Shwe Pon Food Service

Shwe Pon Food Service �သန့်ရှင်းလတ်ဆတ်ပီး ကျန်းမာရေးနှင်

01/12/2022

❄️❄️❄️Hello Sweet December ❄️❄️❄️

ရွှေပုံတို့တွေ မြေပြင်မှာ အလုပ်တွေလုပ် ချက်ပြုတ် ကြော်လှော် အစုံပလုံတွေလုပ်နေပေမယ့် online ပေါ်မရောက်ဖြစ်တာကြာပေါ့နော် 😪

ဒါလေးကတော့ #ရွှေပုံထမင်းပေါင်းလေးပါရှင် 🎀🎀🎀

ပါဝင်တာတွေကတော့

#ရွှေဘိုပေါ်ဆန်းထမင်း ထွေးထွေးလေးရယ်

#ကြွပ်ရွနူးနပ်တဲ့ ကြက်ကြော် မွှေးမွှေးလေးရယ်

#စားမြိန်စေမယ် ဟင်းအနှစ်သင်းသင်းလေးရယ်

#ရှူးရှဲဝူးဝဲ ငရုတ်ကြော်လေးရယ်

#ထိမိဂွိချဥ်ပေါင်ကြော် လေးရယ်

#တကြွပ်ကြွပ် သခွါးသီးလေးနဲ့ဥနီလေးရယ် ပါရှင် ❣️❣️❣️

ပီးတော့

တခါတည်းအပီအပြင် ဝါးလို့ရအောင်လို့ လက်အိတ်လေးလဲပါတယ်နော် ☺️☺️

စျေးနှုန်းလေးကတော့ တစ်ပွဲ 5500/- ပါရှင် 🫣🫣🫣

Happy Birthday ပါ Admin Khine Lwin ရေ 💕💕💕ဒီထက်ဒီ့ထက်ပိုပီး ရွှေပုံအဖွဲ့သားအားလုံးကို ကျွေးနိုင် မွေးနိုင် ပါစေလို့ ရွှေပ...
15/09/2022

Happy Birthday ပါ Admin Khine Lwin ရေ 💕💕💕

ဒီထက်ဒီ့ထက်ပိုပီး ရွှေပုံအဖွဲ့သားအားလုံးကို ကျွေးနိုင် မွေးနိုင် ပါစေလို့ ရွှေပုံတစ်ဖွဲ့လုံးက မွေးနေ့ဆုတောင်းပေးလိုက်ရပါတယ်ရှင် 😜😜

15/09/2022

သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်အောင် လုပ်ဆောင်ရမည်များမှာ .......

၁။ နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ

၂။ ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ သစ်သီးလှူလည်းရပါတယ်

၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏

၄။ ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ စက်ရုံတွေ ဆိုင်တွေမှာ စောင့်သော နတ်မြတ်နတ်ကောင်းအား အမျှပေးဝေပါ။

သစ်တံခါးဆရာတော် မေတ္တာဝေနည်းကိုဘဲ အစအဆုံး မေတ္တာပို့ပါ ပြီးရင် ကြေးစည် သို့ ခေါင်းလောင်းလှုပ်အမျှဝေပါ သာဓုခေါ်ပါ ။

၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင်ပါမည်

၆။ ”လာဘ်ခေါ်ဂါထာ” ကို ရွတ်ပါ

အရံဟံဗုဒ္ဓေါ အရဟံဗုဒ္ဓေါ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ” ကို ၁၀ ကြိမ်ရွက်ပါ ရွတ်ပြီး ပါ က အရပ်ရှစ်မျက်နှာ – အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ မိတ်ဆွေ ကောင်းတွေ ဝင်ပါစေ။

ငွေဝင်ပါစေ ဘေးရန်ဟုသမျှ ကင်းကြပါစေ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာ ကို အာရုံပြုပြီးပြောပါ။

၇။ နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီးမင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များဖွင့်ပီး နံနက်စာစားပါ ။

သစ်တံခါးဆရာတော်၏မေတ္တာဓာတ်ကိုခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေရပါမည် သစ်တံခါးဆရာတော်၏စာအုပ်ထဲမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်

မနက်တိုင်း အိပ်ယာတော့ စောစောထရတာပေါ့နော် အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကိုချစ်တဲ့ဓာတ်ကိုရပါတယ် အလုပ်သွားရင်လည်း နောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲ အိပ်ပျော်စေပါတယ်…

အားလုံးဘဲ ခုနှစ်ရက်သားသမီးအပေါင်း နေအိမ်မှာနေထိုင်ကြသူ အိမ်သူအိမ်သားအားလုံးကျက်သရေတိုးပါစေ လာဘ်ပွင့်ကြပါစေ အဆင်ပြေကြပါစေ အပူအပင်ကင်းအေးကြပါစေ ။

🙏သစ်တံခါးဆရာတော်🙏

🌹ပြန်လည်မျှဝေဓမ္မဒါနပြုပါတယ်🌹

မင်္ဂလာပါ ရွှေပုံရဲ့ ပရိတ်သတ်ကြီး 😜❣️ဒါလေးတွေကဘာတဲ့ ........💕ခနခန ချက်ပေးဖြစ်ပီး ခနခန ပုံမရိုက်ဖြစ်တဲ့ ရွှေပုံရဲ့ ဟင်းလျ...
08/09/2022

မင်္ဂလာပါ ရွှေပုံရဲ့ ပရိတ်သတ်ကြီး 😜

❣️ဒါလေးတွေကဘာတဲ့ ........

💕ခနခန ချက်ပေးဖြစ်ပီး ခနခန ပုံမရိုက်ဖြစ်တဲ့ ရွှေပုံရဲ့ ဟင်းလျာလေးတွေပါရှင် 😋

ဒါတောင်ရိုက်ဖို့ကျန်ခဲ့သေးတယ် 😪

ရွှေပုံကို အပ်တဲ့ ဆွမ်းကပ်ပွဲလေးအတွက် စီစဥ်ပေးဖြစ်တဲ့ မီနူးလေးပါရှင်

ကဲ...ကဲ...ဆက်ပြောကြစို့ 🗣️🗣️🗣️

ဒီလက ရွှေပုံ admin ထဲက အမတစ်ယောက်ရဲ့ မွေးလလေး ပါ🎊🎊🎊

ဒီလထဲမှာ ရွှေပုံရဲ့ ချစ်ကာစတန်မာတွေအတွက် လက်ဆောင်လေးတွေရှိပါတယ်နော်🎁🎁🎁

ပထမဆုံး လက်ဆောင်လေးကတော့ ဖုန်းဘေလေးပါရှင်

မေးခွန်းလေးကတော့ admin မမရဲ့ အသက် ဘယ်နှနှစ်ပြည့်မွေးနေ့လေးဖြစ်မလဲဆိုတာပါရှင်

အဖြေမှန်တဲ့ ပထမဆုံး (၃)ယောက်ကို ရွှေပုံရဲ့ ပထမဆုံးလက်‌ေဆာင်အ‌‌ဖြစ် ဖုန်းဘေ ၃၀၀၀ စီပေးပါ့မယ်ရှင့်

ကဲ ဖြေကြည့်ကြပါအုံးရှင် 🧡🧡🧡🧡🧡

မတွေ့ဖြစ်တာ ကြာပီနော် ရွှေပုံရဲ့ ပရိတ်သတ်ကြီးရေ 🎀🎀🎀အားလုံးပဲ မင်္ဂလာပါရှင် 🙏🙏🙏ရွှေပုံက ချက်ပေးပါဆိုတဲ့ အမာခံလေးတွေအတွက်တ...
30/08/2022

မတွေ့ဖြစ်တာ ကြာပီနော် ရွှေပုံရဲ့ ပရိတ်သတ်ကြီးရေ 🎀🎀🎀

အားလုံးပဲ မင်္ဂလာပါရှင် 🙏🙏🙏

ရွှေပုံက ချက်ပေးပါဆိုတဲ့ အမာခံလေးတွေအတွက်တော့ အမြဲချက်ပေးဖြစ်ပေမယ့် ပုံလေးတွေ update လေးတွေမတင်ဖြစ်ဘူးဖြစ်နေလို့ပါရှင် ☺️

ဒီနေ့တော့ သမီးငယ်လေးတစ်ယောက်ရဲ့ မွေးနေ့ပွဲလေးအတွက် ရွှေပုံကိုချက်ပေးပါဆိုလို့ ချက်ပေးဖြစ်ရင်း ရွှေပုံက ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် 😍😍

ကိုယ်၊စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေရှင် 💙💙💙

ဒီနေ့မှာ ဒီလိုလေးတွေပို့ပီးတဲ့နောက် ဒီလိုလေးတွေပဲကျန်တော့ပါကြောင်း 😁ကျန်တဲ့ဒီလိုလေးတွေကိုလဲ ရွှေပုံ မမတို့စားဖို့ သိမ်းလ...
19/05/2022

ဒီနေ့မှာ ဒီလိုလေးတွေပို့ပီးတဲ့နောက် ဒီလိုလေးတွေပဲကျန်တော့ပါကြောင်း 😁

ကျန်တဲ့ဒီလိုလေးတွေကိုလဲ ရွှေပုံ မမတို့စားဖို့ သိမ်းလိုက်ရပါကြောင်း😂

အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် 🤣🤣🤣

အားပေးမှုတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင့် ❣️❣️




ဒီမှာ ဟိတ် ဟိတ် နောက် လှည့်ကာ‌ေလ မကြည့်နဲ့ဒီမှာ ဟိတ် ဟိတ် ငုတ်တုတ်မေ့သွားမယ်လေ 🎶🎶🎶အဲ့အပုံလိုက်ကြီးကိုကြည့်ရင်း တကယ်ငုတ်တ...
15/05/2022

ဒီမှာ ဟိတ် ဟိတ် နောက် လှည့်ကာ‌ေလ မကြည့်နဲ့
ဒီမှာ ဟိတ် ဟိတ် ငုတ်တုတ်မေ့သွားမယ်လေ 🎶🎶🎶

အဲ့အပုံလိုက်ကြီးကိုကြည့်ရင်း တကယ်ငုတ်တုတ်မေ့သွားပါပီရှင်🤣🤣

Admin တို့ နယ်က ခြံထွက် #သရက်သီး စစ်စစ်
အရင့်မှန် အိတ်စွပ် သီး
ဘာမျိုးလဲဆို အားလုံးကြိုက် #စိန်တလုံး
Admin တို့မေမေက စားဖို့ဆိုပီး ပို့လိုက်တာတဲ့ 🤣🤣🤣

အဲ့လို တကယ့်ဆေးမဆိုး ဆေးမဖြန်း လုံးဝလုံးဝ organic စစ်စစ် နုတုန်းခူးပီးအုပ်မှည့်မဟုတ် ရင့်မှည့်
အဲ့ အသီးလေးတွေ ရောင်းမယ်ဆိုရင် အားပေးကြမှာလားဟင် ❓❓❓

တကယ့် ရွှေပုံ ကာစတန်မာတွေက လိုချင်ရင် Admin တို့ကို Hello လေးလှမ်းလုပ်ပေးပါအုံးနော်

သြော် မေ့လို့
စျေးလေးကတော့ Admin တို့လဲ ဘယ်လိုရောင်းပေးရမယ်မသိတော့ ဘယ်လောက်ဖိုးယူချင်တယ်ပဲပြော အများကြီးရစေရမယ် 😬😬😬




မနေ့ကပေါင်းဖြစ်သည် +++++ #အထူးစပါယ်ရှယ်အော်ဒါ ငါးသလောက်ထက်စားကောင်းတယ်ဆိုပဲ..... အယ်လယ့်......😁 #ငါးပြေမအရိုးနူးပေါင်း ရ...
05/05/2022

မနေ့ကပေါင်းဖြစ်သည် +++++

#အထူးစပါယ်ရှယ်အော်ဒါ

ငါးသလောက်ထက်စားကောင်းတယ်ဆိုပဲ..... အယ်လယ့်......😁

#ငါးပြေမအရိုးနူးပေါင်း ရှင် ❣️❣️❣️

Hi.....Hi.......Hi....... ပါရှင် 🧡🧡🧡💕အားလုံးပဲ မဂင်္လာပါရှင့်Page လေးငြိမ်နေတယ် Admin တို့ဘယ်ပျောက်နေလဲဆိုလို့❓❓❓Admin တ...
29/04/2022

Hi.....Hi.......Hi....... ပါရှင် 🧡🧡🧡

💕အားလုံးပဲ မဂင်္လာပါရှင့်

Page လေးငြိမ်နေတယ် Admin တို့ဘယ်ပျောက်နေလဲဆိုလို့❓❓❓

Admin တို့အားလုံးက သိကြတဲ့အတိုင်း ရန်ကုန်ဇာတိမဟုတ်ကြပါဘူးနော်

မော်လမြိုင်ဇာတိပါရှင့်

အဲ့တော့ ပိတ်ရက်ကော ဖွင့်ရက်ကောကိုပေါင်းပီး ရွှေပုံအဖွဲ့သားတွေအားလုံး အပန်းဖြေခရီးသွားကြတယ် နယ်ပြန်ကြတယ်

အဲ့တာကြောင့် page လေး active မဖြစ်တာဆိုတဲ့အကြောင်း ရှင်းပြရင်း ရွှေပုံရဲ့ မျိုးဆက်သစ်လေးများကို ကြွားလိုက်ရပါကြောင်း 😘😘😘

တစ်ရက်နောက်ကျသွားလို့ sorry ပါနော် 🙏🙏🙏🎀🎀🎀ဒါကတော့ ရွှေပုံရဲ့ menu အသစ်ပါရှင့် ☺️ #ရွှေပုံရဲ့ထမင်းပေါင်း ပါ 🍚+🍗 ရွှေပုံထမင...
24/03/2022

တစ်ရက်နောက်ကျသွားလို့ sorry ပါနော် 🙏🙏🙏

🎀🎀🎀ဒါကတော့ ရွှေပုံရဲ့ menu အသစ်ပါရှင့် ☺️

#ရွှေပုံရဲ့ထမင်းပေါင်း ပါ 🍚+🍗

ရွှေပုံထမင်းပေါင်းမှာဆိုရင်

✨ရွှေဘိုပေါ်ဆန်းမွှေးမွှေးအိအိလေးရယ်

✨ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေးရယ်

✨ချဥ်ပေါင်ကြော် စိုစိုစပ်စပ်လေးရယ်

✨ငရုတ်သီးဆီကြော် ရှူးရှူးရှဲရှဲလေးရယ်

✨ဟင်းအနှစ် ထိမိဂွိလေးရယ်

✨အစပ်ပြေ သခွါးသီး တဂျွတ်ဂျွတ်လေးရယ်
ပါပါတယ်ရှင် ❣️❣️❣️



20/03/2022

အခုတလော ပွဲပြင်နေတာလေးတွေ မရိုက်ရဘူး📸

ပွဲများတော့ ပို့ဖို့မမှီမှာစိုးတာနဲ့ကို မြန်မြန်လုပ်နေရလို့ 🤗

အမာခံလေးတွေကလည်း ဝေရမှာမို့ အချိန်မမှီမှာစိုးလို့ ရွှေပုံရေ စောစောလေးပို့ပေးနော်ဆိုတာချည်းပဲ ....... ဟွန့် .... 😘😘😘

ကားပေါ်တက်ပီးမှ သက်ပြင်းချပီး အပြေးရိုက်ရတယ် 😍😍😍

ဒါနဲ့လေ .... စကားမစပ် .......
မနက်ဖြန်ထွက်မယ့် ရွှေပုံရဲ့ menu အသစ်လေးကို မှန်းကြည့်ပေးကြပါအုံး 🙏🙏🙏

19/03/2022

ရွှေပုံရဲ့ အမာခံလေးတွေအတွက် အသစ်လေးတစ်မျိုး မိတ်ဆက်ဖို့ရှိပါတယ်ရှင့် ☺️☺️☺️
မကြာမီ ..... လာမည် ....... မျှော် 😍😍😍

Address

Thumingalar Housing
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Pon Food Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share