14/12/2024
မြေပဲဆီက မပြည့်ဝဆီ (unsaturated fats) ဖြစ်လို့ ဆီဆမ်း၊ အသုတ်သုတ်စားတဲ့နေရာမှာ သုံးရင် ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီဓာတ်တွေ လျှော့ချပေးလို့ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ကာကွယ်ပြီးသား ဖြစ်စေပါတယ် ..... 🎉🎉🎉
ပြည့်ဝဆီနဲ့ မပြည့်ဝဆီ အကြောင်း💧💧💧
ကျွန်တော်တို့ စားနေတဲ့ စားသုံးဆီ (တိရိစ္ဆာန်ကရတာပဲဖြစ်ဖြစ်၊ ဟင်းသီးဟင်းရွက်က ရတာပဲဖြစ်ဖြစ်) ကို အဓိက အုပ်စုကြီး (၂)ခု ခွဲထားပါတယ်.. အဲ့ဒီအုပ်စု (၂)ခုကတော့ ပြည့်ဝဆီ (saturated fats)နဲ့ မပြည့်ဝဆီ (unsaturated fats) တို့ ဖြစ်ကြပါတယ် ။
ပြည့်ဝဆီက chemical structure အရ သူ့ထဲကို
မည်သည့် atom မှ ပေါင်းလို့မရအောင် ပြည့်ပြီးသားဖြစ်ပြီး ပုံမှန်အားဖြင့် အခန်းအပူချိန်တွင် အခဲ အဖြစ် တည်ရှိပါတယ် ။
မပြည့်ဝဆီကတော့ chemical structure အရ သူ့ထဲကို အခြား atom တွေ ထပ်ပေါင်းလို့ ရသေးတာ ဖြစ်ပြီး များသောအားဖြင့် အခန်းအပူချိန်တွင် အရည် အဖြစ် တည်ရှိပါတယ် ။ မပြည့်ဝဆီမှာမှ Mono-unsaturated နဲ့ Poly-unsaturated ဆိုပြီး (၂) ခု ထပ်ခွဲထားပါသေးတယ်.. ဒါတွေကိုတော့ မရှင်းပြတော့ပါဘူး ..
ပိုပြီးနားလည်အောင် ဥပမာတစ်ခုပေးပြီး ရှင်းပြပါမယ်.. 👉🏻 အဆီမော်လီကြူးတစ်ခုမှာ Oxygen ရယ်၊ Carbon ရယ်၊ Hydrogen ရယ် Atom သုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်.. ဒီသုံးမျိုးကို မီးရထားတွဲကြီးတစ်တွဲနဲ့ ဥပမာပေးလိုပါတယ်.. ဒီမီးရထားတွဲမှာရှိတဲ့ ထိုင်ခုံတွေကို Carbon atom နဲ့ နှိုင်းယှဉ်ပြီး ခရီးသည်တွေကိုတော့ Hydrogen atom အဖြစ်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်.. မီးရထားတွဲမှာရှိတဲ့ ထိုင်ခုံအားလုံးမှာ ခရီးသည်တွေ အကုန်ပြည့်နေရင် သူ့ကို Saturated fat လို့ ခေါ်ပါတယ်.. နောက်ထပ်ခရီးသည် (Hydrogen) ထပ်တင်လို့မရတော့ပါ.. ခရီးသည် မပြည့်သေးဘူး.. နောက်ထပ်ခရီးသည် လက်ခံနိုင်တယ်ဆိုရင် Unsaturated fat လို့ခေါ်ပါတယ်.. ထိုင်ခုံတစ်ခုံပဲ လွတ်ရင် Mono-unsaturated လို့ခေါ်နိုင်ပြီး ထိုင်ခုံ ၂ ခုံနဲ့အထက် လွတ်နေရင်တော့ Poly-unsaturated လို့ခေါ်ပါတယ်.. မီးရထားကြီးမှာ ခရီးသည်တွေ ပြည့်နေရင် အန္တရာယ်များပါတယ်.. တိမ်းမှောက်နိုင်တယ်.. ဒါကြောင့် Saturated fat တွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး.. ထိုင်ခုံလွတ်တွေရှိနေရင် ချောင်ချောင်ချိချိ သက်တောင့်သက်သာ သွားလာနိုင်သလို Unsaturated fat တွေကတော့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်.. နောက် အရေးကြီးတာတစ်ခုက Monounsaturated fat တွေဟာ ခန္ဓာကိုယ်ထဲရောက်ရင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL အဖြစ် ပြောင်းနိုင်ပါတယ်..
************************************************
ဒါဆိုရင် ပြည့်ဝဆီနဲ့ မပြည့်ဝဆီတို့ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို ဆက်လက်ပြောပြပါမယ် ...
• ပြည့်ဝအဆီကို စားရင် ခန္ဓာကိုယ်အထဲမှာ Cholesterol အဖြစ် ပြောင်းသွားနိုင်ပါတယ်..
• နှလုံးရောဂါဖြစ်စေသည့် LDL (မကောင်းတဲ့ ကိုလက်စထရော) ဓာတ်ကို တိုးစေတယ် ..
• အလွန်အကျွံ စားသုံးမိရင် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတို့ ဖြစ်နိုင်လာပါမယ် ..
ပြည့်ဝဆီအချို့ကတော့ - စားအုန်းဆီ၊ တိရစ္ဆာန်များမှရသော အဆီများ၊
• မပြည့်ဝအဆီကတော့ Cholesterol အဖြစ် မပြောင်းနိုင်ပါဘူး ..
• LDL (မကောင်းတဲ့ ကိုလက်စရော) ဓာတ်ကို လျှော့ချပေးပြီး HDL (ကောင်းသော ကိုလက်စထရော) ဓာတ်ကို မြှင့်တင်ပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ် ..
• ဦးနှောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များ ပါဝင်ပါတယ် ..
• နှလုံးရောဂါနှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ချေတို့ကို လျှော့ချပေးတယ် ..
မပြည့်ဝဆီအချို့ကတော့ -
• မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးတွေ (ဗာဒံစေ့၊ သီဟိုဠ်စေ့) တွေမှ ရရှိသော ဆီများ
------------------------------------------------
⚠️ အပူပေး ကြော်စားတဲ့ အခါမျိုးမှာတော့ မပြည့်ဝဆီက ဓာတ်ပြိုကွဲမှု ပိုဖြစ်စေပြီး ခန္ဓာကိုယ်အတွက် မကောင်းတဲ့ဓာတ်များ ထုတ်ပေးပြီး ပြည့်ဝဆီကတော့ သူ့ရဲ့ တည်ဆောက်ပုံအရ ပြည့်စုံပြီးသားမို့ ဓာတ်ပြိုကွဲမှုနည်းပြီး မကောင်းတဲ့များ ထုတ်လွှတ်မှု နည်းပါတယ် ။ ဒါ့ကြောင့် အပူပေး စားသုံးမယ်ဆိုရင် ပြည့်ဝဆီကို သုံးတာက ပိုမိုကောင်းမွန်စေပြီး ဆီဆမ်း၊အသုတ် စသည်တို့ထဲတွင်တော့ မပြည့်ဝဆီကို အသုံးပြုတာက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ် .. ‼️