Local Connection Shop - ဒေသထွက်ကုန်

Local Connection Shop - ဒေသထွက်ကုန် Local Connection Store is where you can get all local authentic products in one convenience location.

Local Connection Shop - ဒေသထွက်ကုန် ဆိုင်မှာ ဟင်းချက်ဆီအမျိုးမျိုး ဝယ်ယူရရှိနိုင်ပြီနော် အန်တီချိုမြေပဲဆီစစ်စစ် (‌‌ရွှေဘ...
14/12/2023

Local Connection Shop - ဒေသထွက်ကုန် ဆိုင်မှာ ဟင်းချက်ဆီအမျိုးမျိုး ဝယ်ယူရရှိနိုင်ပြီနော်

အန်တီချိုမြေပဲဆီစစ်စစ် (‌‌ရွှေဘိုဒေသထွက်)
****************************************
🥜 ၅၀ ကျပ်သား - 9,500 ကျပ်
🥜 ၁ ပိဿာ - 19,000 ကျပ်
🥜 ၃ ပိဿာ - 57,000 ကျပ်

COOK နေကြာဆီ
*****************
🌻 1L - 10,000 ကျပ်
🌻 1.9L - 20,000 ကျပ်

GOODY ဟင်းရွက်ဆီ
********************
🥬 0.9L - 5,500 ကျပ်
🥬 1.8L - 10,500 ကျပ်

MIYAKO နှမ်းဆီ
***************
Roasted Sesame Oil 300cc - 12,600 ကျပ်
Roasted Sesame Oil 150cc - 7,900 ကျပ်
Virgin Sesame Oil 150cc - 11,000 ကျပ်
🎁 Gift Set (Roasted 150cc + Virgin 150cc) - 18,500 ကျပ်

King Island အုန်းပျိုဆီ
**********************
🥥 300ml - 13,000 ကျပ်

1981 အုန်းပျိုဆီ
****************
🥥 400ml - 6,500 ကျပ်

အခြား ဆန်/ကြက်သွန်/အာလူး/ကြက်ဥကစပြီး ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနဲ့‌ ဒေသထွက် အစားအသောက်မျိုးစုံရှိတာမို့ အကိုအမတို့ရဲ့ မိသားစု မီးဖိုချောင်အတွက် လိုအပ်တဲ့ ကုန်ခြောက်ပစ္စည်းအစုံကို Local Connection Shop - ဒေသထွက်ကုန် ဆိုင်မှာ လာရောက်ဝယ်ယူအားပေးကြဖို့​ ဖိတ်‌ခေါ်ပါရစေရှင်။ ☺️

🚘 ကားရပ်ဖို့ ကျယ်ဝန်းတဲ့ လမ်းမပေါ်မှာ ဖွင့်ထားတာမို့ ဆိုင်မှာ‌လာရောက်ပြီး အေးအေးလူလူ စိတ်ကြိုက်ရွေးဝယ်လို့ ရတယ်နော်။

📩 Chat Box ကနေတဆင့်လည်းမှာယူနိုင်သလို Customer Service Number ☎️ 09 889 787474 ကိုဆက်သွယ်ပြီးတော့လည်း မှာယူနိုင်ပါတယ်ရှင်။

🏡 ဆိုင်လိပ်စာ
***********
အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာလမ်းနှင့် သုမင်္ဂလာလမ်းကြား၊
တောင်ဥက္ကလာ၊ ရန်ကုန်။
(Comment ထဲမှာ Map လေးတင်ပေးထားပါတယ်ရှင်)

☎️ Customer Service Number - 09 889 787474

မနက်ဖြန်​ 🌕 လပြည့်နေ့တရက် ဆိုင်ပိတ်ပါမယ်ရှင့်
26/11/2023

မနက်ဖြန်​ 🌕 လပြည့်နေ့တရက် ဆိုင်ပိတ်ပါမယ်ရှင့်

မနက်ဖြန် သတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ တရက် ဆိုင်ပိတ်ပါမယ်ရှင် 31. 10. 2023 ရက်နေ့တွင် ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင...
28/10/2023

မနက်ဖြန် သတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ တရက် ဆိုင်ပိတ်ပါမယ်ရှင်

31. 10. 2023 ရက်နေ့တွင် ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း မနက် (၉) နာရီ မှ ညနေ (၆) နာရီထိ ပြန်လည်ဖွင့်လှစ်သွားပါမယ်ရှင်

တောင်ဥက္ကလာ ၄/၆ ဗြဟ္မစိုရ်လမ်းပေါ် ရှိ Local Connection ဆိုင်အား ယနေ့ နေ့လယ် ၂ နာရီမှ စ၍ နာရီပိုင်းပိတ်ထားမည် ဖြစ်ပြီး မ...
20/10/2023

တောင်ဥက္ကလာ ၄/၆ ဗြဟ္မစိုရ်လမ်းပေါ် ရှိ Local Connection ဆိုင်အား ယနေ့ နေ့လယ် ၂ နာရီမှ စ၍ နာရီပိုင်းပိတ်ထားမည် ဖြစ်ပြီး မနက်ဖြန် နံနက် ၉ နာရီမှစ၍ ယခင်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သတင်းကျွတ်နီးလာပြီဆိုတော့ လူကြီးမိဘတွေကို ကန်တော့ဖို့ပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲက အထက်လူကြီးတွေနဲ့ လေးစားချစ်ခင်ရသူတွေကို ...
13/10/2023

သတင်းကျွတ်နီးလာပြီဆိုတော့ လူကြီးမိဘတွေကို ကန်တော့ဖို့ပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲက အထက်လူကြီးတွေနဲ့ လေးစားချစ်ခင်ရသူတွေကို ဂါရဝပြုချင်လို့ပဲဖြစ်ဖြစ် ကန်တော့ခြင်း/လက်ဆောင်ခြင်းလေးတွေ ရှာနေပြီဆို Joy Supply Thadingyut Edition လေးတွေရှိတယ်နော် အကောင်းဆုံးဝန်ဆောင်မှု ပေးမှုပေးမှာမို့ 09 889 78 74 74 နံပါတ်ကိုသာ Hello လိုက်တော့နော် 💛

မော်လမြိုင်ရောက်ရင် အပြေးအလွှားသွားစားရတာ ကြက်ကလယ်ချက်ပဲ🤯 စပ်ပြဲနေတဲ့ ကြက်ကလယ်ချက်လေးစားလိုက်ရမှ တကယ် မော်လမြိုင်ရောက်နေ...
23/09/2023

မော်လမြိုင်ရောက်ရင် အပြေးအလွှားသွားစားရတာ ကြက်ကလယ်ချက်ပဲ

🤯 စပ်ပြဲနေတဲ့ ကြက်ကလယ်ချက်လေးစားလိုက်ရမှ တကယ် မော်လမြိုင်ရောက်နေတယ်လို့ ခံစားရတာ 🤭

ခုတော့ မော်လမြိုင်မရောက်တာလည်းကြာ ကြက်ကလယ်ချက်လေးကိုလည်း Craving ဖြစ်လာလို့ ချက်နည်းရှာပြီး ကိုယ်တိုင်ပဲချက်စားလိုက်တော့တယ်ရှင်

လိုအပ်တဲ့ Spice အစုံကလည်း ဆိုင်မှာ In stock ရှိနေတော့ ချက်ရတာ အရမ်းကိုလွယ်ကူသောပဲရှင်
သုံးထားတဲ့ Spice တွေကကောင်းတော့ စားရတာ 😋 ခံတွင်းရှယ်တွေ့ ပြီး ကျေနပ်ပီတိဂွမ်းဆီထိနေရော 🤤

Admin လို Super Spicy Chicken Curry (ကြက်ကလယ်ချက်) ကြိုက်ကြတဲ့ သဲလေးတွေအတွက် ချက်နည်းလေး Sharing လုပ်ပေးမယ်ရှင်

(ချက်မယ့် အသားကို တရက်ကြိုပြီး marinate လုပ်ပါမယ်နော်)

ဗမာကြက်တခြမ်းကို လိုသလို အတုံးလေးတွေတုံးပြီး
Dr. Shizen #ပန်းရောင်ကျောက်ဆား
သူဌေးစာ #နနွင်းမှုန့် + #ဂျင်းမှုန့် + #ကြက်သွန်ဖြူမှုန့် + #ကြက်သွန်နီမှုန့်တို့နဲ့ နယ်ပြီး မိနစ် (၃၀) အခန်းအပူချိန်မှာ နှပ်ထားပြီးမှ Freezer ထဲ ထည့်သိမ်းပါတယ်

ချက်နည်း
********

အနှစ်အတွက် ကြက်သွန်ဖြူ + ကြက်သွန်နီ + ဂျင်းတို့ကို ညက်အောင်ထောင်း/ကြိတ်ထားပါမယ်
ဆီပူလာပြီဆို ထောင်းထားတာတွေထည့်ပြီး ဆီသတ်ပါမယ် (မီးအေးအေးနဲ့ပဲနော်)
အရောင်ပိုလှအောင်လို့ ဆီသတ်တဲ့ထဲ နနွင်းနည်းနည်း ထပ်ထည့်ပါမယ်
သူဌေးစာ 1️⃣ #အရောင်တင်မှုန့်ထည့်ပြီး အနှစ်တွေနွမ်းလာ အနံ့မွှေးလာတဲ့ထိ ဆီသတ်ပါမယ်
ပြီးရင်တော့ 2️⃣ အကြမ်းဖတ်ထည့်ပါမယ်
သူဌေးစာ #ဂေါ်ရင်ဂျီမဆလာနဲ့ သူဌေးစာ #ငရုတ်ကောင်းမှုန့်ကို ထည့်ပြီး မွှေပါမယ်
ငရုတ်သီး 3️⃣ အလှော်မှုန့်ထည့်မွှေပြီးပြီဆိုရင်တော့
ကြက်သားထည့်ပြီး အသားထဲက ရေထွက်လာတဲ့ထိ ချက်ပေးရပါမယ် (ရေလုံးဝ မထည့်သေးပဲ အသားအနည်းငယ်ကျက်လာတဲ့ထိ ချက်ပေးရပါမယ်နော် အိုးကပ်တတ်တာမို့ မကြာခဏမွှေပေးရပါမယ်)
ရေထွက်လာပြီဆို အဖုံးအုပ်ပြီး ၅ မိနစ်ခန့်တည်ပါမယ်
ပြီးရင်တော့ ရေနွေးထည့်ပြီး နူးလာအောင်ဆက်တည်ပါမယ်
အရသာအတွက် ငံပြာရည်နဲ့ အသားမှုန့်ကို ချင့်ချိန်ထည့်ပါမယ်
(အသားနှပ်တုန်းက ဆားထည့်ပြီးပြီမို့ ချက်တဲ့အချိန် ဆားထပ်မထည့်တော့ပါဘူးနော် အရသာမြည်းပြီး ငံပြာရည်နဲ့ အသားမှုန့်ပဲ လိုသလောက် ထည့်ပါမယ်)
အသားနူးပြီး ဆီပြန်လာပြီဆို ငရုတ်သီးစိမ်း ၃ တောင့်လောက်ရေဆေးပြီး အုပ်ပါမယ်
*****

ထမင်းပူပူလေးနဲ့ အစပ်ပြေ အရွက်ကြော်လေးနဲ့သာတွဲစားကြည့် အာဂပါးစပ်လူဖြစ်ကျိုးနပ်လိမ့်မယ်ရှင် 😋

ငရုတ်သီးမှုန့် (၃) မျိုးတောင် သုံးပြီးချက်တာမို့ အစပ်ကြိုက်သူတွေအနေနဲ့ မစားဖူးသေးရင် ချက်စားကြည့်သင့်တယ်နော်

⚠️ ကြက်ကလယ်ချက်ရဲ့အသက်က ဂေါ်ရင်ဂျီမဆလာမို့ မဆလာကိုတော့ ဂေါ်ရင်ဂျီမဆလာသုံးပေးမှကို ဖြစ်မယ်နော်

အိမ်မှာ လိုအပ်တဲ့ Spice အစုံဆောင်ထားရင် ဘယ်ချိန်ဖြစ်ဖြစ် ကိုယ်စားချင်တဲ့ဟင်းတွေကို အရသာရှိရှိ အချိန်မရွေး လွယ်လွယ်ကူကူ ချက်စားနိုင်ပြီပေါ့ 🤤

သူဌေးစာ Spice ဘူးလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)

ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 78747489 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်

🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

သီတင်းကျွတ်ရာသီရောက်တော့မယ်ဆိုတော့ အစဉ်အလာအရ စုံတွဲတွေက 🤵👰 မင်္ဂလာဆောင်ကြမယ်ကလေးတွေ/လူငယ်တွေက လူကြီးတွေကို 🙏 ကန်တော့ကြမယ...
21/09/2023

သီတင်းကျွတ်ရာသီရောက်တော့မယ်ဆိုတော့
အစဉ်အလာအရ စုံတွဲတွေက 🤵👰 မင်္ဂလာဆောင်ကြမယ်
ကလေးတွေ/လူငယ်တွေက လူကြီးတွေကို 🙏 ကန်တော့ကြမယ်
ရုံးဝန်ထမ်းတွေက အထက်လူကြီးတွေကို 🙏 ဂါရဝပြုကြမယ်
ကုမ္ပဏီလုပ်ငန်းတွေက Client တွေ/Partner တွေဆီ "ဂါရဝခြင်း" လေးတွေ 🎁 ပေးပို့ကြမယ်
မင်္ဂလာဆောင်ကြမယ့်အဖွဲ့ထဲ မင်မင်ပါလို့မရတာမို့ "ကန်တော့ခြင်း" လေးတွေ "ဂါရဝခြင်း" လေးတွေ ဝန်ဆောင်မှုပေးတဲ့ထဲတော့ ပါပါရစေနော် 🤭🤭🤭

Local Connection Shop - ဒေသထွက်ကုန် ရဲ့ 💥 2023 Joy Supply Thadingyut Edition 💥 လေးတွေ ထွက်လာပြီမို့ အော်ဒါလေးတွေ ပေးနိုင်ပါပြီနော် 🤩🤗

ပြည်တွင်းထုတ် ဒေသထွက် ကုန်ပစ္စည်းလေးတွေကို ရှာရှာဖွေဖွေ စုစည်းထားတဲ့ Collection လေးတွေဖြစ်တာမို့
✅ မြင်နေကျလက်ဆောင်ခြင်းတွေကနေ ကွဲထွက်နေစေမယ်

Quality - အရသာ - ထုပ်ပိုးမှုပုံစံကအစ အဆင့်မီတဲ့ ကုန်ပစ္စည်းလေးတွေကိုပဲ ရွေးချယ်စုစည်းပေးထားတာမို့
✅ သေချာပေါက် မျက်နှာပန်းလှစေမယ်

Company လုပ်ငန်းတွေအတွက် Company/Brand Color တွေ အတိုင်း Decoration Theme လေးတွေကို Customized လုပ်ပေးတာမို့
✅ Client/Partner တွေဆီပေးပို့တဲ့အခါ မိမိတို့ ကုမ္ပဏီရဲ့ အငွေ့အသက်လေးတွေကို ထင်ဟပ်စေမယ်

ပစ္စည်းတခုချင်းစီလိုက်စုနေစရာမလိုပဲ စိစစ်ရွေးချယ်ပြီးသား Package လေးတွေထဲက နှစ်သက်ရာ Package ကို Budget အလိုက် ရွေးချယ်မှာယူရုံပဲမို့
✅ အချိန်ကုန်သက်သာ အလုပ်ရှုပ်သက်သာတယ်

လက်ခံမယ့်သူတွေဆီ အိမ်အရောက်/ရုံးအရောက် သက်သာတဲ့နှုန်းထားများနဲ့ ပို့ဆောင်ပေးဦးမှာမို့
✅ Delivery အတွက်လည်း စိတ်ပူစရာမလို အလုပ်ရှုပ်ခံစရာမလိုဘူးနော်

အခုလိုပြည်တွင်းလုပ်ငန်းလေးတွေ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့ ကာလမျိုးမှာ
✅ ပြည်တွင်း SME လုပ်ငန်းလေးတွေကို Support လုပ်ရာရောက်တယ်

မှာယူလိုပါက CB ကနေတဆင့် ဆက်သွယ်စုံစမ်းနိုင်သလို ☎️ 09 889 78 74 74 နံပါတ်ကို ဆက်သွယ်ပြီးတော့လည်း အသေးစိတ်မေးမြန်းနိုင်ပါတယ်

အရေအတွက်အများမှာယူလိုတဲ့ Company လုပ်ငန်းတွေအတွက်ဆိုလည်း ရုံးထိသေချာလာရောက်ဆွေးနွေးပေးပါတယ် 💁‍♀️

ဆိုင်မှာလာကြည့်ချင်တယ်ဆိုရင်တော့

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ကို ဖိတ်ခေါ်ပါတယ်
⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)

အာလူးကြော်ကြိုက်တဲ့သူလေးတွေအတွက် အာလူးအခွံနွှာစရာမလို လှီးစရာမလို ရေစိမ်စရာမလို အခြောက်ခံစရာမလိုပဲ ဆီပူထဲပစ်ထည့်ပြီး အလွ...
21/09/2023

အာလူးကြော်ကြိုက်တဲ့သူလေးတွေအတွက် အာလူးအခွံနွှာစရာမလို လှီးစရာမလို ရေစိမ်စရာမလို အခြောက်ခံစရာမလိုပဲ ဆီပူထဲပစ်ထည့်ပြီး အလွယ်တကူကြော်လို့ရမယ့် အာလူးခြောက်လေးတွေရှိတယ်နော် 😁 60g ပါတထုပ်မှ 2,900 ကျပ်ကို ၂၀% တောင်လျှော့ပေးနေတာမို့ အရမ်းတန်နေပြီနော်

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)
ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 78747489 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်

🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

ဝါတွင်းကာလသားသတ်လွတ်စားကြတဲ့သူတွေအနေနဲ့ ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အလွယ်တကူသုပ်စားလို့ရမယ့် မိစံ အညာဒေသအစားအစာ အသုပ...
20/09/2023

ဝါတွင်းကာလသားသတ်လွတ်စားကြတဲ့သူတွေအနေနဲ့ ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အလွယ်တကူသုပ်စားလို့ရမယ့် မိစံ အညာဒေသအစားအစာ အသုပ်ထုပ်လေးတွေကိုလည်း အထူးလျှော့ဈေးအစီအစဥ်ထဲ ထည့်ပေးထားပါတယ်နော်

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)
ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 78747489 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်
🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

ဝါတွင်းကာလ အလှူအတန်းတွေလုပ်တဲ့အခါ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဟင်းအမယ်လေးတွေချက်ပြီးလှူချင်တဲ့သူတွေရှိမယ်ထင်လို့ သူဌေးစာ/၁၉၈၁...
19/09/2023

ဝါတွင်းကာလ အလှူအတန်းတွေလုပ်တဲ့အခါ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဟင်းအမယ်လေးတွေချက်ပြီးလှူချင်တဲ့သူတွေရှိမယ်ထင်လို့ သူဌေးစာ/၁၉၈၁ ဟင်းခတ်အမွှေးအကြိုင်ဘူးလေးတွေကိုလည်း Promotion အစီအစဥ်ထဲ ထည့်ပေးထားပါတယ်နော် 10% Discount ရှိပါမယ်ရှင်

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)
ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်

🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

18/09/2023

Antioxidant နဲ့ Omega-3s ကြွယ်ဝတဲ့ သစ်ကြားသီးကို စားသုံးပေးခြင်းဖြင့်
✅ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
✅ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပေးပြီးတော့
✅ ကင်ဆာအချို့ကိုလည်းကာကွယ်ပေးနိုင်တာမို့ နေ့စဥ်စားသုံးပေးသင့်ပါတယ်
✅ ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်တာမို့ Diet လုပ်နေသူတွေအတွက်ဆိုလည်း အထူးပဲသင့်လျော်ပါတယ်
✅ Type-2 ဆီးချိုရောဂါအတွက်ဆိုလည်း အထောက်အကူဖြစ်ပြီးတော့
✅ သွေးဖိအားကိုလည်းလျှော့ချပေးနိုင်တာမို့ သွေးတိုးဆီးချိုရောဂါရှင်တွေအတွက် အဖော်မွန်ဆိုလည်းမမှားပါဘူးနော်
✅ ကျန်းမာပြီး နုပျိုစေဖို့အတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်

🔖 15% တောင်လျှော့ပေးနေတာမို့ Promotion ရှိတုန်းလေး မှာထားကြဦးနော်

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)
ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 78747489 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်

🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

ဝါတွင်းကာလ ဥပုသ်စောင့်ကြသူတွေနဲ့ သားသတ်လွတ်စားကြသူတွေအတွက် ပခုက္ကူဒေသထွက် OK-1 နဲ့ ဖိုးသာထူးအသီးစစ်စစ် ဖျော်ရည်လေးတွေကို...
15/09/2023

ဝါတွင်းကာလ ဥပုသ်စောင့်ကြသူတွေနဲ့ သားသတ်လွတ်စားကြသူတွေအတွက် ပခုက္ကူဒေသထွက် OK-1 နဲ့ ဖိုးသာထူးအသီးစစ်စစ် ဖျော်ရည်လေးတွေကိုလည်း အထူးလျှော့ဈေးအစီအစဉ်လေးထဲ ထည့်ပေးထားပါတယ်နော်

ဘယ်နှဘူးဝယ်ဝယ် ၁၀% လျှော့ဈေးနဲ့ ဝယ်ယူရရှိနိုင်မှာပါရှင်
အရေအတွက် အကန့်အသတ်လေးရှိတာမို့ အမြန်လာဝယ်ထားကြဦးနော်

🏡 ဆိုင်လိပ်စာ - အမှတ်-၂၈၉/ဘီ၊ ၄/၆ ဗြဟ္မစိုရ်လမ်း၊ ဝေဇယန္တာနဲ့ သုမင်္ဂလာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
(Comment မှာ တည်နေရာပြ Map လေးတွဲပေးထားပါတယ်နော်)

⏰ ဆိုင်ဖွင့်ချိန် - နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ (9:00 AM to 6:00 PM)
ဆိုင်လာဝယ်ဖို့ မအားသူလေးတွက​တော့ 09 889 787474 နံပါတ်ကို ဆက်သွယ်ပြီးတော့ဖြစ်ဖြစ် 📩 Chat Box ကနေတဆင့်ပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်ရှင်

🚛 မြန်မာတပြည်လုံးကို အိမ်အရောက်/ကားဂိတ်ချနဲ့ပို့ဆောင်ပေးပါတယ်ရှင်

Address

No. 289/B, Byamaso Road, Between Waizayantar Road & Thumingalar Road, South Okkala
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959889787474

Alerts

Be the first to know and let us send you an email when Local Connection Shop - ဒေသထွက်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Local Connection Shop - ဒေသထွက်ကုန်:

Share