ဧဒင်စံ ဆေးကုလားမထုတ်ကုန်များ - Adensan

  • Home
  • Myanmar
  • Singu
  • ဧဒင်စံ ဆေးကုလားမထုတ်ကုန်များ - Adensan

ဧဒင်စံ ဆေးကုလားမထုတ်ကုန်များ - Adensan ဆီးကျင်ဆီးအောင့် ဝမ်းချုပ်ခြင်းများအတွက်
ဆေးဘက်ဝင် သဘာဝ ဆေးကုလားမ(လျှော်ဖြူ)ဖျော်ရည်များကိုလေ့လာပါ။

07/06/2024
28-5-2024 လက်ပန်လှ ကိုပွဲကြည့်လာရင်း ဒါလေးတွေဝယ်ဖြစ်အောင်ဝယ်သွားနော် ။လက်ပန်လှထုတ်ကုန်လေးတွေပါနော်။
27/05/2024

28-5-2024 လက်ပန်လှ ကိုပွဲကြည့်လာရင်း ဒါလေးတွေဝယ်ဖြစ်အောင်ဝယ်သွားနော် ။လက်ပန်လှထုတ်ကုန်လေးတွေပါနော်။

💕💕💕
16/04/2024

💕💕💕

နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများခရမ်းလွန်ရောင်ခြည် (UVR) ဆိုသည်မှာ နေမင်းကြီးမှ  ထုတ်လွှတ်လိုက်သောရောင်ခြည်ထဲတွင်  ရေ...
03/04/2024

နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ

ခရမ်းလွန်ရောင်ခြည် (UVR) ဆိုသည်မှာ နေမင်းကြီးမှ ထုတ်လွှတ်လိုက်သောရောင်ခြည်ထဲတွင် ရောနှောပါလာသည့် စွမ်းအားမြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ အိုဇုန်းလွှာယိုယွင်းပါးလွှာမှုကြောင့် ကမ္ဘာတစ်လွှား တစ်နှစ် ထက်တစ်နှစ် သိသိသာသာ အပူဓာတ်ကဲလျက်ရှိသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတိုင်းထွာချက်များအရ အဆင့် သုည မှ ၁၁ အထိရှိပြီး အပူချိန် သုည မှ ၃ အထိကို အနိမ့်ဆုံးအဆင့်၊ ၄ မှ ၈ အထိကို အလယ်အလတ်အဆင့်နှင့် ၈ မှ ၁၁ အထိကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားသည်။ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားခြင်းကို သတိပြုသင့်သည်။

အထူးသဖြင့် ခြောက်နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများနှင့် မွေးရာပါ အသားဖြူ သူများက နေရောင်ခြည်ကို အာရုံခံစားလွယ်ကြသည်။ နေလောင်ဒဏ်ခံထားရသော အရေပြားကိုကိုင်တွယ်ကြည့်ပါက နာကျင်နေတတ်သည်။ ထိုအသေးစားနေလောင်ခြင်းကို ကုသရန်လွယ်ကူသော်လည်း အရေပြားနီမြန်းနာကျင်ရုံသာမက ရောင်ရမ်းပြီး အရည်ကြည်ဖုများပေါက်လာပါက အတွင်းပိုင်းအရေပြားအလွှာနှင့် အာရုံကြောများကိုပါထိခိုက်၍ အန္တရာယ်ရှိသည်။

ထို့ကြောင့် နေပူဒဏ်မှကာကွယ်ရန် အောက်ဖော်ပြပါ ရှောင်ရန်/ဆောင်ရန် နည်းလမ်းများဖြင့် ကျန်းမာသုတများကို ရေးသား မျှဝေလိုပါသည်။

လိုက်နာဆောင်ရွက်ရန်အချက်များ

ယခင်ထက်ပို၍ ရေများများသောက်ပါ။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့ လျှင် သန့်ရှင်းသောသောက်ရေကို ငှက်ပျောဖူး ၁၀ ပုလင်းမှ ၁၆ ပုလင်း(ငါးလီတာမှ ရှစ်လီတာခန့်)အား ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်သည်။

ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော အစားအသောက်များဖြစ်ကြသည့် နွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ သလဲသီး၊ သံပရာသီး၊ ဘူးသီး၊ ဖရုံ၊ သခွား၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ဂေါ်ရခါးသီး၊ လိမ္မော်၊ စပျစ်၊ နာနတ်၊ ဂရိတ်ဖရုသီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ မုန်လာဥအဖြူ၊ ဟင်းရွက်သုပ်၊ အစိမ်းရောင်ငရုတ်ချိုပွ၊ ပူစီနံရွက်(ပူဒီနာ)၊ ကြံရည် စသည်တို့ကို စားသောက်ပေးသင့်သည်။

အဆီပြန်ဟင်းလျာများထက် အိုမီဂါ-၃ ဖက်တီးအက်စစ် ကြွယ်ဝသည့် ပင်လယ်ငါးစားပေးပါ။ ကိုကိုး၊ မန်ကျည်း ဖျော်ရည်၊ ဆေးကုလားမ၊ ခရမ်းချဉ်သီးဖျော်ရည်များနှင့် လက်ဖက်ရည်ကြမ်းတို့ကို များများသောက်ပါ။

အရိပ်ရ၍ အေးမြသောနေရာများတွင် သာနေပါ။

အသက်တစ်နှစ်အောက် ငယ်ရွယ်သောကလေးများကို နေပူထဲသို့ခေါ်ဆောင်ခြင်းမပြုပါနှင့်။ ကလေးငယ်များကို အရိပ်ထဲတွင်သာ ကစားပါစေ။

မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော အသည်းရောင်အသားဝါရောဂါ၊ ခရုသင်းရောဂါ အစရှိသော အရေပြား ရောဂါများကို ခရမ်းလွန်ရောင်ခြည်ကုထုံးဖြင့် ကုသရသော်လည်း ရင်သွေးငယ်မျက်စိမထိခိုက်အောင် အရောင်ရင့်ရင့် မျက်စိအကာအကွယ်ယူရလေ့ရှိသည်။ အလားတူပင် နုနယ်သော ရင်ခွင်ပိုက်ကလေးများကို နေပူထဲထွက်ခါနီးမှာ မျက်စိပါမကျန် သတိထား၍ ဖုံးအုပ်ပေးဖို့လိုသည်။

ရေချိုးနည်းမှန်ကန်မှသာလျှင် အပူလေသင်တုန်း(ံနအေ ှအမသုန)ကို ကာကွယ်နိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်း အဆင့်ဆင့်ကို ယခုလို အကြံပြုလိုပါသည်။

(က) ရေကို အရိပ်ထဲ တွင်ချိုးရပါမည်။

(ခ) ဦးစွာ သောက်ရေ တစ်ဖန်ခွက်အပြည့်သောက်ပါ။

(ဂ) ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက်ဖျားနှင့် လက်မောင်းများ စသည့်သုံးနေရာတို့ကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။

(ဃ) ပြီးမှ မျက်နှာသစ်ပါ။

(င) တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့် ပက်ပေးပါ။

(စ) ဖော်ပြပါနည်းအဆင့်ဆင့်အတိုင်းဆက်၍ချိုးပါ။

မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။

မိမိနေအိမ်ခန်းများသို့လည်း နေရောင်ခြည်စူးရှသည့် အလင်းရောင် တိုက်ရိုက်မကျရောက်စေရန် အကာ အကွယ်ပြုပါ။ ပြင်ပအပူဒဏ်သက်သာစေရန် နေအိမ်တွင် လေဝင်လေထွက်ကောင်းသော ချည်သားအဝတ် အထည် သို့မဟုတ် စပန့်သားပွပွတို့ကိုသာ ဝတ်ဆင်ပါ။

ပူပြင်းသော နေရောင်ခြည်အောက် မဖြစ်မနေ သွားလာရမည်ဆိုပါက နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ အောင် မျက်နှာ၊ လည်ပင်း၊ ပခုံး စသည်တို့ကိုပါ အပူဒဏ်ကာကွယ်ပေးနိုင်မည့် ဦးထုပ်နှင့် UV ပါသော ထီးများ ကိုင်ဆောင်းပါ။

မျက်လုံးတစ်ဝိုက် ၉၉ ရာခိုင်နှုန်း လုံခြုံစွာဖုံးအုပ်နိုင်သော နေကာမျက်မှန်တပ်ဆင်ပါ။

အသားလည်းအေး၊ နေလောင်မှုလည်းသက်သာစေမည့် မြန်မာ့သနပ်ခါးစစ်စစ်ကို ညအိပ်ရာဝင်ခါနီးတိုင်းလိမ်းပါ။

ဦးရေပြားနေလောင်ခြင်းမှ ကာကွယ်ရန်အတွက် SPF ပါသော ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ စသည်တို့ လိမ်းကျံ ပြီးမှ ထီး သို့မဟုတ် ဦးထုပ်ဆောင်း၍ အပြင်ထွက်ပါ။

နေလောင်ခြင်းအတွက် နှုတ်ခမ်းအသားပပ်၍ကွဲအက်ခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် SPF ပါသော နှုတ်ခမ်း ဆိုးဆေးကိုသုံးပါ။

မီးဖိုချောင်သုံး ရှလကာရည်ကလည်း နေလောင်၍ အသားအရေ ပူစပ်ပူလောင်ခြင်းကို သက်သာစေသည်။

နွေရာသီသာမက ဆောင်းရာသီတွင်လည်း နေ့လယ်ဘက်အပူရှိန်ပြင်းထန်သဖြင့် နေရောင်ခြည်ဒဏ် အကာ အကွယ်ယူ၍ အပြင်သို့ထွက်ပါ။ မိုးအုံ့သော်လည်း ခရမ်းလွန်ရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်နိုင် သဖြင့် နေရောင်ခြည်ဒဏ် အကာအကွယ်ယူခြင်းဖြင့် အန္တရာယ်ကိုကျော်လွှားပါ။

နေလောင်ဒဏ်ခံရသော အရေပြားကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှုသက်သာစေရန် အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်သည်။

နေလောင်ဒဏ်ကြောင့် သဘာဝအဆီများခန်းခြောက်စေတတ်၍ ရေအေးအေးဖြင့် လေးမိနစ်ခန့်ရေစိမ်ချိုးပါ။

ရှောင်ကြဉ်ရန်အချက်များ

နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

ပူပြင်းသည့် နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကား အတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း သို့မဟုတ်အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင် အောက်သို့ ချက်ချင်းထွက်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည်တို့ကို အထူး ရှောင်ရှားသင့်ပေသည်။

ခန္ဓာကိုယ်တွင်း အပူချိန်မြင့်မားစေတတ်သော ချင်း၊ ငရုတ်သီးအမျိုးမျိုး၊ ငရုတ်ကောင်းမှုန့်၊ ချောကလက်၊ ဆိုဒါ၊ ဆီကြော်မုန့်အမျိုးမျိုး၊ အရက်၊ ချိစ်၊ ကော်ဖီတို့ကိုရှောင်ပါ။

အထက်ဖော်ပြပါ နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများသည် အရွယ်သုံးပါး လူသားအားလုံးအတွက် အကျုံးဝင်ပြီး အထူးသဖြင့် သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည် ရောဂါရှိသူ များ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ)၊ ဝလွန်းသူများ၊ ကာယလုပ်သားများ၊ အားကစား လုပ်သားများ၊ အရက်စွဲသောသူများနှင့် မူးယစ်ဆေးသုံးစွဲသူတို့တွင် အပူဒဏ်အန္တရာယ် ပိုမိုသတိထားသင့်ပေသည်။ ။



ပေါက်ပေါက်

Heat stroke Warning ⚠⚠⚠အယ်နီညိုထွက်ခတ် ခတ်မည် ၂၀၂၄ ဧပြီလ ပထမပတ်အတွင်း မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပူပြင်းခြောက်သွေ့နိုင...
02/04/2024

Heat stroke Warning ⚠⚠⚠

အယ်နီညိုထွက်ခတ် ခတ်မည်

၂၀၂၄ ဧပြီလ ပထမပတ်အတွင်း မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပူပြင်းခြောက်သွေ့နိုင်ပြီး အထူးသဖြင့် ဧပြီလ ၆ရက်နေ့ ၇ရက်နေ့ ၈ရက်နေ့တွေမှာ နေ့အပူချိန်များသိသိသာသာပိုမိုပူပြင်းနိုင်ပါတယ်။

၂၀၂၄ ဧပြီလ ၂ရက်နေ့မှ ၁၀ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ ပူပြင်းခြောက်သွေ့နိုင်ပါတယ်။ အပူရှပ်ခြင်းသတိပြုပါ(Heat stroke)

မနက် ၁၀ နာရီမှ ညနေ ၅နာရီအတွင်း ရေချိုးခြင်းကို ရှောင်ကျဉ်ကြပါ။
အရိပ်အာဝါသကောင်းကောင်းမှာနေထိုင်ကြပါ။

Credit - Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

မူရင်း ပို့စ်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ခုလိုရာသီဥတုပူပြင်းလာချိန်မှာ အပူရှပ်ခြင်းကိူ သိရှိကာကွယ်နိင်ကြပါစေ။Crd Dr N Myanmarအပူရှပ်ခြင်း အမျိုးအစားများအပူရှပ်ခြ...
30/03/2024

ခုလိုရာသီဥတုပူပြင်းလာချိန်မှာ အပူရှပ်ခြင်းကိူ သိရှိကာကွယ်နိင်ကြပါစေ။
Crd Dr N Myanmar
အပူရှပ်ခြင်း အမျိုးအစားများ
အပူရှပ်ခြင်း နှစ်မျိုးနှစ်စား ရှိပါတယ်။
• ရေဓါတ်လျော့နည်းခြင်း – ရေငတ်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်း။
• ဆားဓါတ် လျော့နည်းခြင်း – ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်း။
အပူရှပ်ခြင်းရဲ့ ရောဂါ လက္ခဏာများ
အောက်ဖေါ်ပြပါ လက္ခဏာတွေ ပြတတ်ပါတယ်။
• စိတ်ရှုပ်ထွေးခြင်း
• ဆီးအရောင်ရင့်ခြင်း
• ခေါင်းမူးခြင်း
• သတိမေ့ခြင်း
• ပင်ပန်းလွယ်ခြင်း
• ခေါင်းကိုက်ခြင်း
• ကြွက်တတ်ခြင်း
• ပျို့အန်ခြင်း (သို့) ဝမ်းလျှောခြင်း
• အသားအရေ ဖြူဖျော့ဖျော့ ဖြစ်ခြင်း
• ချွေးထွက်လွန်ခြင်း
• နှလုံးခုန် မြန်ခြင်း
အပူရှပ်ခြင်း ကို ဘယ်လိုကုသရမလဲ။
အပူရှပ်ပြီဆိုရင် ပူတဲ့နေရာက ရှောင်ကြဉ်ပြီး အေးမြတဲ့ နေရာတစ်ခုမှာ အနားယူသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ အနီးအနားက အေးမြတဲ့ သစ်ပင်ရိပ်အောက်မှာ သွားနေသင့်ပါတယ်။
ပြီးရင်တော့
• အရည် အများကြီးသောက်ပါ။ ကော်ဖီနဲ့ အရက်ကို ရှောင်ကြဉ်ပါ။
• ကျပ်တည်းတဲ့ အဝတ်အစားတွေကို ချွတ်ပါ။
• ရေချိုးပါ။
• အေးစေတဲ့ ပန်ကာ (သို့) ရေခဲစိမ် တဘက်တွေကို အသုံပြုပါ။
၁၅ မိနစ်လောက်နေတဲ့အထိ အကျိုးမရှိရင် အရေးပေါ် ကျန်းမာရေးကုသမှု ယူပါ။ မယူရင်တော့ သေစေနိုင်သော heat stroke အထိ ဖြစ်နိုင်ပါတယ်။
အပူလျှပ်ခြင်းကနေ ပြန်ကောင်းလာပြီးရင် ပူပြင်းတဲ့ ရာသီဥတုနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြန်မဖြစ်မချင်း မပြုလုပ်သင့်ပါဘူး။
အပူရှပ်ခြင်း အကြောင်းရင်းများ
မြို့ပြမှာနေခြင်းဟာ လေရဲ့ အရည်အသွေးညံ့ဖျင်းတာမို့ အပူရှပ်ခြင်း ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ ကတ္တရာတွေနဲ့ ကွန်ကရစ်တွေဟာ နေ့အချိန်မှာ အပူကို စုပ်ယူထားပြီး ညအချိန်မှာမှ တစ်ဖြည်းဖြည်း ပြန်လည်ထုတ်လုပ်ပေးကာ ညအချိန် အပူချိန်မြင့်စေခြင်းလို့ ခေါ်ပါတယ်။
အခြား အပူနဲ့ ပတ်သက်တဲ့ ဖျားနာမှုတွေကတော့
• အသက် – မွေးကင်းစကလေးတွေ၊ အသက်လေးနှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက် လူကြီးတွေဟာ အပူရှပ်ခြင်း ပိုမိုဖြစ်ပွားနိုင်ပါတယ်။ သူတို့ဟာ အပူကို အခြားသူတွေလို လျင်မြန်စွာ ထိန်းညှိနိုင်ခြင်း မရှိလို့ ဖြစ်ပါတယ်။
• ကျန်းမာရေးရောဂါများ – နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတွေနဲ့ အဝလွန်ခြင်း၊ ပိန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆီးချို၊ စိတ်ရောဂါ၊ အရက်သောက်ခြင်း၊ နေလောင်ခြင်းနဲ့ အခြားအဖျားတက်ခြင်း ဖြစ်ပွားစေတဲ့ အခြေအနေများ
• ဆေး – အားဆေး၊ နှလုံးဆေး၊ သွေးပေါင်ကျဆေး၊ စိတ်ရောဂါဆေးများ
ဒီရောဂါအခြေအနေတွေ ရှိခဲ့ရင် ပြင်းထန်တဲ့ ပူပြင်းစွတ်စိုမှုကို ထိန်းညှိနိုင်တဲ့ အစွမ်းကို ထိခိုက်မှု ရှိမရှိ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။
အပူရှပ်ခြင်းကို ဘယ်လိုကာကွယ်မလဲ
အပြင်မှာအရမ်းပူနေရင် အေးတဲ့နေရာမှာ နေပါ။ နေအောက်မှာ နေမှ ဖြစ်မယ်ဆိုရင် အပူရှပ်ခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာပါ။
• အသားရောင် အဝတ်အစားဝတ်ဆင်ပါ။ လျှာထိုးပါတဲ့ ဦးထုပ်ဆောင်းပါ။
• နေလောင်ခံခရင်မ် အသုံးပြုပါ။
• ရေအများအပြားသောက်ပါ။
ကော်ဖီ (သို့) အရက်တွေဟာ ရေပိုငတ်စေပြီး အပူလျှပ်ခြင်းကို ပိုဆိုးစေတာမို့ မသောက်သင့်ပါဘူး။ သင့်မှာ တက်ခြင်း (သို့) နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ (သို့) ကိုယ်ခန္ဓါအတွင်း အရည်များတဲ့ ရောဂါတွေရှိရင် အရည် အများကြီးမသောက်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Crd💁လူနေခန်းတွေ အတွက် Air-condition setting ဘယ်လောက်ထားမလဲ ?Air-condition များ နွေရာသီ အအေး temperature setting✅ကျန်းမာရ...
30/03/2024

Crd
💁လူနေခန်းတွေ အတွက် Air-condition setting ဘယ်လောက်ထားမလဲ ?
Air-condition များ နွေရာသီ အအေး temperature setting

✅ကျန်းမာရေး စွမ်းအင်ချွေတာရေး ကြာရှည် အသုံးပြုနိုင်ရေး အကြံပေးချက်
အခုတော်တော် များများတွေ့နေရတာ သတိထားမိတာ ကတော့ air-condition ကို room temperature setting တွေ ကို တွေ မှာ တခါတလေ အနိမ့်ဆုံးတွေ ချထားပြီး အဲကွန်းကို အရမ်းအေးအောင် လုပ်ထားတာတွေ့ပါတယ် ။ အများအားဖြင့် ရုံးတွေ super market , စားသောက်ဆိုင်တွေ မှာပါ ။ setting ကို 16, 18 ကိုတွေ့နေရပါတယ်။ လူတွေ တနေကုန် အလုပ်လုပ် ၀င်ရတဲ့ တဲ့နေရာတွေ ဆို အပူ အအေးပြောင်းလဲ မှု အရမ်းခြား နားရင် ပြသနာရှိပါတယ် ။လေဖြတ်တယ်ဆိုတာ အဲဒါတွေ ကစတာပါ။ အရမ်းအေးနေတဲ့ နေရာကနေ ပူနေတဲ့နေရာ အရမ်းပူနေတဲ့ နေရာကနေ အရမ်းအေးတဲ့ နေရာ ကို ၀င်တဲ့ အခါတွေပေါ့ ။တချို့ကလဲ အရမ်းပူနေတာကနေ အရမ်းအေးတဲ့ နေရာကို ၀င်ရတာ သဘောကျတယ်။စိမ့်နေတာပဲ ဆိုပေမဲ့ ခန္တာကိုယ် မှာထိခိုက်သွားတာ မသိလိုက်ဖူး။

✅လူတွေ အတွက် ပြသနာ ရှိတော့ HVAC course တွေ မှာ summer တွေမှာ aircon setting ချိန်တဲ့ formula ရှိပါတယ်။
အခန်းရဲ့ ပြင်ပ အပူချိန် ထဲ ကနေ လေး နုတ် ရတာကို နှစ်နဲ့စား နောက် တစ်ဆယ်ပေါင်း ရင် setting လုပ်ရမဲ့ အခန်း temperature ကို ရပါမယ်။

✅ဥပမာ အပြင် အပူချိန်က ၃၆ ဒီဂရီ ရှိရင် 36-4 = 32 ကို ၂ နဲ့စား 16 အဲဒါကို ၁၀ ပေါင်း 26 ဒီဂရီ ရပါတယ်။ အဲတော့ အခန်း အပူချိန် ကို ၂၆ ဒီဂရီ setting ထား ရပါတယ်။ အဲတော့ ကျန်းမာရေး အတွက် ၂၅ ဒီဂရီ အောက်ကို မရှိသင့်ပါဖူး။ အပြင်မှာက အခုဆိုရင် ၄၀ ဒီဂရီ နီးပါးရှိနေပါတယ်။
နောက်ဆုံး ကတော့ အကြံပေးတာကမြန်မာပြည်မှာ လူနေ ခန်းများ အတွက် ပူတဲ့ အခါ ၂၅ ဒီဂရီထက် နိမ့် မထားဖို့ပါပဲ ။ အပြင်ထွက်တဲ့ အခါ ပြသနာရှိပါတယ်။

✅အခုတွေ့နေရတာ ပူရင် အဲကွန်းကို temperature ၁၈။ ၁၆ တွေ ချိန်ထားတာတွေ့တယ်။ မချိန်ရပါဖူး ။ တချိ့hotel တွေ မှာလဲတွေ့ပါတယ်။ လာတည်းတဲ့ ဧည့်သည်က ပြန်မချိန်တတ်ရင် ဒုက္ခ ရောက်နိုင်ပါတယ်။ မအေးတာ က aircondition နဲ့ပဲဆိုင်ပါတယ်။ ။ နောက်လိုတာထက်ပို အေးတာက ပိုက်ဆံလဲပိုကုန်တယ်။ စွမ်းအင် အတွက် ကမ္ဘာကြီး ကိုလဲ ဒုက္ခ ပေးတယ်။ ခန္တာ ကိုယ်ကိုလဲ ဒုက္ခပေးပါတယ်။

🏡( မှတ်ချက် လူနေ အခန်းများအတွက် သက်သာသော room temperature setting ကို ရေးသားခြင်း ဖြစ်ပါသည်။ technical ခန်း များအတွက် မဟုတ်ပါ)

🙋‍♂️Sales Department
☎️09-268094455
☎️09-268097744
☎️09-969838744
☎️067-8109889
🙋‍♂️Electronic Service Department
☎️09-268087744
☎️09-268087755

21/01/2024

အထိုင်များမယ်၊ ဝမ်းချုပ်မယ်၊ ဆေးတွေလည်းမသောက်ချင်ဘူးဆိုရင်
ဧဒင်စံ ကိုရွေးလိုက်ပါ။
#ဖျော်ရည်တစ်ခွက်ဆေးတစ်ခွက်
ဖြစ်စေမယ်--

ရဟန်းသံဃာများ၊ သီလရှင်ဆရာလေးများ၊ ယောဂီများ အတွက် အထူးသင့်လျော်ပါတယ်။

ရရှိနိုင်တာလေးတွေက
#ဆေးကုလားမပင်ပွားဖျော်ရည်အမှုန့် 3000 ကျပ်
#ဆေးကုလားမမန်ကျည်းဖျော်ရည်အမှုန့် 4000 ကျပ်

​ ​ဆေးကုလားမ အတုံးအခဲကိုအကြာကြီးရေစိမ်ပြီးအမှိုက်သန့်နေရတဲ့ဒုက္ခတွေကကင်းဝေးပြီး အလွယ်တကူ ရေနဲ့ရောစပ်သောက်သုံးနိုင်မှာပါ။
အမှုန့်ဖြစ်တဲ့အတွက် ဆေးကုလားမအမျင်လေးတွေမရဘဲ အဖတ်လေးတွေကိုပဲခံစားရမှာပါ။
မန်ကျည်းသီးအမှည့်ကို အမှုန့်ပြုလုပ်ထားတာဖြစ်တဲ့အတွက် သဘာဝမန်ကျည်းဖျော်ရည်အရသာကိုခံစားနိုင်မှာပါ။
ဆေးဖက်ဝင်ဖျော်ရည်ဖြစ်တဲ့အတွက် ဘေးဖြစ်စေမယ့် အနံ့ ဆိုးဆေးတွေလုံး မပါဝင်ဘဲ သဘာဝအရသာကိုပဲရရှိမှာပါ။

ဘယ်မှာဝယ်လို့ရနိုင်မလည်းဆိုရင်



ဆိုင်တွေမှာဝယ်ယူနိုင်သလို
#ရွှေနဒီစံ ဖြန့်ချီရေး မန္ဆလေးမြို့
095172924
#ပြင်ဦးလွင် တာရာမင်းစတိုး
#ပခုက္ကူ ဦးမြင့်ဆွေ ဝါးတန်းရပ်

ဆီးကျင်ဆီးအောင့် ဝမ်းချုပ်ခြင်းများအတွက်
ဆေးဘက်ဝင် သဘာဝ ဆေးကုလားမ(လျှော်ဖြူ)ဖျော်ရည်များကိုလေ့လာပါ။

Address

Singu
04191

Telephone

+959989179963

Website

Alerts

Be the first to know and let us send you an email when ဧဒင်စံ ဆေးကုလားမထုတ်ကုန်များ - Adensan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဧဒင်စံ ဆေးကုလားမထုတ်ကုန်များ - Adensan:

Share