Nwày Oô Zãr Nî

Nwày Oô Zãr Nî 1998

ပညာတတ်နဲ့ပညာရှိ...ဘောင်ကျဥ်းထဲမှာမပျော်ပါနဲ့ပညာဆိုတာဘာလဲဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လိုက်တာအဲ့မှာစပြီးတော့ လွဲတော့တာပဲ။ ကျွန...
27/09/2025

ပညာတတ်နဲ့ပညာရှိ...
ဘောင်ကျဥ်းထဲမှာမပျော်ပါနဲ့

ပညာဆိုတာဘာလဲ
ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လိုက်တာအဲ့မှာစပြီးတော့ လွဲတော့တာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲ့တာက လူတိုင်းကို ပေတံတစ်ချောင်းနဲ့ လိုက်တိုင်းတာမျိုးပါ။

အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ပိုဆိုးတယ်ပြောရမယ်။ ပညာတတ်ဆိုတာ ဘွဲ့တွေရ ကျောင်းတွေအများကြီးတက်တာကို တန်းပြီးမြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကိုး။

ဒါကြောင့် ဘွဲ့ရပြီး ပညာမတတ်တွေ အများကြီးပေါ်လာ​တာပေါ့ဗျာ။ ချမ်းသာတဲ့တိုင်းပြည်တွေ ကြည့်လိုက်မယ်ဆို သူတို့မှာ ထူးခြားတာတစ်ခုရှိတယ်။

အဲ့ဒါ တကယ်ပညာတတ်တဲ့သူတွေ အများကြီးရှိနေတာပဲ။ ဘွဲ့ဆိုတဲ့အရာထက် အဆပေါင်းများစွာပိုတဲ့ အသိဉာဏ်ကြွယ်ဝခြင်းတွေ သူတို့မှာရှိနေကြလို့ပဲ။

ပညာဆိုတာ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့အရာလို့ ဆရာကြီးအောင်သင်း ပြောခဲ့ဖူးပါတယ်။

အသိပညာဆိုတာ သိပ်ကိုလေးနက်သလို လွယ်လွယ်နဲ့ တန်ဖိုးဖြတ်လို့မရပါဘူး။ ပညာဆိုတာ သတ်မှတ်ထားတဲ့ ဘွဲ့သီးသန့်ချည်းမဟုတ်ဘူး။ ဒါကို လက်မခံချင်လည်း အမှန်တရားတွေမို့လို့ လက်ခံရမှာပဲ။





#ဆရာအောင်သင်း

#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
゚viralシ

 #ကာလဒါနသုတ်၃၆။ ရဟန်းတို့ ကာလဒါန ငါးမျိုးရှိတယ်။၁။အာဂန္တုက ဒါန=ဧည့်သည် ကို လှူတာ၂။ဂမိကဒါန=ခရီးသည်ကို လှူတာ ၃။ဂိလာနဒါန=မက...
12/08/2023

#ကာလဒါနသုတ်

၃၆။ ရဟန်းတို့ ကာလဒါန ငါးမျိုးရှိတယ်။

၁။အာဂန္တုက ဒါန=ဧည့်သည် ကို လှူတာ
၂။ဂမိကဒါန=ခရီးသည်ကို လှူတာ
၃။ဂိလာနဒါန=မကျန်းမာသူကို လှူတာ
၄။ဒုဗ္ဘိက္ခဒါန= ရှားပါးလိုအပ်​နေတဲ့ဆီကိုလှူတာ
၅။နဝသသ„နဝဖလဒါန =ကောက်ဦး သစ်သီးဦးတွေကို သီလရှိသူကို လှူတာ
ကာလဒါနဟာ ဒီငါးမျိုးပဲ။

အလှူခံရဲ့ စကားကို သိတတ်တဲ့ နှမြောဝန်တိုမှုကင်းတဲ့ ပညာရှိတွေဟာ
#ဖြူစင်ဖြောင့်မတ်ပြီးစံပြဂုဏ်ရှိတဲ့ပုဂ္ဂိုလ်​တွေမှာ စိတ်ကြည်ကြည်လင်လင်နဲ့ #သင့်တော်တဲ့အချိန်မှာ ပေးလှူကြတယ်။

သူ့ရဲ့အလှူဟာ ကြီးကျယ်တယ်။
ဒီအလှူကို ဝမ်းမြောက်ဝမ်းသာ ရှိတဲ့သူတွေဟာ 'ဝေယျာဝစ္စ' လုပ်ကြတယ်။
ဝေယျာဝစ္စဝိုင်းလုပ်လို့ အလှူက လျော့မသွားဘူး။
ဝေယျာဝစ္စလုပ်သူတွေလည်း ကုသိုလ်ဝေစုရကြတယ်။

ဒါကြောင့် တွန့်တိုစိတ်မရှိတဲ့သူဟာ အလှူပေးရင် အကျိုးကြီးကြီးရှိနိုင်မည့် ပုဂ္ဂိုလ်မှာ လှူရမယ်။
ကောင်းမှုဟာ တမလွန်ဘဝမှာ သတ္တဝါတွေရဲ့ ထောက်တည်ရာ ဖြစ်တယ်။

ဆဋ္ဌသုတ်။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်

"ဝေဘူဆရာတော်ဘုရားကြီး၏ အဆုံးအမသြဝါဒ"သီလ ဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ။ဖြည့်လို့ ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလ...
09/08/2023

"ဝေဘူဆရာတော်ဘုရားကြီး၏ အဆုံးအမသြဝါဒ"

သီလ ဆောက်တည်ပြီးလျှင်
ပြည့်စုံအောင် ဖြည့်ကြ။
ဖြည့်လို့ ပြည့်စုံပြီဆိုလျှင်
မိမိစိတ်အလို
တောင့်တတဲ့အတိုင်း ပြီးမယ်။
ယခုလည်း ချမ်းသာမယ်။
နောင်လည်း ချမ်းသာမယ်။

ပစ္စုပ္ပန်ချမ်းသာ သံသရာချမ်းသာ
နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင် အဆုံးအမတော်ကလွဲလို့
တခြားမရှိဘူး။

ဘုရားရှင် အဆုံးအမဆိုတာ
#ပိဋကတ်သုံးပုံ ပဲ။
ပိဋကတ်သုံးပုံဆိုတာ
အလွန်ကျယ်ဝန်းတယ်။
ပိဋကတ်သုံးပုံကို အဆီထုတ်ပါလျှင်
#ဗောဓိပက္ခိယတရား (၃၇)ပါးရတယ်။
ဗောဓိပက္ခိယတရား(၃၇)ပါးကို
အဆီထုတ်လျှင်
#မဂ္ဂင်ရှစ်ပါး ရတယ်။
မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင်
#သိက္ခာသုံးပါး ရတယ်။

သိက္ခာသုံးပါးဆိုတာ
#အဓိသီလ
#အဓိစိတ္တ
#အဓိပညာ ပါပဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင်
#ဧကောဓမ္မော=တရားတစ်ခုရတယ်။

ရုပ်ပေါ်နာမ်ပေါ်မှာနေပြီး
ယခုလိုဆောင်ထားတော့
(ရှုမှတ်နေတော့)
ကာယကံ သောင်းကျန်းမှု
ဝစီကံ သောင်းကျန်းမှု မရှိဘူး။
အဲ့ဒါ #အဓိသီလ လို့ ခေါ်တယ်။

အဓိသီလ အားကောင်းနေလျှင်
စိတ်တွေသောင်းကျန်းမှု မရှိဘဲ
ငြိမ်ဝပ်ပိပြားပြီး တည်နေတော့တယ်။
အဲ့ဒါ #အဓိစိတ္တ လို့ ခေါ်တယ်။

အဓိစိတ္တ(သမာဓိ)အားကောင်းလို့
အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ်
ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး။
လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်း
ဖြစ်ပြီး ပျက်နေတယ်။
ရုပ်ကို နာမ်က သိနေလျှင်
ဖြစ်ပျက်ကို သိတော့တာပဲ။
ဖြစ်ပျက်သိတာ
#အဓိပညာ လို့ ခေါ်တယ်။

အများနားလည်အောင်
ပြောရမယ်ဆိုလျှင်
ခန္ဓာကိုယ်မှာထင်ရှားတဲ့အစိတ်အပိုင်း
တစ်ခုဖြစ်တဲ့ နှားဖျားနှာဝ မှာ
ထွက်လေ ဝင်လေ နှစ်ရပ်ဟာ
အမြဲတိုက်ဝင်တိုက်ထွက်နေတယ်

နှာဖျားနှာဝမှာ
ကာယပသာဒ အကြည်က အထိခံ။
ထွက်လေ ဝင်လေဖြစ်တဲ့
လေနှစ်ရပ် ဝါယော ဖောဋ္ဌဗ္ဗက ထိတယ်
ထိုအထိခံ နဲ့ ထိတာက ရုပ်။
သိတာက နာမ် ဆိုတော့
ဒကာကြီး ဒကာမကြီးတို့
သူများမေးမနေနဲ့။
ကိုယ့်နှာဝကို ဥာဏ်နဲ့စောင့်ကြည့်။

ဝင်တော့ ထိဝင်မယ်။
ထွက်တော့လဲ ထိထွက်မယ်။
ထိတာကို သိလျှင် သိနေလျှင်
လောဘ ဒေါသ မောဟ
ဖြစ်ခွင့်မရလို့
လောဘမီး ဒေါသမီး မောဟမီး
ငြိမ်းတယ်။
ငြိမ်းတော့ အေးတယ်။

မထိခင် သိလို့ မဖြစ်ဘူး။
ထိပြီးပြန်တော့လဲ သိလို့ မဖြစ်ဘူး။
ထိတုန်းကိုသာ သိလို့ဖြစ်တယ်။
အဲ့ဒါကို #ပစ္စုပ္ပန်တဲ့တဲ့ လို့ ဆိုတယ်။

အဲ့သလို တစ်ထိထဲ ထိနေတာကို
တစ်ဆက်ထဲသိနေအောင်
ဆောင်ကြဗျာ့။
တစ်ရက်(၂၄) နာရီ တစပ်လောက်ရလျှင်
အလွန်သိသာပါတယ်။
အဲ့သလို ထိတာကို မသိမှတ်နိုင်ရင်
လျှပ်တပြက်အတွင်းဘဲ
ကုဋေတစ်သိန်း
အကြွေးတင်သွားရော့ဗျာ့။

ထိတာကို သိနေလျှင်
#ရုပ်နဲ့နာမ်သာရှိပါကလား လို့ သိလိမ့်မယ်။
#ရုပ်နာမ်မှတပါး
#ငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးဆိုတာ
#ဘုရားရဲ့တရားတော်အမှန်ပါလား လို့
ကိုယ့်ဟာကိုယ် သိလိမ့်မယ်။
သူများကို မေးနေဘို့ မလိုပါဘူး။
နှာဖျားနှာဝမှာ လေထိတာကို
သိနေလျှင် ထိုအချိန်မှာ
#အတ္တ ဆိုတဲ့ကိုယ် မရှိဘူး။

ထိုသိနေတဲ့အချိန်မှာ
ဥာဏ်အမြင်စင်ကြယ်တယ်။
သမ္မာဒိဋ္ဌိ ဖြစ်တယ်။

ထိတာ ကို သိနေတဲ့အချိန်မှာ
``ရုပ်နာမ်မှတပါး ဘာမျှမရှိပါကလား´´´လို့
သိတာကိုနာမ် ရုပ်ကို ပိုင်းခြားပြီး သိလို့
#နာမရှုပပရိစ္ဆေဒဥာဏ် လို့ ခေါ်တယ်။

တထိထဲထိ တသိထဲသိနေလျှင်
အတ္တစင်၍ ဥာဏ်အမြင်စင်ကြယ်တဲ့
အကျိုးရတယ်။

ခဏအချိန်ကလေးမှာ ရတဲ့အကျိုး
နည်းတယ်လို့ မမှတ်ကြနဲ့။

ကမ္မဋ္ဌာန်းထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်။
ဘာမှလဲ မရပေါင်´လို့ များ မမှတ်လိုက်ကြနဲ့။
မြင့်မြတ်တဲ့ဘဝ ဘုရားသာသနာ နဲ့
ကြုံကြိုက်တဲ့အခါမှာ ဒီလိုအကျိုးထူးများရနိုင်တယ်။
အထူးကြိုးစားကြ။

* ဝေဘူဆရာတော်ဘုရားကြီး
🙏🙏🙏

ဓမ္မဒါန ဖြစ်ပါသည်

မိုးအောင်ဆန်း(ချမ်းမြေ့သူ)

 #သောတာပန်ဆိုတာ==========သောတာပန် ပုဂ္ဂိုလ်ရဲ့စိတ်မှာ၁။ ရုပ်နာမ်ကို ငါ၊ ငါ့ဟာလို့ စွဲလမ်းယူဆခြင်းမရှိဘူး။(ဒိဋ္ဌိ)၂။  တရာ...
06/08/2023

#သောတာပန်ဆိုတာ
==========
သောတာပန် ပုဂ္ဂိုလ်ရဲ့စိတ်မှာ

၁။ ရုပ်နာမ်ကို ငါ၊ ငါ့ဟာလို့ စွဲလမ်းယူဆခြင်းမရှိဘူး။(ဒိဋ္ဌိ)
၂။ တရားစစ် တရားမှန်ကိုလည်း ချီတုံချတုံ ဝေဖန် စဥ်းစားနေတာ
သံသယဖြစ်နေတာ မရှိဘူး။ (ဝိစိကိစ္ဆာ)
၃။ မှားယွင်းတဲ့ ခွေးနွား အကျင့်မျိုးလည်း မရှိဘူး။ (သီလဗ္ဗတပရာမာသ)
၄။ ကိုယ်ထက် သူများက ပိုပြီး ကောင်းစားသွားမှာကို မနာလိုတဲ့ (ဣဿ)
စိတ်။ ကိုယ့်လိုသူများ ကောင်းစားလာမှာကို ဝန်တိုတဲ့ (မစ္ဆရိယ)
စိတ်မျိုးလည်း မရှိတော့ဘူး။

ဒါ အောက်ထစ်ဆုံး သောတာပန် အရိယာတို့ရဲ့ စိတ်ထား။
ဒီယုတ်ညံတဲ့ စိတ်ထားတွေ ကင်းကွာသွားတယ်ဆိုရင်ပဲ ဘယ်လောက်
ချမ်းသာ ငြိမ်းအေးသွားမယ်ဆိုတာ ခန့်မှန်းနိုင်လောက်ပြီ။ ဒီတော့

၅။ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ခြွင်းလျက်မရှိ အားကိုး
ယုံကြည်သူ ဖြစ်သွားပြီ။
၆။ ခိုးလို၊ သတ်လို၊ လိမ်လိုတဲ့ စိတ်တွေ ဒီဘဝ မပြောနဲ့ နောင် ဘဝ
အဆက်ဆက်မှာတောင် မရှိနိုင်တော့ဘူး။ ငါးပါးသီလကို
ဘယ်တော့မှ မလွန်ကျူးတဲ့အဆင့် ရောက်သွားပြီ။

သောတာပန် ပုဂ္ဂိုလ်ရဲ့ အတွင်းစိတ်နေ သဘောထားဟာလဲ လူသာမန်တွေနဲ့
မတူတော့ဘူး။ အသိတွေလည်းမတူတော့ဘူး။ အမြင်တွေလည်းမတူတော့ဘူး။
တမင်ဆင်ခြင်စဥ်းစားပြီး ရှောင်ကြည်နေရတာမျိုး မဟုတ်ဘူး။
အလိုလို တိုးတက် ပြောင်းလဲသွားခြင်း ဖြစ်တယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ
ရရှိ သိမြင်သွားသူလို့ ခေါ်ရတယ်။

သာဝက ဗောဓိဆုပန်ထားတဲ့သူများက အနည်းဆုံး ဒီအဆင့်ရောက်အောင်
အားခဲရမယ့် အခါကောင်းကြီးလို့မှတ်။

အရိယာ ပုဂ္ဂိုလ်ဖြစ်သွားလျှင် အပါယ်လေးပါး ဘေးက အပြီးတိုင်
လွတ်မြောက်ခွင့်ရသွားပြီ။ ယုတ်နိမ့်တဲ့ ဘဝမျိုးတွေမှာလည်း
မဖြစ်ရတော့ဘူး။ အောက်ထစ်ဆုံး သောတာပန် ဖြစ်သွားတယ်
ဆိုရင်ပဲ ငါးပါးသီလကို အလိုလို လုံခြုံသွားပြီ၊ ငါးပါးသီလလုံခြုံတဲ့အတွက်
သီလမလုံလို့ ကျရောက်တတ်တဲ့ ဘေးတွေက ကင်းလွတ်သွားခြင်း
ဖြစ်တယ်။

အရိယာ ပုဂ္ဂိုလ်ဆိုတာ အချုပ်အားဖြင့် လေးမျိုးရှိတယ်။
လေးမျိုးက-
၁။ သောတာပန် ပုဂ္ဂိုလ်
၂။ သကဒါဂမ် ပုဂ္ဂိုလ်
၃။ အနာဂါမ် ပုဂ္ဂိုလ်
၄။ ရဟန္တာ ပုဂ္ဂိုလ်

ထိုလေးမျိူး။ တစ်မျိုး တစ်မျိုးမှာ မဂ်ပုဂ္ဂိုလ် ဖိုလ်ပုဂ္ဂိုလ် ၂ မျိုးစီ
ရှိတဲ့အတွက် ၈မျိုးဖြစ်တယ်။ အရိယာပုဂ္ဂိုလ်ရှစ်ယောက်လို့ ခေါ်တယ်။

ပုထုဇဥ်က သောတာပန် အရိယာဖြစ်ချင်လျှင် ရှေ့ကပြောခဲ့တဲ့အတိုင်း
ကျင့်ကြံပွားများရတယ်။ သောတာပန်က သဂဒါဂမ် စသည်ဖြစ်အောင်
ကျင့်ကြံရာမှာလည်း ကျင့်ကြံနည်းက အပြောင်းအလဲမရှိဘူး။
ဒီနည်းပဲ သဒ္ဓါ ဝီရိယ တိုးမြှင့်ပြီး တစ်ဆင့်ထက် တစ်ဆင့်ကျင့်သွားရုံပဲ။
သွားနေကျလမ်း၊ လုပ်နေကျ အလုပ်ဆိုတော့ ဘာမှ ပင်ပန်းတယ်
မရှိတော့ဘူး။

အဲ... အထက် အထက် အရိယာပုဂ္ဂိုလ်တွေကျတော့ တစ်ဆင့်ထက်တစ်ဆင့်
မြင့်တက်သွားပြီ။ ချမ်းသာမှုတွေ တိုးလာပြီ။ စိတ်ဆိုး စိတ်ပျက်တွေ၊
လောကီအာရုံတွေအပေါ် တွယ်တာစိတ်တွေ၊ မာန်ထောင်လွှားမှုတွေ
ဘာမှမရှိတော့ဘူး။ ကုန်ကုန်ပြောရင် ယုတ်ညံတဲ့ အောက်တန်းစား
စိတ်ထားတွေ အလျှင်းမရှိတော့လို့ ငြိမ်းအေးကုန်ကြပြီ။ အောက်ကို
ဘယ်တော့မှ မစုန်တော့ဘဲ အထက်ဘုံတွေမှာသာ ခိုလှုံသွားကြမယ်။

(တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ)
ဟောကြားတော်မူသော
သမထနှင့် ဝိပဿနာ တရားတော်

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် စီစဥ်သည့် တောင်တန်းဆရာတော်ကြီး၏
ဘဝချမ်းမြေ့စွာနေနည်းစာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

Credit... 🙏🙏🙏

" ယောတရားတော် " အမှတ်စဥ် (၂)🎍 🌺 🌻 🎍🌺 🌻 🎍 🌺 🌻 🎍 🌺 🌻 🎍အကျိုးရှိ အပြစ်ကင်းစွာပြုမူလုပ်ကိုင်ဆောင်ရွက်လို့*******************...
13/06/2023

" ယောတရားတော် " အမှတ်စဥ် (၂)
🎍 🌺 🌻 🎍🌺 🌻 🎍 🌺 🌻 🎍 🌺 🌻 🎍

အကျိုးရှိ အပြစ်ကင်းစွာ
ပြုမူလုပ်ကိုင်ဆောင်ရွက်လို့
******************************************
ဒုတိယသုံးပါးက -
🔹 ကောင်းစွာပြောမှု၊ ကောင်းစွာပြုပေး၊
သက်မွေးမှန်ကန် ဤသုံးတန်၊
ကျင့်ရန်သီလသာ။

သမ္မာဝါစာ၊ သမ္မကမ္မန္တ ၊ သမ္မာအာဇီဝခေါ်တဲ့ ကိုယ်နဲ့နှုတ်နှစ်ပါးကို ပိုင်နိုင်စွာ ထိန်းပြီးထားရတဲ့ အကျင့်သိက္ခာက သီလတဲ့။

နှုတ်ကပြောတော့လည်း အကျိုးရှိတဲ့ အပြစ်ကင်းတဲ့ စကားကိုပြောလို့၊ ကိုယ်အမူအရာတွေနဲ့ ပြုလုပ်ဆောင်ရွက်ပြန်တော့လည်း၊ အပြစ်ကင်းတဲ့ အကျိုးရှိတဲ့ ကောင်းတဲ့အလုပ်တွေကို ပြုလုပ်လို့။

အသက်မွေးဝမ်းကျောင်းအမှု ပြုပြန်တော့လည်း အပြစ်ကင်းတဲ့ ဒုစရိုက်ကင်းတဲ့၊ သန့်ရှင်းစင်ကြယ်တဲ့၊ ကောင်းတဲ့အသက်မွေးဝမ်းကျောင်းဆိုတဲ့ သမ္မာအာဇီဝလုပ်ငန်းစဉ် ဖြစ်ရမယ်၊ အဲဒါကသီလသိက္ခာ၊ ဒါတွေကို ကြားဖူးတာ များနေပြီးသားပါ။

🔹 ကောင်းစွာပြောမှု၊ ကောင်းစွာပြုပေး၊
သက်မွေးမှန်ကန်၊ ဤသုံးတန်
ကျင့်ရန်သီလသာ။

သတိနဲ့ သမာဓိ မပါဘဲ တွန်း, တွန်းချနေတာ
******************************************
သီလဆိုတာ ကိုယ်နှင့်နှုတ်နှစ်ပါးကို ထိန်းသိမ်းရတဲ့လုပ်ငန်းစဉ်၊ စည်းကမ်းလို့လဲခေါ်တယ်၊

တစ်ခါ တတိယသုံးပါးက-
🔹 ကောင်းစွာကြိုးစား၊ သတိထား၍
ကောင်းငြားတည်ကြည်၊ ဤသုံးလီတည့်၊
သမာဓိ၊ ကျင့်ဘိ မြတ်သိက္ခာ၊

သမ္မာဝါယာမ၊ သမ္မာသတိ, သမ္မာသမာဓိရယ်၊ သူတို့သုံးပါးပေါင်းမှ သမာဓိ ဖြစ်လာတယ်၊ သတိ, သမာဓိ, မပါဘဲ အခြောက်တိုက်ကြီး အားထုတ်တဲ့ ဝီရိယကျတော့ သမ္မာဝါယာမ ဖြစ်မလာဘူး၊ ဥဒ္ဒစ္စတွေပဲ ပေါ်လာကြတယ်။

နေ့တိုင်း လှုပ်ရှားသွားလာနေကြတာ ဝီရိယမပါတဲ့ အချိန်မရှိဘူး၊ ပါနေကြတာပဲ၊ ဝီရိယနဲ့ လှုပ်ရှားတွန်းကန်သွားနေကြတာပဲ၊ သို့သော် စိတ်တည်ငြိမ်လာသလား, အမြင်မှန်တွေ ပေါ်လာသလား, စိတ်တွေအေးချမ်းလာသလားဆိုတော့ မအေးချမ်းဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ သတိနဲ့ သမာဓိမပါပဲနဲ့ တွန်း,တွန်းချနေတာ၊ စိတ်ကို အစီအစဉ်မပါပဲ တွန်း, တွန်းချနေတာမို့ သမ္မာဝါယာမ မဖြစ်လို့ သမာဓိ သိက္ခာဘက်ကို မရောက်တာ။

ဝီရိယကို သတိ, သမာဓိနဲ့ထိန်းပြီးတွန်းရမှာ
******************************************
သမ္မာသမာဓိဖြစ်အောင်ဆိုလို့ရှိရင်, သမာဓိသိက္ခာဖြစ်အောင် ဆိုလို့ရှိရင် ဝီရိယဟာ သတိသမာဓိနဲ့ ထိန်းပြီးတွန်းရမှာ။

သတိနဲ့ အာရုံကိုပုံဖော်ရမယ်၊ အာရုံပေါ်မှာ စိတ်ကို ပထမဆုံးနေရာချပေးရမယ်၊ နေရာချပေးပြီးကာမှ သမာဓိနဲ့ချပ်ကနဲ စူးစိုက်ပေးရတယ်၊ နေရာရောက်ပြီဆိုကာမှ ဝီရိယနဲ့တွန်းတော့, စိတ်ကြိုက်တွန်းတော့၊ အဲဒီအခါမှာ သမာဓိဆိုတာပေါ်လာတာ။

ထမင်းချက်တယ်, ရေခပ်တယ်, စားတယ်, သွားတယ်, သောက်တယ်, နေထိုင်သွားလာတဲ့ ကိစ္စခပ်သိမ်းအကုန်လုံးပေါ့၊ အားမှရယ်လို့ မဟုတ်ပါဘူး၊ သီးခြားအချိန်ယူ အားထုတ်တာလည်း အားထုတ်တာ သပ်သပ်ပေါ့။

အဲသလို သီးခြားအချိန်မပေးနိုင်ရင်လဲ အချိန်လေးတွေက အင်မတန်နှမြောစရာသိပ်ကောင်းနေတော့ ဒီလိုခေတ်အခါ ဘဝကောင်းလေးတွေရတုန်း အချိန်လေးတွေ ဖြုန်းပစ်ရမှာ အင်မတန်နှမြောစရာကောင်းတယ်။

ဒါကြောင့် ဒီလိုရထားတဲ့အချိန်လေးတွေကို ခန္ဓာဝန်ထမ်းဆောင်ရင်းနဲ့ သမာဓိသိက္ခာပေါ်အောင် ဝီရိယနဲ့တွန်းတိုင်း, တွန်းတိုင်း အစီအစဉ်လေးနဲ့ တွန်း, တွန်းပေးရမယ်၊ အဲဒါ သမာဓိသိက္ခာပဲ။

သမာဓိဆိုတာ
******************************************
🔸 သမာဓိဆိုတာ

🔸 စိတ်ကိုထားချင်တဲ့နေရာမှာ

🔸 ထားလို့ရအောင်

🔸 ထားချင်သလို

🔸 ထားလို့ရအောင်

🔸 ထားချင်သလောက်

🔸 ထားလို့ရအောင်
အဲသလိုလေ့ကျင့်ပေးတဲ့လုပ်ငန်းကို သမာဓိလို့ခေါ်တယ်။

စိတ်အစဉ်ကို ချေးချွတ်ဆေးကြောရတဲ့ အလုပ်ဖြစ်တာကြောင့် သမထလို့လဲခေါ်တယ်။

🔸 ကိလေသာအညစ်အကြေးတွေ

🔸 တွယ်ကပ်မနေရအောင်

🔸 တွယ်ကပ်နေရင်လဲ စင်ကြယ်သွားအောင်

🔸 ချေးချွတ်ဆေးကြောရတဲ့
အလုပ်ဖြစ်တယ်

🔸 အဲဒါကို သမာဓိခေါ်ပါတယ်။

🔸 ကောင်းစွာကြိုးစား၊ သတိထား၍
ကောင်းငြားတည်ကြည်၊ ဤသုံးလီတည့်
သမာဓိ၊ ကျင့်ဘိမြတ်သိက္ခာ။

တရားအလုပ်သည် စီးပွားရေးအလုပ်တစ်မျိုးပဲ
******************************************
🔹 သိက္ခာသုံးရပ် အကျင့်မြတ်၊
မပြတ်ဖြည့်စရာ။

သိက္ခာသုံးပါးဆိုတာ အစဉ်မပြတ်ကို ဖြည့်ရမှာ၊ ခုနပြောတဲ့အတိုင်း ခန္ဓာဝန်ထမ်းဆောင်ရင်း, စားရင်းသွားရင်း, လုပ်ရင်းကိုင်ရင်း, နေရင်းထိုင်ရင်း, ဘယ်ကိစ္စမှာမဆို အကုန်လုံး အစီအစဉ်လေးနဲ့ စိတ်ကို တွန်းပါ၊ သမာဓိသိက္ခာရမှာပါ၊ ပညာလည်း ထို့အတူပဲပေါ့၊ သီလလည်း ထို့အတူပေါ့၊ အားချိန်ကိုစောင့်နေရမှာ မဟုတ်ဖူး။

ရတဲ့အချိန်ကို ဖြစ်တဲ့နည်းနဲ့ သုံးပြီးတော့ အဆက်မပြတ် ဖြည့်ပေးနေရမယ့် အင်အားတွေပေါ့၊ သူလည်း စီးပွားရေး အလုပ်တစ်မျိုးပဲ။

ခန္ဓာက တာဝန်ပေးထားတဲ့ စားဝတ်နေရေးအတွက်ကိုတော့ ဧကန်နေ့စဉ် လုပ်နေကြရတယ်၊ လုပ်နေကြသလိုပဲ သဒ္ဓါတရား အားကောင်းသူများကလည်း “တရားအလုပ်ဟာ စီးပွားရေးအလုပ်တစ်မျိုးပဲလေ”လို့ အဲသလို ခံယူပြီးတော့ ရတဲ့နည်းနဲ့ ဖြည့်ရမှာပါ။

🔹 သိက္ခာသုံးရပ်၊ အကျင့်မြတ်၊
မပြတ်ဖြည့်စရာ။

အရှင်သိရိန္ဒာဘိဝံသ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
{ယောဆရာတော်ဘုရားကြီး}

သာသနာတော်နှစ် ၂၅၃၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၅၃ ခု၊ တပေါင်းလဆန်း ၅ ရက် တနင်္ဂနွေနေ့တွင် ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါ သမိုင်းဝင် စွယ်တော်ရှင်မြတ်ဘုရားကြီးဝင်း အာရုံခံဓမ္မာရုံကြီးအတွင်း၌ အနောက်ဂန့်ဂေါ ရှုံးရွှီရွာ ဒကာဒကာမပေါင်း သူတော်ကောင်းတို့အတွက် ဓမ္မဒါန ဓမ္မလက်ဆောင်အဖြစ်ဖြင့် ဟောကြားအပ်သော တရားတော်ဖြစ်သည်။

🌺 🌻 💠 🌺 🌻 💠 🌺 🌻 💠 🌺 🌻 💠 🌺
#စာရိုက်ကူးယူကုသိုလ်ပြုပူဇော်ပါသည်။
ဓမ္မတရား,ဓမ္မစာပေများကို ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူပွားများနိုင်ပါသည်။
ကိုပြုံး (ခ) ကိုအောင်လင်း

07/06/2023

[ ဘုန်းကြီးညံ့ရင်_ရွာညံ့သွားတယ် ]
. ဘွဲ့တံဆိပ်နဲ့အလှူသာခံနေသော ဘုန်းကြီးများသို့---
#မြောင်းမြဆရာတော်ကြီးဆုံးမစကားများ

မြန်မာပြည်မှာ ဘုန်းကြီးတွေ
ဦးဆောင်နေတယ်..၊
ဒါကြောင့်...
ဘုန်းကြီးညံ့ရင် ရွာညံ့သွားတယ်၊
ဘုန်းကြီးကောင်းရင် ရွာကောင်းလာတယ်။

မြို့လည်း အတူတူပဲ..၊
အဲဒါကို ကြပ်ကြပ်သတိထားကြ..။

#သာသနာဆိုတာ ဘာလည်း၊
"ဘုရားရှင်ရဲ့ အဆုံးအမတော်ကို သာသနာ ခေါ်တယ်။
ဘုန်းကြီးတွေ ဝါဝါဝတ်နေတာကို
သာသနာ" ခေါ်တာ မဟုတ်ဘူး။
ဝါဝါ မြင်တိုင်း
သာသနာ ထင်မနေကြနဲ့။

#ရဟန်းဆိုတာ ဣနြေ္ဒရှိရတယ်၊
ဣနြေ္ဒကို စောင့်ထိန်းရတယ်၊
ကိုယ့်သိက္ခာကို
ကိုယ်ရိုသေရတယ်။

#သာသနာပြုလုပ်ငန်းဆိုတာ
အပြောလွယ်သလောက်
အလုပ်ခက်တဲ့လုပ်ငန်းကြီးတစ်ခုပဲ။

#သူများဆောက်လုပ်ထားတဲ့၊
#သူများလှူဒါန်းထားတဲ့ တိုက်ကျောင်းတွေမှာ
#နေပြီးတော့ စည်းစိမ်ယစ်မနေကြနဲ့၊
ဘဝင်မြင့်မနေကြနဲ့၊
#စိတ်ကြီးမဝင်ကြနဲ့။

#နည်းပေးလမ်းပြတဲ့ ဂိုဏ်းစွဲ၊ ကျောင်းစွဲ၊ တိုက်တာစွဲ
ကျဉ်းမြောင်းစိတ်ကို မထားရဘူး၊
သာသနာတော်ကြီးတစ်ခုလုံးကို
ခြုံပြီးလုပ်ဖို့ လိုတယ်။

#ကြီးပွားတိုးတက်ရေးမှာ
အလုပ်လုပ်ရုံနဲ့လဲ မပြီးသေးပါဘူး၊
လုပ်ပြီးသမျှ ပြန်လှန်စိစစ်ရမယ်၊
ချို့ယွင်းချက်တွေ့က ပြုပြင်ရမယ်၊
မပြုပြင်ဘဲ မဖြစ်ဘူး၊ ပြုပြင်သင့်တာကို
ပြုပြင်ရမယ်၊ ပြောင်းလဲသင့်တာကို
ပြောင်းလဲရမယ်၊ ရှေးရိုးချည်းလုပ်နေလို့
မဖြစ်ဘူး၊ ပြုပြင်ပြောင်းလဲတဲ့အခါမှာလဲပဲ
ရွှေကျင်ဂိုဏ်းကျင့်ထုံး ဥပဒေနဲ့လဲ
မဆန့်ကျင်စေရဘူး၊
ဝိနည်းပညတ်တော်နဲ့လဲ လျော်ညီစေရမယ်။

#နည်းပေးလမ်းပြတဲ့
ဆရာသမားဟာ အင်မတန် အရေးကြီးတယ်၊
မကောင်းတဲ့ ဆရာမျိုးကို
ရှောင်ခွာပြီး ကောင်းတဲ့ဆရာမျိုးကို
ဆည်းကပ်ဖို့ လိုပါတယ်။

#ခေါင်းဆောင်လုပ်မယ့်လူဟာ
ဘယ်နေရာမှာမှ ပေါ့ပေါ့လျော့လျော့
မရှိစေရဘူး၊ အမြဲ သတိရှိရမယ်၊
မှတ်သားရမယ်၊ မျက်စိနဲ့နားကို
အမြဲ ဖွင့်ထားရမယ်။

#သာသနာ့ဝန်ထမ်း_ရှင်ရဟန်းဆိုတာ
မိမိကသာ သာသနာ့တာဝန်ကို
ထမ်းဆောင်ရမယ်၊
သာသနာတော်က မိမိရဲ့တာဝန်ကို
မထမ်းဆောင်စေရဘူး။

#သာသနာအရေးမှာ
ငါအရေး၊ ဆွေမျိုးအရေး မပါစေနဲ့။

#ဂုဏ်နောက်ကို
လူက မလိုက်ရဘူး၊ ဂုဏ်ကသာ
လူနောက်ကို လိုက်စေရမယ်။

#ရဟန်းတွေဆိုတာဟာ
အနေရိုးသားရမယ်၊
အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်ရမယ်၊
လူများနဲ့ရောရောနှောနှောလဲ မနေရဘူး၊
ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။

#ဝိနည်းပညတ်တော်က
ခေတ်နောက်ကို လိုက်လို့မရဘူး၊
ခေတ်ကသာ ဝိနည်းပညတ်တော်ရဲ့
နောက်ကို လိုက်ရမယ်။

#ကုသိုလ်လုပ်တဲ့နေရာ
အကုသိုလ် မပါစေနဲ့။

#သာသနာရေးကို
တကယ် ကောင်းစေချင်၊
တကယ် လုပ်ချင်ရင် စည်းကမ်းရှိရတယ်။

#ကျေးဇူးရှင် ဒသမ ရွှေကျင်သာသနာပိုင်
မြောင်းမြဆရာတော်ကြီး

[ ဝိသုဒ္ဓါရုံ မြောင်းမြဆရာတော်နှင့်
ဗုဒ္ဓမြတ်စွာသာသနာ စာအုပ်မှ ]

မေတ္တာဖြင့်...

🌷ငြိမ်းချမ်း ပါစေ

07/06/2023
ဆရာကောင်းဟူသည် လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ   ယူရတာကိုပျော်လေနိဗ္ဗာန်နဲ့ဝေးလေ    သူ့ကျောင်းဝင်းထဲမှာတိုက်ကျောင်းတွေ...
24/05/2023

ဆရာကောင်းဟူသည်
လှူရတာကိုပျော်လေ
နိဗ္ဗာန်နဲ့နီးလေ
ယူရတာကိုပျော်လေ
နိဗ္ဗာန်နဲ့ဝေးလေ
သူ့ကျောင်းဝင်းထဲမှာတိုက်
ကျောင်းတွေပြည့်ကျပ်နေသည်
နောက်ထပ်အလှူရှင်တွေကတိုက်
ကျောင်းတွေဆက်လှူချင်​
ကြောင်းလျောက်ကြသောအခါ
အနည်းငယ်ဟောင်းနေသော
တိုက်ကျောင်းများကိုဖြိုချကာ
ဆက်ဆောက်လှူခိုင်းသည်။သူ
၏ကျောင်းတွင်သံဃာကငါးပါး
ခန့်သာရှိသည်။တိုက်ကျောင်း
ပေါင်း၂၀ခန့်ရှိသည်။ကုသိုလ်ရ
သော်လည်းနေမည့်သူမရှိသော
ကြောင့်အကျိုးမရှိသောလှူခြင်း
ဟုဆိုရပါမည်
ထိုဆရာတော်နေရာတွင်မင်း
ကွန်းတိပိဋကဆရာတော်သာဆို
လျင်တကယ်လိုအပ်နေသောဆေးရုံ၊ဆေးပေးခန်း၊စာသင်
ကျောင်းတို့ကိုဆောက်လှူခိုင်းမှာ
သေချာပေသည်
ဆရာကောင်းဟူသည် တပည့်
ထံအလှူခံဖို့ဝေး၍
တပည့်
ဒကာကလှူတိုင်းပင် မလိုပါကအ
လှူမခံတတ်ဘဲငြင်းပယ်သည်။
သို့မဟုတ် တကယ်အကျိုးရှိသောနေရာ၌ရွေးချယ်ကာလှူစေ
သည်
မြစ်သားမြို့ပြင်ကြီးဆရာ
တော်သည် ဦးသက်ရှည်တို့သားအဖက ကျောင်းဆောက်
လှူချင်ကြောင်းလျောက်သောအ
ခါ
"ကုသိုလ်လည်းရ အကျိုးလည်းရှိတဲ့နေရာမှာရွေးလှူရတယ်။ဘုန်းကြီးဆီမှာကျောင်း
လှူရင် ကုသိုလ်တော့ရမယ် ဒါ
ပေမယ့် သံဃာကနည်းတော့
ဒကာကြီးဆောက်တဲ့ကျောင်းမှာ
နေမယ့်သူမရှိဘူး ဒီတော့ ကု
သိုလ်တော့ရတယ် သာသနာအ
တွက်အကျိုးမရှိဘူး၊မန္တလေးဘု
ရားကြီးတိုက်မှာစာသင်သားသံ
ဃာတွေများပြီး နေစရာကျောင်း
နည်းနေတယ် အဲဒီမှာသွားလှူရင်
ကုသိုလ်လည်းရမယ် သာသနာအတွက်အကျိုးလည်းရှိမယ်"
ဆရာတော်၏သြဝါဒအတိုင်း
ဘုရားကြီးတိုက်တွင်ကျောင်း၁
ဆောင်သွားလှူဖြစ်ကြသည်။ထို
ဦးသက်ရှည်ဟူသည်ကား နောင်တချိန် မစိုးရိမ်တိုက်ကြီးကို
စတင်တည်ထောင်ဆောက်လုပ်
လှူဒါန်းခဲ့သောကျောင်းဒကာကြီး
ပင်ဖြစ်ပေသည်
လက်ဖက်များကိုမန္တလေးစျေးချိုတွင်သားမးအဖ၂
ယောက်ထမ်းရောင်းရင်း တကယ်လှူချင်စိတ်ရှိသော
ကြောင့်လှူနိုင်သောဘဝသို့
ရောက်ခဲ့ကြသူများဖြစ်သည်
မန္တလေး မစိုးရိမ်တိုက်(ဟောင်း)ရှိပေ၅၀ပေ၇၀
ခန့်ရှိသောနှစ်ထပ်တိုက်ကြီးပေါင်း၂၀ကျော်ကိုတစ်ဦးတည်း
ဆောက်လှူခဲ့သူဖြစ်သည်။နောင်
တချိန်ကျောင်းပျက်ပါကပြန်ပြင်
ဖို့ငွေအခက်အခဲရှိပါက ရွှေများကိုပွတ်ယူပြီးပြင်ဆင်နိုင်ရန်တိုက်ကျောင်းအားလုံးအတွင်းပိုင်းကိုရွှေအစစ်အပြည့်
ချထားသည်ကိုယခုတိုင်တွေ့နိုင်
ပါသည်
မေတ္တာရှင်
(ရွှေပြည်သာ)

#ခြင်္သေ့ကြီးတစ်ကောင်ဆိုရင်
ဘယ်လောက်ကုန်ကျမှာလဲ ဒကာကြီးရဲ့။

ပစ္စည်းဖိုးရော လက်ခပါ အပါအ၀င်ဆိုရင် ခြင်္သေ့ရုပ်တစ်ကောင်ကို ၄၀၀ဝိ/-ကျော်လောက်ကုန်ကျပါမယ်။နှစ်ကောင်ဆိုတော့ ၈၀၀ဝိ/-ကျော် ၉၀၀ဝိ/-လောက် ကုန်ကျပါမယ်ဘုရား။

ဒကာကြီးရယ် ဒီလောက်အကုန်အကျခံပြီး ပြုလုပ်ပေမယ့်ခြင်္သေ့နှစ်ကောင်အောက်မှာ မိုးရွာ နေပူလို့မှ လူတစ်ယောက် ခိုလှုံလို့ မရပါဘူး။ မလုပ်ချင်ပါနဲ့ ဒကာကြီးရာ။

သဘာဝြခင်္သေ့ကြီးတွေဆိုတော့ လူအများ အလှကြည့်ရတာပေါ့ဘုရား။

သဘာဝြခင်္သေ့ရုပ်ကို အလှကြည့်ချင်တာဖြင့် မန္တလေးက ဘုရားကြီးမြောက်ဘက်မုခ်ကို
သွားကြည့်နိုင်ပါတယ်။ ဘုန်းကြီးတို့ကျောင်းတိုက်မှာတော့ ဒီလောက်တန်ဖိုးများပြီး လူတစ်ယောက်မျှ အရိပ်မခို မနားရတဲ့ ဒကာကြီးရဲ့သဘာ၀ ခြင်္သေ့နှစ်ကောင်ကို
မလုပ်ချင်ပါနဲ့ ဒကာကြီးရယ်။

ဒါဖြင့်ရင် တပည့်တော်တို့ ဘာဆောက်လုပ်လှူရမလဲဘုရား။ တပည့်တော်တို့ အလှူဒါနပြုချင်လို့ပါ။

သည်လိုဆိုရင် မင်းကွန်းမှာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံလေးတစ်ခုရှိတယ်။
အဲဒီအဆောက်အအုံကလေးကိုကျေးရွာက စုပြီးတော့ ဝါးထရံကာ၊ သက်ကယ်မိုးနဲ့ ဆောက်လုပ်ထားတယ်။ မကြာမီ ခြစားဖြစ်ပြီး ပြိုပျက်တော့မယ်။ စံချိန်မှီ ကျေးလက် ကျန်းမာရေးဆေးခန်းအဆောက်အဦးတစ်ခု ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်လှူဒါန်းရင် အလွန်သင့်မြတ်မယ်။
ကျေးရွာလူထု ကျန်းမာရေးအတွက် အထူးအကျိုးများမယ် ဒကာကြီး။

ဤတွင် ဆရာတော်ကြီး၏ ညွှန်ပြဆုံးမချက်ကို ၀မျးမွောကျ၀မျးသာ နှစ်သက်လက်ခံကာ
ကျောင်းဒကာ ဇနီးမောင်နှံသည် အုတ်ပတ်ကား၊ သွပ်မိုး၊ သစ်မာတို့ဖြင့် ထိုခေတ် ငွေကျပ် ၃၀၀၀ဝိ/-ကျော်တန် စံချိန်မှီ ကျေးလက် ကျန်းမာရေးဆေးပေးဌာန
အဆောက်အအုံကို အခိုင်အခံ့ ဆောက်လုပ် လှူဒါန်းခဲ့ပေသည်။

အဆိုပါအလှူရှင်ကျောင်းဒကာ ဇနီးမောင်နှံကား မန္တလေးမြို့မှ ကျောင်းဒကာကြီး
ဦးဖိုးမှီနှင့်ဒေါ်ရွှေညွှန့်တို့ဖြစ်သည်။
ဆရာတော်ကြီးကား တိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃၃နှစ်၊ ၁၃၃၃ ခုနှစ်က မိုးကုတ်မြို့မှ ကျောင်းဒကာကြီး ဦးဘရှင်းနှင့် သားသမီးတို့က ဆရာတော်ကြီး၏ ဓမ္မနာဒကျောင်းတိုက်တွင်သိန်းကျော်တန် ဓမ္မာရုံကြီးကို
ဆောက်လုပ်လှူဒါန်းလိုကြောင်း လျှောက်ထားကြသည်။

ထိုအခါဆရာတော်ကြီးက
ဓမ္မနာဒကျောင်းတိုက်မှာ
ဓမ္မာရုံရှိပြီးဖြစ်နေတယ်။
နောက်ထပ်ပြီး ဆောက်လုပ်ရင်
အဟောသိကံ ဖြစ်နိုင်တယ်။
လူထုအတွက် အကျိုးများမယ့်
တိုက်နယ်ဆေးရုံ တစ်ခုဆောက်လုပ်နိုင်ရင်
ပိုအကျိုးထူးမယ်ဟူ၍ မိန့်တော်မူသည်။

ဦးဘရှင်းနှင့်သားသမီးတို့လည်း
နှစ်သက်၀မ်းမြောက်စွာပင်
ဆရာတော်ကြီး၏ ဆန္ဒအတိုင်း
မင်းကွန်းတိုက်နယ်ဆေးရုံကို
ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။
တိုက်နယ်ဆေးရုံနှင့်တကွ ဆရာ၀န်နေရန်
အိမ်၊ အမှုထမ်းများနေရန် နေအိမ်များ၊
ဂိလာနသံဃာဆောင်၊ ကူးစက်ရောဂါဆောင်၊
လူနာရှင် ဧည့်ရိပ်သာဆောင်၊
သောက်ရေကန်စသည်တို့ အပါအ၀င်
အားလုံးအတွက် ကျပ်ငွေငါးသိန်းကျော်
တန်ဖိုးရှိလေသည်။
ထို့ပြင် တိုက်နယ်ဆေးရုံထောက်ပံ့ရေး
ရန်ပုံငွေကိုလည်း အမြဲဖွင့်လှစ်ထားရန်
ဆရာတော်ကြီးကပင်
ဦးဆောင်ညွှန်ပြတော်မူခဲ့သည်။

ဆရာတော်ကြီး၏
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကို
ကြည်ညိုလွန်းသဖြင့် အနယ်နယ်အရပ်ရပ်မှ
ဒကာဒကာမများသည် ဆရာတော်ကြီးကို
၀တ်ထုပစ်စညျးမြားဖွင့ျ စတေနာသဒ်ဓါထကျသနျစှာ
လှူဒါန်းပူဇော်ခဲ့ကြသည်။
ဆရာတော်ကြီးသည် ယင်းတို့ကို
သာသနာတော်အတွက် အကျိုးရှိမည့်ပုဂ္ဂိုလ်၊
အရပ်၊ ဌာနတို့သို့
တစ်ဖန်ပြန်လည်စွန့်ကြဲလှူဒါန်းခဲ့လေသည်။
ထို့ပြင် လူထုအတွက်လည်း
လူမှုရေးဆိုင်ရာ အလှူများ
အံ့ချီးဖွယ် ပြတော်မူခဲ့သည်။

ဆရာတော်ကြီးသည်
မင်းကွန်းတိုက်နယ်အတွင်းရှိ
လူငယ်လူရွယ်တို့ ပညာရေးအတွက်
လိုအပ်သော မူလတန်း စာသင်ကျောင်းကို
လည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။

အုတ်နံရံကပ် နှစ်ထပ်
အလယ်တန်းကျောင်းကြီးကိုလည်း
လှူဒါန်းခဲ့သည်။ ဆရာ ဆရာမများနှင့်
ကျောင်းသူ ကျောင်းသားများအတွက်
သောက်ရေကန် တည်ဆောက်၍လည်း
လှူဒါန်းခဲ့သည်။
ယခုအခါ မင်းကွန်းအလယ်တန်းကျောင်းသည်
ဆရာတော်ကြီး၏ အကူအညီအထောက်အပံ့ဖြင့်
တွဲဖက် အထက်တန်းကျောင်းကိုပါ
ဖွင့်လှစ်နိုင်နေပြီဖြစ်ပါသည်။

ဆရာတော်ကြီးသည် မိမိဇာတိဖြစ်သော
မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာကျောင်းအနီး
ချောင်းရိုးကိုလည်း သွားရေး လာရေး
လွယ်ကူရန် ကျောက်တံတား၊
ကျောက်လမ်းခင်းပေးခဲ့သည်။

သဲဖြူ၀ရွာနှင့် သင်္ဘောဆိပ်အသွားတွင်
ချောင်းရိုးကိုဖြတ်၍ တံတားတစ်ခုလည်း
ဆောက်လုပ် လှူဒါန်းခဲ့သည်။
သဲဖြူ၀နှင့်ကျည်းပင်ရွာကလေးများ စာသင်ရာ
မူလတန်းနှစ်ထပ်ကျောင်းနှစ်ဆောင်ကိုလည်း
ဆောက်လုပ်လှူဒါန်းတော်မူခဲ့သည်။

ဆရာတော်ကြီးသည် မိမိအတွက်
မရှိလျှင်မဖြစ်သော
ရဟန်းအသုံးအဆောင်တို့ကိုသာ
သုံးဆောင်တော်မူသည်။
ရိုးရိုးပင် နေထိုင်စားသောက်
ဘုန်းပေးတော်မူသည်။

၁၃၁၈ခုနှစ်၊ သင်္ဂါယနာအောင်ပွဲနှင့်
သာသနာ ၂၅၀၀-ပြည့်၊
ဗုဒ္ဓဇယန္တီပွဲတော် ကျင်းပချိန်တွင်
နိုင်ငံတော်အစိုးရက
ဆရာတော်ကြီးအား
မှန်လုံရုရှကားကြီးတစ်စီး
အပြီးအပိုင်လှူဒါန်းသည်။
ဆရာတော်ကြီးက လက်မခံပေ။

ဘုန်းကြီးဟာ တောမှာနေတဲ့ ဘုန်းကြီးပါ။
ဒီလို ကားမျိုးစီးလို့ မလျော်ပါဘူး။
အပြီးအပိုင် အလှူ မခံပါရစေနဲ့။
အစိုးရစေတနာကိုငဲ့ပြီး
သင်္ဂါယနာအောင်ပွဲပြီးရုံအထိသာ
အသုံးပြုပါရစေဟူ၍ မိန့်တော်မူကာ
၅-ရက်မျှသာ အသုံးပြုတော်မူခဲ့သည်။
ထို့နောက် နိုင်ငံတော်အား
ပြန်၍စွန့်လှူ လိုက်လေသည်။

ဆရာတော်ကြီးသည် သူကိုယ်တိုင်
ခြိုးခြံစွာ ကျင့်သုံးနေထိုင်သော်လည်း
ဆင်းရဲနွမ်းပါးသော ရဟန်းရှင်လူများကိုမူ
တတ်စွမ်းသမျှ ပေးလှူလေ့ ရှိပေသည်။

လွန်ခဲ့သော ၃၇-နှစ်၊ ၁၃၃၉-ခုနှစ်၊
တန်ခူးလက မန္တလေးတောင်ပြင်တွင်
မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည်။
ဘုန်းတော်ကြီးကျောင်း အတော်များများ
မီးထဲပါသွားသည်။
မီးဘေးသင့် သံဃာတော်များအတိ
ဒုက္ခရောက်ခဲ့ကြသည်။
ထိုအခါ ဆရာတော်ကြီးသည်
စုစုပေါင်း သံဃာတော် ၂၅၀ကျော်အတွက်
မိမိ၌ ရှိသမျှသော သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊
မျက်နှာသုပ်ပဝါ၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ ဆား၊
ပဲတို့ကို အချိုးကျ ခွဲဝေ၍ လှူဒါန်းခဲ့သည်။
စုစုပေါင်းတန်ဖိုးကျပ် ၆၀၀၀၀ိ/- ကျော်ခန့်
ရှိလေသည်။

လွန်ခဲ့သော ၃၄-နှစ်၊ ၁၉၈၁-ခုနှစ် မေလတွင်
မန္တလေး၌ မီးအကြီးအကျယ်လောင်ကျွမ်းစဉ်
ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက်ပေါင်း
၁၅တိုက်၊ ကျောင်းပေါင်း ၆၂-ကျောင်း
မီးဘေးသင့်ခဲ့သည်။
သံဃာတော်ပေါင်း အပါး ၄၀၀-ခန့်အထိ
အတိဒုက္ခရောက်ရှာသည်။
ထိုအခါမေတ္တာရှင် ဆရာတော်ကြီးသည်
မီးဘေးသင့် သံဃာတော်များအား
ပလာတာဆွမ်းကပ်ပြီးလျှင်
သံဃာစေ့ သင်္ကန်းဒွိစုံ၊ ထီး(သို့)ဖိနပ်၊
ဆွမ်းဆန်စသည်တို့ကို အချိုးကျခွဲဝေ၍
လှူဒါန်းခဲ့ပြန်သည်။ စုစုပေါင်း တန်ဖိုးကျပ်
၉၀၀၀ဝိ/-ကျော်ခန့်ရှိပေသည်။

တိပိဋကဓရ ဆရာတော်ဘုရားကြီး
ဦးဝိစိတ္တသာရာဘိဝံသသည်
သာသနာရေးအတွက် သာမက
လူမူရေးအတွက်ပါ အလှူဒါနများ ပြုခဲ့သည်။
မရေမတွက်နိုင်လောက်အောင်
များပြားလှသည်။ ယခုတင်ပြချက်မှာ
လူမူရေး အလှူများအနက်
အချို့တ၀က်သာလျှင်ဖြစ်ပါသည်။

(မင်းကွန်းဆရာတော်ဘုရားကြီး)

#အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
crd #

Crd

Address

Thaton

Website

Alerts

Be the first to know and let us send you an email when Nwày Oô Zãr Nî posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category