင်ကြလိမ့်မည်။

ထိုအခါ ပဉ္စဝဂ္ဂီတို့က ယခင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ကျင့်ကြံတုန်းက ဘုရားမဖြစ်ဘဲ ယခုလို ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလယ် သည်လယ် လုပ်၍ အစားအစာမှီဝဲမှသာ ဘုရားအဖြစ်ရောက်ခဲ့သည်ဆိုသည်ကို မယုံနိုင်ခဲ့ပေ။ ထိုအခါ ဗုဒ္ဓက ငါသည် ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလယ် သည်လယ် လုပ်နေသည်မဟုတ်၊ ဗုဒ္ဓအဖြစ်သို့ ရောက်နေပြီးဖြစ်၍ တရားနားထောင်ရန် ဆိုသည်။ ဤသို့ဖြင့် သုံးကြိမ် အပြန်အလှန်ပြောဆိုနေခဲ့ကြသည်။

ထို့နောက် ဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား ယခင်က သူသည် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ကြေညာပြောဆိုခဲ့ပါသလားဟု မေးသော် ပဉ္စဝဂ္ဂီတို့က ထိုသို့ပြောဆိုခြင်းမရှိကြောင်း ဖြေကြားခဲ့လေသည်။ ထိုအခါ ပဉ္စဝဂ္ဂီတို့က ပြန်လည်စဉ်းစားကြ၍ ဘုရားမဖြစ်သေးဘဲ ဘုရားဖြစ်သည်ဟု ယခင်က မပြောကြားခဲ့ဘဲ ယခုမှသာ ပြောဆိုသည့်အတွက် ဧကန်ဗုဒ္ဓဖြစ်ပြီဟု နားလည်သဘောပေါက်လာခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား တစ်ညလုံး ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့ရာ အာရုံတက်သို့ရောက်၍ တရားပြီးစီလျှင် အရှင် ကောဏ္ဍည သည် တရားကို သိမြင်နားလည်၍ သောတာပန်တည်ခဲ့သည်။ လူသားအနေဖြင့် အရှင်ကောဏ္ဍညတစ်ပါးသာ သောတာပန်တည်သော်လည်း နတ်ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့သည်လည်း သောတာပန်တည်ခဲ့သည်ဟု ထေရဝါဒပိဋကတ်စာပေများတွင် ဖော်ပြပါရှိသည်။

"အညာသိ ဝတ ဘော ကောဏ္ဍညော ... အညာသိ ဝတ ဘော ကောဏ္ဍညော ...
(အိုး ... ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်လေပြီတကား ... ကောဏ္ဍညသည် သစ္စာပေါးတရားကို ထိုးထွင်းသိမြင်လေပြီတကား" — ဗုဒ္ဓ၏ ဥဒါန်းကျူးရင့်ခြင်း

ထို့သို့ သောတာပန်တည်ပြီးနောက် အရှင်ကောဏ္ဍညသည် ဘုရားရှင်ထံ သာမဏေအဖြစ်၊ ဘိက္ခုအဖြစ် ရရှိစေရန် ခွင့်တောင်းသော် ဘုရားရှင်က "ဧဟိ ဘိက္ခု၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မာစရိယံ၊ သမ္မော ဒုက္ခဿ အန္တကိရိယာယ" (ရဟန်း လာလော့၊ သင်ချစ်သားတောင်းခံအပ်သော ရှင်ရဟန်းအဖြစ် ခံယူလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာဟောကြားအပ်ပြီ၊ သင်သည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှာ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင်အားထုတ်လော့) ဟူ၍ ဘုရားရှင်က မိန့်ကြားခဲ့သည်။ ဘုရားရှင်၏ "ဧဟိ ဘိက္ခု" ဟူသော ပုဒ်ကို ရွတ်ဆိုလိုက်သည်နှင့် အရှင်ကောဏ္ဍညသည် ဆံရိတ်၊ သင်္ကန်းဝတ်ရုံပြီးဖြစ်လေသည်။

ထို့နောက် ဝါဆိုလပြည့်ကျော်တစ်ရက်တွင် ဘုရားရှင်သည် မိဂဒဝုန်တွင်ပင် ဝါကပ်ကာ ဆွမ်းခံမထွက်ဘဲ ဝပ္ပမထေရ်ကို အဆုံးအမပေးသောကြောင့် ဝပ္ပမထေရ်သည် ထိုနေ့နံနက်ခင်းတွင် သောတာပန်တည်သည်။ ထိုနည်းတူ ဝါဆိုလပြည့်ကျော် ၂၊ ၃၊ ၄ ရက်များတွင် တစ်ပါးဆီကို အဆုံးအမတရားပေးရာ လပြည့်ကျော် နှစ်ရက်တွင် အရှင်ဘဒ္ဒိယ၊ သုံးရက်တွင် အရှင်မဟာနာမ၊ လေးရက်တွင် အရှင်အဿဇိ တို့အသီးသီး သောတာပန်တည်ခဲ့လေသည်။[မှတ်စု ၁] ဝါဆိုလပြည့်ကျော်ငါးရက်သို့ရောက်ရှိသောအခါ ဘိက္ခုရဟန်းငါးပါးစလုံးသောတာပန်တည်ပြီးသည်ဖြစ်၍ ထိုနေ့တွင် အနတ္တလက္ခဏသုတ်ကို ဟောကြားရာ ရဟန်းငါးပါးစလုံး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

ပါဝင်မှု

ဓမ္မစကြာသုတ်တွင် အစွန်းနှစ်ပါး၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးဆိုင်ရာဉာဏ် ဆယ်နှစ်ပါး၊ ဘုရားဖြစ်ကြောင်း ယခင်ကဝန်မခံခြင်း၊ ယခုဘုရားဖြစ်ကြောင်းဝန်ခံကြေညာခြင်း၊ ဉာဏ်မျက်စိပွင့်ခြင်း (ပစ္စဝေက္ခဏာဉာဏ်)၊ ပဉ္စဝဂ္ဂီများတရားတော်ကို နှစ်သက်ပုံ၊ အရှင်ကောဏ္ဍ သောတာပန်တည်ခြင်း၊ နတ် ဗြဟ္မာများကောင်းချီးပေးခြင်း စသည်တို့နှင့် ဗုဒ္ဓ၏ ဝမ်းမြောက်စကားများပါဝင်ကာ အဆုံးသတ်၌ အရှင်ကောဏ္ဍ ဘိက္ခု(ရဟန်း) ဖြစ်ပုံဖြင့် အဆုံးသတ်သည်။

အစွန်းနှစ်ပါး

ဤဓမ္မစက္ကပဝတ္တနသုတ္တန်၌ သစ္စာလေးပါးတရားမွန်တို့ကို မဟောကြားမီ၊ ရှေးဦးစွာ မလိုလားထိုက်သော အယူဝါဒတို့ကို ဟောပြတော်မူ၏။ ထိုအယူဝါဒများကား

ကာမသုခလ္လိကာနုယောဂ၊ အတ္တကိလမထာနုယောဂဟု နှစ်မျိုးရှိရာ ကာမသုခလ္လိကာနုယောဂဆိုသည်မှာ လောကာယတဝါဒကို ဆိုသည်။ ထိုဝါဒ၏ ရည်ရွယ်ချက်မှာ မျက်မြင်လောက၌ စားကြ၊ သောက်ကြ၊ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးကြရန်ပင် ဖြစ်သည်။ လောကနိဗ္ဗာန်နှင့် ပျော်ပိုက်ရေးဝါဒသာ ဖြစ်ပေသည်။ နောက် အတ္တကိလမထာနုယောဂဝါဒကား နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် မိမိကိုယ်ကို ဒုက္ခပေးရမည်ဟု ဆိုလိုရင်းဝါဒပင် ဖြစ်လေသည်။ ထိုဝါဒနှစ်မျိုးစလုံးကို မြတ်စွာဘုရားသည် ချွင်းချက်မရှိ ပယ်တော်မူခဲ့လေသည်။

ကာမသုခလ္လိကာနုယောဂ

သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် အရေးဖြင့် လူ့လောကစီးပွား၊ လူ့လောကစည်းစိမ်များကို စွန့်လွှတ်၍၊ ရဟန်းပြုကြသူမှန်က မည်သည့် ကာမဂုဏ် ချမ်းသာ၌မျှ ကပ်ငြိနေရန် မသင့်လျော်ချေ။ ကာမဂုဏ်၌ ကပ်ငြိတပ်မက်နေမှုသည် အတွင်းစိတ်သန္တာန်၏ ကြီးပွားမှုကို တားမြစ်ပိတ်ပင်စေသည်။

စင်စစ်အားဖြင့် အာရုံမွန်ကို အောက်မေ့မှု သတိ၊ အပြားအားဖြင့် ကောင်းစွာသိမှု ဆင်ခြင်တုံပညာတို့ကိုလည်း ပျက်ပြားချွတ်ယွင်းစေတတ်သည်။ ဘုရားအလိုတော်နှင့် ပင်ကိုသဘာဝရင်းအရဆိုလျှင်၊ ထိုကာမဂုဏ်စည်းစိမ်ချမ်းသာကို ခံစားမက်မော တွယ်တာကပ်ငြိမှုသည် တစ်ခုသောအစွန်းလည်းဖြစ်၏။ မမြတ်သော အကျင့်လည်း ဖြစ်သည့်ပြင် တိုးတက်ခြင်း၏ အကြောင်းတရားလည်း မဟုတ်ချေ။

အတ္တကိလမထာနုယောဂ

ကာမဂုဏ်ချမ်းသာ၌ မက်မောမှုသည် အစွန်းတစ်ခု ဖြစ်သကဲ့သို့ နိဗ္ဗာန်ချမ်းသာ ရရှိရန်အရေးဖြင့်၊ ခန္ဓာကိုယ်ကို သည်းထန်စွာ ဒုက္ခပေးမှုသည်လည်း တစ်ခုသောအစွန်းပင်ဟု မြတ်စွာဘုရား ဟောတော်မူသည်။ ယင်းကို ဆင်းရဲဟူ၍လည်းကောင်း၊ အရိယာတို့၏ ဥစ္စာမဟုတ်ဟူ၍လည်းကောင်း၊ အကျိုးမဲ့ဟူ၍လည်းကောင်း ဟောတော်မူသည်။ သို့ရာတွင် ယင်းကို ဟီန (အယုတ်တရား) ဟုဟောတော်မမူချေ။ မိမိကိုယ်ကို ဒုက္ခပေးတတ်သော အတ္တကိလမထာနုယောဂအကျင့်သည် စင်စစ်ပယ်စွန့်ရမည့် အစွန်းတစ်ခုမှန်သော်လည်း ယင်းသို့ ဒုက္ခပေး၍ ပြင်းထန်သော အကျင့်များကို ကျင့်သုံးသူတို့သည် လူသာမန်တို့ မဟုတ်သည့်ပြင် ထိုအကျင့်များလည်း လူသာမန်တို့ ကျင့်သုံးနိုင်သော အကျင့်များ မဟုတ်ရကား ဟီန (အယုတ်တရား) ဟု ဟောတော်မမူချေ။

ဤမိမိကိုယ်ကို ဒုက္ခပေးတတ်သော အကျင့်ကို ကိုယ်ခန္ဓာအားနည်းလျှင် သတိပညာလည်း အားနည်းတတ်သည်ဖြစ်ရာ၊ အတွင်းစိတ်သန္တာန်၏ တိုးတက်ကြီးပွားခြင်းကို ပိတ်ဆီးတတ်သဖြင့် တစ်ခုသော အစွန်းဖြစ်သည့်အတိုင်း၊ ရဟန်းများ ပယ်စွန့်ရမည်ဟု ဟောတော်မူသည်။

ယင်းသို့ ဤအစွန်းများကို ပယ်စွန့်ရမည်ဟု ဟောတော်မူခြင်းသည် ရှင်တော်ဘုရား၏ ကိုယ်တွေ့အားဖြင့် သိတော်မူချက် များပင်ဖြစ်၍၊ ကိုယ်တွေ့များကို ဟောပြတော်မူခြင်း ဖြစ်ပေသည်။ ရှေးမဆွက မင်းစည်းစိမ် ခံစားတော်မူသောအခါ၊ ကာမသုခလ္လိကာနုယောဂကျင့်စဉ်ကို ကျင့်ခဲ့၍၊ ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ၊ အတ္တကိလမထာနုယောဂ ကျင့်စဉ်ကို ကျင့်ခဲ့သည်။ အရမ်းမဲ့ ယုံကြည်ဘို့ တစုံတရာ ဗုဒ္ဓဘာသာတရားတော်၌ မရှိချေ။

မဇ္ဈိမပဋိပါဒ (သို့) မဂ္ဂင်ရှစ်ပါး

ဤသို့လျှင် ပယ်စွန့်ထိုက်သော နိဗ္ဗာန်ချမ်းသာ မရကြောင်း အစွန်းနှစ်ပါးကို ပယ်စွန့်ရမည်ဟု ဟောတော်မူပြီးလျှင်၊ သဗ္ဗညုတဉာဏ်တော်ဖြင့် အထူးရှာဖွေ၍ရသော နိဗ္ဗာန်ချမ်းသာရကြောင်း ဉာဏ်မျက်စိကို ပြုပေးတတ်သော အကျင့်မြတ်ရားအလင်းရောင်ကိုလည်း ထွန်းလင်းပြတော်မူလေသည်။

သို့ထွန်းလင်းပြတော်မူသော ထိုတရားအလင်းရောင်သည်လည်း၊ ရှည်လျားလှစွာသောကာလက ဖုံးကွယ်နေသော ရှေးဟောင်းကျင့်စဉ် လမ်းရိုးပင်ဖြစ်လေသည်။ ထိုကျင့်စဉ်သည် ကိလေသာ ငြိမ်းရန်၊ စင်ကြယ်သော ဉာဏ်အမြင်ရရန်၊ အမှန်ကို ထိုးထွင်းသိရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တရားအလင်းရောင်ပင်ဖြစ်၍၊ ယင်း၏အမည်မှာ မဇ္ဈိမပဋါဟုတွင်လေသည်။ မဇ္ဈိမပဋိပါဒဟူသည် အလယ်အလတ် ကျင့်စဉ်ဖြစ်၏။ ယင်းသည့် မဇ္ဈိမပဋိပါဒ (သို့) မဂ္ဂင်ရှစ်ပါးမှာ :

သမ္မာဒိဋ္ဌိ= ကောင်းမြတ်စင်ကြယ်သော သိမြင်မှု
သမ္မာသင်္ကပ = ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု
သမ္မာဝါစာ = ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု
သမ္မာကမ္မန္တ = ကောင်းမြတ်စင်ကြယ်သော ကာယကံမှု
သမ္မာအာဇီဝ = ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု
သမ္မာဝါယမ = ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု
သမ္မာသတိ = ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု
သမ္မာသမာဓိ = ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု
ဟု ရှစ်မျိုးရှစ်ပါး ရှိလေရာ၊ ယင်းကိုပင် မဂ္ဂင်= မဂ်၏ အစိတ် အပိုင်းဟု ခေါ်သည်။

မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်ဟု အမည်ပေးထားသာဖြင့်၊ ဗုဒ္ဓဘာသာဟူသည် ပူဇော်မှု ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ၊ ကိုယ်တိုင်လုပ်ထုံးဖြင့် ကျင့်သုံးရသော နိဗ္ဗာန်လမ်းစဉ်မျိုး ဖြစ်ကြောင်းလည်း ကောင်းစွာ ထင်ရှားလှ၏။ မဇ္ဈိမပဋိပဒါကြောင့် ရအပ်သော အကျိုးတရားမှာ ကိလေ သာတို့ကို ဖျက်ဆီးသဖြင့်ရအပ်သော အလွန်စင်ကြယ်မွန်မြတ်သော ချမ်းသာအကျိုးတရားပင် ဖြစ်လေသည်။

ပဉ္စဝဂ္ဂီငါးဦးတို့အား ထိုနေ့က တရားအလင်းရောင် မဇ္ဈိမပဋိပဒါကို ထွန်းပြဟောတော်မူခဲ့သည်မှာ ယခုဘဝ၌သော်လည်းကောင်း၊ နောင်ဘဝတို့၌ သော်လည်းကောင်း၊ ဘဝချမ်းသာ လောကစည်းစိမ်များကို ရစေနိုင်ရန် ထွန်းပြဟောကြားခဲ့သည် မဟုတ်ဘဲ၊ လောကုတ္တရာချမ်းသာကိုရရန်၊ လောကုတ္တရာချမ်းသာသို့ ဆောင်ပို့နိုင်သော တစ်ခုတည်း၊ တစ်ကြောင်းတည်း၊ တစ်ရောင်တည်းသော ဓမ္မနည်း လမ်းစဉ်အဖြစ်ဖြင့်၊ ဟောကြားခဲ့ကြောင်း သိသင့်ပေသည်။

သစ္စာလေးပါး

ဤသုတ္တန်ဒေသနာ၏ အစပိုင်း၌ ပဉ္စဝဂ္ဂီငါးဦးတို့၏ အယူမှားကို ပယ်ဖျက်ပြီးလျှင်၊ တရားစစ်၏အခြေခံ သစ္စာလေးပါးကို အကျယ်ရှင်းလင်းဟောပြတော်မူ၏။ ထိုသစ္စာလေးပါးမှာ ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲ ချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာဟူသော ဤလေးပါးတည်း။ ဤသစ္စာလေးပါးတရားကိုပင် အရမ်းမဲ့ ယုံကြည်စရာအရာ မဟုတ်၊ လက်တွေ့မျက်မှောက် ပြုရမည့်တရားများဖြစ်ကြောင်းကို မှတ်သားရပေမည်။

ဤသစ္စာလေးပါးတရား၌ ဆင်းရဲကို အရင်းခံထား၍ ဟောကြားသော်လည်း၊ ဆင်းရဲမှ လွတ်မြောက်ရာကိုလည်း ဟောပြ လျက်ရှိ၏။ ဆင်းရဲကို မည်သူမျှအလိုမရှိ ချမ်းသာကိုသာလိုချင်ကြ၏။ သို့ရာတွင် လူအမျိုးမျိုး၊ နတ်အထွေထွေရှိနေကြသဖြင့်၊ တစ်ဦးအား ချမ်းသာဖြစ်သောအရာသည် အခြားတစ်ဦးအား ချမ်းသာဖြစ်လိမ့်မည်ဟု မုချဆိုနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍၊ မိမိလိုလားတိုင်းသော ချမ်းသာဟူသမျှ ပြည့်စုံနိုင်မည့် နိစ္စထာဝရဖြစ်သည့် ကောင်းကင်ဘုံမျိုး မရှိနိုင်။

ခံစားမှုဝေဒနာ စွဲ၍ဖြစ်သော ချမ်းသာမျိုးသည် တည်မြဲသောချမ်းသာမျိုး မဟုတ်ချေ။ ခံစားမှုနှင့်စပ်သော ချမ်းသာမျိုး၏ မမြဲပုံမှာ ကျွန်ုပ်တို့၏ ကိုယ်တွေ့ပင်ဖြစ်၍၊ ထင်ရှားလှ၏။ ရှင်တော်ဘုရား၏ တရားတော်အလို နိဗ္ဗာန်ချမ်းသာဟူသည် ဒုက္ခအားလုံး အကြွင်းမဲ့ချုပ်ငြိမ်းမှု သန္တိကို စွဲ၍ဖြစ်သော အေးငြိမ်းမှုဟူသော ချမ်းသာမြဲပင် ဖြစ်လေသည်။

ဒုတိယဖြစ်သော သမုဒယသစ္စာ၌ ဝေဖန်ပြသော ပေါနော¸ ဝိကာဟူသော စကားအရ၊ တဖန်ဘဝသစ်ကို ပေးတတ်၏ဟု အဓိပ္ပာယ်ကျရာ၊ သတ္တဝါတို့အား နောင်ဘဝရှိကြောင်း ဘုရားဝန်ခံတော်မူသည်။ ထိုစကားရပ်ဖြင့် နောက်ဘဝမရှိသူဟု ယူ လေ့ရှိကြသူ ဥစ္ဆေဒဝါဒသမားတို့အား ယင်းတို့၏ အယူမှားကြောင်းကို ဖြေကြားရာရောက်သည်ကိုလည်း၊ အထူးသတိပြု သင့်ပေသည်။

ဤသုတ္တန်ဒေသနာ၏ အလယ်ပိုင်း၌ ရှေးကမကြားစဖူးသော တရားထူးတို့၌ ဉာဏ်အလင်း ဖြစ်ပေါ်လာကြောင်း ဟောတော်မူ ၏။ ထို့အတူပင် ထိုသစ္စာတို့နှင့် စပ်လျဉ်း၍ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးပါးဖြစ်ပုံနှင့် တဆယ့်နှစ်ပါးသော အခြင်းအရာတို့ကို အကျယ်ခွဲခြားပြတော်မူသည်။

သစ္စာလေးပါးတို့တွင်

ဒုက္ခသစ္စာကို ပိုင်းခြားသိရမည်။
သမုဒယသစ္စာကို ပယ်ပစ်ရမည်။
နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။
မဂ္ဂသစ္စာကို ပွားများရမည်။
ဤသစ္စာလေးပါးနှင့် စပ်လျဉ်း၍၊ ရှင်းရှင်းလင်းလင်း အသိဉာဏ် မဖြစ်ပေါ်သေးသမျှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိကြောင်း လောက၌ ပြောပြတော်မမူ။ သစ္စာလေးပါးကို ရှင်းရှင်းလင်း လင်း ပြည့်ပြည့်စုံစုံ သိမြင်တော်မူသောအခါကျမှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူကြောင်း ဟောပြတော်မူ၏ဟု သုတ်အဆုံး၌ မိန့်တော်မူ၏။

ဤကား ငါ၏အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန်ဖြစ်ပေါ်ခြင်းမရှိဟု အဆုံးသတ်ဘဝအဖြစ်ကို ထင်ရှားစွာ ပြတော်မူပြီးလျှင်၊ ဤတရားဦးဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။

ဒေသနာတော်၏ အဆုံး၌ အရှင်ကောဏ္ဍညမထေရ်သည် ရှေးဦးစွာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ၊ သောတာပန် ဖြစ်လေ သည်။ တရားအလင်းရောင်၏ အကြည်ဓာတ်ကို ခံယူရန် လာရောက်ကြသော ထောင်သောင်းမက များပြားလှစွာသော နတ်ဗြဟ္မာတို့သည် ကောင်းချီးနုမော် သာဓုခေါ်ဆိုကြလေကုန်သတည်း။

Ref: Wikipedia



#ရွှေငါးဟင်းခတ်အချိုမှုန့်

Address

Shwelinban
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959897744477

Website

Alerts

Be the first to know and let us send you an email when Golden Fish Super Seasoning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Fish Super Seasoning:

Share