01/08/2023
* ဘဝ *
ကောင်းမွန်တဲ့ ပျော်စရာလေးတွေရှိမယ်
စိတ်ပျက်ဖို့ကောင်းတဲ့ ဝမ်းနည်းစရာလေးတွေ ရှိမယ်
ပြန်စဥ်းစားကြည့်နော်
ဘယ်အရာက တည်မြဲလဲ
ဒါကြောင့် ဘယ်အရာကိုမှ အကြာကြီးလိုက်မခံစားနဲ့နော်
သတိလေးကပ်ပြီး နေကြည့် နေချင်စရာကောင်းတဲ့ ဘဝ လို့မြင်လာပါလိမ့်မယ်
ကောင်းဆိုး နှစ်မျိုးကြုံလာတဲ့အခါ ခုလို နှလုံးသွင်းကြည့်ပါ * ဒီနေ့ ဒီရက် ဒီအချိန်မှာ ဖြစ်မယ်ဆိုတဲ့အရာတွေဟာ ဖြစ်ကို ဖြစ်မှာ ရှောင်လွှဲလို့မရဘူးနော် အားလုံးဟာ သတ်မှတ်ပေးပြီးသားဆိုတာပဲ*လုပ်ရမှာက သတိလေးကပ်ပြီး နေကြဖို့ပါပဲ နေကြည့်လိုက်ပါမိတ်ဆွေတို့ အဆင်ပြေပါလိမ့်မယ်
* ကြိုးစားနေသူ *