Yan Naing Taunggyi Car Sale

Yan Naing Taunggyi Car Sale Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Naing Taunggyi Car Sale, Grocers, Taunggyi.

KD နဲ့ KZဘာကွာလဲလိုမေးနေကြတဲ့သူများအတွက်KZ ကို ၂၀၀၀ ခုနှစ် အထိ ထုတ်လုပ်ခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာ KD နဲ့ အစားထိုးပါတယ်။KD က...
12/03/2024

KD နဲ့ KZဘာကွာလဲလိုမေးနေကြတဲ့သူများအတွက်

KZ ကို ၂၀၀၀ ခုနှစ် အထိ ထုတ်လုပ်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ KD နဲ့ အစားထိုးပါတယ်။

KD ကို မကြိုက်ကြဘူးဆိုတာ ယနေ့ခေတ်နဲ့ မဆီလျော်တော့ပါဘူး။ KD ကို မကြိုက်ဘူးဆိုတာ KD တပ်ဆင်ထားတဲ့ကားတွေ မြန်မာနိုင်ငံကို စဝင်လာတဲ့ ၂၀၁၂/၂၀၁၃ ခုနှစ်လောက်ကပါ။ KD တွေဟာ D4D စနစ်ဖြစ်တဲ့အတွက် အဲဒီအချိန်က ဘယ် စက်ဆရာမှ မပြင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် KD အင်ဂျင်နဲဲ့လာတဲ့ Surf/Prado တွေ KZ ပြန်ပြောင်းကြပါတယ်။ အများစုက အင်ဂျင်ပဲပြောင်းပြီး ဂီယာဘောက်မပြောင်းကြတော့ သိပ်အဆင်မပြေလှပါဘူး။

၂၀၁၅ခုနှစ် နောက်ပိုင်းကစလို့တော့ KD တွေ အဆင်ပြေလာပါတယ်။ မပြေလို့လည်း မရတော့ပါဘူး။ Vigo၊ Revo၊ 15 seater Hiace အံစာတုန်း၊ Dyna အစရှိတာတွေ 1KD နဲ့ပဲ လာတော့တာပါ။ ဒါကြောင့် D4D ပြင်တဲ့နေရာတွေ အရမ်းပေါလာပါတယ်။

ကျနော်ကတော့ KZ ရော KD ရော ၂မျိုးလုံးသုံးဖူးပါတယ်။ လက်ရှိ ၂၀၀၂ မော်ဒယ် KDN185 စီးနေပါတယ်။
KZ နဲ့ KD ယှဉ်ပြောရလျှင်

KZ အားသာချက်က
- ရိုးရိုး Diesel အဆင်ပြေတယ်၊
- အင်ဂျင်ဝိုင် ဈေးပေါတာထည့်လို့ရတယ်
- ယခင်ကတော့ Spare parts ပေါတယ်၊ ဈေးချိုပါတယ်။ KZ များကို ထုတ်လုပ်မှု ရပ်တန့်ခဲ့တာ ၂၃ နှစ်ရှိပြီဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ အချို့ spare parts တွေ ရှာရခက်လာပါပြီ။

KZ များ အားနည်းချက်က
- ဆီအရမ်းစားပါတယ်။
- အင်ဂျင်ပါဝါ အထွက်နိမ့်ပါတယ်။
- အင်ဂျင်တုန်ခါမှု များပါတယ်။
- Harmful gas ပိုထွက်ပါတယ်။

KD ရဲ့အားသာချက်က
- ဆီစားသိသိသာသာသက်သာပါတယ်။
- မြင်းကောင်ရေ(HP) နဲ့ လိမ်အား( torque) သိသိသာသာပိုကောင်းပါတယ်။
- အင်ဂျင်တုန်ခါမှု သိသိသာသာ သက်သာပါတယ်။
- Harmful gas အထွက်နည်းပါတယ်။

KD ရဲ့အားနည်းချက်က
- Premium Diesel သီးသန့်ဖြစ်တယ်။
- ဆီအမှား လုံးဝမခံပါ။
- Fully Synthetic အင်ဂျင်ဝိုင်မှ အဆင်ပြေတယ်။
- Spare parts ပေါပေမယ့် ဈေးမြင့်ပါတယ်။

KZ များဟာ ထုတ်လုပ်မှု ရပ်စဲခဲ့တာ ၂၃ နှစ်ရှိပါပြီ၊ KD များကတော့ အခုအချိန်အထိ ထုတ်လုပ်ဆဲဖြစ်ပါတယ်( သို့ရာတွင် ၂၀၁၅ ခုနှစ်မှစ၍ KD များကို GD များနဲ့ စတင်အစားထိုးနေပါတယ်)။

ယနေ့ခေတ်မှာ modern diesel engine အားလုံး common rail D4D ဖြစ်လာပါပြီ။ ပြင်ရတာလည်းလွယ်ကူလာသလို ယခင်လောက်လည်း ဈေးမကြီးတော့ပါဘူး။ D4D တွေရဲ့ ရှောင်ရန် ဆောင်ရန်လေးတွေသိရင် KD တွေလည်း အရမ်းအကြမ်းခံကြပါတယ်။ ကျနော် KD သုံးနေတဲ့ ၅ နှစ်အတွင်း အင်ဂျင်၊ အင်ဂျက်တာ ပြဿနာ မကြုံရဖူးပါ၊ Pump က SCV Solenoid လေး ၂ ခုပဲ လဲရပါတယ်။

ကျနော်တစ်ဦးတည်း အမြင်အရတော့ KD က ခေတ်နဲ့ ပိုကိုက်ညီပါတယ်။

Credit: Original

06/03/2024

Alphard ဂရိတ်ခွဲနည်းပါ။

အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်

2002 - 2008 1st GEN
2008 - 2015 2 nd GEN
2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်စျေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ် ...2002 ကနေ 2005 ထိကို ပုံထဲမှာတွေ့ရသလို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးနဲ့ပေါ့ 2005 ကနေ 2007 . 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ် ... 😉

အခုက လူစီးများတဲ့ 1st GEN ရဲ့ 2002 ကနေ 2005 ထိကို တင်ပေးလိုက်ပါတယ် 😉

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပေါ့

G နဲ့ V က 1st GEN မှာပဲလာတယ်ဗျ 2 nd GEN မှာ G နဲ့ V မရှိတော့ဘူး 😉

ကဲဟုတ်ပြီး ဘာကွာလဲ G နဲ့ V ...???

ဘာမှ မကွာဘူးဗျ အရောင်းကိုယ်စာလှယ် ကွဲတဲ့ အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ ရှေ့ရှဲလ် ပဲကွာတယ်ဗျ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို စျေးလဲမကွာဘူးဗျ { OPA .. ကတော့ ရှဲလ် ကို V ကြိုက်တယ် ပိုခန့်သလိုပဲ }

ကဲ G နဲ့ V ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာတယ်ဗျ အာ့က ချက်စီမှာကြည့်လိုက်ရုံပါပဲ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်စျေးလဲ ကြီးပါတယ် မီယံမာပြည်ကြီးကိုရောက်တော့ ပြောင်းပြန်ဖြစ်သွားလေရော 😂

အင်ဂျင် 2.4 မှာဆိုရင်

ANH 10 ဆို 2W
ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ ဆိုရင်

MNH 10 ဆို 2W
MNH 15 ဆို 4W

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0
2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်ဗျ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလိမ့်မယ်ဗျ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရတာပါပဲ ဒါကတော့ ဖြည့်စွက်အကြံပြုတာပါ ဆြာတို့ကြိုက်သာဝယ်ကြပါ 😉

ကဲဆက်ပြီး GRADEတွေ { GRADE တွေက အများကြီးပါဗျ စျေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်တာပါ ဒါလေးပဲ ရှိတာမဟုတ်ပါဘူး အများကြီးရှိပါသေးတယ်ဗျ 😉 }

2.4 မှာ AS / AX / AX L EDITION

GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်
3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ် 😉

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး
ANH 15W-PFPSK { 4W } 7 ယောက်စီး
ANH 10W-PRPSK { 2W } 8 ယောက်စီး
ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE ပါတာလဲလာတယ် မပါတာလဲလာတယ် ပါခဲ့ရင်လဲ တဖက်ပဲပါတယ် လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး
ANH 15W-PFPGK { 4W } 7 ယောက်စီး
ANH 10W-PRPGK { 2W } 8 ယောက်စီး
ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး
ANH 15W-PFPGK-L { 4W } 7 ယောက်စီး
ANH 10W-PRPGK-X { 2W } 8 ယောက်စီး
ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM .
တချို့က SUNROOF MOONROOF ပါ .

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး
MNH 15W-PFASK { 4W } 7 ယောက်စီး
MNH 10W-PRASK { 2W } 8 ယောက်စီး
MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး
MNH 15W-PFPGK { 4W } 7 ယောက်စီး
MNH 10W-PRPGK { 2W } 8 ယောက်စီး
MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .တချို့တလေမှာ ရှေ့ CAM ပါ

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး
MNH 15W-PFAGK-L { 4W }7 ယောက်စီး
MNH 10W-PRAGK-X { 2W } 8ယောက်စီး
MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် တချို့က 2 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM . တချို့က SUNROOF MOONROOF ပါ .

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး
MNH 15W-PFPQK { 4W } 7 ယောက်စီး
MNH 10W-PRPQK { 2W } 8 ယောက်စီး
MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာလာသလို့ 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာတယ် နောက်ဖုံလဲ SLIDE ပါတက်တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ . SUNROOF / MOONROOF ပါတာများတယ် . ရှေ့ TV ခါး TV . ရှေ့ CAM နောက် CAM . တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ် . ထိုင်ခုံလယ်သာစိနဲ့ . HEATER တောင်ပါသေးတယ် မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ 😃

အမြင့်ဆုံးကတော့ MZ G EDITION 😍

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ 😉

MNH 10-PFPQK-G { 2W }
MNH 15-PFPQK-G { 4W }
ထိုင်ခုံက လည်သာ LA07 ဖြစ်သွားပါတယ်

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFPQKပဲ ရှိမှာပါ 8 ယောက်စီး PRPQK ဆိုပြီး မလာတော့ပါဘူး 😂

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာပဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 2 ချပ်လဲ နောက်ဖုံလဲ SLIDE တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါတယ် . SUNROOF / MOONROOF . ရှေ့ TV ခါး TV . ရှေ့ CAM 3D နောက် CAM . CRUSE CONTROL ရယ် RADER ရှဲလ်. ထိုင်ခုံလယ်သာစိနဲ့ . HEATER ... စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ် ... ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိတယ်ဗျ အဓီကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ 😉

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }
ATH 10W-PRXGB { 08S }

ကဲဆြာတို့ ဘာဂျင်းမှ ကြောက်စရာမလိုတော့ဘူး 😉 NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပြီး .. 😁

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါတယ် ယေဘုယ အားဖြင့်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်

စေတနာအရင်းခံနဲ့ မအားတဲ့ကြားက တက်နိုင်သလောက်လေး အချိန်ပေးပြီးရေးပေးတာပါဗျ လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ ဆြာတို့ အဆင်ပြေစေရန်အတွက်သာ ရည်ရွယ်ခဲ့တာပါဗျ .. 😃

အောက်မှာ NAME PLATEတွေ ရဲ့ ပုံလေးတွေပါတွဲတင်ပြီး လက်တွေ့ခွဲပြထားပါတယ် ကြည့်ကြည့်ပါဆြာတို့ 😍

CRD Khant Phyo 😘

Model-2006 /Auto 2w /850kgကားကြည့်-တောင်ကြီး☎️ 09791112082Yan Naing Taunggyi Car Sale
03/03/2024

Model-2006 /Auto 2w /850kg

ကားကြည့်-တောင်ကြီး

☎️ 09791112082

Yan Naing Taunggyi Car Sale

Edit-Sold Out  ✅2019/150( Smart Key)Honda Click ဘီးကြည့်-တောင်ကြီး☎️ 09791112082Yan Naing Taunggyi Car Sale
29/02/2024

Edit-Sold Out ✅

2019/150( Smart Key)
Honda Click

ဘီးကြည့်-တောင်ကြီး
☎️ 09791112082

Yan Naing Taunggyi Car Sale

အန်းဒိတ် အန်းဒိတ် အန်းဒိတ် (Without )ကဲရှားပါး အန်းဒိတ် လုံးဝရှယ်လေးဗျာ ပိုက်ဆံရှိရင် ရွှေသာအချိန်မရွေးဝယ်လို့ရမယ် ဒီလို...
28/02/2024

အန်းဒိတ် အန်းဒိတ် အန်းဒိတ် (Without )

ကဲရှားပါး အန်းဒိတ် လုံးဝရှယ်လေးဗျာ
ပိုက်ဆံရှိရင် ရွှေသာအချိန်မရွေးဝယ်လို့ရမယ် ဒီလိုကားကတော့ဝယ်လို့မရနိုင်ဘူး တစ်စီးပဲရှိတဲ့ ကားဆိုမှကား တန်ဖိုးနားလည်သူကိုသာရောင်းမည် စည်းကမ်းရှိကားချစ်သောသူ လက်ထဲသာထည့်မည် တခွန်းစျေးလုံးဝမ​လျော့ပါ အပြင်လိုက်မပြပါ ။

TOYOTA COMfORD ( CROWN )
Model : 1998. ( Auto )
Engine : 2L Turbo. ( Diesel )
Eng Power : 2.5 cc
ကားအတွင်းအပြင်ရှယ်သန့် အော်ဆေး 98 %
အင်ဂျင်အငွေ့လွတ် အယိုအစိမ့်မရှိအောက်ပိုင်းရှယ်
အင်ဂျင်ပန့် အောက်ပိုင်း အရိုးအဆစ် အာမခံ
ကားကြည့်တောင်ကြီး 09791112082

https://youtu.be/Zziqz2j7w1Q?si=48-QKe67OJtc5JBR

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Yan Naing Taunggyi Car Sale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category