Noung

Noung 😘❤️❤️💰

18/12/2023

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့ ။
ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန်ရှိမနေပါဘူး ။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့ ။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့ ။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင်ပါလာမယ် ။ မပါချင် မပါဘူး ။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ် ။

သေချာတာ ကိုယ် သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ ။

မင်းဒုက္ခရောက်နေတာတောင်
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက် ။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက် ။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက် ။

သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ဆိုတာ
မင်း တောင်းဆိုလို့ မရဘူး ။

တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ် ။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။
ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့ ။


#ပညာပေးနှင့်စာပေများ

20/11/2023
19/11/2023

Address

大其力
Tachileik

Alerts

Be the first to know and let us send you an email when Noung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category