05/09/2025
ဆရာကြီးမင်းသိင်္ခဟာ သူ့ဝတ္ထုတွေကို Universe ကြီး
တစ်ခုဖြစ်အောင်ရေးပြသွားခဲ့တယ်
ဆားပုလင်းနှင်းမောင်
စနေမောင်မောင်
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား
ဦးဂွမ်တီ
ကိုမိုးသီး
ကိုအောင်ထွန်း
ဘိန်းစားဘွန်ဟောင်း စသဖြင့် သူ့ဇာတ်ကောင်
တွေကို တစ်နေရာရာမှာ ပြန်ဆုံအောင်ကို
ချိတ်ဆက်ရေးသားသွားခဲ့တယ်
ဒါကို ကျွန်တော်တစ်တွေက ရုပ်ရှင်ကားကြီးတွေ
အဖြစ် ပြန်မရိုက်ပြနိုင်ခဲ့တာ ဝမ်းနည်းစရာပဲ
(ရိုက်ပြခဲ့တာရှိဖူးပါတယ် ဒါပေမဲ့ အပြည့်အဝ
ကျေနပ်မှုမရ)
တကယ်သာရိုက်ပြနိုင်ခဲ့ရင် အတော်ကိုသဘောကျ
ဖို့ကောင်းတဲ့ ရုပ်ရှင်တွေဖြစ်လာလိမ့်မယ်
စုံထောက်ရုပ်ရှင်ဖြစ်တာက တစ်ကြောင်း
မြန်မာ့ရုပ်ရှင်လောကရဲ့ ရှေးကာလတွေမှာပဲ
ဒီလို မှုခင်းရုပ်ရှင်တွေ ထွက်ခဲ့ဖူးတာကတစ်နည်း
ဖြစ်တဲ့အတွက် တကယ့်သေချာရိုက်ကူးနိုင်ရင်
တကယ်ပရိသတ်လက်ခံမယ့် ရုပ်ရှင်တွေ
ဖြစ်လာနိုင်လောက်တဲ့ အရည်အသွေးရှိကိုရှိတယ်
ကျွန်တော်တို့မျိုးဆက်တစ်ခုသာမကဘူး
အဖေတို့ အဘိုးတို့ ခေတ်ကလူတွေကိုတောင်
ပြန်စွဲဆောင်နိုင်မယ့် ဇာတ်လမ်းတွေဖြစ်လို့
ပရိသတ်ကတော့ရကိုရမယ့် ဇာတ်လမ်းတွေပါ
ဆရာကြီးမင်းသိင်္ခရဲ့ ဇာတ်လမ်းဖွဲ့နွဲ့ပုံတွေက
စုံထောက်ဝတ္ထုဖြစ်သော်ငြားလည်း
ထိတ်လန့်စရာ ၊ ရယ်ရွှင်စရာ၊ ချစ်ခြင်း ၊ ပူဆွေးခြင်း
စွန့်စားခန်း ၊ တွေးတောချင်စရာ ၊ ဗဟုသုတရခြင်း
စတဲ့ ရသမျိုးစုံကို ပေးနိုင်တာကြောင့်
အင်မတန်မှလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
သူ့ရဲ့ စာပေတွေကိုသာ စုစည်းပြီး ဇာတ်လမ်းတွဲ
တစ်ခုလို အဆင့်အတန်းမြင့်မြင့်ပြန်ရိုက်နိုင်မယ်ဆို
ကိုလိုနီခေတ် မြန်မာ့ယဉ်ကျေးမှုကိုလည်း ပြသနိုင်ရာ
ရောက်နိုင်တယ်
တစ်အုပ်ချင်းကို
Standalone တွေထုတ်ပြီး ပြန်ချိတ်လိုက်မယ်ဆို
Universe ကြီးတစ်ခုတောင် ဖြစ်လာနိုင်တယ်
ဒါပေမဲ့ ဒါကကျွန်တော့်စိတ်ကူးတွေပါ
ဒီအတွေးတွေကို တကယ့်လုပ်ပြမယ့်သူလည်း
ရှိမယ်မထင်ပါဘူး ၊ လုပ်ကြရင်ကောင်းမယ်ဆိုတဲ့
ကိုယ်ပိုင် စိတ်ကူးအဆင့်အထိပဲ ရှိပါတယ်
ဒါပေမဲ့ ဆရာ့ဇာတ်ကောင်တွေကို ပိတ်ကားပေါ်မှာ
ပြန်မြင်ချင်စိတ်ကတော့ အမြဲရှိနေတုန်းပါပဲလေ
ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့
ဇာတ်ကောင်တွေ လွှမ်းမိုးတာ ခုထိခံနေရတာမို့လို့
ထင်ပါတယ်
(ပုံတွေကတော့ Nano Banana ကို အချိန်ပေးပြီး
ထုတ်ခိုင်းထားတာ ၊ တစ်ထပ်တည်းတော့တူမယ်
မထင်ပေမဲ့ အနည်းငယ်တော့ တူသလိုရလာတယ်
ဆိုးတော့ မဆိုးဘူးဗျ)