သာလီစွ Delivery Service

သာလီစွ Delivery Service ရခိုင်ပြည်နယ်အနှံ Door to Doorဝန်ဆောင်မှုက

08/12/2022

ဖုန်းမကိုင်ရင် OSနဲ့ပြန်တိုင်မှာနော်😁

#သာလီစွဒယ်လီဘာရီ

အခက်အခဲအများကြီးကြားကနိန် ထိုင်းကိုပစ္စည်းတစ်ခု အောင်အောင်မြင်မြင်နဲ့ ရောက်ရှိ #သာလီစွဒယ်လီဘာရီ
24/11/2022

အခက်အခဲအများကြီးကြားကနိန် ထိုင်းကိုပစ္စည်းတစ်ခု အောင်အောင်မြင်မြင်နဲ့ ရောက်ရှိ

#သာလီစွဒယ်လီဘာရီ

💸ကုန်စျီးနှုန်းအဆမတန် တက်နိန်ရေအချိန်မှာ ဒယ်လီခကို ချွေတာလိုက်ကတ်ပါ🤗မြို့တွင်း ပစ္စည်းလာကောက်ခ Freeသက်သာရေ စျီးနှုန်းရန်...
07/08/2022

💸ကုန်စျီးနှုန်းအဆမတန် တက်နိန်ရေအချိန်မှာ ဒယ်လီခကို ချွေတာလိုက်ကတ်ပါ🤗

မြို့တွင်း ပစ္စည်းလာကောက်ခ Free

သက်သာရေ စျီးနှုန်း
ရန်ကုန်မြို့တွင်း အိမ်အရောက် 5000
မန္တလေးမြို့တွင်း အိမ်အရောက် 5000
မော်လမြိုင် အိမ်အရောက် 5500

🚕ကြာချိန် ၃၊၄ရက်
🚕 နှစ်ဆင့်ပို့မြို့ ၆ရက်

☎ phဆက်လိုက်ရုံ (သို့) cbမှ စာပို့လိုက်ရုံနန့် ပစ္စည်းတိကိုလာယူပနာ ပို့ဆောင်ပီးနိန်ပါဗျာလ်

100% ယုံကြည်စိတ်ချရမှု😇

#သာလီစွDeliveryservice
#စစ်တွေ

June first weekအရောင်းရဆုံး စာအုပ်(၁၀)အုပ်
10/06/2022

June first week
အရောင်းရဆုံး စာအုပ်(၁၀)အုပ်

Arrived yesterday andWe finished deliverying today #သာလီစွDeliveryservice
20/05/2022

Arrived yesterday and
We finished deliverying today

#သာလီစွDeliveryservice

နောက်ဆုံးလမ်းကြောင်းပို့ပီးလို့ အိမ်ပြန်လာတော့ ညမိုးချုပ်နေပြီ။လ က မသာ၊ကြယ်ရောင် မရှိ၊လမ်းမီးတိုင် တစ်ချို့သာ မှိတ်တုတ်တ...
13/05/2022

နောက်ဆုံးလမ်းကြောင်းပို့ပီးလို့ အိမ်ပြန်လာတော့ ညမိုးချုပ်နေပြီ။လ က မသာ၊ကြယ်ရောင် မရှိ၊လမ်းမီးတိုင် တစ်ချို့သာ မှိတ်တုတ်တုတ်ဖြင့် လင်းနေသည်။

ဒီလမ်းက ညဘက်ဆိုရင် တော်တော်ခြောက်တယ်လို့ နာမည်ကြီးတယ်..အခြောက်ကြမ်းလို့ ထင်တယ်၊လမ်းပေါ်မှာ လူတောင်မရှိဘူးးး

ဒါမဲ့ သရဲ၊တစ္ဆေက ကျနော့အတွက် ပြသနာမဟုတ်...
ရတနာသုံးပါးကို အစဥ်ဦးထိပ်ပန်ဆင်သူမို့ သရဲ၊တစ္ဆေကို ကျနော်မကြောက်ပေ...​

အတွေးနယ်ချဲ့နေစဥ် ဆိုင်ကယ်ရှေ့သို့ ရုတ်တရက်ဝင်လာတဲ့အရာကြောင့် ဆိုင်ကယ်ကို ချက်ချင်းရပ်လိုက်တယ်...ထောင်းခနဲထွက်လာတဲ့ဒေါသနဲ့အတူ
"ဟေ့လူ ခဗျား ဆိုင်ကယ်လာတာမမြင်ဘူးလား" လို့ ပိတ်ဟောက်လိုက်တော့

အလို...ထူထဲသော မျက်ခုံးအောက်က သနားစဖွယ်မျက်ဝန်းတစ်စုံ

ကြောက်၍ထင်သည်...မျက်ရည်စက်လေးတစက်က ဖြောင့်စင်းသော နှာတံလေးမှတဆင့် နှုတ်ခမ်းပါးလေးဆီသို့ လျှောဆင်းသွားသည်။

ပန်းဆီရောင်နှုတ်ခမ်းပါးထက်မှ နှုတ်ခမ်းမွှေးရေးရေးလေးက သူနှင့်ကျမှ ရှားရှားပါးပါး တင့်တယ်နေတယ်...

အဖြူရောင်ဂါဝန်ပါးလေးအောက်က ခန္ဓာပါးလျှပ်လျှပ်လေးက တဆက်ဆက်တုန်ခါလျက်...

"အကို ညမ ဆိုင်ကယ်လမ်းကြုံလိုက်လို့ရမလား ဟင်...တခြားဆိုင်ကယ်တွေလဲ မတွေ့လို့
အကို့ဆိုင်ကယ်ကို အရဲစွန့်ပြီး တားလိုက်တာပါ"

အို! အသံတိုးတိုးလေးက တုန်ခါနှူန်း အားပြင်းသည်။နားစည်ကို ရိုက်ခတ်ရာမှ အသံထွက်ပေါ်လာသည် ဟု ဖတ်ဖူးသည်...ခုကရော နားစည်ကိုရိုက်ခတ်တာပဲလားးးဒါမဲ့ နှလုံးသားက ပိုမိုတုန်ခါနေသလိုလို...

"ရတယ်လေ ညမ အကို ဘယ်နားပို့ပေးရမလဲ"စေတနာထက် အကြင်နာပိုနေမိသည်...

"လမ်းထိပ်ဆို ရပြီ အကိုဆိုပြီး" ဆိုင်ကယ်ပေါ်တက်ခွလိုက်သည်.........
အဖြူရောင်ဂါဝန်အောက်မှ ခြေသလုံးဖွေးဖွေးလေးက
နို့ခွက်ထဲက မလိုင်ဖတ်ကဲ့သို့ပင်...........

ဆိုင်ကယ် ဘရိတ်ညှစ်လိုက်တိုင်း ရှေ့သို့​လျောလျောကျလာတဲ့ အသားစိုင်များက ရင်ကိုလှိုက်မောစေသည်...

ပင်ပန်း၍ထင်သည်...ကျနော့ကျောပြင်ပေါ်သိူ့ သူ့ခေါင်းလေး ငိုက်ကျလာတယ်...နက်မှောင်သည့် ဆံသားခွေခွေလေးများမှ ရှမ်ပူရနံ့လေး.သင်းပျံ့နေလေသည်.........

ညဘက်မှာပွင့်ပြီး ရနံ့သင်းတဲ့ ညမွှေးပန်းကို ညမွှေးပန်း ဟု ကျနော့ရှေ့၌ ပြောလာခဲ့လျှင် ဤဆံသားခွေခွေလေးအား ပြ၍ ငြင်းရပေလိမ့်မယ်............

ထိုစဥ် ဝူးခနဲတိုက်လာသည့်လေပြင်းတစ်ချက်ကြောင့် ဆိုင်ကယ်ခါရမ်းသွားတယ်..."ညမ အဆင်ပြေလား"ဆိုတော့ ဘာသံမှထွက်မလာ...ကျနော်နောက်လှည့်ကြည့်လိုက်တော့..........

"ဟင် ကတုံးကြီး"

ဟုတ်တယ်...ကတုံးမ​ကြီး သူမခေါင်းပေါ်မှာ ကျနော့ညမွှေးပန်းခွေခွေလေးများ မရှိတော့ပေ...လေပြင်းနဲ့ ပါသွားတယ်ထင်သည်...

မသက်ာ၍ လမ်းမီးတိုင်အောက် ဆိုင်ကယ်ရပ်၍ ကြည့်လိုက်တော့

ဟင်...ဆံပင်ကအတု၊မျက်ခုံးမွှေးထူထူ......နှုတ်ခမ်းမွှေး ရေးရေးနှင့်

သေချာထပ်ကြည့်မှ နှုတ်ခမ်းမွှေးတင်မက မုတ်ဆိတ်မွှေးကပါ ရေးရေးလေးးးအဝိဇ္ဇာတဏှာဖုံးလွှမ်းနေတုန်းက မမြင်ခဲ့သည့် လည်စလုပ်ကြီးက မျက်ခွက်လာပြောင်ပြနေသလိုလို

"ဟင် အခြောက်...အခြောက်ကြီး..." ဖေလူးမ အခြောက် ဆိူင်ကယ်ပေါ်ကဆင်းဆိုမှ ပေကပ်ပေကပ်နှင့် ဂါဝန်ကြီးမပြီး လမ်းပေါ်ဆင်းကျန်ခဲ့တယ်....

ဘုရား...ဘုရားး ကံသီပေလို့ပေါ့...ကြက်သီးမွှေးညှင်းများက အခုထိ ထတုန်းပင်...

သြော် ဒါကြောင့်လဲ ဒီလမ်းက အခြောက်ကြမ်းတယ်လို့ နာမည်ကြီးတာကိုးးး

ဒါတောင် ဆိုင်ကယ်ပေါ်ကဆင်းခါနီး အော်ပြောသွားသေးတယ်
"ယောကျာ်းတွေ မကောင်းဘူးတဲ့"

#သာလီစွDeliveryservice
#သာလီစွfoodandbooksdelivery

It was raining💦💦💦But we still serviced on time🛵❣
10/05/2022

It was raining💦💦💦
But we still serviced on time🛵❣

ဒယ်လီဗာရီဆိုတာက မြို့ကြီးတစ်မြို့မှာ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတစ်ခုဗျ...ဒယ်လီဗာရီတွေပေါ်လာလို့ လူတွေ နေပူခံ၊ချွေးထွက်ခံ...
07/05/2022

ဒယ်လီဗာရီဆိုတာက မြို့ကြီးတစ်မြို့မှာ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းတစ်ခုဗျ...

ဒယ်လီဗာရီတွေပေါ်လာလို့ လူတွေ နေပူခံ၊ချွေးထွက်ခံပြီး အပြင်ထွက်ဝယ်စရာမလိုတော့ဘူးးး

အိမ်ထဲကနေ ဖုန်းလေးတစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တာ၊စားချင်တာတွေ အိမ်ရှေ့ချက်ချင်းရောက်လာရောဆိုတော့ အဆင်ပြေတာပေါ့...

အဲ့ထက်အဆင်ပြေချင်ရင် အိမ်ထဲထိပါ ဝင်ပို့ခိုင်းလို့ရသေးတယ်။

ဒယ်လီဗာရီက စစ်တွေမှာ ပေါ်တာမကြာသေးပေမဲ့ ပထမဆုံး မှတ်တမ်းဝင် ဒယ်လီဗာရီကို အီတလီမှာ 1989လောက်က စတင်ခဲ့တယ်လို့ ဖတ်ဖူးတယ်.....

ထားပါလေ သမိုင်းကြောင်းတွေကို...အဓိက ပြောချင်တာက ဒယ်လီအလုပ်က နောက်ပိုင်း လက်ဖျားငွေသီးမဲ့ အလုပ်တွေထဲမှာ ထိပ်ဆုံးကပါတယ်...

ရခိုင့်နိုင်ငံဘာညာဖြစ်လာရင်တော့ ပြောစရာမလိုတော့ဘူး နေ့ခင်းမြို့ပတ်ပြီး ဆိုင်ကယ်မောင်းနေရုံနဲ့ ညဘက် ငွေပုံပေါ် တက်အိပ်နေလို့ ရတယ်...

ဆိုတော့ ဒယ်လီအလုပ်ကို စပြီးလုပ်ချင်တဲ့ လူငယ်တွေအတွက်

စီးပွားရေးနိုဗယ်ဆုရ အစ္စရေးလူမျိုး စီးပွားရေးပညာရှင် 'ဆြာရောဘတ် ကီမုချီ'ရဲ့ 'how to start a delivery'ဆိုတဲ့ ဆောင်းပါးကို မေတ္တာနဲ့ ဘာသာပြန်ပေးထားပါတယ်.....

How to start a Delivery......by SirRobert
ကီမုချီ

1.pageတစ်ခုစတင်ဖွင့်လှစ်ပါ(Engလို နာမည်သောက်ဆန်းကြီးတွေ ပေးပါ)

2.ရှိသမျှ gpအကုန် လိုက်ရှဲပါ(gp 100ရှိရင် 100လုံး လိုက်ရှဲပါ....,
သင်၏အမြဲတမ်းclientဖြစ်လာမည့်သူက 100မြောက်gpမှာမှ သင်၏postကို မြင်ကောင်းမြင်သွားနိုင်တယ်လေ)

3.groupပေါင်း 100မှာ ရှဲပြီးလို့ clientမရသေးဘူးဆိုရင်လဲ မပူပါနဲ့...Deli feesကို လျော့ပေးလိုက်ပါ...ဆီဖိုးနဲ့မကိုက်ဘူးဆိုရင်လဲ စိတ်မပူပါနဲ့...ရေရှည်လုပ်ငန်းဖြစ်လို့ clientရဖို့က အရေးကြီးတယ်...ဆက်လက်လျော့ပေးထားပါ)

4.ဆိုင်ကယ်လဲ စုတ်ပြတ်သတ်လို့ ဆီဖိုးလဲ တော်တော်ကုန်ပြီးနောက်ပိုင်းမှာတော့ 100% clientတွေ ရလာပါပြီ

5.clientရလာပြီးနောက်ပိုင်း စျေးလဲ ပြန်တင်ချင်တယ်၊clientဆုံးရှုံးသွားမှာလဲ ကြောက်တယ်၊ဆီဖိုးကလဲ မကိုက်၊

ဆိုင်ကယ်ကလဲ စုတ်ပြတ်သတ်ရုံမက ဆိုင်ကယ်ပြင်ဆိုင်က အကိုနဲ့ပါ ကြာရင် RSချိတ်သွားနိုင်တဲ့အနေအထားကိုရောက်လာပြီဆိူရင်တော့ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါ
(လုပ်ငန်းကို ရပ်ဆိုင်းလိုက်ခြင်းပါ၊ ရှုံးနိမ့်ခြင်း မဟုတ်ဘူးးးဒါကို အောင်မြင်စွာ ဆုတ်ခွာခြင်းလို့ ခေါ်ပါတယ်)

6.​နောက်ဆုံးအချက်အနေနဲ့တော့ အဲ့အချိန် တခြားဒယ်လီဗာရီတွေ စျေးကွက်ပျက်လို့ တိုင်ပတ်နေတာကိုကြည့်ပြီး 'we can do it'လို့ အောင်မြင်စွာကြွေးကြော်နိုင်ပါပြီ...

Sir Robert Kimuchi
#သာလီစွDeliveryservice


လမ်းထဲက ဒီအိမ်ရှေ့ကို ပစ္စည်းပို့ဖို့ရောက်တိုင်း ရင်ဘတ်တွေနွေးသွားခဲ့တယ်...'ညီမ အကိုရောက်ပြီ'လို့ ဖုန်းဆက်လိုက်တော့ '......
03/05/2022

လမ်းထဲက ဒီအိမ်ရှေ့ကို ပစ္စည်းပို့ဖို့ရောက်တိုင်း ရင်ဘတ်တွေနွေးသွားခဲ့တယ်...'ညီမ အကိုရောက်ပြီ'လို့ ဖုန်းဆက်လိုက်တော့ '...'ဟုတ်ကဲ့ အကို ထွက်လာပြီတဲ့' ချိုလိုက်တာဗျာ...တလောကလုံးမှာရှိတဲ့ ဘယ်တေးသံက ဒီအသံလောက်ချိုမြိန်ပ့မလဲ...

ခဏနေတော့ သူ ထွက်လာတယ်...ဆည်းဆာအောက်မှာ သူ့အလှတရားက နူးညံ့စွာ လှပနေတယ်...ဆည်းဆာကလဲ လှတယ်။သူကလဲ လှတယ်။ဒါမဲ့ ဒီအချိန်မှာ အလှဆုံးကတော့ ကျနော်ဗျ...သာလီစွဒယ်လီ uniformနဲ့ ခန့်ညားစွာရပ်နေတဲ့ ကျနော့ကို တချက်ကြည့်ပြီး သူ့ခြေလှမ်းတွေ တန့်သွားတယ်။ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ့မျက်နှာလေး နီရဲလာတယ်။

ပန်းရောင်ဖျော့ဖျော့မျက်နှာလေးက ရှက်သွေးကြောင့် နီမြန်းနေတယ်...ကျနော်ပြုံးပြလိုက်တော့ သူ့ခေါင်းလေးငုံ့သွားတယ်...မိုနာလီဇာအပြုံးနဲ့ ဇေယျာအပြုံးပေါင်းစပ်ထားတဲ့ ကျနော့အပြုံးကို သူ မခံနိုင်မှန်း သိတာပေါ့...'ညမ ပစ္စည်းစစ်ကြည့်ပါဦး'ဆိုတော့လဲ သူ့မျက်နှာကို ဆက်လက် ငုံ့ထားပြန်တယ်...အော် ဒီကလေးမနဲ့တော့ ခက်ပါပြီလေ...

ကျနော်အရှေ့ကိုတိုးသွားပြီး'ညမ အကို့ကို ကြည့်ပါဦး'ဆိုတော့ သူ မဝံ့မရဲလှမ်းကြည့်ရှာတယ်...​ကျနော့ဘောင်းဘီကိုအတန်ကြာစိုက်ကြည့်တယ်...မျက်နှာချက်ချင်းရဲတက်လာပြီး နောက်လှည့်သွားတယ်...

ရင်ဘတ်နား ကပ်ပြီး နားမထောင်ပေမဲ့လေ ဒီကလေးမ ရင်ခုန်သံတွေကို ကျနော်ကြားနေသ​​ယောင်ယောင်...
uniformအဝါနဲ့တွဲစပ်ပြီး ဝတ်ထားတဲ့ ဂျင်းဘောင်းဘီအပြာလေးက ကလေးမလေးနှလုံးခုန်သံတွေကို မြန်စေမယ်မှန်းသိရင် ကျနော်ဝတ်မလာပါဘူးးးကျနော်ကလွဲရင် ဘယ်အရာကမှ သူ့နှလုံးခုန်သံကို မမြန်စေချင်လို့လေ

'ညမ အကိုပြန်တော့မယ်နော် အကို့ကို စကားပြောပါဦး'ဆိုတော့ သူ့ အသံတိုးတိုးလေးထွက်လာတယ်...ကလေးမက ရှက်လို့အသံတောင်မထွက်နိုင်တော့ဘူး'

ညမ အကို မကြားရဘူး၊နည်းနည်း ကျယ်ကျယ်လေး ပြော'ဆိုတော့မှ တလမ်းလုံးကြားအောင် အသံအကျယ်ကြီးနဲ့ ပြောရှာတယ်.......


"အကို အကို့ဘောင်းဘီ ဇိပွင့်နေတယ်" တဲ့

ကြာခဲ့ပါပြီလေ..အဲ့လမ်းထဲကို ပစ္စည်းမပို့တာတောင် ၂လပြည့်တော့မယ်...ပစ္စည်းပို့ဖို့သွားတိုင်း ဘောင်းဘီကိုပြန်စစ်ကြည့်ရတာလဲ အလုပ်တစ်ခုလိုဖြစ်နေပြီ.......................

#သာလီစွdeliveryservice

SK bakery မှ Pizzaတိကို အစဥ်အမြဲပို့ဆောင်ခွင့်ပီးရေအတွက်နဲ့ SK bakeryအား အထူးကျေးဇူးတင်ပါရေ..😊သန့်ရှင်းလတ်ဆတ်ပနာ အရသာအထူ...
03/05/2022

SK bakery မှ Pizzaတိကို အစဥ်အမြဲပို့ဆောင်ခွင့်ပီးရေအတွက်နဲ့ SK bakeryအား အထူးကျေးဇူးတင်ပါရေ..😊

သန့်ရှင်းလတ်ဆတ်ပနာ အရသာအထူးကောင်းမွန်ရေ ပီဇာတိကို မှာစားချင်ပါက SK bakery main pageမှာ ဝင်ရောက်မေးမြန်းနိူင်ပါရေ....မြို့တွင်းပို့ခလဲ freeဆိုခါ ဇာလိုသိမ့်ပါလဲယေ😁

https://www.facebook.com/100849541644652/posts/472754481120821/

#သာလီစွDeliveryervice


ပန်းဆက်လမ်း(ပန်းပို့)၏အရောင်းရဆုံးစာအုပ်(10)အုပ်📚  Top Ten List --------------၁။ မနက်စာ အာဟာရ ၃ (မွန်ဟော်စီ)၂။ ဆက်ရန်မရှ...
27/04/2022

ပန်းဆက်လမ်း(ပန်းပို့)၏အရောင်းရဆုံးစာအုပ်(10)အုပ်
📚 Top Ten List
--------------
၁။ မနက်စာ အာဟာရ ၃ (မွန်ဟော်စီ)
၂။ ဆက်ရန်မရှိတော့ပါ (မွန်ဟော်စီ)
၃။ ဆက်ရန်ရှိသေးသည် (မွန်ဟော်စီ)
၄။ ငြိတွယ်ခြင်းတို့ရဲ့အစ ခွင့်လွှတ်ရခြင်းတို့ရဲ့ အဆုံး (ဖရော်ဆန်)
၅။ နှုတ်ဆိတ်သွားသူ (စုမြတ်ချစ်)
၆။ သင့်နေ့ရက်ကို အုပ်စိုးပါ (M.E.T (mm.eng.translate))
၇။ သတိဖြင့်ငြိမ်းချမ်းခြင်း (မျိုးလွင်(MBA))
၈။ မျက်လှည့် (ဇော်ဝင်းကြူ(ပျဉ်းမနား))
၉။ စံပယ်တစ်ကုံး (ကြူကြူသင်း)
၁၀။ ဘဝအိုအေစစ် (မောင်သန်း)

အရောင်းရဆုံး စာအုပ်များကို
👉 www.pannsattlann.com/product-category/best-seller/ Website link လေးထဲဝင်ရောက်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
◾️◾️◾️

📜websiteထဲ ဝင်ရောက်အမှာတင်ဖို့ အခက်အခဲ ရှိပါက သာလီစွ Food and books page cb၌ ssနှင့်တကွ အမှာတင်သွင်း၍ရသလို ph 09448934784ကို ဆက်သွယ်၍လည်း အမှာတင်သွင်းနိုင်ပါတယ်

Address

အိမ်နံပါတ် ၅၂၂၊ ကန်ဦးလမ်း(နန်းရွှေဂူလမ်း)၊ ဓညဝတီ က ရပ်ကွက်
Sittwe

Telephone

+959448934784

Website

Alerts

Be the first to know and let us send you an email when သာလီစွ Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သာလီစွ Delivery Service:

Share