03/02/2025
ကျေးဇူးတုံ့ပြန်သတင်းကောင်းပါးခြင်း 🩷🤍🩵
ကျွန်တော်တို့ရဲ့ 101 လမ်း My Noodle ဆိုင်လေးကို ၃.၂.၂၀၂၅ ကစပြီး ယာယီရပ်နားထားမယ်လို့ အသိပေးပြီးနောက်မှာ တခဲနက် နှစ်နှစ်ခြိုက်ခြိုက်လာရောက်အားပေးကြတဲ့ customer များ
- Order တွေပြိုင်ကျနေတာတောင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းအားပေးကြသူများ
- Order တွေမနိုင်တော့လို့ food panda အချိန်ပိုင်းပိတ်ထားလိုက်ရချိန်မှာ ဖုန်းဆက်မေးမြန်းကြသူများ
- ဆိုင်ပိတ်ချိန်မှ ရောက်လာ ရှိတဲ့ menu စားမယ်ဆိုပြီး ည ၁၁ နာရီကျော်တဲ့အထိ အားပေးကြမ်းကြသူများ
အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း လေးလေးနက်နက် ပြောလိုပါတယ်..
ဘယ်နေ့ပြန်ဖွင့်မှာလည်း မပိတ်ပါနဲ့ ဘယ်နေရာ ဘယ်အချိန် ပြန်ဖွင့်မှာလဲ တဖွဖွ မေးကြသူများ၊ page messenger မှတဆင့် ဆက်လက်ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြသူများ၊ ဖုန်းဆက်မေးမြန်းကြသူများ အားလုံးကို အသိအမှတ်ပြုကျေးဇူးတုံ့ပြန်သောအားဖြင့် ကျွန်တော်တို့ရဲ့ 101 လမ်း My Noodle ဆိုင်လေးကို February လရဲ့ ကျန်ရှိနေသော Saturday, Sunday များဖြစ်သည့် ( 8,9,15,16,22,23) တို့တွင် 11 am မှ 9:30 pm အထိ အထူးအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် 🤗