Best Express Myanmar-TGI

Best Express Myanmar-TGI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Best Express Myanmar-TGI, Deli, 116/daw na Street. Shwe Taung Qtr, Taunggyi.

21/06/2023

အရမ်းတော်ပါတယ်
အောင်မြင်မှုတွေနေ့တိုင်းရပါစေ

22/05/2023

#ဝက်စတူးချက်နည်း ( ၆ )နည်း

ဝက်လက်စတူး

ဝက်လက် ၁ချောင်း
ခရုဆီ ၂ဇွန်း
ပျားရည် ၂ဇွန်း
ပဲငံပြာရည်အနောက် ၂ဇွန်း
နာနတ်ပွင့် ၁ပွင့်
ရှီတာကီမိူ ၄ပွင့်
ကော်မှုန့် ၁ဇွန်း(သေး)
မုန်ု့ညှင်း ၂စည်း
ဆား
သကြား
ငရုတ်ကောင်း
ကြက်သွန်ဖြူ
ဂျင်း

ဝက်လက်ကိုရေစင်စင်ဆေး၍ရေစစ်ထားပါ။ပြီးလျှင် ဆား ငရုတ်ကောင်း ကြက်သွန်ဖြူ ဂျင်းအရည်ညှစ် ပဲငံပြာရည်အ
နောက် ပျားရည် ခရုဆီ နာနတ်ပွင့် ၄ဖတ်ခန့် တို့နှင့် နယ်၍ ၂နာရီခန့် ရေခဲသေတ္တာထဲထည့်၍ နှပ်ထားပါ။
ဆီအနည်းငယ်ထည့်၍ပူလာလျှင်သကြား၁ဇွန်းခွဲခန့်ထည့်ပါ။နီလာလျှင်နှပ်ထားသောဝက်လက်များကိုထည့်ပါ။အရောင်
ပြောင်း၍ရေခန်းလျှင်ရေထပ်ထည့်ကာနူးသည်အထိတည်ပါ။
(သို့)pressurecookerထဲပြောင်းထည့်၍ရေနို့ဆီဘူး၂လုံးခန့်ထည့်၍နာရီဝက်ခန့်တည်ပါ။
ရေစိမ်ထားသောမိူခြောက်ထည့်ပါ။နူးအိသည်အထိကြိုက်
လျှင်ရေ ၁လုံးထပ်ထည့်၍ထပ်တည်ပါ။
ရေဆူဆူတွင် ထိုင်ဝမ်မုန့်ညှင်း(သို့)ကန်စွန်ရွက်ကိုထည့်၍ ရေအေးစိမ်ကာ ပန်းကန်ထဲထည့်ပါ။
ဝက်လက်များကိုဆယ်၍ပန်းကန်ထဲထည့်ပါ။ကျန်သောအရည်ထဲသို့ကော်မှုန့်ဖျော်ထည့်၍ပန်းကန်ထဲလောင်းထည့်ပါ။

credit ချက်ကြည့်ကြစို့

ဝက် စတူး(Stew)
++++++++++++

Stewဆိုတာကတော့ အသားတွေအသီးအရွက်တွေကို အတုံးကြီးကြီးတုန်း ရေမမြုပ်တမြုပ်ထည့်ပြီးမီးအေးအေးနဲ့ကြာကြာပြုတ်တာပါပဲ။ ဝက်စတူး/ဝက်လက်စတူး အတူတူပါပဲ။ ပါဝင်တဲ့ပစ္စည်းလေးတွေရှိရင်ပြုတ်ရုံပဲမို့ မိသားစုတစုစာလေးရေးပေးပါတယ်(ချက်နည်းကိုပုံလေးတွေမှာစာလေးရေးထားပါတယ်ရှင်)
🍁ဝက်သား....၂၅ကျပ်သား ၃၀သား
🍁ထိုင်ဝမ်မုန်ညင်း/🍁ကန်စွန်းရွက်
🍁ကြက်သွန်မြိတ်....၂ပင်
🍁ကြက်သွန်ဖြူ .. တစ်လုံး
🍁ဂျင်း...လက်တဆစ်
🍁သစ်ဂျပိုးခေါက်..လက်၂ဆစ်ခန့်
🍁နာနတ်ပွင့် ... ၂ပွင့်
🍁ပဲငံပြာရည်.အကြည်/အနောက်
🍁ဟင်းချက်အရက်
🍁တရုတ်မဆလာတို့လိုအပ်ပါတယ်🤩🤩🤩

ချက်နည်းကတော့ ပုံမှာရေးပေးထားပါတယ်။

မဒမ်ဇော်Homemade
***********
ဝက်ခြေထောက်စတူး

အရွက်မှာ လက်ဖတ် ၊ အသီးမှာ သရက် ၊ အသားမှာ ဝက်ဆိုတဲ့အတိုင်း ဝက်သားဆိုတာ လူတိုင်းနီးပါး ကြိုက်ကြတဲ့ အသားတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဝက်သားထဲမှာ ဝက်စတူးဆိုရင် ဒီလိုမိုးအေးအေးမှာ စားလို့ကောင်းလှတာမိုလို့ လူကြိုက်များလှပါတယ်။ ဒီလိုလူကြိုက်များတဲ့ ဝက်စတူးကို အိမ်မှာ လွယ်လွယ်ကူကူချက်ခြင်ရင်တော့ ....

ပါဝင်ပစ္စည်းများ

ဝက်ခြေထောက် - ၅၀သား
ပဲငံပြာရည်အနောက် - စာပွဲတင်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည့် - စာပွဲတင်ဇွန်း တစ်ဇွန်း
ဟင်းချက်ဝိုင် - စာပွဲတင်ဇွန်း နှစ်ဇွန်း
သကြား - သုံးဇွန်း
ကြက်သွန်ဖြူ - သုံးမွှာ
ဂျင်း - အနည်းငယ်
ကြက်သွန်နီ - တစ်လုံး

ပြုလုပ်နည်း

Pressure cooker နဲ့ချက်မှာမို့လို့ ရေစင်စင်ဆေးပြီးသား ဝက်ခြေထောက်များကို အိုးထဲထည့်ပြီး ပဲငံပြာရည်အနောက် ၁ဇွန်း၊ ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဟင်းချက်ဝိုင် ၂ဇွန်း၊ five spice powder တဇွန်း၊ သကြား ၃ဇွန်း တို့နဲ့နယ်ပြီး မိနစ်၃၀လောက် နှပ်ထားလိုက်ပါ။

ပြီးရင်ဆီနဲနဲနဲ့ အိုးကို အပူစပေးပြီး ဝက်ခြေထောက်ကိုလုံးပါ။အဲဒီအချိန်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း ထည့်ပြီး ၁မိနစ်လောက်လုံးတည်ပါ။ ပြီးပြီဆိုရင် ရေ(၁)လီတာခွဲခန့်ထည့်ပြီး မီးအနေတော်ထားကာ ၁နာရီခန့်ပေါင်းပါမယ်။ အောက်မကပ်အောင်လို့အိုးကို လှုပ်ပေးရပါမယ်။ မြည်းကြည့်လို့ အသားလေးတွေအိနေပြီဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ နဲ့ သန့်သန့်ရှင်းရှင်း ချက်ထားတဲ့ ဝက်စတူးရပါပြီ။

Credit : Yangon Directory
*******
#ဝက္စတူး #
#မူဆယ်ကြက်သွန်ချဉ် #နှစ်ခွက်တည်းပဲ....
ဝက်စတူးက သုံးထပ်သားစတူးတော့မဟုတ်ဖူး...ဒီအတိုင်းအဆီအသား
လေးကိုပဲစတူးဟင်းရည်ပုံစံမျိုးပြုတ်သောက်တယ်....အတုံး
လေးတွေသေးသွားတာက ဝက်သားဆိုင်ကတခါတည်းတုံးပေးလိုက်တာသေးသွားလို့..
ပထမဆုံး ဝက်သားတွေကိုရေသေချာဆေးပြီး.ပဲငံပြာရည်အကျဲ ငရုတ်ကောင်း..ခရုဆီအနည်းငယ်ဟင်းခတ်မူန့်အနည်းငယ်စီ
ထည့်ပြီးအရသာနယ်ထား.. ဒယ်အိုးထဲကိုသကြားအနည်းငယ်
ထည့်ပြီးအမြူတ်လေးတွေအပေါ်ကိုပွက်ဆူလာတဲ့ထိအရင်ထားပေး သကြားအမြူတ်တက်လာရင်အရသာနယ်ထားတဲ့
ဝက်သားတွေကိုခဏလောက်ထည့်လှော်ပေးလိုက်..နောက်ထပ်ဒယ်အိုးတလုံးနဲ့ဆီပူမှာ လှော်ထားတဲ့ဝက်သားတွေကို
အနည်းငယ်တင်းပြီးဝက်ခေါက်လေးတွေနီလာအောက်ခဏလောက်ပြန်ကြော်ပေး..ခဏလေးပါပဲနော်တူးတတ်တယ်သတိထား..ရပီဆိုရင် ပြုတ်မဲ့အိုးထဲထည်ြ့ုပုတ်ရင်ရပီ..ဟင်းရည်
ပွက်ရင် ကြက်ဖြူအမွာလိုက် ကြက်နီ အလုံးလိုက် ဂျင်းအပြား
လိုထည့်ပေးထား..အသားတွေနူးရင်အရသာအတွက်.ဆား
သကြားဟင်းခတ်မူန့်လိုသလောက်ထည့်ပေးပါ.ချခါနီးငရုတ်
ကောင်းခပ်ပါ....မုန့်ညင်းစ်ိမ်းလေးတွေခပ် ကြက်သွန်မိတ်အုပ်ပါ...
credit လိူင်
ဝက်စတူး နှင့် မုန့်ညှင်း

ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ ဝတ်ရည် အိမ်သားတွေ ကြိုက်နှစ်သက်လို့ အမြဲတမ်းလိုလိုချက်လေ့ရှိပါတယ်။ ဝက်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ဝက်သား၃ထပ်သား – ၄၀ကျပ်သား
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၄။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ နတ်နတ်ပွင့် – ၂ခု
၇။ မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
၈။ ကော်မှုန့်
၉။ မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)

ချက်ပြုတ်နည်း

၁။ ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။

၂။ ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။

၄။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။

၄။ ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

၅။ ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။

၆။ ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။

၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။

၈။ ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။

၉။ ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။

၉။ ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။

၁၀။ စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ဝက်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီး။

Credit : Wutyee Foodhouse
***********
Credit to Original
Photo Credit

15/02/2023

ကိုယ်ကောင်းပေမယ့် သူဆိုးတဲ့အခါ
ပြုံးပြုံးလေးဘဲ နေလိုက်ပါ...

�ကိုယ်မှန်ပေမယ့် သူငြင်းတဲ့အခါ
ဥပက္ခာ ဘဲ ပြုလိုက်ပါ...

�ကိုယ်ကြိုးစားပေမယ့်
ကျရှုံးတဲ့အခါ သင်င်္ခန်းစာဘဲယူလိုက်ပါ...

�ကိုယ်မျော်လင့်ပေမယ်
တကယ်ဖြစ်မလာနိုင်တဲ့အခါ
မျော်လင့်ချက်ဘဲ လျော့ချပစ်လိုက်ပါ...

�ကိုယ်ယုံကြည်ခဲ့ပေမယ့်
သူဂတိမတည်တဲ့အခါ အပြစ်မယူပါနဲ့
နောက်တစ်ခေါက်အတွက်ဘဲ
ဆင်ချင်ပေးလိုက်ပါ...

�ကိုယ်သစ္စာကို
တည်တည်မြဲမြဲချည်ထားပေမဲ့
သူဖြန့်ချ ဖျတ်စီးတဲ့အခါ စိတ်မဆိုးပါနဲ့
သူပြသတဲ့ သူ့ရဲ့စိတ်ဓာက်၊ သူ့ရဲ့ဗီဇ ကို
သိခွင့်ရတဲ့အတွက်ဘဲ ကျေးဇူးတင်လိုက်ပါ...

�ကိုယ်အကောင်းဆုံးကို ကြိုးစားခဲ့ပေမယ့်
အဆိုးဆုံးနဲ့ဘဲ ကြုံတွေနေရတဲ့အခါ
စိတ်ပျက်မသွားပါနဲ့ လဲကျမသွားပါနဲ့
အရှုံးမပေးလိုက်ပါနဲ့.....

�အရာအားလုံးက ခဏသာဘဲ
မုန်တိုင်းပြီးရင်လေပြေ ၊ မိုးရွာပြီးရင်နေထွက်
ဒီပြဿနာ ပြီးရင် သင်္ခန်းစာများစွာနဲ့
ရခဲ့တဲ့ ရင့်ကျက်မူကို ကျေးဇူးတင်ပြီး
မနက်ဖြန်တိုင်းအတွက် ဘဲ
အားပိုတင်းထားလိုက်ပါ......

�မှားမှား မှန်မှန်ရင်ဆိုင်ပစ်လိုက်ပါ

- Nan Than Than Htay

ဝါဆိုလပြည့်နေ့ခုနှစ်ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကျပါစေ
12/07/2022

ဝါဆိုလပြည့်နေ့
ခုနှစ်ရက်သားသမီးအားလုံးစိတ်ချမ်းသာ
ကိုယ်ကျန်းမာရှိကျပါစေ

Address

116/daw Na Street. Shwe Taung Qtr
Taunggyi

Website

Alerts

Be the first to know and let us send you an email when Best Express Myanmar-TGI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category