ye yint oo အဘိုးကြီးပေါက်စ game lite

ye yint oo အဘိုးကြီးပေါက်စ game lite ရှိ မရှိ ဝမ်းစား အကုန်ထုပ်ရောင်းကြမယ်

01/12/2024
အမြဲတမ်း မန်ချက်စတားအားပေးခဲ့တာမှတ်ချက် ပွဲပြီး😞😞😞 ပဲလေ့ 4 vs 0 မန်ချက်
07/05/2024

အမြဲတမ်း မန်ချက်စတားအားပေးခဲ့တာ
မှတ်ချက် ပွဲပြီး😞😞😞 ပဲလေ့ 4 vs 0 မန်ချက်

10/03/2024

“ကျွန်တော် ကတော့ မန်ချက်စတာ ယူနိုက်တက် ချန်ပီယံလိဂ် ဝင်ခွင့် ရမယ်လို့ မထင်မိပါဘူး ။ လက်ရှိ သူတို့ ရဲ့ အနေအထားအရ ဆိုရင် အဆင့် ၄ ကို ရောက်ဖို့က လက်ကျန်ပွဲအားလုံးနီးပါးကို အနိုင်ကစားမှ ဖြစ်နိုင်မှာပါ ။ အခု မန်ယူနိုက်တက် ရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အတော်ကြီးကို မတည်မငြိမ် ဖြစ်နေပါတယ် ။ ခြေစွမ်း အပြတ်အသတ်နဲ့ နိုင်တဲ့ ပွဲဆိုတာ မရှိသလောက်ပါပဲ”



“ဒီနေ့ပွဲဆိုရင်လည်း အဲဗာတန် က အခွင့်အရေး အကြိမ် ၂၀ လောက်ရခဲ့တာပါ ။ အပိုင်အခွင့်အရေးတွေ မဟုတ်ပေမယ့် အခွင့်အရေး ရတာက ရတာပါပဲ ။ ဒီလိုမျိုး အသင်းကိုတောင်မှ အခွင့်အရေးတွေ လွယ်လွယ် ပေးနေတာက မန်ယူနိုက်တက် အတွက် လုံး၀ အဆင်မပြေပါဘူး ။ အဲဗာတန် ထက် ပိုကောင်းတဲ့ အသင်းသာ ဆိုရင် သူတို့ ဒုက္ခ ကောင်းကောင်း ရောက်သွားမှာပါ ။ အခုပွဲကတော့ သူတို့ ( မန်ယူနိုက်တက် ) အနိုင်နဲ့ ထိုက်တန်ပါတယ်”

Wayne Rooney ( မန်ယူနိုက်တက် နဲ့ အဲဗာတန် တိုက်စစ်မှူးဟောင်း )

10/03/2024

မာလီခင်ကတော့ လေကြွားရိုင်နီယာကို အပြတ်ဖြုတ်ပြီး ONE မှာ ခါးပတ်သုံးခု ချန်ပီယံဖြစ်လာခဲ့ပါပြီ။ ဒီလိုစွမ်းဆောင်နိုင်တာ သူ ပထမဆုံးပါပဲ။ အောင်လအန်ဆန်ဆီကနေ ရယူထားတဲ့ ခါးပတ်တွေကို ရိုင်နီယာတယောက် မာလီခင်ဆီ လွှဲပေးလိုက်ရပါပြီ။

ညကပွဲမှာဆိုရင် မာလီခင်က ၃ ချီမြောက်မှာ အနိုင်ခဲ့ပြီး ပွဲချိန်အတွင်း သိသိသာသာကို အသာစီးရခဲ့တာပါ။ ပွဲစတာနဲ့ တိုက်စစ်ဖွင့်ခဲ့ပြီး ရိုင်နီယာတယောက် ထုံးစံအတိုင်း ခြေဆွဲဖို့သာ လုပ်နေရပါတယ်။ ဒုတိယအချီနဲ့ တတိယအချီမှာဆိုရင် ring ထဲ ပတ်ပြေးနေခဲ့ရပြီး မာလီခင်ပြုသမျှကို နုခဲ့ရတာပါ။

သူ ခြေဆွဲဖိုလုပ်တိုင်းမှာ မာလီခင်က ကောင်းကောင်းကာကွယ်နိုင်ခဲ့ပြီး လဲကျခဲ့ရင်တောင် ချုပ်မရအောင် နေရာယူနိုင်ခဲ့ပါတယ်။ ဒါတောင် ရိုင်နီယာက ၂ကြိမ်လား ၃ကြိမ်လားပဲ ဆွဲချနိုင်ခဲ့တာပါ။ မာလီခင်က တိုက်စစ်ဖွင့်ပြီးတော့ ထိုးချက်မျိုးစုံနဲ့ ရိုင်နီယာကိုအထိနာစေခဲ့ပါတယ်။

နောက်ဆုံးဒိုင်ပွဲရပ်နဲ့ကို အနိုင်ယူသွားခဲ့တာပါ။ မြန်မာပရိသတ်တွေ သဘောမကျတဲ့ ခြေဆွဲကောင်ကြီးဟာ အချိန်အနည်းငယ်အတွင်းပဲ ဝိတ်တန်း ၃ခု ချန်ပီယံအဖြစ်ကနေ လျှောကျခဲ့ရပြီး မာလီခင်က အငြင်းပွားဖွယ်ရာမရှိ ချန်ပီယံဖြစ်လာခဲ့ပါပြီ။

06/03/2024

အသက် ၃၉ နှစ်ပြည့်ပြီးတဲ့နောက် ပထမဆုံးဂိုးကို ရော်နယ်ဒိုရခဲ့ပါပြီ။ အာရှချန်ပီယံလိဂ်ပွဲမှာ ရခဲ့တာမို့ သူ့အတွက် ပိုပြီးအမှတ်ရစရာပါပဲ။ အယ်င်္လဖေဟာနဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပြီး အယ်လ်နာဆာတို့ ပွဲစကတည်းက တောက်လျှောက်ဖိကစားခဲ့ပေမယ့် ဂိုးရဖို့ရာ အခက်တွေ့နေခဲ့တာပါ။ အယ်လ်ဖေဟာက ခံစစ်ကိုလုံအောင်ကစားပြီး ဂိုးမပေးရအောင် တတ်နိုင်သလောက်လုပ်သွားလို့ သူတို့ တိုင်ပတ်နေခဲ့ပါတယ်။

ဒါကြောင့်လည်း ပွဲချိန်မိနစ် ၈၀ အထိ ဂိုးမရခဲ့တာပါ။ ၈၁ မိနစ်မှာမှ ရော်နယ်ဒိုက အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပထမအကျော့ကို အနိုင်နဲ့ သူတို့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ရော်နယ်ဒိုပါပဲ။ ခြေစွမ်းမပြနိုင်ဘူးဆိုရင်တောင်မှ သူ ကွင်းထဲမှာ ရှိနေသရွေ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း၊ ဂိုးရအောင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ပြသွားပါတယ်။

၃၉ နှစ်အရွယ် ကစားသမားတဦးက ပွဲချိန်ပြည့်ကြီးကစားပြနေတာ၊ ဂိုးရအောင် ယူပြနေတာကတော့ ချီးကျူးရမှာပါ။ ဒီဘဲက အခုထိကို သူ မအိုသေးဘူးဆိုတာကို ပြသနေတုန်းပါပဲ။

27/11/2023

ယူနိုက်တက်ကိုရောက်ရောက်လာချင်းပဲ သူ့ရဲ့ ကစားဟန်၊ အမှားအယွင်းတွေကြောင့် လှောင်ပြောင်ခံခဲ့ရသမျှကို အခုချိန်မှာ အိုနာနာက ပြန်ပြီးတုံ့ပြန်နိုင်နေပါ‌ပြီ။ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိ ၅ ပွဲအထိ ရလာကာ ထိပ်ဆုံးမှာ ပူးတွဲရှိနေပါတယ်။

ညက အဲဗာတန်နဲ့ပွဲမှာလည်း အပိုင်ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး သူ့လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ တပွဲပြီးတပွဲ လက်စွမ်းပြလာကာ အသင်းဖော်တွေနဲ့လည်း နားလည်မှုပြည့်၀လာနေပါပြီ။ သူ့ကို‌ ခေါ်ယူခဲ့ပြီးနောက်မှာ အသင်းပရိသတ်တွေရဲ့ ပြန်လှောင်ပြောင်တာကိုပါ ရင်ဆိုင်ရတဲ့အထိ ဖြစ်ခဲ့ပေမယ့် အိုနာနာကတော့ သူ့အလုပ်သူ အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။

ဒီရာသီမှာ ကာကွယ်မှုများဆုံးလုပ်ထားနိုင်တဲ့ ဂိုးသမားအဖြစ် ရှိနေပြီး အချက်အလက်မှတ်တမ်းတွေက ဘယ်ဂိုးသမားနဲ့မဆို ယှဉ်နိင်တဲ့အနေအထားမှာ ရှိနေပါတယ်။ တန်ဟက်ဂျ်ရဲ့ သူ့အပေါ် ယုံကြည်မှုတွေကလည်း အလဟသမဖြစ်ခဲ့ပါဘူး။

အိမ်က ထမင်းစားပွဲ ကိုယ့်လက်ရာလေး
26/11/2023

အိမ်က ထမင်းစားပွဲ
ကိုယ့်လက်ရာလေး

Address

Kaytu Street
Taunggyi

Website

Alerts

Be the first to know and let us send you an email when ye yint oo အဘိုးကြီးပေါက်စ game lite posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ye yint oo အဘိုးကြီးပေါက်စ game lite:

Share

Category