ရွှေငွေပွား Hass ထောပတ်သီး

ရွှေငွေပွား Hass ထောပတ်သီး ရွှေငွေပွား ထောပတ်သီးခြံမှ USA California မျိုးဖြစ်တဲ့ Hass ထောပတ်သီးများ စိုက်ပျိုး ရောင်းချလျက် ရှိ

31/07/2025

မင်္ဂလာပါရှင့်
ကြေညာစရာလေးရှိလို့ပါ
ပထမဦးစွာ ရွှေငွေပွါး hass ထောပတ်သီးကို အားပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်
အကြောင်းကြောင်းကြောင့် မင်မင်တို့ ထောပတ်သီးအရောင်းလေးတွေ ရပ်နားလိုက်ပါပြီရှင်

မင်္ဂလာပါ မင်မင်တို့ရဲ့ စားသုံးသူ ထောပတ်ချစ်သူများရေပထမဦးစွာ မင်မင်တို့ရဲ့ ရွှေငွေပွါးထောပတ်သီးကို ဒီနှစ်လည်း ဝယ်ယူအားပေ...
27/11/2024

မင်္ဂလာပါ မင်မင်တို့ရဲ့ စားသုံးသူ ထောပတ်ချစ်သူများရေ

ပထမဦးစွာ
မင်မင်တို့ရဲ့ ရွှေငွေပွါးထောပတ်သီးကို ဒီနှစ်လည်း ဝယ်ယူအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် စားသုံးသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်

မင်မင်တို့ခြံက တောင်ကြီးမှာပါ
ခြံကနေ အသီးခူးပြီး မင်မင်တို့တွေ ရှိတဲ့ ရန်ကုန်နဲ့နေပြည်တော်ကို အသီးတွေပို့ပါတယ်
ပို့တဲ့အခါ ခြင်းရှာမရလို့ အိတ်တွေနဲ့ ပို့ရတဲ့အခါ
ခရီးအဆင့်ဆင့် အတင်အချလုပ်တာတွေရယ်
မင်မင်တို့ကနေတဆင့် စားသုံးသူတွေဆီပို့တဲ့အခါ ဖြစ်ပေါ်နိုင်တဲ့ သယ်ယူပို့ဆောင်မှုပြသနာလေးတွေရယ်နဲ့
အသီးလေးတွေမှာ အနာတွေပါတာတွေ ဖြစ်သွားပါတယ်

ဒီလိုမျိုး ပြန်ပြောပြပေးတဲ့ မင်မင်တို့ရဲ့ စားသုံးသူကာစတန်မာများကိုလည်း မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ်

မင်မင်တို့ရဲ့ ထောပတ်သီးအတွက် မင်မင်တို့ တာဝန်အပြည့်အဝယူပါတယ်
ငွေပြန်အမ်းတာဖြစ်ဖြစ်
Deli Free နဲ့ အစားထပ်ပို့ပေးတာဖြစ်ဖြစ်
ကာစတန်မာများ စိတ်ကျေနပ်သည်အထိ ဆောင်ရွက်ပေးမှာမလို့
ပွင့်ပွင့်လင်းလင်း ပြောပြပေးလို့ရပါတယ်

ဝယ်ယူအားပေးသူများကို ကျေးဇူးတင်စွာဖြင့်

ပုံလေးက မင်မင်တို့ထောပတ်ခြံလေးပါ

မင်မင်တို့ ထောပတ်သီးတွေစျေးနှုန်းကA size - 5/6 လုံး - 6000B size - 7/8 လုံး - 5000C size - 9/10 လုံး - 4000Baby size - 1...
25/11/2024

မင်မင်တို့ ထောပတ်သီးတွေစျေးနှုန်းက
A size - 5/6 လုံး - 6000
B size - 7/8 လုံး - 5000
C size - 9/10 လုံး - 4000
Baby size - 12 လုံးမှ 15 လုံးအထိ - 3000 ပါ

သယ်ယူပို့ဆောင်ခတွေ စျေးတက်ပါတယ်
ဒါပေမယ့် မင်မင်တို့ရဲ့ ခြံရှင်က
မနှစ်ကစျေးအတိုင်းပဲ ရောင်းခိုင်းပါတယ်

စားသုံးသူတွေအဆင်ပြေအောင်
“စျေးလည်း မတက်နဲ့ ၊ ပိုပိုသာသာချိန်၊ လက်ဆောင်ပါ ထည့်ပေးပါ” ဆိုပြီး
မှာထားတဲ့အတွက်
အဲ့အတိုင်းပဲ ရောင်းပေးပါတယ်

လက်ဆောင်ပေးဖို့ ကျန်သွားရင်လည်း စိတ်မရှိကြပါနဲ့ရှင်
အားပေးကြတာ ကျေးဇူးတင်ပါတယ်ရှင်။ 🩵

23/11/2024

ထောပတ်သီးတွေက မှည့်မှာပါနော်
မမှည့် မရှိပါဘူး 😅

ကာကာလေးတွေရဲ့ အမေးမှာ
မင်မင်တစ်ယောက်က ဆိုက်ကိုရသွားပါပြီ
😅😅😅

မင်မင်တို့ ကာကာလေးတွေက
စားချင်တာ မှည့်ဖို့စောင့်ရတာ ကြာကြီးပဲ ပြောကြလို့
အခုအသုတ်တော့ မှည့်ကာနီးလေးတွေနဲ့ မျှထည့်ပေးနေပါတယ်

မှည့်မှာနော် စိတ်ချ 😁

ဆန်ပုံးထဲ ထည့်တာဖြစ်ဖြစ်
သတင်းစာနဲ့ ပတ်တာဖြစ်ဖြစ်
ကျွတ်ကျွတ်အိတ်ထဲ ထည့်ပြီး ထားတာဖြစ်ဖြစ် လုပ်ရင်တော့ အမြန်မှည့်ပါတယ်

မင်္ဂလာပါရှင်မင်မင်တို့ ထောပတ်သီးလေးတွေ မှာယူအားပေးကြတာ ကျေးဇူးတင်ရှိပါတယ်ရှင်အသီးရောက်လာလို့ တစ်ခုခုအဆင်မပြေခဲ့ရင် ပြန်...
23/11/2024

မင်္ဂလာပါရှင်
မင်မင်တို့ ထောပတ်သီးလေးတွေ မှာယူအားပေးကြတာ ကျေးဇူးတင်ရှိပါတယ်ရှင်
အသီးရောက်လာလို့ တစ်ခုခုအဆင်မပြေခဲ့ရင်
ပြန်ပြောဖို့ အားမနာပါနဲ့နော်
ကာစတန်မာများစိတ်ကျေနပ်သည်အထိ မင်မင်တို့ ဆောင်ရွက်ပေးပါမယ်

မင်မင်တို့ဒီနှစ် အရောင်းဖွင့်ကတည်းက အခုထိ
ဝယ်ယူအားပေးသူများကို လက်ဆောင်လေးတွေ ထည့်ပေးပါတယ်
တစ်ဦးကို ကီလိုဝက်စီလောက်ကို ထည့်ပေးတာပါနော်

စျေးနှုန်းလေးကိုလည်း
သယ်ယူပို့ဆောင်ခတွေ စျေးတက်ပေမယ့်
သင့်တင့်တဲ့နှုန်းထားနဲ့ပဲ ရောင်းချပေးနေပါတယ်

Hass ထောပတ်သီးဆိုတာနဲ့
မင်မင်တို့ရဲ့ ရွှေငွေပွါး Hass ထောပတ်သီးကို သတိရလိုက်ပါရှင်

💚💚💚

နေပြည်တော်နဲ့ ရန်ကုန်ကို ရောက်မယ့် နောက်တစ်သုတ်ပါ Premium အလုံးကြီးတွေ ပါလာပါပြီ Order လေးတွေ ကြိုတင်ထားလို့ရပါတယ်A Size...
16/11/2024

နေပြည်တော်နဲ့ ရန်ကုန်ကို ရောက်မယ့် နောက်တစ်သုတ်ပါ
Premium အလုံးကြီးတွေ ပါလာပါပြီ
Order လေးတွေ ကြိုတင်ထားလို့ရပါတယ်

A Size - 6000 (၅/၆ လုံး)
B size - 5000 (၇/၈ လုံး)
C size - 4000 (၉/၁၀ လုံး)
Baby Hass - 3000 (၁၀ လုံးအထက်)

ထောပတ်သီးအော်ဒါတွေ မင်မင့်ကားနောက်ဖုံးထဲ အပြည့် ဒလီဆီသွားပို့ပေးရန်အသင့် 😍အားပေးကြတာ ကျေးဇူးပါ စိမ်းသေးတော့ စားလို့ရဦးမှ...
15/11/2024

ထောပတ်သီးအော်ဒါတွေ
မင်မင့်ကားနောက်ဖုံးထဲ အပြည့်
ဒလီဆီသွားပို့ပေးရန်အသင့် 😍

အားပေးကြတာ ကျေးဇူးပါ

စိမ်းသေးတော့ စားလို့ရဦးမှာ မဟုတ်ဘူး
လက်ဆောင်လေးတွေ ထည့်ပေးထားပါတယ်

Hello Hello မင်မင်တို့ရဲ့ Hass Avocado လေးတွေ မှာလို့ ရပါပြီနော် အရောင်းဖွင့်ကာစဆိုတော့ မင်မင်တို့ရဲ့ Page လေးကနေတဆင့် ပ...
14/11/2024

Hello Hello

မင်မင်တို့ရဲ့ Hass Avocado လေးတွေ မှာလို့ ရပါပြီနော်

အရောင်းဖွင့်ကာစဆိုတော့
မင်မင်တို့ရဲ့ Page လေးကနေတဆင့်
ပထမဦးဆုံး မှာယူသူ အယောက်(၂၀) ကို
မေတ္တာလက်ဆောင်လေးတွေ ထည့်ပေးမယ့် အစီအစဉ်လေးရှိတာမလို့
Order လေးတွေ အမြန်လာတင်လို့ ရပါပြီရှင်

ခြံမှာ အသီးတွေ စခူးနေပြီမို့ preorder မှာထားလို့ရပါပြီရှင်🥑🥑🥑ရွှေငွေပွားရဲ့ ထောပတ်သီးကတော့ Hass မျိုးဖြစ်ပြီး၊ အတွင်းမှာ...
13/11/2024

ခြံမှာ အသီးတွေ စခူးနေပြီမို့ preorder မှာထားလို့ရပါပြီရှင်🥑🥑🥑

ရွှေငွေပွားရဲ့ ထောပတ်သီးကတော့ Hass မျိုးဖြစ်ပြီး၊ အတွင်းမှာ အစေ့သေးသေးလေးကိုမှ အမျှင် (လုံးဝ) လုံးဝမပါတဲ့ အသားပြည့်အသီးပါရှင်။

အရသာကလည်း organic စစ်စစ် ဖြစ်တာကြောင့် ဒီအတိုင်းစားရင်ကို အီစိမ့်နေအောင်ကောင်းတာမို့ မနှစ်က မှာဖူးသူတွေဆိုရင် အရမ်းကြိုက်သောပဲ😍

အရွယ်အစားကတော့ Hass မျိုးမို့ အရမ်းအကြီးကြီးမလာပါဘူးရှင်။ ဒါပေမယ့် ဆိုဒ်လေးတွေ ခွဲပေးထားပါတယ်။ ဘယ်ဆိုဒ်ယူယူ အသားပြည့်၊ အရသာကောင်းတာကို အာမခံပါတယ်နော်😉

A size - 1 kg - 6000
B size - 1 kg - 5000
C size - 1 kg - 4000
Baby Hass - 1 kg - 3000

🥑တဆိုဒ်ကို 3kg အနည်းဆုံး ယူပေးပါနော်🥑

ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ခူး၊ ကိုယ်တိုင်ရောင်းတဲ့ အော်ဂဲနစ် Hass Avocado လေးမို့ အားပေးကြပါဦးလို့🥰🥰

Hello .. hello မင်မင်တို့ ရွှေငွေပွါးထောပတ်သီးလေးတွေ မကြာခင် ရပါတော့မယ်နော် Old customer များအတွက် အထူးအစီအစဉ်လေးနဲ့ ပြန...
12/10/2024

Hello .. hello
မင်မင်တို့ ရွှေငွေပွါးထောပတ်သီးလေးတွေ
မကြာခင် ရပါတော့မယ်နော်
Old customer များအတွက်
အထူးအစီအစဉ်လေးနဲ့ ပြန်လာခဲ့ပါမယ် 🥑

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when ရွှေငွေပွား Hass ထောပတ်သီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share